ငါအရင်ဝင်မယ်။

nigimi77January 20, 20111min425

၅နှစ် မကလို ့ ၁ဝ နှစ်ပဲ ဖြစ်ဖြစ် ထောင်ပဲ အကျခံမယ်။ စစ်သားတော့ မလုပ်ဘူး တဲ့လား ။ အဲဒီ သကောင့်သား အထူအပါး တော်တော် နားမလည်တာပဲ။ ငါ့ကိုငါ ပြန်ပြီး မေးခွန်းထုတ်ကြည့်မယ်။

၁။ နိုင်ငံရေး ဗဟုသုတရှိလား ? မရှိသလောက်ပဲ။

၂။ အုပ်ချုပ်သူ လူတန်းစားနဲ ့ နီးစပ်သလား ? အနားကပ်လို ့တောင် မရဘူး။

၃။ ပညာတတ်လား ? တစ်ပိုင်းတစ်စပဲ။

၄။ ကိုယ်ခံပညာ တစ်ခုခု တတ်ကျွမ်းလား ? ငယ်ငယ်ကတော့ သင်ဖူးပါရဲ ့။

၅။ အသောက်အစား ကွမ်းဆေးလိပ်ကင်းလား ? ကွမ်းကလွဲလို ့ အကုန်လုပ်တယ်။

၆။ အချိန်ကို လေးစားလား ? အလုပ်ကိုတော့ အမြဲ ၁ဝ မိနစ်လောက် နောက်ကျတတ်တယ်။

၇။ ကိုယ့်ကိုယ်ကို ထိမ်းနိုင်လား ? 50/50 ပဲ

၈။ ကိုယ့်ကိုယ်ကို ပြုပြင်ချင်စိတ်ရှိလား ? စားဝတ်နေရေး လုံးပန်းနေရတာနဲ ့ သေချာ မစဉ်းစားမိသေးဘူး။

၉။ မဲ ပေးလား ? မပေးဘူး။

၁၀။ ဘယ်ပါတီကြိုက်လဲ ? ဘယ်ပါတီမှ မကြိုက်ဘူး။

၁၁။ နိုင်ငံရေးလုပ်ဖို ့စိတ်ဝင်စားလား ? ဝင်စားလဲ ဘာမှ လုပ်လို ့မရဘူး။

၁၂။ စည်းလုံးချင်းသည် ခွန်အားပါဆိုမှ ? ဘယ်သူတွေ စည်းလုံးလို ့လဲ။

၁၃။ ဒါဆို တစ်ယောက်ထဲ လူစွမ်းကောင်းလုပ်ချင်တာလား ? ……………..။

၁၄။ စစ်မှုထမ်းချင်လား ? ထမ်းချင်တယ်။

၁၅။ ဘာကြောင့်လဲ ? ငါလုပ်တတ်တာ ဘာမှမရှိဘူး။ တတ်မြောက်မှ လုပ်လို ့ရမယ်။

၁၆။ ဘာလုပ်ချင်တာလဲ ? မင်းသိစရာ မလိုသေးဘူး။

မင်းတို ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို ပဲ ကြည့်ပြီး တိုင်းပြည်ရဲ ့ဖခင်ဆိုပြီး အော်နေကြတယ်။ ဗိုလ်ချုပ် ဘယ်လို လုပ်ခဲ့လဲ ဆိ်ုတာမေ့သွားပြီလား ? ပါးစပ်က ဘုရား လက်က ကားယား အတွေးအခေါ်နဲ ့ စစ်အာဏာရှင်တွေရဲ ့ မတရား အုပ်ချုပ်မှုဆိုတာတွေ အော်မနေနဲ ့။ ဗိုလ်ချုပ်အောင်ဆန်းတို ့ ဂျပန်ကိုချစ်လို ့ စစ်သားဖြစ်ရတာကို ကြိုက်လို ့ စစ်ပညာသွားသင်တာလို ့ မင်းတို ့ ဘယ်စာအုပ်ဖတ်ရဘူးလဲ ? ဘယ် အင်္ဂလိပ်ကို အားကျလို ့ ပူ းပေါင်းတာလို ့ကြားဖူးလဲ ? သူတို ့စစ်ပညာသင်နေတုန်းက ဘယ်သူက စိတ်အေးချမ်းသာစွာ ကောင်းမွန်စွာနေခဲ့လို ့လဲ။ အရာရာ စွန် ့လွတ်ပြီး လုပ်ခဲ့ကြတာပဲ။ အဲဒီတုန်းက ဖက်ဆစ်တွေ ၊ အင်္ဂလိပ်တွေနဲ ့ ဒီ စစ်အစိုးရနဲ ့ ဘာတွေကွာသလဲ ? နောက်ပြီး အဲဒီတုန်း က လှုပ်တာနဲ ့ ထောင်ထဲရောက်တာ ကျောင်းထုတ်ပစ်တာ မဟုတ်ဘူးလား။ အခြေ အနေက မတူဘူးလား။ လွတ်လပ်ရေးကို ငြိမ်းချမ်းစွာနဲ ့ မရနိုင်ဘူး ဆိုတာ မင်းတို ့တွေ အဖ လို ့ကိုးကွယ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဆုံးဖြတ်ခဲ့တာ မဟုတ်လား။ သူ ဘယ်လမ်းကို ရွေးချယ်ခဲ့တယ်။ ဘာလုပ်ခဲ့တယ် ဆိုတာ အားလုံး အသိ။ အဲဒီလို သကောင့်သားတွေ များနေရင် ရပါလိမ့်မယ် လွပ်လပ်ရေး။ တချို ့က ငါ့ကိုပြောတယ်။ လူငယ်တွေကို လေ့လာနေတာလားတဲ့။ ဒီခေတ်က IT ခေတ်တဲ့ ။ အဲဒီ IT ခေတ်ဆိုတဲ့ စကားလုံးနဲ ့ လူငယ်တွေ ထက်မျက်ကြောင်းကို Cover လုပ်တဲ့ကောင်တွေရှိတယ်။ ငါကိုယ်တိုင် လူငယ်ပဲ။ မင်း IT ဘာတတ်နိုင်သလဲ။ ဗဟိုချုပ်ကိုင် စနစ်မှာ မင်း IT က ဘာ သုံးစားလို ့ရလဲ ? ဒါဆို IT နဲ ့ လိုချင်တာကို ရအောင်လုပ်ကြကွာ။ ငါ့ကို ကြိုက်သလိုဆဲ။ ငါ့ကိုယ်ငါ ဗိုလ်ချုပ်နဲ ့ မနှိုင်းဘူး။ သူ ့ရဲ ့ဦးဆောင်မှုနဲ ့ လုပ်ခဲ့ကြတဲ့ စစ်သားတစ်ဦးလောက်တော့ ကြိုးစားနိုင်တယ်။

ဒီတော့ ငါပြောချင်တာ IT ပညာနဲ ့ လိုချင်တာရနိုင်သလား။ ငြိမ်းချမ်းစွာနဲ ့ ရယူနိုင်သလား။ အော်တောင်းပြီး ရနိုင်သလား။ အရပ်ကယ်ပါ လူဝိုင်းပါ နဲ ့ပြင်ပ အကူအညီနဲ ့ ရနိုင်သလား။ စိမ့်ဝင်ပြီး ရနိုင်သလား။

မင်းတို ့တွေ စစ်ထဲ မဝင်ချင်ဘူးဆိုတဲ့ စကားဟာ ဗိုလ်ချုပ်ကို ကိုးကွယ်ပြီး ဗိုလ်ချုပ်ရဲ ့ဆုံးဖြတ်ချက်ကို မသိကျိုးကျွန်ပြုချင်တဲ့ အရေခြုံ ရေပေါ်ဆီတွေပဲ။ ဗိုလ်ချုပ်ရဲ ့ပုံတွေဟာ မင်းတို ့နဲ ့ အတူမရှိသင့်ဘူး။ မင်းတို ့တွေဟာ ဗိုလ်ချုပ်ရဲ ့ နာမည်ကို ခုတုံးလုပ်နေကြတာပဲ။ ဘယ်သူတွေဆဲဆဲ စစ်မှုထမ်းခွင့်ပေးရင် ငါ အရင်ဆုံးဝင်မယ်။

34 comments

  • search123

    January 20, 2011 at 3:14 am

    right!

  • အာဖျံ ကွီး

    January 20, 2011 at 5:46 am

    ဖြစ်မှဖြစ်ရလေ ….
    ဗိုလ်ချုပ်ခေတ်တုန်းက တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်နဲ.တူတရ် …
    ဗိုလ်ချုပ်ခေတ်ဆိုရင်တော့ တိုးဝှေ.ပီးတော့ကို နာမယ်စာရင်းပေးကြမှာ မြင်ယောင်သေးတရ် …
    အခုတို.ရဲ.ခေါင်းဆောင်က ဗိုလ်ချုပ်မဟုတ်တော့ဘူး ….
    စိတ်နာအောင်လုပ်ထားလို. စိတ်နာနေကြတာကို … အထူအပါးနားမလည်ဘူးလို. … မပြောပါနဲ. … သခင်ဟောင်းကြီးရယ် ….

  • char too lan

    January 20, 2011 at 6:11 am

    2 ယောက်ရပီဗျို ့!!!
    ရေး ရေး မြန်မြန်ရေးမှတ်ထားစမ်းပါ တပ်ချုပ်ရာ………….

