နှင်းမုန်တိုင်း တိုက်ခိုက်ပြီး ဆီးနှင်းများထူထပ်စွာ ကျဆင်းမှု ကြောင့် တရုတ်-မြန်မာ ကုန်သွယ် ရေးဂိတ် ပျက်စီးပြိုကျသွားခဲ့

zaw mgJanuary 20, 20111min837

ကချင်ပြည်နယ် ပန်ဝါ တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ က နှင်းမုန်တိုင်း တိုက်ခိုက်ပြီး ဆီးနှင်းများထူထပ်စွာ ကျဆင်းမှု ကြောင့် တရုတ်-မြန်မာ ကုန်သွယ် ရေးဂိတ် ပျက်စီးပြိုကျသွားခဲ့ကြောင်း အင်တာနက်သတင်းများအရသိရသည်။

အဆိုပါသတင်းဖေါ်ပြချက်တွင်ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား ၊ချီဖွေ၊ ဗန်းမော် ၊ လိုင်ဇာ နှင့် မိုးညှင်း တို့တွင် မိုးသီးများကြွေပြီး ယခင်နှစ်ကထက် အအေးပိုသည့် ဒဏ်ကို ဇန်နဝါရီ လ ပထမပတ် အတွင်း ဆိုးဆိုးဝါးဝါး ခံစားခဲ့ရကြောင်းသိရသည်။ ထို့အပြင်ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် ပျမ်းမျှ အပူချိန်အောက် ၃ ဒီဂရီ စင်တီ ဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းခဲ့သည်ဟုလည်ုး ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၏ဖေါ်ပြချက်များအရသိရပြီးမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းသည် လာနီညာ၏ သဘောသဘာဝများကို ကြုံတွေ့ ရမည့် ကာလဖြစ်သောကြောင့် ဆောင်းရာသီသည် ဖေဖော်ဝါရီလကုန်အထိဖြစ်နိုင်ပြီး အအေးလှိုင်းဖြတ်ပါက အအေးပိုမှုကို ခံစားရမည်ဟု ထုတ်ပြန်ထားကြောင်းသိရသည်။

7 comments

  • လင်းဝေကျော်

    January 20, 2011 at 4:59 am

    မြန်မာပြည်မှာ ခရီးသွားလုပ်ငန်းကို ဒီထက် ချဲ့ထွင်သင့်ပြီ။
    အာဆီယံဒေသတွင်းမှာ ဆီးနှင်းကျတဲ့ တိုင်းပြည်ဆိုလို့ မြန်မာပဲရှိမယ်ထင်တယ်။

    • etone

      January 20, 2011 at 6:57 am

      ဦးလေးရေ တစ်နှစ်မှာ တစ်ခါတောင် ဆီးနှင်းမကျပါဘူး ။ အခုမှ ရာသီဥတုတွေဖောက်ပြန်ပြီး မုန်းတိုင်းတွေဝင်လိုက်၊ လေပြင်းတိုက်လိုက် ၊ မိုးကြီးလိုက် ၊ အအေးလှိုင်းဖြတ်လိုက်ဖြစ်နေတာ… ။

  • လင်းဝေကျော်

    January 20, 2011 at 9:35 am

    ဒေါ်အီးတုံးရေ အဲဒီနေရာကို ကိုယ်တိုင်သာသွားကြည့်ချင်တော့တယ်။
    အဒေါ်ကြီးကကော ရောက်ဖူးလို့ပြောတာလား။

  • ဆူး

    January 20, 2011 at 9:48 am

    ရေတွေခဲပြီး နှင်းတွေ ကျထားတဲ့ ပုံက မြန်မာ ပြည်ထဲက လားဟင်.. နှင်းတွေ နဲ့ မျက်စိထဲမှာ ထူးဆန်းနေလို့။

  • kai

    January 20, 2011 at 10:05 am

    အာစီယံနိုင်ငံတွေထဲ.. နှင်းကျတာ မြန်မာပြည်ပဲရှိတယ် မှတ်ဖူးတယ်..။
    မြောက်ပိုင်းစွန်းတောင်တွေပေါ်မှာ .. တနှစ်ပါတ်လုံးနှင်းရှိတာပါ..။
    ဥပမာ.. ခါကာဘိုရာဇီတောင်ဆိုပါတော့..။
    လွန်ခဲ့တဲ့ အနှစ် ၃ဝလောက်က … နေခြည်ဖြာမှနွေးသောကြောင့် ဆိုပြီး .. ရုပ်ရှင်ရိုက်ဖူးတယ်.။
    နောက်တော့ .. လျှို ့ဝှက်သောနှင်းဆိုပြီး ဇင်ယော်မောင်မောင် ရိုက်တယ်ပေါ့..။

    တခါက သတင်းတပုဒ်မှာ .. ယိုးဒယားကလားမသိ.. နှင်းလျှောစီးစခန်းဖွင့်ဖို့ ရင်းနှီးမြုတ်နှံမယ်ဖတ်လိုက်ရဖူးတယ်.။

    အခုပုံက .. ဘယ်သူကရို်က်ထားသလဲတော့မသိ..။ အဲဒီနယ်ကတယောက်ယောက်ကသာ .. သတင်းသေချာရေးနိုင်ရင်.. အေပီ၊အေဖက်ပီတို့လိုသတင်းဌာန ပို ့လိုက်ဖို့ကောင်းတယ်.။
    မြန်မာပြည်နှင်းကျသဟ ဆိုပြီး .. တိုးရစ်ဇင် ခုန်တက်သွားမှာ..။

    အခုအတိုင်းသွားလည်း .. နောင် ၁ဝနှစ်ဆို အဲဒီနေရာတွေ .. အရမ်းတိုးတက်လာမယ်… မှန်းမိတယ်..။
    ဝါသနာပါရင် ..မြေကြီးသွားဝယ်ထား..။ အဆ ၄-၅ဆယ်အသာလေးတက်မယ်..။ 🙂

  • naywoonni

    January 20, 2011 at 10:18 am

    2011 ကို အအေးလှိုင်းက စောင့်ပါတယ်ဆို ခုတစ်လောမနက်မနက် တော်တော်အေးလားတယ်

  • ဆူး

    January 20, 2011 at 10:52 am

    တတောင်လုံးဝယ်လိုက်မယ် နောက်လာမဲ့ အနှစ် ၂ဝ စီမံကိန်း အတွက်.. ဝယ်ဖို့ ပိုက်ဆံကတော့ သဂျီးဆီက စာမူခ နဲ့ ဝယ်မယ်လေ။ သဂျီး ကြိုထုတ်ပေးမယ် ဆိုရင် စာကို ကြိုးကြိုးစားစား မကျေမချင်း ရေးပေးပါ့မယ်။ မြန်မြန်ကျေအောင် များများ ရေးဆိုလည်း များများ ရေးပေးပါမယ် နော်.. သဂျီး.. ဟီးဟီး.. နောက်တာ..

    နှင်းတွေ ကျတော့ သွားလည်ချင်သား.. လည်ပတ်ဖို့ရန် အတွက် သင့်တင့်တဲ့ အနေအထား မရှိဘူး ဆိုရင် အရမ်းပင်ပန်းမှာ.. သွားလည်နိုင်ပါစေ။

Leave a Reply