ဘုန်းကြီးနှစ်ပါး ရန်ဖြစ်

bigbirdJanuary 18, 20111min15615

ထိုင်းနိုင်ငံရှိ ဘုန်းကြီးနှစ်ပါး မိမိကိုယ်တွင်ထိုးထားသော ဆေးမှင်ကြောင်များ၏ အစွမ်းသတ္တိ ကိစ္စနှင့် ပတ်သတ်ပြီး စကားများရန်ဖြစ်ကြရာမှ တစ်ပါးနှင့် တစ်ပါး ဓါးဖြင့် လိုက်ခုတ်ကြရာ အသီးသီး ဒဏ်ရာရရှိပြီး ဆေးရုံသို ့ပို ့ဆောင်လိုက်ရကြောင်း ယနေ ့ထုတ် Thairath သတင်းစာတွင် ဖော်ပြပါရှိပါသည်။ ထိုအမှ ုအား ထိုင်းနိုင်ငံ သာသနာသန် ့စင်ပြန် ့ပွားရေးဌာန နှင့် ရဲတပ်ဖွဲ ့တို ့က ပူးပေါင်းစစ်ဆေးလျှက်ရှိကြောင်း ပါရှိပါသည်။

15 comments

  • ဆူး

    January 18, 2011 at 3:32 pm

    ဓါးပြီးဆေးတွေ စမ်းကြတာလား မသိ….
    အတ္တ.. အတ္တ… အတ္တ…

    • bigbird

      January 18, 2011 at 3:46 pm

      ဟုတ်တယ် ဒေါ်ကြီးဆူးရေ ။ ထိုင်းကဘုန်းကြီးတစ်ချို ့က လူငယ်တွေကို
      တရားဓမ္မနဲ ့ ပတ်သတ်တာတွေ မဟောမပြောပဲ ဓါးပြီးတုတ်ပြီး ဆြိုပီးတော့
      ဆေးမှင်ကြောင်တွေပဲ ထိုးပေးနေတာ။ ဒီကလူငယ်တွေကလည်း အဟုတ်မှတ်နေကြတယ်။(ဘုန်းကြီးအားလုံးမဟုတ်ဘူးနော်)

  • ဆူး

    January 18, 2011 at 3:58 pm

    ဒီတခါ ယိုးဒယား ရောက်တော့ ကြားဖူးနားဝ အသစ် တခု တိုးလာတယ်။
    လောင်းကြေးထပ်ပြီး သေနပ်နဲ့ ပစ်တာ ၁၅ချက် ပစ်တာ မသေဘူး ဒါနဲ့ နာမည် ကြီးသွားတယ် ဆိုဘဲ.. သေနပ်ပစ်ခံရလို့ မသေရင် သတင်းထောက်ကလည်း အရင်ဆုံး အကျီရင်ဖတ်ဖြဲကြည့်ပြီး ဘယ်က ထုတ်တဲ့ အဆောင်လဲ အရင်ဆုံး မှတ်တမ်းယူတယ်။ အဲဒီ အဆောင် လုပ်တဲ့ နေရာက နာမည် ကြီးတော့တာဘဲတဲ့။ အဲဒီ လိုင်းတွေကတော့ စုံနေတာဘဲ.. ပြောရရင်တော့ အများကြီးဘဲ ကြားခဲ့တာတွေ။ ကြုံရင် ဖောက်သည် ပြန်ချပေးမယ်။

  • bigcat

    January 19, 2011 at 3:46 am

    ကိုဌက်ရယ် ဒါးပီးဒုတ်ပီးမှပဲ ဟောလို့ပြောလို့ ရမှာပေါ့ဗျ။

  • manawphyulay

    January 19, 2011 at 3:50 am

    ဘုန်းကြီးဖြစ်ပြီး တရားမရှိကြသေးပါလား…………

    • ashinindaka

      January 19, 2011 at 4:22 am

      ထိုင်းဘုန်းကြီးတော်တော်များများက ဆေးမှင်ကြောင်အထိုး ဝါသနာပါတယ်။ သူတို့ကို သူတို့လဲ ထိုးတယ်။ တခြားသူကိုလဲ ထိုးပေးတယ်။ ဘာပီးဆေး ညာပီးဆေးဆိုပြီး ထိုးပေးကြတာ။ ဒီလိုမျိုး မြန်မာနိုင်ငံ ရှမ်းပြည်ဘက်က တချို့ဘုန်းကြီးတွေရဲ့ ခန္ဓာကိုယ်မှာတောင် တွေ့ရတယ်။ စာသင်သားဘဝတုန်းက ရှမ်းဦးဇင်းနဲ့ ဗမာဦးဇင်း စကားများတာ ရှမ်းဦးဇင်းက ‘မင်းငါ့ကို ဘာမှတ်နေတုန်း၊ ဖယောင်းတိုင်ထွန်းသတ်လိုက်လို့’ လို့ပြောတော့ ဗမာဦးဇင်းက ‘ကိုယ်တော်ထွန်းရင်ထွန်း၊ ဖယောင်းတိုင် ကုန်တာပဲ အဖတ်တင်မယ်’ လို့ပြန်ပြောတယ်။ ရှမ်းဦးဇင်းလဲ ငြိမ်သွားတယ်။ အစွမ်းထက်လို့ ငြိမ်သွားတာလား၊ မထက်လို့ ငြိမ်သွားတာလား မသိဘူး။ ငယ်ရွယ်တဲ့ဦးဇင်းတွေဆိုတော့ စကားအနိုင်ပြောတာလြဲဖြစ်မှာပေါ့လေ။

