သီရိမင်္ဂလာဈေးသစ် အိမ်သာအတွင်းမှ သေဆုံးမှူ

etoneJanuary 19, 20111min1429

ဒီနေ့မနက် အင်တာနက်ထဲမှာ မွေနောက်ဖတ်ရင်းသတင်းတပုဒ်ဖတ်တွေ့တော့ ဖတ်ရင်း စိတ်မကောင်းဖြစ်မိပါသည် ။ ဒီသတင်းလေးကတော့ မကြာသေးမီ အချိန်ကမှ ဖွင့်လှစ်ခဲ့တဲ့ သိရိမင်္ဂဈေးသစ်ကြီးရဲ့ အိမ်သာထဲမှာ အမျိုးသားတစ်ဦး လည်ပတ်ပြတ်ရှ ဒဏ်ရာနှင့် သေဆုံးနေခြင်းဖြစ်ပါည်။ ၎င်းသေဆုံးမှူမှာ ဈေးသစ်ဖွင့်ပြီး လေးရက်မြောက်နေ့ဖြစ်သော ဒီဇင်ဘာ ၃ဝရက်နေ့ မနက် ဝေလီဝေလင်း အချိန်တွင်ဖြစ်သည် ။ ထိုအမျိုးသားသည် မုန်လာဥနီထမ်းသော အလုပ်ကြမ်းသမားဖြစ်ပြီး ချောင်းဆိုးသွေးပါဝေဒနာခံစားနေရာမှ ရောဂါလည်းပြင်းထန်ချိန်၊ ငွေကြေးမတတ်နိုင်သလို ၊ အလုပ်မလုပ်ပဲ ဆေးကုခံချိန်လည်း မရှိသဖြင့် ဘဝကို အရှုံးပေးကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း နီးစပ်ရာ အပေါင်းအသင်းများမှ ယူဆကြသည် ။ ထိုသူသည် မသေဆုံးမီ အချိန်ပိုင်းကပင် လုပ်ဖော်ကိုင်ဖက်များကို မိမိသည် ချောင်း ဆိုး သွေးပါရောဂါဖြင့် သေဆုံးတော့မည်ဖြစ်ကြောင်း ၊ ထိုမှ မသေဆုံးလျှင် ကိုယ့်ကိုယ်ကို အဆုံးစီရင်မည်ဖြစ်ကြောင်းပြောကြားပြီး မုန်လာဥနီလှီးသော ဓါးကို ကိုင်ကာ အများသုံး အိမ်သာထဲသို့ဝင်သွားကြောင်း သိရသည် ။ ဈေးသစ်ဟု ဆိုသော်ငြား အများသုံးအိမ်သာ ခြောက်လုံးထဲသာ ရှိသဖြင့် အိမ်သာဝင်သူများ တန်းစီနေကြရာ အိမ်သာတစ်ခုအတွင်းမှာ တစ်နာရီခွဲကျော်ကြာအောင် ထွက်လာခြင်းမရှိသဖြင့် တံခါးထုရိုက် သတိပေးခဲ့သည် ။ သို့သော် ထူခြားမှူမရှိသောကြောင့် အိမ်သာပေါ်သို့ ကျော်၍ တက်ကြည့်ရာမှ အမျိုးသားတစ်ယောက် သွေးအိုင်ထဲတွင် လဲကျနေကြောင်းသိရပြီး ကယ်ဆယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း သွေးထွက်လွန်သော ဒဏ်ရာကြောင့် ၄င်းအမျိုးသား သေဆုံးခဲ့ကြောင်း ဖတ်ခဲ့ရသည် ။ ထို အဖြစ်ပျက်ကို သုံး သပ်မည် ဆိုပ ါလျှင် ရောဂါဝေဒနာ ခံစားရပြီး ၊ ဆေးကုသခံနိုင်စွမ်းမရှိသဖြင့် အဖက်ဖက်မှ ဘဝကို အရှုံးပေးကာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့သော အမျိုးသားဧ။် စိတ်ဓါတ်သည် မသေဆုံးမီကတည်းကပင် ဘဝအမောတွေရုန်းကန်နိုင်စွမ်းမရှိပဲ ခြေကုန်လက်ပမ်းကျသွားခဲ့ကြောင်း ၊ စိတ်ဓါတ်ကျဆင်းခဲ့ကြောင်းတွေ့ရသည် ။ ဘဝပေး အခြေအနေအရ အတတ်ပညာ သင်ကြားနိုင်မှူမရှိသော်လည်း ကာယကိုအားကိုးကာ တတ်စွမ်းသ၍ ကြိုးစားရပ်တည်ပါသော်လည်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသကဲ့သို့ ဝမ်းရေးတောင် အနိုင်နိုင် ရုန်းကန်နေရသော ဘဝ၊ အလုပ်လုပ်နေပါလျှက် မလောက်မငှငတ်တလှည့် ပြတ်တလှည့် ဖြစ်နေရသော ဘဝဖြင့် ဖြတ်သန်းနေရသူ ဘယ်နှစ်ဦးမျှ ရှိမည်မသိ ၊ ထိုကဲ့သို့ သေသွားလျှင် ပူပင်စရာမလိုဟု ခံယူထားသူများမည်မျှရှိမည်နည်း ….. ။ ဦးလေး၊ အဒေါ်တို့ ခေတ်ကပြောသော ငွေတစ်မတ်နှင့် မုန့်ဟင်းခါးစားလို့ရသည် တစ်နေ့လုံးနေမှ ငွေ တစ်ကျပ်တောင်မကုန်ဟူသော စကားများသည်ပင် ရယ်စရာကောင်းနေပေတော့သည် ။

