shanghaiist.com

တရုပ်နိုင်ငံတွင် ၂၀၁၀ ခုနှစ်အကုန်၌ အင်တာနက်သုံးစွဲသူများမှာ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သည့် ၄၅၇ သန်းအထိ ရှိလာကြောင်း China Internet Network Information Center မှ သတင်း ထုတ်ပြန်သည်။

အင်တာနက်သုံးစွဲသူများသည် တစ်ပတ်လျှင် ၁၈.၃ နာရီနှုန်း သို့မဟုတ် တစ်ရက်လျှင် ၂.၆၁ နာရီနှုန်း အင်တာနက် သုံးစွဲကြကြောင်း သိရသည်။ တရုပ်နိုင်ငံတွင် Facebook နှင့် Twitter ကဲ့သို့သော နိုင်ငံတကာ ကွန်ယက်များကို ပိတ်ဆို့ထားဆဲ ဖြစ်သဖြင့် ဘလော့ဂါ ၅၃.၁၁ သန်း တို့သည် တရုပ်လူမှုရေး ဝက်ဘ်ဆိုက်အမျိုးမျိုးကို သုံးကာ ဘလော့များ ပြုလုပ်ကြသည်။ အင်တာနက်သုံးစွဲသူ လူဦးရေ၏ ၆၆.၂ ရာခိုင်နှုန်း ဖြစ်သည့် ၃၀၃ သန်းတို့သည် မိုဘိုင်းဖုန်းများဖြင့် အင်တာနက် သုံးစွဲကြကာ လက်ပ်တော့ ကွန်ပြူတာဖြင့် အင်တာနက် သုံးစွဲသူများမှာ ၄၅.၇ ရာခိုင်နှုန်းရှိပြီး နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်များပြားလာခဲ့ကြောင်း သိရသည်။

ထိုသို့ အင်တာနက် သုံးစွဲမှု ကျယ်ပြန့်နေသော်လည်း တရုပ်နိုင်ငံ၏ အင်တာနက် အမြန်နှုန်းမှာ တစ်ကမ္ဘာလုံး ပျမ်းမျှ အမြန်နှုန်းဖြစ်သည့် 212.5 Kbps ၏ တစ်ဝက်ခန့် ဖြစ်သည့် 100.9 Kbps ခန့်သာ ပျမ်းမျှရှိကြောင်း အမေရိကန် ကွန်ယက်လုပ်ငန်း တစ်ခုဖြစ်သည့် Akamai မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။ ။

Ref: The Economic Times, One-third of China’s population hooked to internet

BEIJING: One-third of China’s population were using the Internet at the end of 2010, taking the total number of people with net connections to 457 million, the China Internet Network Information Center has said.

Over one-third or 34.3 per cent of China’s population were connected to the Internet at the end of last year, up 73.3 million from a year earlier, making them the largest net savvy population in the world, CNNIC said in a report.

Chinese netizens spent about 18.3 hours online every week or 2.61 hours each day, it said.

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။