Gtalk အသုံးပြုသူများ သတိပြုရန်. . . (အရေးပေါ်)

mGJanuary 18, 20111min1759

Gtalk အသုံးပြုသူများ အားလုံးသတိပြုမိစေရန် နှိုးဆော်လိုက်ရပါတယ်…။
Gtalk အကောင့်ပိုင်ရှင် တစ်ဦးဖြစ်သော { zawkokoaung18@gmail.com } အားသတိပြုကြရန် တိုက်တွန်းအပ်ပါသည်။

လည်းကောင်း အကောင့်ပိုင်ရှင်သည် လူကြီးမင်းတို့၏ အကောင့်ကို ကြိုတင်ဝင်လျှောက်ခြင်းဖြစ်သော်လည်းကောင်း၊Invite လုပ်ခြင်းဖြစ်သော်
လည်းကောင်း၊Chat History များ နှင့် Mail များ၊Passwords များအား ခိုးယူ၊ကြည့်ရှု့ခြင်းဖြစ်သောလည်းကောင်း၊လူကြီးမင်းတို့၏
Gtalk အကောင့်ခွဲအဖြစ် ဖန်တီးခြင်းဖြစ်သော်လည်းကောင်း ပြုလုပ်နေပါလိမ့်မည်။

လည်းကောင်းအကောင့်ပိုင်ရှင်သည် ဆဲရေးတိုင်းထွာခြင်း၊လူကြီးမင်းတို့ တင်ထားသော Gtalk မှလူကြီးမင်းတို့၏ ဓာတ်ပုံများအား ပုံတူခိုးယူ
တင်ထားခြင်း၊လူကြီးမင်းတို့၏ သူငယ်ချင်းများအား လူကြီးမင်းမှ တခြားသော အကောင့်ခွဲဖြစ် ဆဲဆိုခြင်းပုံစံဖြစ်စေရန် အတွက် ဆဲဆိုခြင်း၊
လူကြီးမင်းတို့ သူငယ်ချင်းနှစ်ဦးကြား သွေးထိုးစကားများပြောခြင်း၊ရန်တိုက်ပေးခြင်း နှင့် စွပ်စွဲခြင်း ကိစ္စရပ်များကို ဖန်တီးပြုလုပ်လျက်ရှိနေပါသည်။

သို့ပါသော်ကြောင့် လည်းကောင်း အကောင့်အား လူကြီးမင်းတို့ထံသို့ Invite လုပ်လာပါက လက်မခံမိစေရန် (NO) သတိပေးအပ်ပါသည်။

ထူးခြားချက်။ ။လည်းကောင်းအကောင့်ပိုင်ရှင်သည် . . . လူကြီးမင်း တို့၏သူငယ်ချင်းအား လူကြီးမင်းတို့ သိရှိနေသလိုမျိုး သိရှိနေမည်ဖြစ်သည်။
(ဥပမာ – နာမည်၊နေရပ်လိပ်စာ၊ဖုန်းနံပါတ်၊မွေးနေ့၊….စသော။)

ကူညီဖြေရှင်း ။ ။ IT နည်းပညာများ တတ်ကျွမ်းသော ပညာရှင်များကိုလည်း လည်းကောင်း အကောင့်အား ပိတ်ပင်ပေးကျပါရန် တောင်းဆိုချက်များ ဖြစ်ပေါ်လာပါသည်။

အဖြစ်အများဆုံးနေရာ ။ ။ လမ်းမတော်၊လသာ၊ပန်းဘဲတန်း၊ဗိုလ်တန်ထောင်၊သင်္ကန်းကျွန်း၊စမ်းချောင်း နှင့် လှည်းတမ်း………။
(ကျွန်ုပ် နှင့် သိကျွမ်းသော မိတ်ဆွေသူငယ်ချင်းတွေများမှာလည်း အထပ်ဖော်ပြပါကိစ္စရပ်များကဲ့သို့
ဆက်တိုက်ဖြစ်ပွားနေကြောင်းနဲ့ ပုံစံတူဖြစ်သော်လည်း အနည်းငယ်တာ ပုံစံကွဲပြားကြောင်း သိရပါသည်။)

