စမ်းချောင်းမြို့နယ်တွင်း လောင်းကစားဒိုင်များပြေးကုန်ပြီ

fattyJanuary 26, 20111min26810

စမ်းချောင်းမြို့နယ်တွင်း ကိုးထပ်ကြီးဘုရားပုရဝုဏ်တွင် သံဃာအချို့ချဲဒိုင်ကိုင်နေကြသည်မှာကြာပြီ။ တလောက အလျှော်အစားပြဿနာဖြစ်သွား
သဖြင့် သုံးလုံးထီ သိန်း ၃၀ဝ ပေါက်သူတဦးကို မလျှော်ဘဲထားရာက ထိုသူမှာ နေပြည်တော်
ထိပေါက်မြောက်အောင်တိုင်ကြားလိုက်သည်။ ဒိုင်ကိုင်သူ သံဃာအားဖမ်းဆီးလိုက်ပြီး
ထိုသံဃာမှ စမ်းချောင်းနယ်ထိမ်းများကိုမည်မျှပေးရသည်။ ခရိုင်ရဲသို့ မည်မျှပေးရသည်
တို့ကိုအသေးစိတ် အတိအကျဖေါ်ထုတ်လိုက်သဖြင့် ပထမဆုံး စမ်းချောင်းရဲစခန်းမှ
နယ်ထိန်းများကို တိုင်းရဲမှလာရောက်ဖမ်းဆီးပြီးစစ်ဆေးပါသည်။ ယခု စမ်းချောင်းရဲ
စခန်းတွင်အပြောင်းအရွှေ့များဖြစ်ပေါ်မည်ဖြစ်ပြီး ချဲဒိုင် ဘောပွဲဒိုင် ဖဲဒိုင်များ တိမ်းရှောင်
ကုန်ကြပြီဖြစ်သည်။

10 comments

  • bigcat

    January 26, 2011 at 3:42 am

    ကဲကဲ .. အားလုံးဖတ်ရတယ်နော်။ ဒီတလတော့ ကမာရွတ်ဒိုင်မှာ သွားထိုးကြ။

  • koyinmaung

    January 26, 2011 at 3:48 am

    ဟုတ်ကဲ့

  • zippo

    January 26, 2011 at 7:54 am

    ူသူသူ ကိုယ်ကိုယ် ဘယ်သူဘဲဖြစ်ဖြစ် ဖမ်းခံရတော့ စိတ်မကောင်းဖြစ်ရတယ်..။
    အလောင်းအစားလုပ်ငန်းတွေ ကြောင့်လူတွေ ဘဝပျက်ကြရတာ သိကြမှာပါ..။
    ခုဆိုရင် တနိုင်ငံလုံး တရားဝင်သဘောမျိုးဖြစ်နေတာ..။
    မြို့နယ် ၊ ခရိုင် ၊ ဒါ့အပြင် ဒန ၊ ဦး ၁ ၊ မပီးသေးဘူး..စခန်းမှုး၊ မြို့နယ်မှုး၊
    နယ်ထိမ်းခေါင်းဆောင်တွေ နဲ့ အောက်ခြေ ရဲအကြပ်တပ်သားတွေအထိ ဆက်ကြေး
    လိုင်းကြေးတွေပေးကြရတယ် ၊ သူငယ်ချင်းဒိုင်တယောက်ပြောလို့ ..ဒိုင်လဲပေါများ
    လောဘကြောင့် တချို့တွေမှာ ရောင်းပေါင် ပီးထိုးကြတော့ အိမ်တွေကို ဒိုင်ကသိမ်း
    ယူတာတွေ ခဏခဏကြားရလို့ ပါ..။ဒါတွေကြောင့် ပြည်သူတွေ (ထန်းလျက်ခဲ ခွေး
    ယက်သလို) တဖြည်းဖြည်း ငွေကြေးအခက်အခဲ ဖြစ်နေကြရတယ်လို့ထင်ပါတယ်.
    လျော့ပါးသွားရင်ကောင်းမယ်ဗျာ..။..။

  • etone

    January 26, 2011 at 8:19 am

    ဘုန်းဘုန်းတို့ကလည်း မအပ်စပ်တာတွေဘာလို့လုပ်တာတုန်း …။ မဖြစ်ရင်တော့ကောင်းတာပေါ့ ဖြစ်တော့… ထိပြီလေ။ အရှက်လည်းကွဲရောပဲ ..။
    ကိုယ့်နေရာကိုယ်နေတတ်ရင် သိပ်ကောင်းမှာပဲ ။ ကိုယ့်လုပ်ရပ်ကြောင့် သာသနာ မငြိုးနွမ်းစေပါနဲ့ ။

    • hello! everybody

      January 26, 2011 at 4:31 pm

      တချို ့ဘုန်းဘုန်းဆို ကထိန်မဲပေါက်ပေးနဲ့တောင် ၁လုံး ၂လုံး ၃လုံး ထိုးသဗျ။ကြည်ညိုစရာနော်!

