စမ်းချောင်းမြို ့နယ်က ခေါင်းဖြတ်အသတ်ခံရတဲ ့လေးနှစ်အရွယ်ကလေးငယ်

cobraJanuary 24, 20111min24130

၄ နှစ်အရွယ်ကလေးလေးရဲ့သနားစရာအဖြစ်*
>>> *စမ်းချောင်းမြို့နယ် မြေနီကုန်းဈေးလမ်းအတွင်း စိတ်ရောဂါခံစားနေရ
>>> နေသူတဦးက အသက် ၄ နှစ်အရွယ် ၎င်း၏ တူဖြစ်သူကို ဓားဖြင့် လည်ပင်းလှီးဖြတ်သတ်ကာ
>>> ခြောက်ထပ်တိုက်ပေါ်မှ ခုန်ချခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်ဟု
>>> ယင်းမိသားစုဝင်များက ပြောသည်။*
>>>
>>> *“ကျွန်မသားက မြေးရဲ့ လည်ပင်းကို ဓားနဲ့လှီးနေတာ ကြည့်ပြီး ပတ်ဝန်းကျင်ကို
>>> အော်ခေါ်ပြီး အကူအညီ တောင်းရတယ်။ ကလေး လည်ပင်းလဲပြတ်သွားရော ကျမကို ဓားနဲ့
>>> လိုက်ထိုးတယ်” ဟု စိတ်ဝေဒနာရှင်၏ မိခင်ဖြစ်သူက ဆိုသည်။*
>>>
>>> *ဇန်နဝါရီ ၁၅ ရက် နံနက် ၁ဝ နာရီဝန်းကျင်က ဦးလေးဖြစ်သူ
>>> စိတ်ရောဂါဝေဒနာရှင်သည် စိတ်ဖောက်ပြန်ကာ တူဖြစ်သူ၏ လည်ပင်းကို အသီးအရွက်လှီး
>>> ဓားဖြင့် ပိုင်းဖြတ်ပြီး ခြောက်ထပ်တိုက် နောက်ဖေးပြူတင်းပေါက်မှ
>>> ခုန်ချခဲ့သဖြင့် အောက်တွင် ဒဏ်ရာအပြင်းအထန် ရရှိ သေဆုံးသွားခဲ့ကြောင်း
>>> စမ်းချောင်း ရဲစခန်းမှ စုံစမ်းသိရသည်။*
>>>
>>> *“တိုက်ပေါ်က ကျကျခြင်း မသေသေဘူး။ အရိုးတွေကျိုးပြီး ဒဏ်ရာအပြင်းအထန်ရနေတယ်။
>>> ၁ဝ မိနစ်လောက်နေမှ သေသွားတယ်။ ကလေးကတော့ ခေါင်းတခြား ကိုယ်တခြားပဲ” ဟု
>>> အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေ တဦးက ပြောသည်။*
>>>
>>> *အခင်းမဖြစ်ပွားခင် အသက် ၃ဝ ဝန်းကျင်ရှိ စိတ်ဝေဒနာရှင်သည်
>>> ရုပ်ရှင်ထိုင်ကြည့်နေပြီး ၎င်း ဘေးတွင် အသက် ၄ နှစ်အရွယ် တူဖြစ်သူသည်
>>> ဆော့ကစားနေကြောင်း၊ ဦးမြင့်သိန်း မိခင်သည် နောက်ဖေးတွင် ဟင်းချက်နေကြောင်း
>>> သိရသည်။*
>>>
>>> *သေဆုံးသူ ဝေဒနာရှင်သည် စိတ်ရောဂါ ခံစားနေရသောကြောင့် စိတ်ရောဂါကု
>>> ဆေးရုံတွင် ထားရှိထားပြီး ၎င်းကို နေအိမ်သို့ ပြန်ခေါ်ထားသည်မှာ
>>> တလခန့်သာရှိကြောင်း၊ စိတ်ရောဂါကု ဆေးရုံက စိတ်ဝေဒနာရှင် ဖြစ်ကြောင်း လက်မှတ်
>>> ထုတ်ပေးထားသူဖြစ်ကြောင်း ၎င်း၏ မိခင်ဖြစ်သူကပြောသည်။*
>>>
>>> *၎င်း စိတ်ဝေဒနာရှင်သည် ပထမတခါလည်း စိတ်ဖောက်ပြန်၍ အိမ်ပေါ်မှ
>>> ခုန်ချခဲ့ဖူးသေးကြောင်း သိရသည်။*
>>>
>>> *အခင်းဖြစ်ပွားသည့် နေအိမ် ၆ လွှာတွင် ၎င်းမိသားစု ငှားရမ်းနေထိုင်သည်မှာ ၂
>>> လခန့်သာ ရှိသေးကြောင်း၊ ကလေးသုံးဦးနှင့် ၎င်းတို့၏မိခင်၊ အဘွားဖြစ်သူ၊
>>> စိတ်ဝေဒနာရှင် စုစုပေါင်း မိသားစု ၆ ဦးနေထိုင်ကြကြောင်း သိရသည်။ သေဆုံးသူ
>>> ကလေး၏ မိခင်နှင့် စိတ်ဝေဒနာရှင်မှာ မောင်နှမ အရင်းဖြစ်သည်။*
>>>
>>> *ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး စမ်းချောင်းရဲစခန်းမှ ဥပဒေပုဒ်မ ပ/ ၂၅၊
>>> ၁/၂၀၁၁ တို့ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။*
ပုံကိုတော့မတင်ပေးလိုက်ဘူးနော်…
သွေးပျက်သွားမှာဆိုးလို့…..
ခေါင်းတခြားကိုယ်တခြားဖြစ်နေလို့…။