  • bigcat

    January 20, 2011 at 6:24 am

    ကျုပ်လဲပါမယ်ဗျို့၊ ရိုးရိုးစစ်သားတော့ မဖြစ်ချင်ဘူး၊ နောက်တန်းထောက်ပို့ အထိုင်တပ်က ဆီဂိုဒေါင်တာဝန်ခံ လုပ်မယ်။ စုစုပေါင်း သုံးယောက်ရပြီပေါ့။

  • nigimi77

    January 20, 2011 at 7:17 am

    သရော်ရင်းနဲ ့ အသက်ကြီးမဲ့ ဆရာတွေ။ သရော်ကြဗျာ။ အခုတို ့ရဲ ့ခေါင်းဆောင်က ဗိုလ်ချုပ်မဟုတ်တော့ဘူးဆိုပဲ။ ဒါဆို ဘယ်သူများလဲဗျာ။ သေသွားတဲ့လူက ခေါင်းဆောင်မဟုတ်တော့တာတော့ ကလေးကအစ သိပါ့။ စာထဲမှာ ဗိုလ်ချုပ်ဟာ ခေါင်းဆောင်ဆိုတာ တလုံးမှ မပါဘူးဆိုတာ သေချာလဲ ဖတ်ပါဦး ဘယ်စာပေမှာမှ မသုံးတဲ့ “တရ်” ကို အကြိုက်တွေ ့နေတဲ့ ဖျံသို (ဆောရီး) အာဖျံကွီးရယ်။ ကျုပ် စာဖတ်ဖူးတာက ဂျပန်တွေ တော်တော်ဆိုးတယ်ဆိုပဲ။ ရွာထဲဝင်ပြီး မိန်းမတွေကို အားပေးတယ်ဆိုပဲ။ မလုပ်တာ ဘာမှမရှိဘူးဆိုပဲ။ ဒါဆို အဲဒီခေတ်က သူတို ့တော်တော် စိတ်နာကြမှပေါ့။ စစ်တပ်ကို စိတ်နာလို ့ စစ်ထဲ မဝင်ကျဘူးလို ့ ဆိုပါဆို ့။ ဒီခေတ်ကို ရောက်လာပြီဆိုပါဆို ့။ Phone တလုံးနဲ ့ “မုရှိ မုရှိ” လုပ်နေကြမဲ့ မျိုးမစစ်ကလေးတွေ ပုံနေမှာပဲ။ “စိတ်နာအောင်လုပ်ထားလို. စိတ်နာနေကြတာကို … အထူအပါးနားမလည်ဘူးလို. … မပြောပါနဲ. … သခင်ဟောင်းကြီးရယ် ….” ကြိုက်တယ်ဗျာ။ …….အဲဒီခေတ်က အဆွဲခံရတဲ့ အမျိုးသမီးတွေထဲမှာ ကျွန်တော့် အမျိုးတွေ ပါမပါတော့ ကျွန်တော်လဲ မသိပါဘူး။ စိတ်နာတာနဲ ့ လုပ်သင့်တာဘာလဲဆိုတာနဲ ့က ရောချလို ့မရဘူးဗျ။ ဖျံသို (ဒုတိယမိ ဆောရီး) အာဖျံကွီး စစ်တပ်ကို စိတ်နာနေတာ….တန်တော့ ? ……..ဟီးဟီး…..ကိုယ့် အသားထိမှ နာတာမျိုးတော့ဗျာ…..။

  • လင်းဝေကျော်

    January 20, 2011 at 7:53 am

    ပြည်တွင်းစစ်လမ်းကြောင်းကိုတော့ မလိုချင်ပါဘူး။
    အကုန်ပိုဆိုးကုန်ပါလိမ့်မယ်။ နွားတွေကိုလည်း ပလာတာကျွေးလို့ကမရနဲ့။
    ဘာပြောရမယ်မှန်းကိုမသိတော့ဘူး။

  • zippo

    January 20, 2011 at 8:08 am

    တခုလေးပြောပါရစေ..။။..သခင်ကြီးရယ်..။။..အရမ်းမဆိုးပါနဲ့ကွယ်..။။..
    မိတဆိုးလေးတွေမို့..ညှာတာပါနော်..လို့..။။..။။..။။

  • အာဖျံ ကွီး

    January 20, 2011 at 9:05 am

    သိတဲ့သူများပြုံးကြလေပြီ။ ကျုပ်ကတော့ပြောစရာရှိတာပြောပီးပီဗျာ။ ဒီလောက်ဆို အကုန်လုံးလဲသဘောပေါက်ပီးပီ။ ကျုပ်တို.ကတော့ ကိုယ်တို်င်ထိမှ ကိုယ်ချင်းစာတတ်တဲ့ အမျိုးအစားထဲက မဟုတ်ဘူး။ သူများနာကျင်ရင်လဲ ကိုယ်ပါနာကျင်တတ်တဲ့ အမျိုးအစားထဲကဗျ။ ကိုယ့်တစ်ကိုယ်စာအတွက်ဆိုရင်တော့ ကျုပ်ဘဝက ဆုတောင်းကောင်းပီးသား။ ကျုပ်အသက်က အခုမှ ၂၂။ သရော်ရင်းနဲ. အသက်ကြီးရင်လဲ ကြီးပါစေဗျာ။ လုပ်သင့်တာလုပ်ဖို.စိတ်တော့ ကျုပ်မှာပါလာသားဗျ။ 🙂

  • kai

    January 20, 2011 at 9:15 am

    ကြည့်ရတာ ..ဒီလိုနဲ့.. ပြီးသွားဦးမယ်ထင်တယ်.။
    ပြီးသွားမယ်ဆိုတာက.. အခြေခံဥပဒေလို..။ ရွေးကောက်ပွဲလို .. ပွဲပြီးပြီးသွားတာ.. ပြောတာနော..။ 🙂
    ==
    သိပ်တော့လည်းစိတ်မပူကြပါနဲ့..။
    နောင် တနှစ်လောက်ဆို.. မြန်မာပြည်ထဲ ..သူပုန်မရှိသလောက်ဖြစ်သွားမှာပါ..။
    ဆိုတော့ .. စစ်မတိုက်ရလောက်ပါဘူး..။

    ကချင်ဖက်ကို.. တရုတ်တပ်တွေဝင်သွားပြီ သတင်းရထားပါတယ်..။ အဲဒီကမြစ်ဆုံမှာရှိတဲ့ ..တရုတ်တွေကို ကာကွယ်ဖို့ လုံခြုံရေးအတွက်တဲ့..။
    မွန်-ကရင်ဖက်ကို ..မကြာခင်..ယိုးဒယားတပ်တွေ ဝင်တော့မှာပါ..။ ထားဝယ်ရေနက်ဆိပ်ကမ်းကို ..ဘီလီယံချီ သူတို့မြုတ်နှံလိုက်ပြီကိုး..။
    ဆိုတော့..ရှမ်းနဲ့..ဝ တပ်က ..လက်နက်က တရုတ်ကရတာဆိုတော့ .. ဒန်တန်တန်ဖြစ်ဖို့ များနေပြီ..။
    ရခိုင်ဖက်ကလည်း.. ဘင်္ဂလားဒေ့ရှ်က .. လှိမ့်ဝင်တဲ့လူနဲ့တင် … ချာလပါတ်လည်နေပြီ..။

    စွမ်းအင်အခြေခံတဲ့ တိုင်းပြည်ဖြစ်လာပြီမို ့ .. ကမ္ဘာ့ပါဝါကြီးတွေ စိတ်ဝင်စားဖို့ ဖြစ်လာပါပြီ…။
    ကမ္ဘာ့စစ်ကြီးတွေဟာ.. စွမ်းအင်ကိုသာ အခြေခံပြီး ဖြစ်ပါတယ်..။
    ဒီအတွက် … လူတိုင်းစစ်ပညာမတတ်ထားရင် မဖြစ်တော့ဘူးဆိုတဲ့ .. စိတ်အခြေခံကနေ .. ဒီဥပဒေဖြစ်လာတယ်ထင်မိပါတယ်.။
    ခြေလှမ်းများ နည်းနည်းမှားရင်တော့ … တောင်မြောက်..ပြတ်ထွက်သွားမလားပဲ..။

    တွေးရင်း.. ရင်လေးစရာ..။

    • ကျွန်တော် တကယ်မသိလို့မေးတာပါ။ ကမာ္ဘပေါ်မှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းတဲ့ တိုင်းပြည်နဲ့ မပြဋ္ဌာန်းတဲ့တိုင်းပြည် ဘယ်ဟာက ပိုများပါသလဲ။ မပြဋ္ဌာန်းခဲ့တဲ့ တိုင်းပြည်ဟာ တကယ်ဒုက္ခရောက်ခဲ့သလားဆိုတာကိုလည်း သိချင်ပါတယ်။

  • cobra

    January 20, 2011 at 9:18 am

    မှန်တယ်ကိုအာဖျံကွီး…
    ထောက်ခံပါတယ်..။

  • nigimi77

    January 20, 2011 at 9:37 am

    သိတဲ့သူများပြုံးကြလေပြီ။(စာနှင့် ဆွေးနွေးရာနေရာတွင် အပြုံး မမြင်ရပါ။) ကျုပ်ကတော့ပြောစရာရှိတာပြောပီးပီဗျာ။ ဒီလောက်ဆို အကုန်လုံးလဲသဘောပေါက်ပီးပီ။(ကိုဖျံပြောတာကို သဘောပေါက်ကြောင်း ထောက်ခံပေးကြပါ။) ကျုပ်တို.ကတော့ (ကျုပ်တို ့ကတော့ ဆိုတဲ့ အများကိန်းမှာ သွေးရူးသွေးတန်း အဖော်ညှိခြင်း)ကိုယ်တို်င်ထိမှ ကိုယ်ချင်းစာတတ်တဲ့ အမျိုးအစားထဲက မဟုတ်ဘူး။ သူများနာကျင်ရင်လဲ ကိုယ်ပါနာကျင်တတ်တဲ့ အမျိုးအစားထဲကဗျ။(သူများအော်လို ့ ကိုယ်ပါအော်) ကိုယ့်တစ်ကိုယ်စာအတွက်ဆိုရင်တော့ ကျုပ်ဘဝက ဆုတောင်းကောင်းပီးသား။(ဖိုမ ဆက်ဆံရေးကြောင့်လူဖြစ်ပါသည်။ ဆုတောင်းကောင်းလို ့ လူမဖြစ်ပါ။ ဆင်းရဲသား ဖိုမ ဆက်ဆံရင် ဆင်းရဲသားကလေး မွေးပါမည်။ ) ကျုပ်အသက်က အခုမှ ၂၂။ သရော်ရင်းနဲ. အသက်ကြီးရင်လဲ ကြီးပါစေဗျာ။ လုပ်သင့်တာလုပ်ဖို.စိတ်တော့ ကျုပ်မှာပါလာသားဗျ။(ဒါပေါ့ဗျာ။ ငါဘုရားဟောကြားသည် ဆိုလည်းပဲ မယုံသင့် လို ့ဆိုတယ်မဟုတ်လား။)

  • အာဖျံ ကွီး

    January 20, 2011 at 9:50 am

    ယော် …. ကိုယ့်ဆရာတော့ စကားအရှုပ်လုပ်နေပါပေါ့လား။ အကုန်အစအနကောက်ပီး တစ်ခုမကျန် လိုက်ရေးနေတာပဲ။ ကြည့်ရတာကျုပ်ထက်အသက်ငယ်ပုံပေါက်တရ်။ အဲဒါဆိုလဲ ကလေးနဲ.ပြိုင်မငြင်းတော့ပါဘူးဗျာ။ ….