9 comments

  • etone

    January 19, 2011 at 6:36 am

    စိတ်ပျက်စရာကြီးနော် သူများ စိတ်ဒုက္ခရောက်အောင် …. ဘယ်သူတွေလုပ်နေလဲမသိပါဘူး ။

  • intro

    January 21, 2011 at 1:43 pm

    စိတ်ဝင်စားစရာပဲ… invite လုပ်ယုံနဲ့… ကိုယ့်အကောင့်က အခိုးခံရမယ်ဆိုတော့ ဘယ်လို Hack လဲ မသိဘူးနော်… Gtalk ကနေ add လိုက်ရုံနဲ့တော့ အကောင့် အခိုးမခံရနိုင်ပါဘူး… သူ အကောင့် ခိုးသွားတယ် ဆိုတာ တစ်ခြားနေရာကပဲ ဖြစ်နိုင်ပါတယ်… ဖြစ်နိုင်ချေ အရှိဆုံးကတော့ key logger ပေါ့… သူ့အနေနဲ့ ကိုယ့်အကောင့်ရဲ့ password ကို ရသွားပြီဆိုရင်တော့ သူလုပ်ချင်တာ လုပ်လို့ရသွားပြီလေ… အဓိကကတော့ စိတ်မချရတဲ့ ဆိုင်တွေမှာ သွားမသုံးပါနဲ့… မလွဲမရှောင်သာ သုံးရမယ် ဆိုရင်လဲ ကိုယ့်ရဲ့ password ကို စိတ်ချရတဲ့ အနေအထားမျိုးနဲ့ပဲ သုံးသင့်ပါတယ်… Task manager သုံးပြီး ရှင်းတာတို့၊ Anti Keylogger တွေကို ကိုယ့်ရဲ့ USB Drive လေးတွေနဲ့ ဆောင်သွားတာတို့တော့ လုပ်သင့်ပါတယ်…

  • my name is phone myat htay

    January 21, 2011 at 2:41 pm

    ရွာသူ ရွာသား များကို ခုလိုသတိပေးလို.ကျေးဇူးတင်ပါတယ် သတိရှိရအောင်

  • char too lan

    January 22, 2011 at 6:31 am

    ကျေးဇူးအထူးတင်တယ်ဗျို ့ သတိထားသင့်တယ် …..

  • Maung Dae`

    January 22, 2011 at 11:26 am

    အင်း.. သူ့ကို စမ်းပြီး Invite လုပ်ပီး Add ကြည့်လိုက်ဦးမယ်.. ငှဲ ငှဲ ငှဲ..

  • shwe

    January 22, 2011 at 2:16 pm

    Thank for post .
    Some scholars from Ministry of Science and Technology said that it can be easy to get one’s password when he/she starts to chat with someone who invites him/ her . So , for our safety , pls do not chat with those whom don’t know before .

  • kolay94

    January 27, 2011 at 7:34 am

    အကောင့်ပျောက်တယ်ဆိုတာက အကောင့်ကိုခိုးလို့လဲ ဖြစ်တတ်တယ်… နောက်ပြီးတော့ စက်တွေမှာ Keylogger တွေ run ထားလို့လဲ ပါသွားတတ်ပါတယ်…….. ဘာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲသုံးသုံး မိမိ အကောင့်ကို သေသေချာချာနဲ့ သုံးသင့်ပါတယ်… ပြန်တော့မယ်ဆို ရင် အကောင့်ကို sign out ထွက်လား မထွက်လားအရင်စစ်ဆေးသေးသင့်ပါတယ် ပြီးတော့ remember password လုပ်မိထားလား ပြန်စစ်ဆေးသင့်ပါတယ်… လုပ်မိထားတယ်ဆိုရင် အကုန်လုံးဖျက်ခဲ့ပါ.. ဒါဆိုရင် ကိုယ်အကောင့် သူများနောက်ပါဖို့ သိပ်မလွယ်တော့ပါဘူ……..

  • yuyu

    January 27, 2011 at 9:00 am

    ကျေးဇူးပဲ အခုလိုသတိပေးတာ

Leave a Reply