    • ဆူး

      January 20, 2011 at 8:30 am

      သီလ သမာဓိ လုံရင် ဘယ် ဖယောင်းတိုင်မှ မစွမ်းပါဘူး။
      ဖယောင်းတိုင် အစွမ်း ပြောင်းပြန်သွားလို့ ပြန်ပြီးတောင် လာထိုင်ကန်တော့ သွားအုန်းမယ်။

  • etone

    January 19, 2011 at 5:10 am

    တစ်ချို့ သဘာဝလွန်ဖြစ်ရပ်တွေလည်းရှိပါတယ်… ။ ဆေး နဲ့လုပ်ပြီး အမိဖမ်းတာတောင် ကြုံခဲ့ဖူးသေးတယ်… အားမှ ဝင်ဖွမယ် ..။

  • naywoonni

    January 19, 2011 at 5:16 am

    ဘယ်နားမှာ သူ့အထာနဲ့ သူ့အထာ ရတနာအစစ် တစ်ခုလား ရတနာ

  • thihayarzar

    January 19, 2011 at 5:33 am

    ဘာသာရေးအရ ဒီလိုဖြစ်တာဟာ လူတွေ ကြည်ညို ယုံကြည်မှုတွေ ပျက်ကုန်တော့မယ် ……. ဘုန်းကြီးတွေဖြစ်ပြီး ဒီလိုမလုပ်သင့်ပါဘူး …… ဗုဒ္ဓဘာသာကို ကိုးကွယ်ချင်တဲ့သူတွေအတွက်လည်း သို့လော … သို့လော …. အတွေးတွေဝင်တက်တယ် …. ဖမ်းပြီးထောင်သာချလိုက်တော့

  • cobra

    January 19, 2011 at 7:18 am

    အော်သူတို့မှာလည်းဒေါသတွေနဲ့ပါလား…
    ကျွန်တော်ကတော့ဒုတ်ပီးတာတွေဒါးပီးတာတွေစိတ်မဝင်စားဘူး
    အရုပ်ထိုးတာကိုယ့်ခံယူချက်နဲ့ပဲကိုယ်ထိုးတယ်….
    ထိုင်းကဘုန်းကြီးတွေကထေရဝါရမဟုတ်ဘူးလေ….
    သူတို့ကဘယ်လိုပြောရမလဲ…မသိတော့ဘူး..။

  • အာဖျံ ကွီး

    January 19, 2011 at 9:32 am

    နာမယ်ကျော်ရင် ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဘာဖြစ်ကြတရ်၊ ညာဖြစ်ကြတရ်နဲ.ပဲထွက်လာမှာ …
    တခြားဘာသာဝင်တွေသိရင် … ရှက်စရာကြီး …..
    ုုသင်္ဃန်းဝတ်နဲ. ဒီကိစ္စဖြစ်ရတရ်လို. …. မဆင်မခြင် … ဒေါသတွေတယ်ကြီးကြပါလား … အရှင်ဘုရားတို.ရဲ. … 🙁 🙁 🙁

  • char too lan

    January 20, 2011 at 5:46 am

    ဘာပြောရမလဲတောင်မသိတော့ဘူး စိတ်ပျက်စရာကြီးဗျာ……… 🙁

  • teacher

    January 20, 2011 at 7:50 am

    တွေ့ပြန်ပီကွထိုင်းဘုန်ကြီး…။ခုဏကတင်စိတ်ကြွဆေး case ဖတ်လိုက်ရသေးတယ်..။

  • လင်းငယ်

    January 20, 2011 at 9:59 am

    ဆေးမင်ကြောင်က တော်တော်လေးဆိုးပါတယ်။ တစ်ချိန်က ရာသီတွေနဲ့ ထိုးခဲ့ပေမယ့် ခုတော့ လူတစ်ယောက်ရဲ့ မိုက်မဲမူကို ဖော်ပြဖို့ ထိုးနေကြတာက များပါတယ်။

Leave a Reply