မန်းဂေဇက်မှ မောင်နှမများအတွက်

manawphyulayJanuary 19, 20111min49717

ဘဝရဲ့ ခါးသီးမှုပမာ မနောတို့ ဝေးခဲ့ကြပြီဆိုပါတော့
အားလုံးကို နှုတ်ဆက်ဖို့ရာ
စကားလုံးတစ်လုံးတောင် ရှာမရခဲ့ဘူးဆိုပါတော့
ဝဋ်ရှိရင်လည်း ပြေပါစေ
လူခြေတိတ်တဲ့ ထောင့်လေး တစ်နေရာမှာ
တစ်ယောက်ထဲ ကြေကွဲနေပါ့မယ်…..
လောကမာယာ အားလုံး ဖြတ်သန်း
လရောင်ဆန်းတဲ့အချိန်မှာ
မနော့ကို မေ့ထားလိုက်ပါလေ…
အဆင်မပြေမှုတွေ များနေတဲ့အချိန်
မနော့နာမည်ကို
သတိရပါလေ….

17 comments

  • bigcat

    January 19, 2011 at 5:38 am

    မနောရေ ကိုကြောင်ဘိုင်ပြတ်နေလို့ အဲဒါ…

    • etone

      January 19, 2011 at 9:15 am

      ကိုကြောင်ကြီး ဘိုင်ပြတ်လို့ လည်း ပိုက်ပိုက်မလိုပါဘူး စားစရာအတွက် မပူနဲ့ မနေ့ကမှ ကြွက်ထောက်ခြောက်နဲ့ ဖမ်းထားတဲ့ ကြွက်ပိစိလေး နှစ်ကောင်ရှိတယ် အီးအမ်အက်စ်နဲ့ ပို့လိုက်မယ်… ကိုကြောင်ကြီးဆီလည်း ရောက်ရောကြွက်လည်း အသက်ကြီးရောဆိုတော့ .. အတော်ပဲ အဟဲ 😀

  • computer

    January 19, 2011 at 5:55 am

    မနောက ဘယ်ကိုသွားမှာမို့လို့လဲ။

  • R Ga

    January 19, 2011 at 7:44 am

    မနောက မန္တလေး ဂေဇက်ကိုကျောခိုင်းသွားခဲ့ပြီ..။ နောက် ဘယ်သူများ သွားဦးမလဲ…..မသိ..။ ဪ……လောက လောက…လောက…။

  • အာဖျံ ကွီး

    January 19, 2011 at 9:02 am

    ဘာလို.ထွက်သွားမှာလဲ ….. ဘာမှလဲအနံ.မရပါလား ….. ကိုကြောင်ကြီး @ ကိုကြီးကြောင် ကူညီပေးပါအုံး ….. ဟီးးးး

  • eros

    January 20, 2011 at 2:46 am

    ဆိုလိုတဲ့ သဘောက ကိုခိုင်ကို သပိတ်မှောက်လိုက်တာပဲ။ သေသေချာချာ ဆွေးနွှေးကြပါဦး။ တဦးနဲ့ တဦးသေချာ နားလည်သဘောပေါက် ခွင့်လွှတ်စေလိုပါတယ်။ Win-Win situation လုပ်ပေးပါ။ ဒီလိုကိစ္စလေးတွေမှာတောင် ညီညွတ်မှုရှိပါ။ Do and Don’t က comments များ ကြည့်ကြပါ။

    • etone

      January 20, 2011 at 8:13 am

      ဒီမှာ ဝင်သုံးနေတဲ့ လူတွေက ဒတ်ခနဲဆို ပေါက်ပြီးသားပါ …။ eros ရေ ယူပြောမှပိုဆိုးနေပြီ …

  • char too lan

    January 20, 2011 at 7:36 am

    ဟုတ်ပါဒယ် ဦးလေးတို့ အဒေါ်တို့ရယ် အိမ်လခမပေးနိုင်လဲ အတင်းမတောင်းပါဘူး သူဆင်းမယ် ငါဆင်းမလုပ်ကြပါနဲ့ ခလေးတွေမျက်နှာလဲရှိပါသေးတယ် ကြည့်ပါလား အဒေါ်တောင်ကျောမခိုင်းရသေးဘူး အကြီးကောင်လေးဘိုင်ပြတ်နေပီတဲ့ မတွားကြပါနဲ့ဂျာ…………….. :'(

  • manawphyulay

    January 20, 2011 at 12:12 pm

    မီတာခပေးစရာမရှိသေးတာရယ်၊ ကြက်သွန်တွေဈေးတက်လာတာရယ်… နောက် စေတနာက ဝေဒနာဖြစ်တာရယ်……………..