30 comments

  • zaymdy

    January 24, 2011 at 9:33 am

    ဖြစ်မှ ဖြစ်ရလေဗျာ စိတ်မကောင်းစရာ…. ;(

  • Maung Dae`

    January 24, 2011 at 10:21 am

    အမငီး… ပုံမတင်ပေးတာကိုပဲကျေးဇူးတင်ပါတယ်ဗျာ..
    ဖတ်ကြည့်တာနဲ့တင် ကြက်သီးထတယ်….
    ကျွန်တော်ကအရမ်းသတ္တိရှိတာ…

    ယောက်ျားပါဆို… 😀

  • nigimi77

    January 24, 2011 at 10:42 am

    လုပ်စမ်းပါဗျ ရဲရဲ။ ကျုပ်ဆီမှာပုံရှိတယ် လိုချင်ရင်ပြော။

  • Gipsy

    January 24, 2011 at 11:28 am

    ဒီ post …ဟိုး တလောက ….ဖတ်လိုက်ရသလားလို့…
    ကိုယ်ကပဲ..ထင်ရောင်ထင်မှားဖြစ်နေသလားတော့..မသိနော်…

  • mG

    January 24, 2011 at 1:18 pm

    အင်းနော်…တော်တော်ဆိုးမှာပဲနော်….စိတ်ရောဂါဝေဒနာရှင်ကလုပ်တာ ဆိုတော့လည်း ဘယ်လိုဖြေရှင်း
    ကျမလည်းဆိုတာကို သိချင်တယ်ဗျ…ဆက်လက်တင်ပြပေးပါအုန်းနော်….။ဒီကိစ္စတွေကို အခုမှပဲကြားတော့တယ်။စမ်းချောင်းကိုသာ ချောင်းပေါက်အောင် ရောက်နေတာ ဒီကိစ္စတွေကို မသိဘူးလေ။အဟိ ဟိ…။ကျေးဇူးပါပဲနော်….။

  • linnyones

    January 24, 2011 at 1:59 pm

    Post မှာတော့ စိတ်ဝေဒနာရှင်လို့တင်ထားတယ် နော် ..
    ကျွန်တော်ကြားတာ က တော့ စိတ်ကြွဆေးစားသုံးပြီးတော့
    အခုလိုဖြစ်တယ်လို့ပြောနေကြတယ် …