  • nigimi77

    January 20, 2011 at 9:56 am

    အမြင်မှန်ရသွားလို ့ ဝမ်းသာပါတယ် ကိုဖျံ။ တခြား အသိညဏ်ရှိတဲ့ လူတွေနဲ ့ဆက်ဆွေးနွေးဖို ့ ခင်ဗျားနဲ ့ ကျွန်တော် ဒီမှာပဲ ရပ်လိုက်တော့မယ်။ ခင်ဗျားနဲ ့ဆွေးနွေးပြီးမှ လူကြီးရှက်တော့ ရယ်ဆိုပြီး လျှောချတတ်တာ မှန်သားပဲဆိုတာ သိလိုက်ပြီ။ ကျေးဇူးပဲ။

  • zippo

    January 20, 2011 at 10:41 am

    ကွီး အကိုလေးရေ ခွင့်လွှတ်လိုက်ပါဗျာ . . 77 အကိုလေးက ဘယ်ရွာသားလဲမှမသိတာ .
    ၁ မျိုးကြီး…..။။။။……

  • အာဖျံ ကွီး

    January 20, 2011 at 10:44 am

    🙂 အဲဒီလိုလူတွေနဲ.ဆွေးနွေးမရ်ဆိုရင်တော့ NPT ညီလာခံပဲသွားတက်ပါဗျာ။
    အဲ … ဒီမှာဆက်ဆွေးနွေးမရ်ဆိုရင်လဲ ခင်ဗျားကို ဘယ်လိုတွေ ပြန်ဆွေးနွေးကြလိမ့်မရ်ဆိုတာ ကျုပ်မြင်ရတာပေါ့ဗျာ …. သံဝေဂရတာပေါ့ … 🙂
    မပြောရင်မသိလို. နောက်ဆုံး ထပ်ပြောလိုက်မရ်။ သူများကရွံလို.ရှောင်တာ ရှောင်မှန်းမသိပါလားဗျ။ 🙂

  • nigimi77

    January 20, 2011 at 10:56 am

    ကွီးဆရာရေ။ ရွံလို ့ရှောင်တယ်ဆိုရင်လဲ တောထဲရှောင်ဗျာ။ သံဝေဂရတယ် ဘာညာနဲ ့ လေသံကိုကြည့်တော့ လက်စသပ်တော့ ကွီးဆရာက ဘေးထိုင်ဘုကျ အလုပ်မလုပ်ချင်တဲ့ ၂၂ နှစ်သား တရားသမားပေါက်စပဲကိုးဗျ။ ဘယ်လိုပဲဖြစ်ဖြစ်လေ တစ်အိမ်မှာ တစ်ယောက်တော့ စုန်းပြူးဆိုတာ ရှိစမြဲပါ။ ရွာထဲက စုန်းပြူးလေးက ကျုပ်ကို သွယ်ဝိုက်သောနည်းနဲ ့ Supporting လုပ်နေတာပဲ။ ကျေးဇူးပဲ။

  • Gipsy

    January 20, 2011 at 11:08 am

    ဟိုက်..ရှားလဘားစ်….ဘာတွေဖစ်နေကြတာလဲ…ဖတ်လို့ကောင်းပါ့…
    ဟိုတစ်ယောက်က…ဘာကြီးတုန်း…..

  • ကြယ်လေး

    January 20, 2011 at 11:50 am

    စစ် ပ ညာ တတ် ချင် လို့ စစ် ထဲ ဝင် မယ် လို့ ဆို လို တာ လား?

  • zawana

    January 20, 2011 at 11:56 am

    ကျနော့်အမြင် ပြောရရင်တော့ တပ်မတော် အရံတပ်ရင်းမှာ စစ်မှုထမ်းခွင့် ရတာနဲ့ စစ်အစိုးရကို ပြန်တော်လှန်နိုင်ဖို့ဆိုတာ သိပ်မနီးစပ်သလိုပဲ …. ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ တပ်မတော်ထဲမှာ ခေါင်းဆောင်ပိုင်းကို မကျေနပ်တဲ့ တပ်မတော်သား(စစ်ဗိုလ်၊ စစ်သား)တွေ အများကြီးကို ရှိပါတယ် …. ဒါပေမဲ့ သူတို့ခမျာ ပေးသမျှယူ၊ ကျွေးသမျှစားပြီး လေသံတောင် ကျယ်ကျယ်မဟဝံ့ကြတာ ကိုယ်တွေ့ပါ …. အစဉ်အလာ ကြီးမားတဲ့ မြန်မာ့တပ်မတော်ဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်မဲ့ ကိစ္စမျိုးအတွက် သေချာကြိုတင် ပြင်ဆင်ထားပါတယ် …… ဒါကိုတော့ သံသယ မရှိစေချင်ပါဘူး …..
    နောက်တစ်ခုရှိတာက တပ်မတော်သားတွေ အကုန်လုံးကို ရန်သူလို့ မသတ်မှတ်သင့်ဘူးလို့ ထင်ပါတယ် … သူတို့ဟာလည်း ကျနော်တို့ ပြည်သူ့ သားသမီးတွေပါ …. ခေါင်းဆောင်တဲ့ လူတစ်စု မကောင်းတာနဲ့ အားလုံးကို မကောင်းမြင်လို့ မရပါဘူး ….

  • nigimi77

    January 20, 2011 at 12:05 pm

    ကိုမြင့်ဆွေ ရေးထားတာကို ဖတ်ကြည့်ပါ။ စစ်ပညာတတ်ချင်တာ တခုထဲနဲ ့တော့ စစ်ထဲဝင်ချင်တာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။

    ဒီမိုကရေစီလိုချင်လျှင် အခွန်ဆောင်ရမည် စစ်မှုထမ်းရမည် ကားစီးလျှင်ခါးပါတ်ပါတ်ကြရမည်

    ပြဿနာတွေတန်းစီစောင့်နေသောလွှတ်တော်ကြီးစတင်အသက်ဝင်မလာမီ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက၎င်း၏တိုက်ရိုက်စစ်အာဏာကိုနောက်ဆုံးအကြိမ် အဖြစ်အသုံးချကာနိုင်ငံသားစစ်မှုထမ်းဥပဒေကိုပြဌန်းလိုက်သည်။

    တပ်မတော်ကလွှမ်းမိုးထားနေဦးမည့်လွှတ်တော်တွင်အတည်ပြုနိုင်သော် လည်းအခြေအတင်ဆွေးနွေး၍အချိန်ကုန်မခံသည့်သဘောဟုယူဆလိုကယူဆနိုင်သည်။ လက်တွေ ့တွင်ဤအတိုင်းမြင်သူတွေများသည်။

    အကယ်၍သာဗိုလ်ချုပ်အောင်ဆန်းဆန္ဒရှိခဲ့သလိုတိုင်းပြည်ကာကွယ်ရေး တာဝန်ကိုလွပ်လပ်ရေးရချိန်ကတည်းကနိုင်ငံသားတိုင်းတာဝန်ဖြစ်စေခဲ့ လျှင်တပ်နှင့်တိုင်းပြည်တစ်သားတည်းဖြစ်နေကာစစ်အာဏာရှင်စံနစ် ပေါ် လာရန်အခွင့်အလမ်းနည်းခဲ့မည်။ အကယ်၍ပေါ်ခဲ့လျှင်လည်းယခုလောက် သက်ဆိုးရှည်ခွင့်ရချင်မှရမည်။

    လွပ်လပ်ရေးနှင့်ထိုက်တန်သောစိတ်ဓါတ်အကြောင်းကိုဗိုလ်ချုပ်အောင်ဆန်း ကရှင်းရှင်းပြတ်ပြတ်ပြောခဲ့သည်။

    “ခင်ဗျားတို ့တိုက်ချင် တိုက်ချင် မတိုက်ချင် မတိုက်ချင် – တိုက်ရမှာပဲ၊ ဒါ တာဝန်ပဲ” ဟူသောသူ၏မိန် ့ခွန်းကိုတစ်တိုင်းပြည်လုံးကြားဘူးကြသည်။

    နိုင်ငံသားများအပေါ်အခွန်ထိရောက်စွာကောက်ခံခြင်း၊ နိုင်ငံသားတိုင်း ကာလတရပ်စစ်မှုထမ်းစေခြင်းတို ့သည် ဒီမိုကရေစီ၏ကမ္ဘာ့အကြီးဆုံး ခံတပ်ကြီး (bulwark of democracy) ဖြစ်သောအမေရိကန်ပြည်ထောင် စုအပါအဝင်နိုင်ငံအများကလုပ်နေသောအလုပ်ဖြစ်သည်။

