လူ့ဘဝ သုံးခု

နွယ်ပင်January 26, 20111min430

ကိစ္စသုံးရပ်

(၁) တံခါးပိတ်တတ်ရမယ်

“မနေ့က”နဲ့ “မနက်ဖြန်”ရဲ့ တံခါးနှစ်ချပ်ကိုပိတ်ပြီး “ဒီကနေ့”တိုင်းကို ကောင်းကောင်းမွန်မွန် ကျော်ဖြတ်တတ်ရမယ်။ “ဒီကနေ့”တိုင်းကို ကောင်းကောင်းမွန်မွတ် ဖြတ်ကျော်တာဟာ “ဒီတစ်သက်”ကို ကောင်းကောင်းမွန်မွန် ဖြတ်ကျော်တာနဲ့ အတူတူဖြစ်တယ်။

(၂) တွက်ချက်တတ်ရမယ်

ကိုယ့်ရဲ့ပျော်ရွှင်ခြင်းနဲ့ ကိုယ်လုပ်တဲ့ မှန်ကန်တဲ့အလုပ်ကို တွက်ချက်တတ်ရမယ်။ ပျော်ရွှင်ခြင်းကို တွက်ချက်လေ ကိုယ့်ကိုပျော်ရွှင်လေဖြစ်သလို မှန်ကန်တဲ့အလုပ်ကို တွက်ချက်လေ ကိုယ့်ကိုယ်ယုံကြည်မှုတွေ ရှိစေလေဖြစ်တယ်။

(၃) လက်လွတ်တတ်ရမယ်

လက်လွတ်တတ်ရမယ်ဆိုတဲ့ စကားက အရင်ဆုံး “လက်လွတ်တတ်”မှ နောက်”ရမှာ”ဖြစ်တယ်။ လောကမှာရှိတဲ့အရာတချို့က လက်လွတ်တတ်မှ ပိုင်ဆိုင်ရတယ်။ ဒါမှမဟုတ် လက်လွတ်ပြီးမှ ပိုင်ဆိုင်ရတယ်။ နည်းနည်းလေးမှ လက်မလွတ်တတ်ဘဲ အရာရာကို ပိုင်ဆိုင်ချင်လို့ မရနိုင်ပါဘူး။

စကားသုံးခွန်း

(၁) ထားလိုက်တော့!

ဘယ်လိုမှ ပြောင်းလဲလို့မရတဲ့ ဖြစ်ရပ်မှန်တစ်ခုအတွက် အကောင်းဆုံးနည်းက အဲဒီဖြစ်ရပ်ကို လက်ခံတာပဲဖြစ်တယ်။

(၂) ကိစ္စမရှိဘူး!

ဘာပဲဖြစ်နေဖြစ်နေ ကိစ္စမရှိဘူးလို့ ကိုယ့်ကိုကိုယ် ပြောတတ်ရမယ်။ မှတ်ထားရမှာက အပြုသဘောဆောင်တဲ့၊ အကောင်းမြင်တဲ့ စိတ်ဓာတ်ဟာ ပြဿနာတိုင်းကို ဖြေရှင်းနိုင်တဲ့၊ အခက်အခဲတိုင်းကို အောင်မြင်နိုင်တဲ့ ပထမခြေလှမ်းဖြစ်တယ်ဆိုတာကိုပဲ။

(၃) ပြီးသွားမှာပါ!

မိုးတွေ ဘယ်လောက်ကြီးကြီးရွာပါစေ၊ ဘယ်နှစ်ရက်ဆက်တိုက် ရွာပါစေ…. မိုးစဲပြီး နေရောင်ဖြာမယ့်ရက် ရှိတယ်ဆိုတာကို ယုံကြည်ထားရမယ်။ မိုးတွေအမြဲ မအုံ့နိုင်ပါဘူး။ မိုးအုံ့လိုက် နေသာလိုက်နဲ့ သဘာဝက ဒီအတိုင်းပဲဖြစ်တယ်။ ဘဝဟာလည်း ဒီအတိုင်းပဲဖြစ်တယ်။

ပျော်ရွှင်ခြင်း (၃)မျိုး

(၁) သူတစ်ပါးကို ကူညီတဲ့ ပျော်ရွှင်ခြင်း
(၂) ရောင့်ရဲတဲ့ ပျော်ရွှင်ခြင်း
(၃) ပျော်စရာကို ရှာဖွေတတ်တဲ့ ပျော်ရွှင်ခြင်း

တနည်းပြောရရင် အဆင်ပြေချိန် သူတစ်ပါးကိုကူညီပြီး ပျော်ရွှင်ခြင်းကိုရှာတတ်ရမယ်။
အဆင်သိပ်မပြေချိန် ရောင့်ရဲခြင်းနဲ့ ပျော်ရွှင်ခြင်းကို ရှာတတ်ရမယ်။
အခက်အခဲနဲ့ကြုံချိန် အခက်အခဲကြားထဲကနေ ပျော်ရွှင်ခြင်းကို ရှာတတ်ရမယ်။

http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20101225/165772.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။