  • ဆူး

    January 24, 2011 at 3:15 pm

    ပုံက ကြောက်စရာတော့ မကောင်းပါဘူး။ သေတဲ့ ကလေးက သေနေတဲ့ပုံပါဘဲ

  • kopauk mandalay

    January 24, 2011 at 4:00 pm

    ဘယ်လိုလူကြောင့်သေသေ အသုံးမဝင်သူကြောင့် ကလေးတစ်ယောက်သေခဲဲ့ပြီနော်

  • manawphyulay

    January 25, 2011 at 3:40 am

    မပျောက်သေးပဲနဲ့ ဘာလို့ အိမ်ကို ခေါ်လာတာလဲနော်။ ဒီလို လူမျိုးတွေက မထင်ရင် မထင်သလို စိတ်က လွတ်ထွက်သွားတတ်တာပဲဟာ သတိထားဖို့တော့ သင့်ပါတယ်။ ပြီးတော့ ကလေးတွေနဲ့လည်း နီးနီးကပ်ကပ်မထားသင့်ဘူး။ ခုတော့ နှစ်ယောက်စလုံးဖြစ်တော့ အပြစ်မဲ့တဲ့ကလေးက လူလောကကို ခုမှ ရောက် ဝဋ်ကြွေးပါလာသလား မသိဘူးနော်။ သနားပါတယ်။

    • cobra

      January 25, 2011 at 5:23 am

      ဆေးရုံမှာတော့ရောဂါကပျောက်နေပီ…..
      ဒါပေမယ့် ကလေးကအရမ်းအာရုံနောက်အောင်လုပ်လိုက်တာဆိုတော့
      တခါတလေလူကောင်းတွေတောင် ရုပ်ရှင်ကြည့်နေတဲ့အချိ်န်အာရုံနောက်ရင်မကြိုက်ဘူးလေ
      ကိုရီးယားကြည့်တဲ့သူတွေပိုစိုးတယ်..
      မနောဖြူလဲကိရီးယားကားတွေကြည့်တယ်မဟုတ်လား…
      ကလေးတွေကိုအနားမလာခိုင်းနဲ့နော်…
      ဟဲ……….ဟဲ……..စတာနော် စိတ်မဆိုးနဲ့….။

    • cobra

      January 25, 2011 at 5:19 am

      ပုံတင်လိုက်ရင်သူများတွေဝိုင်းပြောနေလိမ့်မယ်…
      မလုပ်ပါနဲ့ ဒီဆိုက်ထဲကသူတေါတော်တော်များများကစကားတတ်ကြတယ်..
      ကြောက်လို့ပါ…။

  • yuyu

    January 25, 2011 at 4:42 am

    စိတ်ရောဂါသည်ဆိုတာအချိန်မရွေးပြန်ဖောက်နိုင်တယ်လေ အမြဲတမ်း ဒီလူကိုဂရုစိုက်ကြည့်ရှုနေရမှာပေါ့ လူကြီးတွေပေါ့လျော့ကြလို့ကလေးဒီလိုဖြစ်ရတာ တကယ်သနားစရာကောင်းတယ် အရူးသေတာသေပစေပေါ့ ဘာမှအကျိုးမပြုတဲ့လူတစ်ယောက်ဆုံးရှုံးရတာ သူ့အတွက်လဲမြန်မြန်လွတ်မြေက်သွားတာပေါ့

  • linnyones

    January 25, 2011 at 7:32 am

    ကျွန်တော်တို့ က ဗုဒ္ဓဘာသာ တွေဆိုတော့ ကံ ကိုတော့ ယုံကြည်မှုရှိရမယ်လေ
    ဒီကလေး ရဲ့ အတိတ်က ဝဋ်ကြွေးတွေ အရမ်းကြီးခဲ့လို့ဖြစ်သွားရတာနဲ့တူပါတယ် ဗျာ။ အနာဂါတ်ရဲ့ မျိုးဆက်သစ် တစ်ယောက်တော့ ကြွေလွင့်သွားရပြီပေါ့ …

  • ပိုက်ဆံရှိမှ ရွာသာကြီးပို့လို့ရတာဗျ။ ကျွန်တော်တို့မြို့မှာ အရူးတစ်ယောက် လမ်းထဲ လျှောက်သွားပြီး အိမ်တွေခဲနဲ့လိုက်ထုတယ်လေ။ အဲဒါ ရွာသာကြီးကလူတွေ ခေါ်ပြီး အရူးဖမ်းကြရတယ်။ အရူးဖမ်းခ တော်တော်ငွေကုန် သွားတယ်။ မြို့ပေါ်မှာ အေးအေးနေပြီး လျှောက်သွားရုံသွားနေတဲ့ အရူးကျတော့ တစ်ခါတည်း ဖမ်းပြီးမပို့ဘူး။ ပိုက်ဆံမရှိ သေးဘူးလို့ပြောကြတယ်။ ဆေးရုံမှာ အရူးထားခပေးရသေးလား မသိဘူး။ ကျွန်တော်ဆိုတဲ့ကောင်ကလည်း ဘာမှသေချာမသိဘူး။