    စင်စစ်နိုင်ငံကြီးငယ်မဟူကျင့်သုံးနေကြသည်။ မြန်မာနှင့်တနည်းနည်းပါတ် သက်နေသောနိုင်ငံများဖြစ်သောအမေရိကန်၊ ရုရှား၊ ယူကရိမ်း၊ အစ္စရေး၊ စင်္ကာပူ၊ တိုင်ဝမ်၊ ထိုင်း၊ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊တောင်ကိုးရီးယား၊ မြောက်ကိုးရီးယား၊ အီဂျစ်၊ နော်ဝေ၊ ဖင်လန်၊ ဘရာဇီး၊ ကျူးဘားစသည်တို ့ တွင်ကျင့်သုံးနေကြရာသတ်မှတ်ကာလအားဖြင့်သာ ၁၂ လ၊ ၁၈ လ၊ ၂၄ လ စသည်ဖြင့်သာကွဲပြားသည်။

    ထိုစံနစ်ကိုမြန်မာနိုင်ငံကယခုမှစတင်ကျင့်သုံးခြင်းဖြစ်သည်။

    သို ့သော်ဥပဒေကိုပြဌန်းလိုက်သည့်အချိန်သည်လတ်တလောနိုင်ငံရေးအခြေ အနေ (present context) နှင့်တိုင်းပြည်ကိုဆယ်စုနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ သည့်တပ်မတော်မျက်နှာပမ်းမလှဖြစ်နေမှုတို ့ကြောင့်စစ်မှုထမ်းဥပဒေအပေါ် သံသယဝင်ကြမည်ဆိုလျှင်ဝင်စရာရှိပေသည်။ ‘လတ်တလောနိုင်ငံရေး’ ဆို သည်မှာအခြားကိစ္စအားလုံးထက်မိမိတို ့၏လက်နက်ကိုင်တပ်များကိုနိုင်ငံ တော်၏အုပ်ချုပ်မှုအောက်သို ့ဝင်ရောက်ရန်ငြင်းဆန် နေကြဆဲတိုင်းရင်းသား အင်အားစုအချို ့ကိုမလွှဲမရှောင်သာအားသုံး၍အရေးယူရမည့်ကိစ္စကိုဆိုလို သည်။

    ထိုအခြေအနေတွင်ဘာသံမှကြိုတင်မကြားရဘဲစစ်မှုထမ်းဥပဒေဗြုံးစားကြီး ဆိုသလိုပေါ်ထွက်လာရာ“တိုင်းရင်းသားတွေကိုချေမှုံးဖို ့လူတိုင်းကိုစစ်တပ် ထဲဆွဲသွင်းတာပါ” ဟူ၍အတိုက်အခံများအတွက်နိုင်ငံရေးတိုက်ကွက်တစ်ခု ဖြစ်နေလေသည်။

    စစ်ဟူသည်‘လူသားတိုင်းအသက်ရှင်နေပိုင်ခွင့်’တည်းဟူသောအခြေခံအကျဆုံးလူ ့အခွင့်အရေးကြီးကိုချိုးဖေါက်ရသည်ချည်းဖြစ်၏။ သို ့ဖြစ်စေကာမူသူ တကာထက်ပိုအားကောင်းသောစစ်တပ်ကြီးတွေထူထောင်ထားကာခေတ်မှီ၊ ခေတ်လွန်စစ်လက်နက်ပစ္စည်းတွေအကြီးအကျယ်ထုတ်လုပ်ရောင်းချနေ သည့်ဒီမိုကရေစီနိုင်ငံကြီးငယ်တွေအများကြီးရှိနေသည်။ ၎င်းတို ့သည်မိမိ တို ့၏တပ်များကိုပြည်ပနိုင်ငံများသို ့စေလွှတ်ကာလက်တွေ ့အားဖြင့်ဒေသ ခံအရပ်သားတွေကိုသတ်ဖြတ်နေသောအထိမ်းအကွပ်မဲ့စစ်ပွဲတွေဆင်နေ ကြသည်။

    ထို ့အခြေအနေတွင်မြန်မာစစ်အစိုးရကယခုအချိန်အထိအပစ်ရပ်အဖွဲ ့တွေ ကိုစစ်မဆင်သေးခြင်းမှာလူ ့အခွင့်အရေးခြောက်လှန် ့လုံးများကြောင့်တော့ မဟုတ်နိုင်။ကိုယ့်နိုင်ငံသားတွေအချင်းချင်းစစ်တိုက်ကြရသည့်စစ်မျိုးသည် သည်စင်စစ်ကိုယ့်အသားကိုယ်လှီးရခြင်းနှင့်တူသည်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးတွင်ခလုပ်ကန်သင်းတစ်ခုဖြစ်မည့်ဤအလုပ်ကိုမလုပ်ချင်၍ ယခုအထိအချိန်ဆွဲနေခြင်းသာဖြစ်တန်ရာသည်။

    အကယ်၍မလွှဲမရှောင်သာတိုက်ရမည်ဆိုစေဦးနိုင်ငံရေးနည်းဖြင့်ရေကုန်ရေ ခမ်းအလျှင်ဖြေရှင်းရန်လွှတ်တော်ကိုစောင့်နေသည်လည်းဖြစ်နိုင်သည်။ ထို ့ ကြောင့်ယခုစစ်မှုထမ်းဥပဒေပြဌန်းချက်ကိုလတ်တလောနိုင်ငံရေးအခင်းအ ကျင်းနှင့်ဆက်စပ်၍ကြည့်လျှင်တမျိုးမြင်ကြဖြစ်သလို ခွဲခြား၍ကြည့်လျှင်မြင် ရမည့်အနေကိုလည်းဆင်ခြင်မိကြဘို ့လိုသည်။

    စစ်မှုထမ်းဥပဒေသည်လူတိုင်းနှင့်သက်ဆိုင်၍၎င်း၊ မြန်မာတွေမကြုံဘူးသေး သောအသစ်အဆန်းတစ်ခုဖြစ်၍တာဝန်ပိုအဖြစ်မြင်ကာလူ ့သဘာဝအတိုင်း မကြိုက်ကြသည်မှာမဆန်းပေ။

    စစ်မှုမထမ်းလို၍တိမ်းရှောင်မှု (draft dodging) များကားရှိနေမည်ဖြစ်သည်။ ယခုလိုအစအဦးအဆင့်တွင်ပိုဖြစ်မည်၊ပိုများမည်။ သို ့တစေအမေရိကန်ပြည် ထောင်စုပင်လျှင်ဤပြဿနာကိုထာဝရရင်ဆိုင်နေရသည်သာ။ ဗီယက်နမ်စစ် ပွဲကာလမှသည်၊ ယခုအီရတ်အာဖဂန်စစ်ပွဲကာလများအထိစစ်မှုမထမ်းလို၍ ကနေဒါဘက်သို ့တိမ်းရှောင်ခိုလှုံနေသောအမေရိကန်တွေအများကြီးရှိသည်။ ကနေဒါမြို ့ကြီးတချို ့တွင်သူတို ့ထူထောင်ထားသောငြိမ်းချမ်းရေး၊ စစ်ဆန် ့ ကျင်ရေးကွန်မြူနီတီတွေပင်ရှိကြသည်။ ဆိုလိုသည်မှာမြန်မာပြည်သားတွေ ယခုမှရင်ဆိုင်ရမည့်ပြဿနာသည်မြန်မာပြည်အပြင်ဘက်တွင်ပြဿနာ အဟောင်းကြီးဖြစ်သည်ဟုဆိုလိုသည်။

    ဤဥပဒေကြောင့်ပြည်ပထွက်အလုပ်လုပ်နေရောက်နေသူများပြန်မလာချင် ကြတော့ဟု၎င်း၊ လူငယ်တွေပြည်ပပိုထွက်ကုန်လိမ့်မည်၊ ဦးနှောက်ယိုစီးမှု တွေပိုဖြစ်လာတော့မည်ဟု၎င်းဝေဘန်သံတွေလည်းထွက်လာသည်။

    လူငယ်တွေပြည်ပထွက်ခွာနေမှု၏အဓိကအကြောင်းရင်းမှာပြည်တွင်း၌အလုပ်အကိုင်အလွန်ရှားပါးနေ၍ဖြစ်သည်။ (အဲဒါဆန်ရှင်ကြောင့်ဟုထပ်မပြောပါ)။ ဦးနှောက်ယိုစီးမှုသည်လည်းထိုအထည်းတွင်ပါဝင်သွားသည်။ တိုင်းပြည် စီးပွားရေးဖွံ ့ဖြိုးလာလျှင်ပြည်ပထွက်ခွာမှုတွေရပ်သွားမည်။ ရပ်သွားယုံမက ပြည်ပရောက်နေသူတွေပင်အိမ်ပြန်ရန်အားထုတ်လာကြပါလိမ့်မည်။ ယခု ဥပဒေကထိုကိစ္စအပေါ်သက်ရောက်မှုအနည်းငယ်ရှိနိုင်တာတော့မှန်သည်။

    ပို၍ဆွဲဆောင်အားကောင်းသောငြင်းချက်တစ်ခုကိုတနေရာတွင်ဖတ်လိုက် မိသည်။ ရုပ်ရှင်မင်းသားနေတိုးတပ်ထည်းမှာ ၂ နှစ်သွားအချိန်ဖြုံးနေမည့် အစားသူ ့အနုပညာလုပ်ငန်းကိုဆက်လုပ်လျှင်ထို ၂နှစ်အတွင်းဘယ်လောက် အထိအကျိုးရှိနိုင်သည်ဟုတွက်ပြထားသည်။