9 comments

  • လင်းဝေကျော်

    January 19, 2011 at 8:36 am

    အင်း…
    သူ့ခမျာ ရောဂါဖိစီးလို့ စိတ်ညစ်နေတုန်း နေရာသစ်ပြောင်းရလို့ ပိုပြီး အဆင်မပြေနဲ့ စိတ်ကုန်သွားပုံရပါတယ်။ လူမှုဒုက္ခတွေ ဘယ်တော့များမှ နည်းပါလိမ့်မလဲ တို့ရွှေပြည်ကြီးရယ်။ ထိုင်ဝမ်မှာ စကာင်္ပူမှာ မလေးမှာ သူတို့နိုင်ငံသားထဲ ဆင်းရဲသားတစ်ယောက်မှ မရှိတော့ဘူးတဲ့။

  • ကြယ်လေး

    January 19, 2011 at 9:46 am

    ထိုင်ဝမ်မှာ စကာင်္ပူမှာ မလေးမှာ သူတို့နိုင်ငံသားထဲ ဆင်းရဲသားတစ်ယောက်မှ မရှိတော့ဘူးတဲ့။
    ———————————————————————————————————-
    သူ တို့ ထက် ပို ဆင်းရဲ တဲ့ ရွှေ တွေ ရောက် နေ တာ ကိုး 😛

  • etone

    January 19, 2011 at 9:48 am

    ငတ်တလှည့်ပြတ်တလှည့်ဒဏ်ခံရတော့လည်း နောက်ဆုံးမခံစားနိုင်တော့လို့ အဖန်ငါးရာ ငါးကမာ္ဘတွေဘာညာ မသိတော့တာဖြစ်မယ်…။

  • search123

    January 20, 2011 at 3:36 am

    ကာယအားကိုးပြီးစားနေရတဲ့ဘဝမှာ ဆေးကုနိုင်ဖို့ဆိုတာ ဝေလာဝေးပေါ့။
    အခုခေတ်ကလည်း ရိုးရိုးဆေးခန်းသွားတောင် အနည်းဆုံး ၁၅၀ဝ နဲ့ ၃၀၀ဝ ကြားဆိုတော့လည်း၊
    စားဖို့တောင် အနိုင်နိုင်ဘဝမှာ သေဖို့လမ်းတစ်ခုပဲရှိတော့မှာပေါ့။
    အခုဆို အချို့ဆေးခန်းကြီးတွေမှာ ဆေးရုံတက်ဖို့လာရင် ၊
    တက်မဲ့ရောဂါအတွက် ခန့်မှန်းကုန်ကျစရိတ်မရှိရင် ဆေးရုံပေးမတက်ဘူးလို့သိရပါတယ်။
    အခုခေတ်မှာ ပိုက်ဆံမရှိရင် ရောဂါမဖြစ်မှပါပဲ.ဖြစ်ရင်တော့ လမ်းကတစ်လမ်းပဲ။

  • နွယ်ပင်

    January 20, 2011 at 3:54 am

    သူ့အတွက်က နေဖို့ထက် သေဖို့လမ်းကို ပိုရွေးတာ မှန်တယ်လို့တွေးမိတာဖြစ်မယ် . ဒီရွှေနိုင်ငံကြီးမှာက အခြေခံလူတန်းစားတွေအတွက် ရောဂါဖြစ်ပြီဆိုရင် ရွေးစရာလမ်းက သိပ်မရှိဘူးလေ ပြည့်သူဆေးရုံ ဆိုတဲ့ ဆေးရုံတွေမှာတောင် ပိုက်ဆံပေးမှ ရောဂါကိုကုပေးကြတာဆိုတော့ တစ်ခြားဆေးရုံတွေဆိုတာကတော့ တွေးတောင်မကြည့်နိုင်ပါဘူး …

  • thihayarzar

    January 20, 2011 at 6:27 am

    သနားစရာပဲဗျာ …. နောက်ထပ်လည်း ဒီလိုသတင်းတွေထပ်ပြီးတော့ ကြားရလိမ့်ဦးမယ်ထင်တယ်ဗျာ …. ကူညီပါရစေ လို့ဆိုတဲ့ မြန်မာနိုင်ငံရဲတွေလည်း တကယ်တမ်းတော့ မကူညီကြပါဘူး …. ဆရာဝန်တွေကလည်း ဘာကျင့်ဝတ်မှ မလိုက်နာကြတော့ပါဘူး ….. ငွေမျက်နှာ တစ်ခုထဲကိုပဲကြည့်နေကြတယ် …… လောဘတွေဖုံးလွှမ်းနေကြတယ် …..

  • teacher

    January 20, 2011 at 7:14 am

    ချမ်းသာနေကြသူတွေရေ ကြည့်ကြပါဦး…….

  • nyimalay

    January 22, 2011 at 12:59 pm

    သနားပါတယ်နော်……… ဒီလိုလူမျိုးတွေကို ဆေးဝါး ကုသပေးချင်လိုက်တာ….
    တနေ့ပိစိကွေး ပိုက်ဆံချမ်းသာရင် မရှိဆင်းရဲသားတွေကို ပဲ အလှုလုပ်မယ်……….. ထီပေါက်ရင်တော့ လုပ်ဖြစ်မယ်…………….

  • manawphyulay

    January 22, 2011 at 1:14 pm

    သူ့ကိုယ်သူ သတ်သေတာမဟုတ်ပဲ ရောဂါပြင်းထန်ပြီး ဆုံးသွားတယ်လို့ ထင်မိတာပဲ။

Leave a Reply