ကူညီပေးကြပါ……အရေးကြီးလို့ပါ..။

cobraJanuary 19, 20111min1113

၁၈–၀၁-၂၀၁၁ နေ့ နံနက်စောစောပိုင်း (၆-၀၀) က အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ မြောက်ဒဂုံ ဘေလီတံတားထိပ် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သို့ လိုက်ပါ ပို့ဆောင်သော တက္ကစီကား အဖြူရောင်ပေါ်တွင် ပစ္စည်းများ မေ့ကျန်ရစ်ခဲ့ပါသည်။ အလွန်အရေးကြီးသောကြောင့် တွေ့ရှိပါက ပြန်လည်အကြောင်းကြား ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ (အထူး ကျေးဇူးဆပ်ပါမည်။) ပါဝင်သောပစ္စည်းများ ၁။ အနက်ရောင်အိပ် ထိုထဲတွင် ၂။ နိုင်ငံကူး ပတ်စပို့———-၉၈၉၂၁၈ ၃။ သာသနာဝင်မှတ်ပုံတင်—၉/မဟမ(သ)

၀၀၂၃၉၃ ၄။ အမေရိကန် ဗီဇာဝင်ရန်နှင့် ကျောင်းတက်ရန် အရေးကြီးသော စာရွက်စာတမ်းများ ၅။ အိပ်ဆောင်ကွန်ပြူတာအနီရောင် Dell ၆။ အမေရိကန်ဒေါ်လာ ၅၀ဝ ၇။ မြန်မာကျပ်ငွေ ၂၀၀၀၀ဝ (နှစ်သိန်း) ပျောက်ဆုံးသူ အရှင်သုစိတ္တသည် အမေရိကန်နိုင်ငံတွင် ပညာသင်သွားရန် ရက် နီးကပ်နေပါသောကြောင့် အမြန်ဆုံးဆက်သွယ် ပေးပါရန် ထပ်လောင်းပြီး မေတ္တာရပ်ခံပါသည်။ ဆက်သွယ်ရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မြောက်ဒဂုံ၊ ဘေလီတံတားထိပ်၊ ပင်လုံလမ်း ဖုန်း-၀၁-၅၈၁၇၇၇။ ဝ၁-၅၈၁၉၉၉ ကျေးဇူးပြု၍ ကော်ပီကူးပြီး လက်လှမ်းမီသလောက် မျှဝေပေးစေလိုပါသည်။ ကုသိုလ်ယူလိုက်ကြပါကုန်။ ရွှင်လန်းချမ်းမြေ့ပါစေ

3 comments

  • လင်းဝေကျော်

    January 19, 2011 at 8:42 am

    ပစ္စုပန်ကို တည့်တည့်ရှုကြပါ။ မေ့လျော့ပေါ့ဆခြင်းမဖြစ်အောင်လို့။
    ဘုန်းကြီး လုပ်သင့်တာက အောင်မင်္ဂလာဂိတ်ကို ပြန်သွားပြီး သူစီးခဲ့တဲ့ ဂိတ်နားက တက္ကစီ သမားတွေကို ပြန်အကူအညီတောင်းရမှာ။ မြန်မာပြည်က တက္ကစီသမားတွေက အင်တာနက်မှ မသုံးတာကို။ အင်တာနက်ပေါ်ဖြန့်နေတော့ ပြန့်တာပဲရှိမပေါ့။
    ဒါမှ မဟုတ်လည်း အင်တာနက်ပေါ်ကနေပဲ တက္ကစီသမားများအားလုံး အင်တာနက်သွားသုံးကြပါ၊ အီးမေလ်စစ်ကြပါလို့ပြောရမလားပဲ။

  • weiwei

    January 19, 2011 at 6:32 pm

    ဒီနေ့ အဲဒီစာတောင် အီးမေးလ်ရသေးတယ် … အင်တာနက်မှာတော့ တော်တော်ပြန့်နေပုံရတယ် …

  • ghost

    January 19, 2011 at 11:00 pm

    လင်းဝေကျော် ပြောသလိုဘဲ တခုခုတော့လွဲနေ တယ်

Leave a Reply