    ပေးဆပ်မှု (sacrifice) ကိုအချိန်ဖြုန်းတာဟုမြင်နေလျှင်မတတ်နိုင်ပါ။ လူ ့ သဘာဝသည်မိမိကိုယ်တိုင်ပေးဆပ်ရင်းနှီးထားသောအရာကိုပိုတွယ်တာ သည်။ ၈၈၈၈ တုံးတချို ့သောဆန္ဒပြသမားများကနိုင်ငံတော်အလံကိုမဖွယ် မရာပြုကြရာတပ်သားရဲဘော်ကလေးတစ်ဦးပေါက်ကွဲပုံကိုမှတ်မိသည်။

    “ဒီအလံကိုငါတို ့မနက်တိုင်းအလေးပြုနေတာ။ ဒီအလံကိုဘယ်တုံးကဘယ် တောင်ကုန်းထိပ်တက်စိုက်နိုင်ဘို ့ဘယ်နှစ်ယောက်သေခဲ့တာဆိုတာမင်းတို ့ သိရဲ့လား” – ဟုသေနတ်မောင်းကွင်းထဲလက်ညိုးအသင့်ထည့်ရင်းအသား ဆတ်ဆတ်တုန်နေသောထိုချာတိပ်ကိုနားမလည်နိုင်ဖြစ်ခဲ့ရသည်။

    ဆန္ဒပြသူများကဦးနေဝင်း၊ဦးစိန်လွင်နှင့်ဒေါက်တာမောင်မောင်တို ့အားသူတို ့ ရှေ ့တွင်အထပ်ထပ်ဆဲရေးရှုံ ့ချနေစဉ်ကထိုချာတိပ်များ၏မျက်နှာပေါ်တွင် ဘာခံစားချက်မှမတွေ ့ရသောကြောင့်ဖြစ်သည်။

    ရန်ကုန်ကြေးနန်းရုံးကြီးတွင်တာဝန်ကျနေသောထိုယူနီဖေါင်းဝတ်ချာတိပ်က လေးများထဲမှတစ်ဦးသည်သူ ့ဘေးနားကကွမ်းယာသည်အား “အဒေါ်ကြီး – ဒါ မြောက်ဥက္ကလာပလား” ဟုမေးခဲ့သည်။ သူနှင့်မီတာတစ်ရာခန် ့အကွာ တွင်လွပ်လပ်ရေးကျောက်တိုင်ကြီးရှိမှန်းလည်းသူမသိချေ။

    ရန်ကုန်မြို ့ရောက်ဘူးပုံမရသောထိုလူငယ်တွင် ‘မိမိနှင့်တိုင်းပြည်ဆက်စပ်မှု’ အရပ်သားများထက်ပိုနေသည်မှာသူ၏ ‘ပေးဆပ်ထားမှု’ ‘ကိုယ်တိုင်ပါဝင်ရင်း နှီးမြုတ်နှံထားမှု’ကြောင့်ဖြစ်သည်။

    စစ်မှုထမ်းဥပဒေသည်စတင်ပြဌန်းချိန်(ယခုအခိုက်အတန် ့)၌အသက်အပိုင်း အခြား၏အပေါ်မျဉ်း (၃၅ နှစ်) နှင့်ငြိနေသူများများရှိနိုင်သော်လည်းနောင်တွင် ဤအရွယ်အထိဘယ်သူမှနေမှာမဟုတ်။ မိသားစုဘဝမထူထောင်မီဤပြဿ နာကိုအရင်ဖြေရှင်းထားကြမည်သာ။ စစ်မှုထမ်းရန်ဆုံးဖြတ်ချိန်သည်ပညာ ရေးလက်စသပ်ချိန်တွင်ဖြစ်ကြဘို ့သာများသည်။ စောစောအိမ်ထောင်ပြုချင် သူများစောစောကိစ္စပြတ်အောင်လုပ်ထားကြလိမ့်မည်။

    အသက်အပိုင်းအခြားအပြင်အခြားကင်းလွတ်ခွင့်များပါထည့်တွက်လျှင်ပုံမှန် အားဖြင့်လူဦးရေ၏ဆယ်ရာခိုင်နှုံးလောက်နှင့်သာအမြဲသက်ဆိုင်နေလိမ့်မည်။ လူဦးရေ၏ ၁၀% ဆိုသည်မှာခြောက်သန်းဖြစ်သဖြင့်အကုန်လုံးမဆိုထားနှင့် တဝက်မျှကိုလက်ခံရန်ပင်ချက်ချင်းသော်၎င်း၊အချိန်တိုအတွင်းသော်၎င်းဖြစ် နိုင်မည့်ပုံမပေါ်။ အဆောက်အဦးနေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ လခပေးရန် ဘဏ္ဍာရေးတို ့အပြင်နဂိုကတည်းကမိမိတို ့ခေတ်ကိုမကျေနပ်နေကြသော အရွယ်ကောင်းလူအများကိုစုစည်းထားကာအုပ်ချုပ်ရမည့်ကိစ္စ။

    စစ်အစိုးရသည် – လုပ်သင့်လုပ်ထိုက်တာတစ်ခုကိုလုပ်တာပဲဖြစ်ဖြစ်၊ တခြား အကြံအစည်တစ်ခုအရပဲဖြစ်ဖြစ်လက်တွေ ့ကျားအမြီးဆွဲလိုက်တာဖြစ်သည်။

    လက်ရှိအခြေအနေအရစစ်မှုထမ်းလိုသူနည်းပါးနေသဖြင့်အရွယ်မရောက် သေးသူများကိုပါတပ်ထည်းဆွဲသွင်းနေရသည်။ ယခုအရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန်ဥပဒေပေါ်လာပြီဖြစ်၍အရွယ်မရောက်သေးသူများစိတ်ချလက် လက်ချနေနိုင်ကြရာသည်။ ဤသို ့တကယ်တမ်းဖြစ်မလာလျှင်လည်းအကိုး အကားအသုံးချစရာအဖြစ်လူ ့အခွင့်အရေးကြေငြာစာတမ်းထက်အများကြီး ပို၍ရေရာ၊ ထိရောက်သောပြည်တွင်းဥပဒေ (domestic law)တစ်ခုရှိနေပြီ။

    တဖန်အရွယ်ရောက်နေပါလျှက်အလုပ်အကိုင်မရှိကြသေးသောလူငယ်များအ တွက်အလုပ်လက်မဲ့ပြဿနာ-အနည်းဆုံးအားဖြင့်ဂုဏ်သိက္ခာရှိသောနေစရာ စားစရာယာယီဖြေရှင်းချက်တစ်ခုဖြစ်လာမည်။

    မိဘဩဇာသားသမီးများအပေါ်ကြီးမားသောမြန်မာနိုင်ငံတွင်လူငယ်များ ၁၈ နှစ်ပြည့်ခြင်းသည်ဥပဒေအရအသက်ပြည့်ခြင်းသာဖြစ်နေတတ်သည်။ ယခု ဥပဒေကအသက်ပြည့်နေသူများကိုတကယ်လူလားမြောက်အရွယ်ရောက် လာကြအောင် ၂ နှစ်တာမိဘနှင့်ခွဲ၍ ‘လူကြီးဖြစ်’သင်တန်းပေးရာရောက်လိမ့် မည်။ သူတို ့သည်သားသမီးများအဖြစ်နှင့်အိမ်မှထွက်ခွာခဲ့ကြ၍နိုင်ငံသားများ အဖြစ်နှင့်အိမ်သို ့ပြန်လာကြလိမ့်မည်။

    အင်တာနက်ကဖေးမလိုဘဲအင်တာနက်ကဖေးမှာလုပ်သောလူငယ်ကွန်ယက်ထက်ပို၍ပီပြင်၊ပို၍လက်ဆုပ်လက်ကိုင်ရှိသောသောလူငယ်ကွန်ယက်တွေ ပေါ်လာလိမ့်မည်။

    နိုင်ငံသားစစ်မှုထမ်းဥပဒေအသားကျသွားမည့်ချိန်တွင်ယခုအနေကြိုမတွေးမိ ကြသောနိုင်ငံရေးအရသက်ရောက်မှုများရှိလာလိမ့်မည်။ ဥပမာ

    – ရဲဘော်ရဲမေလောင်းများသည်လေ့ကျင့်ရေးစခန်းများ (boot camps) တွင်နေထိုင်လေ့ကျင့်ကြရင်းမိမိနှင့်နိုင်ငံတော်တိုက်ရိုက်ဆက်စပ်မှု (a direct citizen-state connection) ရှိပုံကိုခံစားမိလာကြမည်။ နိုင်ငံသားအသိပို၍ရှိလာကြမည်၊ ထိုအသိကိုယခုထက်ပို၍အသုံးချ လာကြမည်။

    – မြန်မာနိုင်ငံသားများသည်ပြည်သူ ့နီတိ(civics) နှင့် စည်းကမ်းရှိမှု (disciplines) အရာ၌လျှော့လျည်းနေသည်မှာကြာပြီဖြစ်သည်။ ဤ အချက်ကိုအနည်းဆုံးအိမ်နီးနားချင်းနိုင်ငံအခုခုသို ့ထွက်ကြည့်မိလျှင် ချက်ချင်းသတိပြုမိနိုင်သည်။ အခြေခံအကျဆုံးဖြစ်သောစံနစ်တကျ အမှိုက်စွန် ့ခြင်း၊ တံတွေးထွးခြင်း၊ ဆေးလိပ်သောက်ခြင်း၊အလှည့် စောင့်ရန်တန်းစီရခြင်းများကိုပင်အများစုကလိုလိုချင်ချင်လိုက်နာလို ခြင်းမရှိကြ။ (မင်္ဂလာဒုံနို်င်ငံတကာလေဆိပ်ခမ်းမကြီးအတွင်းရှိအလှ ဆင်ထားသောဧရာမပန်းအိုးကြီးများထည်းတွင်ကွမ်းတံတွေးများရှိ နေသည်။) မိဘများနှင့်ကျောင်းဆရာများကလူငယ်များလိုက်နာ အောင်မတတ်နိုင်ခဲ့သောထိုစည်းကမ်းရှိမှုကိုယခုတပ်လေ့ကျင့်ရေး စခန်းများကမဖြစ်မနေသင်ပေးလိမ့်မည်။ ဤအချက်ကမျိုးဆက်သစ် ဖြစ်ယုံသာမကအမျိုးအစားသစ်ပါဖြစ်သောနိုင်ငံသားများကိုမွေးထုတ်ပေးလိမ့်မည်။

