အမေ…………သတိရခြင်းတွေနဲ့အတူဒီစာမျက်နှာကနေ ကန်တော့လိုက်ပါရစေ အမေ။

အမေ…………ကျွန်တော်အရင်ကလိုမဟုတ်တော့ဘူးအမေ။

အရင်က အမေ့ကို နိုင်ငံခြားအမြန်ဆုံးသွားစေချင်တယ်အမေ…………အခုအမေ့ကိုတမ်းတနေရပီအမေ……

အမေ မရှိတော့ မိသားစုပြသနာတွေကို ရှေ့က မားမားမတ်မတ်ရပ်တည်ဖြေရှင်းပေးမယ့် သူကိုတောင့်တမိတယ်အမေ…………..

နေထိုင်မကောင်းတော့လည်း………..ကျွန်တော့နှုတ်ဇျားက အမေ့ကို တကြော်ကြော် ဟစ်အော်နေမိတယ် အမေ……………….

တခါတလေ…………………..အမေ့ကိုသတိရတဲ့စိတ်တွေက….ကျွန်တော့ဘယ်ဘက်ရင်အုံကို စူးနစ်စွာနာကျင်စေပါတယ် အမေ……………

ဒါပေမယ့် ကျွန်တော်ပျော်ပါတယ်အမေ…………….အမေ့အသက်အရွယ်ဟာ အဖေ့အနားမှာ တူတူ ရှိနေရမယ့်အရွယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်အမေ………………..

အမေ………….ကျွန်တော်တို့လို………….သားဆိုးသားမိုက်တွေနဲ့ နှစ်ပေါင်းများစွာအတူနေလာခဲ့တဲ့ ဒဏ်တွေ အမေ့ရင်မှာပြည့်နေပီ ဆိုတာ ကျွန်တော်နားလည်ပါတယ်အမေ…………

အမေ…………..အဝေးတနေရာမှာနေနေပေမယ့်…သူချစ်တဲ့သားတွေအကြောင်းအမြဲ နားစွင့်နေခဲ့တယ်နော် အမေ……………..အမေ………………….ပြန်လာမှာကိုမျှော်လင့်မိခဲ့သလို………….အမေခံစားရမယ့်ဝေဒနာတွေအတွက်လည်း……

စိုးရိမ်စိတ်တွေများနေမိခဲ့တယ်အမေ…………..အမေ့အတွက်မောပန်းစေတဲ့အရာက………..ကျွန်တော်တို့အတွက်ပူပင်…….စိုးရိမ်နေရတဲ့စိတ်တွေပါဘဲအမေ…

အမေ….ချက်ကျွေးခဲ့တဲ့ ဟင်းလျာတွေ………အမေစိုးရိမ်ခဲ့တဲ့စိတ်တွေအတွက် ..ကျွန်တော်…………………………………………………………………………………………………………..

About zaw mg

zaw mg has written 120 post in this Website..