  • mzm

    July 12, 2011 at 4:45 pm

    အင်းလေ…….နောက်ဘဝကျမှပဲတွေ့ကြတာပေါ့နော် မနောရေ( may she be at rest)ဟက်..ဟက်

  • naywoonni

    July 12, 2011 at 9:55 pm

    နောက်ဘဝကျမှ တွေ့မယ်ဆိုတော့ mzm နတ်ပြည်သွားဖို့ ပတ်စပို့စ်ရနေပြီလား?

  • Foreign Resident

    July 13, 2011 at 3:21 am

    Dear Manaw,
    Please, don’t leave.
    It’s life, some times somebody make some mistakes.
    Really, you didn’t make a big mistake.
    I think they just want to tease you because they know you are a young fellow.
    Hey elder guy, say somethings ( to persuade or soften )

  • kai

    July 13, 2011 at 4:01 am

    Posted by manawphyulay on Jan 19, 2011 in Creative Writing
    သူဖာသူ.. ကဗျာတင်တာ… ဘာတွေကို..ဘာလို့ ဝိုင်းတားနေကြသလဲကွယ်….။

    အင်း..ပြောရရင်.. မနောမမကလည်း…မရှင်းမရှင်းနဲ့..။

    • manawphyulay

      July 13, 2011 at 11:15 am

      ကဗျာတစ်ပုဒ်ရဲ့ အနှစ်သာရကို ဖတ်တဲ့သူတိုင်း ဘယ်လိုခံစားတတ်သလဲဆိုတာ သိချင်လို့ပါ သဂျီးရယ် မရှင်း မရှင်းမလုပ်ပါဘူးနော်… 😛

  • chitpyae

    July 13, 2011 at 6:49 am

    မမ မနော အဲလို ပဲ မဆုံးဖြတ်လိုက်ပါနဲ့ …. မီတာခပေးစရာကျန်သေးရင်လည်း နောက်လမှ ပေါင်းပေးလိုက်ပါနော် … ရက်လွန်ကြေးလေး ပေးပီးတော့ 🙂 ကလေးတွေ ကိုလည်း ဒီလိုပဲ ထားသွားတော့မလို့လား မမ …. 🙁

  • ရွှေဘိုသား

    July 13, 2011 at 10:10 am

    သတိရ နေမှာပါဗျာ
    ကျွန်တော.ပို.စ်ထဲက ရွာရဲ. အလှဆုံးလေးပဲ ဟာ

  • moethidasoe

    July 13, 2011 at 11:02 am

    ကဗျာလား .. အတည်ပြောတာလား ဆိုတာ ကွဲ ကွဲ ပြား ပြား မသိပါ ..
    ကဗျာ ဆိုရင်တော့ မနော သိပ် တော်တယ် .. အားလုံးက အတည်မှတ်နေကြတယ် .. (ဆားပုလင်း နှင်းမောင်လို .. ရှားလော့ဒ်ဟုမ်းလိုပေါ့)
    အတည် ဆိုရင်တော့ .. မခံစားနိုင်တော့လို့လား .. စိတ်ရှုပ်လို့လား .. လက်မြှောက် အရှုံးပေးတာလား .. အချိန်မပေးနိုင်တော့လို့လား ..
    ဘာပဲဖြစ်ဖြစ် ဘော်ဒါတစ်ယောက်အတွက် ဝမ်းနည်းတယ်လို့ ဆိုပါရစေ
    (မှတ်ချက် ။ ။ ကဗျာပါ ဆိုရင် …………….. ပေးပါနော်)

Leave a Reply