    – လူတိုင်းကာလတရပ်တာစစ်သား/စစ်သမီးဖြစ်ဘူးကြခြင်းအားဖြင့်စစ်ဗိုလ်၊ စစ်သားကြောက်ရောဂါ၊ စစ်တပ်ကိုရွံ ့သောခံစားမှုများနည်းပါး သွားမည်။ ဤအချက်ကစစ်ဘက်နှင့်အရပ်ဘက်တစစပို၍နီးစပ်လာ အောင်၊ဆက်ဆံရေးကောင်းမွန်လာအောင်အဓိကပံ့ပိုးပေးနိုင်သည်။ (a factor to practically improve the civil-military relations)

    – အနယ်နယ်အရပ်ရပ်မှလူများကိုရောနှောထားပေးခြင်းအားဖြင့် – အထူးသဖြင့်ဗမာနှင့်ဗမာမဟုတ်သောတိုင်းရင်းသားများအချိုးကျ ရောနှောထားပေးခြင်းဖြင့်တိုင်းရင်းသားအချင်းချင်းထိတွေ ့မှုရရှိ ကြကာနားလည်မှုပိုမိုတည်ဆောက်နိုင်ကြစေမည်။ ဤအတွက် သင်တန်းသားများကိုတမင်ရပ်ဝေးသင်တန်းစခန်းများသို ့(အနည်း ဆုံးမိမိနေရင်းပြည်နယ်၊ တိုင်းဒေသကြီးပြင်ပရှိလေ့ကျင့်ရေးစခန်း များသို ့)စေလွှတ်ရန်နှင့်၊ တိုင်းရင်းသားလူမျိုးစုအမျိုးအစား၊ အချိုး အစားတတ်နို်င်သမျှစုံလင်စေရန်စီစဉ်ပေးဘို ့လိုအပ်လိမ့်မည်။ သို ့ သော်ဤအချက်ကိုပြည်ထောင်စုစိတ်ဓါတ်ထူထောင်ရန်အတွက်သာ ဖြစ်သည်။ ဗမာဇာတ်သွင်းရေး (Burmanization) ဘက်သို ့သူ ့ အလိုလိုယိမ်းမသွားစေရန်နိုင်ငံတော်အဆင့် (state level) က အထူးစောင့်ကြည့်၍ထိမ်းပေးဖို ့လိုလိမ့်မည်။

    – နိုင်ငံသားတိုင်းစစ်ပညာတတ်နေခြင်း၊ စစ်လက်နက်များနှင့်ယဉ်ပါး ခြင်း၊(အချို ့)စစ်မြေပြင်အတွေ ့အကြုံရှိနေခြင်း၊ စစ်သည်တို ့လိုက်နာ စောင့်ထိမ်းရမည့်ကျင့်ဝတ်နှင့်မချိုးဖေါက်ရမည့်ဥပဒေတို ့နှင့်ပါကျွမ်း ဝင်လာမည်ဖြစ်သောကြောင့်ယခုလက်ရှိ စစ်ဗိုလ်၊ စစ်သားများက သီးသန် ့လူတန်းစားတရပ်သဖွယ်အထက်စီးမှနေ၍အရပ်သားများ အပေါ်ဗိုလ်ကျစော်ကားမှု၊ ရမ်းကားသတ်ဖြတ်မှု၊ရိုက်နှက်မှုများကို အရပ်သားများကငုံ ့ခံနေခြင်းများနည်းပါးလာမည်။ ထိုအဖြစ်မျိုးများ တစထက်တစအလိုလိုနည်းပါးသွားမည်။

    အထက်ပါအချက်များကပြည်ထောင်စုလွှတ်တော်သို ့နောင်တင်သွင်းကြမည့် တပ်မတော်ပြုပြင်ရေးဥပဒေကြမ်းများ (army reform bills) လွယ်ကူစွာ အောင်မြင်စေရန်အထောက်အကူပြုလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခုသီးသန် ့ဖြစ်နေသောစစ်တပ်သည်အရပ်သားများအဆက်မပြတ်စီးဝင် လာမှုကြောင့်အရပ်သားဇာတ်သွင်း (civilianization) ခံရသလိုဖြစ်လာမည်။

    တပ်မတော်ပြုပြင်ရေးသည်တိုင်းရင်းသားချင်းချင်းယုံကြည်မှုတည်ဆောက် ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းကြီး၏အသည်းနှလုံးကျသော ကိစ္စတစ်ခုဖြစ်သည်။ ထိုအရေးအောင်မြင်လိုလျှင်ယခုကဲ့သို ့နိုင်ငံသားတိုင်း စစ်ရေးစစ်ရာနှင့်ယဉ်ပါးနိုင်ခွင့်ရစေမည့်ဥပဒေမျိုးလိုအပ်သည်။

    ပို၍အရေးကြီးသောနောက်အချက်တစ်ခုမှာအဖွဲ ့အစည်း (institution) အ တွင်းထိပ်ဆုံးရာထူးများအထိအရည်အချင်းရှိနိုင်ငံသားတိုင်းလက်လှမ်းမှီနိုင် သည့်အခွင့်အလမ်းကိုလည်းတကယ်လက်တွေ ့ဖွင့်ပေးရမည်။ ယခုလက်ရှိ ကဲ့သို ့ – ဥပဒေအတိအလင်းမရှိသော်လည်း – ဗိုလ်ချုပ်အဆင့် (Brigadier General and up ) ကိုဗမာမှအပတခြားတိုင်းရင်းသားမည်သူမျှတက်လှမ်း တာမတွေ ့မရသောတပ်မတော်မျိုးမဖြစ်သင့်။ လက်ရှိအနေတွင်ဗိုလ်မှုးကြီး အဆင့်ရှိတိုင်းရင်းသားအရာရှိများတပ်မတော်ထည်းတွင်အတော်နည်းနေ သည်။ ဤမမြင်ရသောမှန်သားပြင်မျက်နှာကျက် (glass ceiling) မရှိသင့်။

    လူဖြူများစတင်ထည်ထောင်ခဲ့သောအမေရိကန်ပြည်ထောင်စုတွင်လူမဲများ ကာကွယ်ရေးဝန်ကြီး (Colin Powell), သမတ (Barak Obama) စသော ထိပ်ဆုံးကရာထူးတာဝန်များအထိလက်လှမ်းမှီနေပြီဖြစ်သည်။

    သဘောထားကြီးမှုကိုအခွင့်အရေးယူ၍နှိပ်ကွပ်ရခြင်းကကိစ္စတစ်ခုဖြစ်၍ ကိုယ်တိုင်ကသဘောထားမကြီးနိုင်ခြင်းသည်သီးခြားကိစ္စတစ်ခုဖြစ်သည်။

    မြန်မာသည်ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးပေါင်း ၂၀ဝ နီးပါးထည်းတွင်အလတ်စား အရွယ်ရှိနို်င်ငံတစ်ခု (a mid size country) ဖြစ်သည်ဟုဆိုနိုင်သော်လည်း ပထဝီတည်နေရာအရကမ္ဘာ့ အကြီးဆုံးနိုင်ငံကြီးနှစ်ခုအကြားတွင်ကြားညပ်နေ သောနိုင်ငံ (a sandwiched nation) ငယ်ကလေးဖြစ်နေသည်။ အိမ်နီးနား ချင်းနိုင်ငံများနှင့်အားပြိုင်မှုများသမိုင်းတလျှောက်လုံးရှိခဲ့သည်။ နောင်လည်း တနည်းနည်းဖြင့်ဆက်ရှိနေဦးမည်သာ။ နိုုင်ငံသားအားလုံးပါဝင်သောအမျိုး သားကာကွယ်ရေးစံနစ်တစ်ခုထူထောင်ရေးကိစ္စကိုလတ်တလောစစ်အစိုးရ အပေါ်ခံစားချက်ကဖုံးလွှမ်းမသွားသင့်ခြေ။ စစ်အာဏာရှင်စံနစ်သည်ဗျူဟာ မြောက်စွာတလှမ်းချင်းဆုပ်ခွာရန်ပြင်ဆင်နေသည်။ နိုင်ငံသားများတော်လျှင် တော်သလောက်၊ ညံ့လျှင်ညံ့သလောက်အချိန်ကိုဆုံးဖြတ်လိမ့်မည်။

    နိုင်ငံသားတိုင်းစစ်မှုထမ်းရေးဥပဒေသစ်နှင့်ပါတ်သက်၍လက်ရှိတွင်နိုင်ငံရေး အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်နေသူဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦး ကလတ်တလောပြည်ပအန္တရယ်မရှိသဖြင့်စစ်တပ်ကိုအင်အားတိုးချဲ ့ဘို ့မလို သည့်သဘောပြောသွားသည်ကိုသတိပြုမိသည်။

    ဤသည်မှာကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်ဘူးသူတစ်ဦးအနေဖြင့်တာဝန်မဲ့ပြောရာကျသည်။ တိုင်းပြည်၏ကာကွယ်ရေးအင်အားကိုအသုံးလို သည့်အခါကျမှကမန်းကတန်းတည်ဆောက်၍မဖြစ်နိုင်ကြောင်းလူတိုင်းအသိ ဖြစ်သည်။