  • ဆူး

    January 25, 2011 at 4:19 pm

    အရူး စရိတ် ပေးရ မပေးရတော့ မသိဘူး ရွာသာကြီးမှာ အလှူသွားလုပ်တုန်းက ကြားမိတာတော့ ရှိတယ် စရိတ်မတတ်နိုင်လို့ တော်ယုံ လူရူးဆို ဆင်းလို့ရပြီ ဆိုပြီး အတင်း ဆင်းခိုင်းတယ်တဲ့ အလှူခံရတော့ ဝမ်းသာကြတယ်။ လူတွေက အရူးတွေ ကို လာမလှူကြတော့ ရူးတဲ့လူတွေ စားဖို့ အခက်အခဲ ရှိနေတယ်လို့ ပြောတယ်။

  • အရူးတွေကို ကျွေးဖို့ အစိုးရက စရိတ်ထုတ်ပေးထားတယ်မဟုတ်လား။ ဒီငွေကို ကြားထဲမှာ ဖြတ်ခုတ်တဲ့လူ မရှိတာ သေချာရဲ့လား။ အဲဒီက သတင်း ကျွန်တော် သိုးသိုးသန့်သန့်ကြားထားတယ်။ အရင်က တစ်ပတ်မှာ တစ်ရက် အသားဟင်းနဲ့ ကျွေးတယ်။ အခု အဲလိုမဟုတ်ဘူးတဲ့။

  • chitsayar

    January 26, 2011 at 2:24 am

    အရမ်းသနားဘို ့ကောင်းတာဘဲနော် ခင်ဗျ
    ဘာဖြစ်လို ့စိတ်မနှံ ့တာလဲမသိဘူးနော် ခင်ဗျ

  • bigcat

    January 26, 2011 at 3:27 am

    ရူးသွားလို့ စိတ်မနှံ့တာပါတဲ့ကွယ်။ 😉

  • Mie_Mie

    January 26, 2011 at 7:00 am

    အော် ရူးသွားလို့ စိတ်မနှံ့တာကိုး။
    မီးမီးလည်းသိသွားပါပြီ။
    ကိုကြောင်ကြီးကို ကျေးဇူးတင်ပါတယ်ရှင့်။
    မီးမီးမွေးနေ့ရောက်ရင် ရွာသာကြီးသွားလှူဖို့ စိတ်ကူးထားတာရှိတယ်။
    ဒီသတင်းဖတ်လိုက်ရတော့ ပိုလှူချင်လာတယ်။
    လိုက်ကြဦးမလား ဗျို့ ………
    ရွာသာကြီးသွားမလို့။

  • etone

    January 26, 2011 at 7:48 am

    ကြေကွဲစရာကောင်းတဲ့ အဖြစ်ပျက်လေးပါ ။ ကလေးမိခင်နေရာက ကြည့်ရင် မောင်နှမရင်းဖြစ်သူလည်း ဆုံးပါး … ရင်သွေးလည်းဆုံးပါးတော့ ပူဆွေးသောကကြောင့် သူကိုယ်တိုင်တောင် ရူးနိုင်ပါသေးတယ်… ။ အဘွားဖြစ်သူလည်း ထပ်တူထပ်မျှ ကြေကွဲရမှာပါ …။ ဒီသတင်းလေး မေးလ်ထဲရောက်လာစဉ်ကတည်းက ဖတ်ပြီးပါပြီ ။ ကလေးသေပုံလေးကို ကြည့်ပြီး ကြောက်စရာထက် သနားစရာပိုကောင်းပါတယ်…။ စိတ်မနှံ့တဲ့လူကို ဆေးရုံက ဆင်းခိုင်းခဲ့တာ အဓိက ပြသနာလို့မြင်ပါတယ်….။ နောက်ပြီး ယုံယုံကြည်ကြည် မစောင့်ကြည့်ပဲထားတာ အဘွားဖြစ်သူရဲ့ အမှားပါ…။ ကလေးအမေကြေကွဲရတာ ကိုယ်ချင်းစာပါတယ်…။ အီးတုံးတောင် သားလေးသေတော့ ဂေါက်တောက်တောက် ဖြစ်ချင်သွားတယ်..ဒါတောင် အီးတုံးသားလေးက ကြောင်လေးပေမို့ပဲ ။

