အလှူခံပုံး

hsu hsuJanuary 19, 20111min1278

ဆုဆုတစ်ယောက် တနေ့က ဆူးလေဘက်ကနေ လှည်းတန်းကို ၂၀ဝတန် အထူးကားကြီး စီးပြီးပြန်လာခဲ့ပါတယ်..ကားပေါ်မှာ ထိုင်ခုံစေ့လောက်ပဲ ခရီးသည်ပါပါတယ်။ ဆိုလိုတာက မတ်တပ်ရပ်ခရီးသည် မပါပါ၊ ဟယ်လ်ပင်မှတ်တိုင်မရောက်ခင် ဆုဆုတို့ စီးလာတဲ့ကားကြီးကို ရဲကတားပါလေရော။ ဒရိုင်ဘာက မဆင်းဘဲ သူ့စပယ်ယာသာ ဆင်းသွားပါလေရော၊ ဒရိုင်ဘာက သူု့လူတွေကို ငါတ်ု့ကို ဘာလို့ဖမ်းတာလဲလို့မေးလို့ အော်ပြောနေတယ်၊ ခနနေတော့ စပယ်ယာက ယာဉ်မောင်းလိုင်စင် ကို ဒရိုင်ဘာဆီလာတောင်းတယ်၊ ဒရိုင်ဘာက ပိုက်ဆံ တစ်ထောင်လောက်ပေးလိုက်လေကွာတဲ့၊ လိုင်စင်တော့မပေးလိုက်ပါ၊

ခနနေတော့ ဆုဆုတို့ ကားကြီးပြန်ထွက်ခွင့်ရသွားတယ်။ ကားထွက်တော့ စပယ်ယာနဲ့ ဒရိုင်ဘာတို့က အဲဒီ မော်တော်ပီကယ်ရဲကြီးကု ိမိုက်မိုက်ရိုင်းရိုင်းတိုင်းထွာပြီး ပြောလိုက်တာက ” မအေ…ရဲတွေ..မှားရင်ဖမ်းတယ်..မမှားရင် တောင်းစားတယ်” တဲ့၊ ဒီတခါ ဘတ်စ်ကားကြီးမမှားမှန်း ဆုဆုတို့ ခရီးသည်တွေ အားလုံးသိကြပါတယ်………

8 comments

  • koyinmaung

    January 19, 2011 at 8:31 pm

    ဒါ မြန်မာပြည်ကဝန်ထမ်းတွေရဲ့ပြရုပ်တခုလို့ဘဲမြင်ပါတယ်….

  • manawphyulay

    January 20, 2011 at 3:34 am

    မှားမှား မမှားမှား အကျင့်ပါနေလို့ပါတဲ့ သူတို့လည်း တောင်းချင်လို့မဟုတ်ပါဘူးတဲ့လေ။

  • Bayote

    January 20, 2011 at 3:40 am

    ပန်းဆိုးတန်းမှာဆို ညတိုင်း အလှူခံ ရှိကြောင်းပါ။ လူမိုက်တွေငှားပြီး ပုလိပ်က ဘေးမှာ သီချင်းနားထောင်။ ငှားထားတဲ့လူတွေက ဆက်ကြေးတောင်း။ မြို.လယ်ခေါင် ဗျာ။ တော်တော် ကြည့်ရဆိုးတယ်။ သက်ဆိုင်ရာက အမြန်ဆုံးရှင်းလင်းသင့်ပြီ။

  • phantom

    January 20, 2011 at 6:30 am

    ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် ရဲတွေစစ်သားတွေသာမက အစိုးရရုံးပေါင်းစုံမှာ ရံပုံငွေဆိုပြီး ပိုက်ဆံတောင်းပြီး လုပ်စားနေတာ မကြားချင် မမြင်ချင်မှ အဆုံးပါ ပိုက်ဆံပေးရင် ဘာမဆို အမြန်ပြီးပါတယ် ပိုက်ဆံမပေးလို့ကတော့ နောက်ကျရင်ကျမယ် မရရင်မရဘူး ဒီနည်းနဲ့ပဲ တစ်ယောက်ပြီးတစ်ယောက် လုပ်စားနေကြတာပါပဲ အနည်းဆုံးတော့ အလုပ်လျှောက်ဖို့အတွက် ထောက်ခံစာယူရင်တောင် ရံပုံငွေထည့်ရပါတယ်။ အလုပ်က ရမရမသိဘူး ပိုက်ဆံက အရင်ထွက်မှ စာရွက်လေးတစ်ရွက်ရတယ် ဒါမျိုးကိုတော့ မသိချင်ယောင်ဆောင်နေရတာ ကြာပြီ လုပ်ထုံးလုပ်နည်းလို့ နာမည်လှအောင် သုံးကြသေးတယ်လေ

  • naywoonni

    January 21, 2011 at 2:37 pm

    မမှားတော့လည်း ပေးခဲ့ရတာပဲ မဟုတ်လား

  • decemberthel

    May 25, 2011 at 10:37 am

    vdkif;um;rsm;&JUab;rSm pmwrf;wpfcka&;apcsifygonf/
    ]vltcsif;csif;vSnfhywfjcif;uif;&Sif;Muygap] vdkU/

  • PinkCandy

    May 25, 2011 at 11:07 am

    decemberthel က
    လိုင်းကားများရဲ့ဘေးမှာ စာတမ်းတစ်ခုရေးစေချင်ပါသည်။ ”လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ“ လို့။
    ပြောချင်တာလားဟင် ?

  • naywoonni

    May 25, 2011 at 3:29 pm

    ”လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ“ ဆိုတာက ဆိုရှယ်လစ် ခောတ်က ဆောင်ပုဒ်လားဟင်…။

Leave a Reply