  • yuyu

    January 26, 2011 at 8:31 am

    ဒီအလောင်းအစားက ပပျောက်ဖို့တော့ မလွယ်ဘူးဆရာရေ
    မြန်မာ့ယဉ်ကျေးမှုကျနေတာပဲ လူတွေ အစဉ်အဆက်ထိန်းသိမ်းလာကြာတာ

  • ဆူး

    January 26, 2011 at 2:33 pm

    သာသနာ နဲ့ မအပ်စပ်တာတွေ လုပ်တော့ မကောင်းဘူးကွယ်။ ယိုးဒယား ကိုသာ ထေရဝါဒ မဟုတ်ဘူး လက်ညိုးထိုးနေတာ လက်လေးချောင်းက ကိုယ့်ကို ပြန်ထိုးနေမှန်း မသိဘူး။ စိတ်ပျက်တယ်။

  • ဆူး

    January 26, 2011 at 4:49 pm

    ဘုန်းကြီးတွေ အဲဒီလိုမျိုး မလုပ်ရအောင် လုပ်ပေးနိုင်တဲ့ စနစ်တခုရှိရင် ကောင်းမယ်နော်။
    ဥပမာ အားဖြင့် ကတ်ထဲ ပိုက်ဆံ ထည့်ပေးတာမျိုး.. ဘုန်းကြီး လှူတဲ့ ပိုက်ဆံ ကတ်ထဲ ထည့်တာမျိုး.. ကတ်ကလည်း မသင့်တော်တဲ့ နေရာ ဘယ်မှာ မှ သုံးမရတာမျိုး နောက်ပြီး ကတ်ထဲက အသိသက်သေ ထောက်ခံချက် မပြနိုင်ရင် ပိုက်ဆံ လက်ရောက်ထုတ်ပေးတာမျိုး မလုပ်တာမျိုး.. စသဖြင့်ပေါ့. လက်ထဲမှာ ပိုက်ဆံ ရှိချင်လို့ လောဘ တက်တာ ဆိုတော့ လောဘ ဖြစ်စေတဲ့ ပိုက်ဆံ မကိုင်ခိုင်းဘဲ ကတ်နဲ့ တင်းကျပ်တဲ့ ဥပဒေ ထုတ်ပြီး လုပ်ခိုင်းရင် ကောင်းမယ် ထင်တယ်။ ရထားစီး ကားစီး ဘုန်းကြီး ကတ်နဲ့ ဖြတ်တာမျိုးပေါ့။

  • char too lan

    January 27, 2011 at 6:52 am

    ဦးဖက်သတင်းကတော့ရှယ်ပါပဲ ပြင်းပြင်းထန်ထန်ကိုနှိမ်နှင်းစေချင်တယ် ဖြစ်တဲ့နေရာလေးတင်မဟုတ်ပဲ နေရာတိုင်းကိုပိုက်စိတ်တိုက်ပီး ရှင်းပေးရင် ရဲကိုကို တို့ကိုကျေးဇူးအထူးတင်မိမှာပဲဂျာ……… 🙂

  • htoopa

    January 27, 2011 at 10:55 am

    ပေါက်ရောက်သူကောင်းမှုကြောင့် လောင်းကစားများအားလုံး ပပျောက်သွားရင် ကျေးဇူးတင်မိမှာပဲ… ဖမ်းဆီးရေးကလည်း ဧကန်ဏ အပေါ်ထိပေါက်ရောက်တဲ့သူ တိုင်မှဖမ်းနိုင်တော့တယ်… လမ်းဘေးမှာ ထိုင်ခုံနဲ့ခင်းရောင်းတာကို မမြင်နိုင်ဘူး နတ်ဖွက်ထားသလို ကွယ်နေတာဖြစ်မယ်

Leave a Reply