    • bigcat

      January 27, 2011 at 1:06 am

      အီးတုံးနဲ့ ကိုကြောင်နဲ့ ဘာမှမဆိုင်ဘူးနော်… 😀
      ရမလားလို့ ပြောကြည့်တာနော် စိတ်ဆိုးချင်ရောင်မဆောင်နဲ့။ (ဘွာတေး မှားပြန်ပြီ။ အကျင့်မကောင်းတဲ့ ဒီလက်ဖြတ်ပစ်မှအေးမယ်။ ထပ်တောင်းပန်ပါတယ် ချိတ်ချိုးပါနဲ့)
      ခင်လို့နောက်တာပါ၊ တကယ်ပါ အဟုတ်ပါ၊ စိတ်ချပါ။

  • nyimalay

    January 26, 2011 at 1:06 pm

    နောက်တယ်နော်အီးတုံးက………… {သားလေးသေတော့ ဂေါက်တောက်တောက် ဖြစ်ချင်သွားတယ်..ဒါတောင် အီးတုံးသားလေးက ကြောင်လေးပေမို့ပဲ ။} 🙂

  • ဆူး

    January 26, 2011 at 2:45 pm

    ကလေး ဖခင် အကြောင်း ဘာမှ မပြောထားဘူးနော်။ အဘွားလုပ်တဲ့ လူတော့ သွေးပျက်နိုင်တယ်။ မြင်တာတွေ များပြီးတော့။

  • yuyu

    January 27, 2011 at 4:17 am

    ဟုတ်တယ်နော်အဘွားက အသက်လဲကြီးပြီ သူပါ မရူးသွားတာကံကောင်း၊
    ယုတို့မလေးမှာနေတိုင်းက မြန်မာမတွေအချင်းချင်းရန်ဖြစ်ကြတာ တစ်ယောက်နဲ့တစ်ယောက်ကိုက်ကြရင်း တစ်ယောက်က လက်ခလယ်ကို လက်ဆစ်နားမရောက်တရောက်အထိပြတ်ထွက်သွားတာမြင်ဖူးတယ်
    အဲဒီအချိန်တုန်းက ယုကအလုပ်သွားနေလို့မမြင်လိုက်ရပေမယ့် မြင်လိုက်ရတဲ့သူငယ်ချင်းတွေပြန်ပြောပြတာ အသက်ရှုရပ်မတပ်ပဲတဲ့
    အဲဒီရန်ပွဲလဲပြီးရော အလုပ်ထဲမှာနာမည်ကိုကြီးသွားတာပဲ
    မြန်မာမတွေလက်ပြတ်အောင်တောင်ကိုက်နိုင်တယ်ဆိုပြီးတော့ပေါ့ တော်ရုံတန်ရုံဆိုရင် လာမစရဲတော့ဘူး မြန်မာမတွေအကြောင်းကောင်းကောင်းသိသွားတာလေ ဟား ဟား

  • htoopa

    January 27, 2011 at 7:22 am

    အပြင်မှာကြားမိတာကတော့ ဒီအဖြစ်ဆိုးကြုံခဲ့တဲ့မိသားစုတွေက မွတ်စလင်ဘာသာဝင်လို့ ပြောကြတယ်။
    စိတ်မနှံသူဆိုပေမယ့် သူ့ရှေ့မှာ ဘာသာဝင်တွေ ဓလေ့ထုံစံကို ပြောဆိုမိသံ ကြားမိထားတာကလည်း သူကိုလှုံ့ဆော်ချက်တစ်ခုလို ဖြစ်သွားမိလားမသိ။ ဘာပဲပြောပြော ခလေးခမျာ ကုသိုလ်ဆိုးပါတယ်။

  • char too lan

    January 27, 2011 at 10:49 am

    ဖစ်နိုင်ဒရယ် 🙁

  • ဆူး

    January 27, 2011 at 1:36 pm

    ဟာလာ လုပ်တာပေါ့ ဟုတ်လား။ ပုံအရ ကြည့်ရင်တော့.. ဟို ရုပ်ရှင် အပိုင်းထဲက လို ဖြစ်နေတာတော့ အမှန်ဘဲ။

Leave a Reply