    ဒီမိုကရေစီနိုင်ငံတစ်ခုအတွက်အန္တရယ်သုံးမျိုးရှိသည်။ ၎င်းတို ့မှာပြည်ပရန်၊ ပထမပြည်တွင်းရန်နှင့် ဒုတိယပြည်တွင်းရန်တို ့ဖြစ်သည်ဟုဆိုနိုင်သည်။ ပြည်ပရန်ဆိုသည်ကိုရှင်းပြရန်မလိုချေ။ ပထမပြည်တွင်းရန်ဆိုသည်မှာရပ်ရွာ အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး (law and order, stability) ပျက်ပြား စေမည့်လက်နက်ကိုင်ထကြွသောင်းကျန်းမှုအားလုံးဖြစ်သည်။

    ဒုတိယပြည်တွင်းရန်ဆိုသည်မှာပထမနှင့်ဒုတိယရန်နှစ်မျိုးမှကာကွယ်ရန်တာဝန်ပေးခံရသူ (professional army, professional soldier) ကဖေါက်ပြန်၍ ပြည်သူ ့အခွင့်အရေးများကိုယုတ်သိမ်းလာခြင်း၊ မိမိသည်တိုင်းပြည်အတွက် မဟုတ်တော့ဘဲဗြောင်းပြန်ဖြစ်လာခြင်းကိုဆိုလိုသည်။ထိုရန်မှကာကွယ်ရန်မှာနိုင်ငံသားစစ်သားထု(citizen soldiery) နှင့်တိုင်းပြည်ချစ်ဝါဒ (Patriotism) တို ့ကသာတတ်နိုင်သည်။ တိုင်းပြည်ချစ်ဝါဒသည်လူမျိုးတစ်မျိုးချင်းစီအပေါ် အမြစ်တွယ်သောအမျိုးသားရေးဝါဒ (nationalism) ထက်ပိုကျယ်ဝန်းသည်။

    လူတိုင်းစစ်မှုထမ်းကြဖြင့်ရေရှည်တွင်တိုင်းပြည်စစ်ဇာတ်သွင်း (militarized) ခံရမလား၊ စစ်တပ်ကိုအရပ်သားဇာတ်သွင်း(civilianized) နိုင်မလားဒွိဟဖြစ် နေစရာမလို။ နိုင်ငံရေးသည်စီးပွားရေးပေါ်အခြေစိုက်သည်။အခြေခံစီးပွားရေး ပိုင်ဆိုင်မှုများသည်တစထက်တစလူထုလက်သို ့လွှဲပြောင်းရောက်ရှိလာနေ သည်ကိုမျက်ချေမပြတ်သင့်။ဆိုရှယ်လစ်ခေတ်ကလိုနိုင်ငံတော်ကလူထုဘဝကိုအစအဆုံးချုပ်ကိုင်မထားနိုင်တော့။ ဒီမိုကရေစီ၏ကျောရိုးလူလတ်တန်း စားများ (middle classes) များတိုးပွားလာစရာသာရှိသည်၊ ပြန်၍ဆုတ်ယုတ် စရာမရှိ။ လူတိုင်းစစ်မှုထမ်းရသောမြန်မာနှင့်ရွယ်တူထိုင်းနိုင်ငံကိုကြည့်ပါ။

    လောကကြီးသည်သူ ့အဓိပ္ပါယ်နှင့်သူရွေ ့ရှားနေသည်။ ဤသူ ့အဓိပ္ပါယ်နှင့်သူ ဖြစ်နေ၊ လုပ်သောကိစ္စများကို ကိုယ့်အဓိပ္ပါယ်နှင့်ကိုယ့်အတွက်ဖြစ်အောင် လုပ်ယူနိုင်သည့်အရည်အချင်းမျိုးတွေရှိကြဖို ့လိုပါပြီ။

    • bigcat

      January 21, 2011 at 12:13 am

      အော်..မောင်မြင်းဆွေးတပိကိုး။ ဒက်ကလုပ် ဒက်ကလုပ် ဒက်ကလုပ် …. ဇက်ကြိုးခွံ့ထားသောမြင်းပြေးသံ

  • nigimi77

    January 20, 2011 at 12:22 pm

    ကိုဇဝနရေ။ ခင်ဗျားပြောတာ လက်ခံပါတယ်။ ဘယ်သူမှတော့ ပုံတူ မကူးချဘူးပေါ့ဗျာ။ အရင်ခေတ် အတွေးအခေါ်နဲ ့တော့ ဘယ်တူမလဲ။ ဆွေးနွေးတာ ခေါင်းစဉ် အမျိုးမျိုးအောက်မှာ ဆိုတော့ အမြင်ကွဲလွဲနိုင်ပါတယ်။ ဒီ post တခုကိုပဲ ဖတ်ပြီး ဝေဖန် မစောပါနဲ ့ဦး။ စစ်သားဟာလဲ ပြည်သူပဲဆိုတာကို ခင်ဗျား ဒီ အောက်က Post ကို ဖတ်ကြည့်ရင် သိလာမှာပါ။ http://myanmargazette.net/38511/economic-news-international-news-news-industry-people-in-the-news-us-news-news

  • zippo

    January 20, 2011 at 1:00 pm

    အတွေ့အကြုံနဲ့အရေးအသားတွေကပြောနေပါတယ်…ဦးလေးကြီးက အရမ်းတော်တယ်..
    လိုက်လို့မမှီနိုင်လောက်အောင်ပါ….ဆရာကြီးအဆင့်= 40 ကျော် ထင်ပါတယ်..။။…။။…..
    မနောက်တော့ဘူး နော်..။။….

  • ကြယ်လေး

    January 20, 2011 at 1:57 pm

    မ တ ရားမှူတွေ ပြည်.နှက်နေတဲ့ ဒီ စစ် အာဏာ အောက် မှာ စစ် ထဲ ဝင် ရ မှာ ထောင်ကြတာထက်ကြောက်တာ မဆန်းပါဘူး

  • nigimi77

    January 20, 2011 at 2:43 pm

    ကို ZIPPO ရေ။ ခင်ဗျားက ရိတာလား ဘာလားတော့ မသိပါဘူး။ ကျုပ် အသက်က စစ်ထဲဝင်လို ့ရတဲ့ အရွယ်ကောင်းပါ။

  • nigimi77

    January 20, 2011 at 3:04 pm

    ကိုဇဝနရေ။ ကျွန်တော့် စကားထဲမှာ စစ်အစိုးရကို ပြန်တော်လှန်မယ်ဆိုတဲ့ အရင်ခေတ်က နည်းစနစ်ဟောင်းကြီးကို ပြန်ပြီး ကော်ပီကူးထားတဲ့ အတွေးအခေါ် မပါဘူးဆိုတာ အခေါက်ခေါက် သေချာစွာ ပြန်ဖတ်ကြည့်ရင် တွေ ့ရမှာပါ။ ကျွန်တော်တို ့ ဒီရွာထဲမှာ ခေါင်းစဉ် အမျိုးမျိုးနဲ ့ဆွေးနွေးကြတယ်ဆိုတာ ခင်ဗျားလဲ သိမှာပေါ့။ အပေါ်က Comment ကိုလဲ တဆိတ် ဖတ်ကြည့်ပါဦး။ ပြီးတော့ “သူတို ့လဲ ငြင်းကြခုန်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ ့ Post ကိုလဲ ဖတ်လိုက်ပါဦး။ ဝါးလုံးရှည်နဲ ့ရမ်းတယ်ဆိုတာ အသိညဏ် မရှိတဲ့ လူတွေရဲ ့အလုပ်ဗျ။ ဘယ်သူတွေက ဘယ်လိုဆိုတာ ခွဲခြားနိုင်တဲ့ ဦးဏှောက် က ခင်ဗျားမှာရှိသလို ကျုပ်မှာလဲ ရှိတာပဲ။ ခင်ဗျားရဲ ့ Comment ဟာ မလွန်ပေမဲ့ Perfect မဖြစ်ပါ။

  • R Ga

    January 21, 2011 at 9:00 am

    အယ်မလေး အရပ်ကတို့ရေ….အရင်ဝင်ချင်လည်း ဝင်တော်မူပါဗျာ..။ ဘယ်သူမှ မတားပါဘူး။ စစ်မှုမထမ်းမနေရ ဥပဒေ ပြမှ တွေဘာတွေစောင့်မနေပါနဲ့ အခုကတည်းက ဘူတာရုံတွေ ၊ သဘောင်္ဆိပ်တွေ မှာ တပ်သားစုဆောင်းရေးတွေ ရှိပါတယ်။ အနော်ဝင်ချင်လို့ပါလို့ ဆိုရင် မြန်မာ တပ်မတော် က စစ်သားကြီးတွေ က သွားကြီးဖီးဖီးနဲ့ ကြိုနေပါလိမ့်မယ်။ (သူတို့လည်း ဆန်တစ်အိပ်လား ပိုက်ဆံ ဘယ်လောက်လည်းမသိဘူးရဦးမယ်လေ (ကုသိုလ်လည်းရတာပေ့ါ)။ အဲမောင်ရင် အခုလိုကြိုပြီးဝင်တဲ့အတွက်လည်း နောက် ဥပဒေများပြထမ်းတဲ့ အခါကျတော့ မောင်ရင်က နောင်မဝင်ချင်ဝင်ချင်တွေထက် ဆရာဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း ရှေတန်းမှာ ငတ်ငတ်ပြတ်ပြတ်နဲ့ စစ်ပညာတွေသင်ပေါ့။ (မြန်မာစစ်ကားတွေထဲကလို တပ်သားနဲ့ ဝင် စာမေးပွဲတွေဖြေဆိုပြီး ဗိုလ်ကြီးတွေဘာတွေ ရွှတ်ခနဲ ရွှတ်ခနဲဖြစ်နေချင်ဖြစ်နေမပေါ့) နောက်မှ ဝင်မိသူတွေက ဆရာကီးတွေဘာတွေခေါ်ခံရပေါ့။ အဲဒီတော့မှ လွတ်လပ်ရေးဆိုတာ တိုက်ယူမှ ရမယ်ဆိုတဲ့ မောင်ရင်ရဲ့ ခံယူချက်နဲ့ တပ်မတော်သားသစ်တွေကို စုဆောင်းပြီး သန်းရွှေတပ်မတော်ကို တော်လှန်မယ် nigimi 77 တပ်မတော်ဆိုပြီး လှိုူ့ဝှက်အဖွဲ့ တွေဘာတွေခိုးဖွဲ့ပေ့ါ..ကောင်းပ…။ မောင်ရင့်ရဲ့ တပ်တွေနည်းနည်းလေး အနံ့ထွက်လာပြီဆိုမှ…စုပေါင်းပြီး အနီးကပ်ဆုံးရန်သူကို တိုက်ထုတ်ရမယ်လို့ ကြွေးကျော်ပြီး.တော်လှန်ရေးနေ့ စစ်ရေးပြ အခန်းအနာတွေ သင်တန်းဆင်းပွဲတွေဘာတွေမှာ …ရရာ ဝါးရင်တုတ်၊ လေးခွ ၊ပေါက်တူး၊ အုတ်ခဲကျိုး စတဲ့ ခေတ်မီလက်နက်တွေနဲ့ သန်းရွှေတပ်မတော်ကို တိုက်ထုတ် …ပြီးအောင်ပွဲခံ မြန်မာပြည်ကြီးလည်း နောက်ထပ်တစ်ဖန်လွတ်လပ်ရေးရ အယ်မလေး ဘယ်လောက်ကောင်းလိုက်မလဲ..။ တစ်တိုင်းပြည်လုံးက လည်း မောင်ရင်ရဲ့ nigimi77 တပ်မတော်ကြီးကိုု သောင်းသောင်းဖြဖြကြိုဆို လို့ ခေတ်သစ် အာဇာနည်ကြီးတွေလို့ နာမည်တပ် ။ ၂၁ရာစုတော်လှန်ရေးနေ့တွေဘာတွေ လုပ်လို့ ပျော်ပွဲရွှင်ပွဲတွေကျင်းပနဲ့..။ အဟိတွေးမိတာနဲ့ အတော်ကိုကြည်နူးစရာပါပဲ။ အဲဒီ အချိန်က မောင်ရင်က ရာထူးတွေဘာတွေတက် ဗိုလ်ချုပ်မှူးကြီးတွေဘာတွေဖြစ်နဲ့ပေါ့..။ အင်မတန်ကောင်းမွန်လှတဲ့အတွေးနဲ့ အင်မတန်မွန်မြတ်လှတဲ့ စိတ်ကူးဗျာ..။ ကျွန်တော်တို့တွေကလည်း အဲဒီအခါကျတော့ လက်ခုတ်လက်ဝါးတွေတီးပြီးအောဘာတွေပေးကျ ။ ငါတို့မန္တလေး ဂေဇက်မှာ အခုဗိုလ်ချုပ်ကြီးဖြစ်နေတဲ့လူက လာရေးဖူးတယ်ကွ ဆိုပြီး ဂုဏ်ယူတဲ့လူကလည်းယူပေါ့.။. အားပေးတယ်ဗျာ ဆက်လုပ် နာမည်ကြီးရင်သာ ကျွန်တော်ကိုမမေ့နဲ့ဗျာ..ဟဲဟဲ..သိတယ်မဟုတ်လား ပါမစ်လေးတို့ ၊ လုပ်ပိုင်ခွင့်လေးတို့တော့ မစပေါ့ဗျာ..ဟုတ်ပြီးလား..။

  • nigimi77

    January 21, 2011 at 9:30 am

    အဲဒီလို ပေါကြောင်ကြောင် စိတ်ကူးမျိုးနဲ ့ စစ်ထဲကို ခင်ဗျားပဲ ဝင်ပေါ့ဗျာ။ ယောကျာင်္းချင်းတူရင်တောင် အတိုအရှည်တော့ မတူပါဘူး။

    • R Ga

      January 21, 2011 at 9:50 am

      ဒီဂေဇက်မှာ အသက်ငယ်သလောက် စကားပြောရိုင်းတဲ့လူမျိုး ခင်းဗျားတစ်ယောက်ပဲ တွေ့ဖူးသေးတယ်။ ဒါခင်ဗျား ချပြတဲ့စိတ်ကူးလေ။ ခင်ဗျား ပြောသလို စစ်မှုထမ်းတော့ ခင်ဗျား ပါပါတွေက လက်နက်တွေများ ခင်ဗျားကို တပ်ဆင်ပေးမယ်များထင်နေသလား။ ခင်ဗျား ဝါးရင်တုတ်တောင်ကိုင်ရ ကံကောင်းမှတ် ။ ခင်ဗျာတို့လို ဖိုးရွချင် ဖိုးဝင်ချင်ကောင်တွေကို အရင် ဆုံး သူတို့ မဖြတ်တဲ့မိုင်းကွင်းထဲ ဖြတ်ပြေးခိုင်းမှာ ပူးသတ်ဖို့ ကတော့ ဝေးစွ ခြောက်ပါး ။ မှတ်ချက်။ ။ မောင်ရင် လူဆို လူအဆင့်အတန်းနဲ့နေပေါ့ ..။ ဒီမှာမောင်ရင် ရေးတဲ့ ပိုစ်တွေ comment တွေက ရိုင်းစိုင်းနေတယ်ဆိုတာ အားလုံးသိနေတယ်။ ကျုပ်ကတော့ လမင်းကို ဟောင်နေတဲ့ ခွေးကို အိပ်ရေးပျက်ခံပြီးတော့ ထထမကြည့်နိုင်တော့ဘူးမောင်ရင်ရေ.။

  • နီလေး

    January 21, 2011 at 9:44 am

    comment တွေဖတ်ရတာ ခေါင်းတောင်မူးလာပြီ ရန်ဖြစ်စရာရှားလို့ရွာထဲလာဖြစ်နေကြတယ်

  • nigimi77

    January 21, 2011 at 9:45 am

    ခင်ဗျားလို အတွေးအခေါ်ရှိတဲ့လူတွေများနေလို ့ တိုင်းပြည်က လက်တစ်ဆုပ်စာရဲ ့ သဘောရှိလုပ်တာကို ခံနေရတာ။ အင်းပေါ့လေ၊ နှိပ်ကွပ်ခံ ကာလက ကြာပြီဆိုတော့ မြင်နေ ကြားနေကြ အကျင့်ပျက် အတွေးအခေါ်တွေက ခေါင်းထဲ သံမှိုရိုက်သလို စွဲနေမှာပဲ။ ခင်ဗျားလို လူမျိုးတွေ အခုမှ မဟုတ်ပါဘူး။ အရင်ခေတ်ထဲကရှိတယ်လို ့ ကျုပ်မိဘတွေက ပြောပြတယ်။ အဲဒီ ဥပဒေပေါ်လာလို ့ ခင်ဗျား စစ်ထဲဝင်ရမယ်ဆိုရင် မဝင်ပါနဲ ့ဗျာ။ ယိုးဒယားဖက်သွားပြီး “သင်း” လိုက်ပါလား။ ကျွဲပါးစောင်းတီးဆိုတဲ့ စကားဟာ အလကားရှိတာမဟုတ်ဘူးပဲ။ ခင်ဗျား အသက် ဘယ်လောက်ရှိလို ့ ဒီလို အတွေးအခေါ်တွေ ရှိနေလဲဆိုတာ မပြောတတ်ပေမဲ့ သေချာတာက ခင်ဗျားရဲ ့Next Generation တွေလဲ ဒီလိုပဲ အာချောင်ရင်း ကျန်နေခဲ့မှာပဲ။ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ စကားက ဖာနိုင်ငံဖြစ်လာမယ်တဲ့။ မိန်းမဖာလား ယောကျာင်္းဖာလားတော့ မသိဘူး သေချာတာကတော့ ယောကျာင်္းဖာတွေများလာတယ်။

    • R Ga

      January 21, 2011 at 10:00 am

      စကားပြောရင် မတန်မရာ ဗိုလ်ချုပ်နဲ့ ခဏခဏကိုင်ကိုင်မပေါက်စမ်းပါနဲ့ကွာ..။
      ကျုပ်က စစ်ထဲ မဝင်ဘူးလိုလည်း မပြောဖူးဘူး၊ ဝင်မယ်လို့လည်း မကြွေးကျော်ဘူး ။ ဒင်းတို့ တိုက်ဖို့ သူတို့ပြထမ်းတဲ့ အခါမှစစ်ထဲဝင်မှ မဟုတ်ပါဘူး။ အခုတိုက်ချင် အခု ဝင်လို့ရနေတာပဲ လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာပြည်မှာပေါမှပေါ..ကြိုက်တဲ့ တပ်ထဲ ဝင် စစ်ပညာသင် ၊ ကြိုက်သလိုတိုက်လို့ရတယ်။ သေချာတာက အခုလို ဗိုလ်ချုပ်ပေးတဲ့ ပညာတွေက ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူးဆိုတာပါပဲ။ စကားပြောရင် ယှဉ်ယှဉ်ကျေးကျေးပြောစမ်းပါကွာ..။ ဘာလည်း အမိယုတ်တော့ နှုတ်ကြမ်းဆိုတာမျိုး သူများထင်နေရောမယ်မောင်ရင်ရယ်။

  • kai

    January 21, 2011 at 9:58 am

    9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။

    အခုကစပြီး.. တရက်… ရွာသားတွေ သဘောထားအတိုင်းဖြစ်အောင် .. အမှတ်ပေးစံနစ်နဲ့ ဆုံးဖြတ်ပါမယ်..။
    Like or Dislike: မှာ .. Dislike:များပြီး ..Hide ခံထားရတာကို ဖျက်မယ်ဖြစ်ပါကြေ ာင်း..။

Comments are closed.