မန်းဂေဇက်လည်း ယူနီကုတ် ပြောင်းသုံးမည်လော

manawphyulayJanuary 21, 20111min1065

ယူနီကုတ်တွေ ပြောင်းသုံးနေကြပြီဆိုတော့။ မန်းဂေဇက်လည်း ပြောင်းသုံးတော့မည်လား။ ခုလက်ရှိ ဆိုက်တစ်ချို့တော့ ပြောင်းလဲကုန်ပြီ မြန်မာ ၃ သုံးတဲ့သူနဲ့ ဧရာဖောင့် သုံးတဲ့သူတွေနဲ့ မန်းဂေဇက်ကော ဘယ်ယူနီကုတ် ပြောင်းသုံးမည်လည်းဆိုတာ မန်ဘာများအားလုံး သိချင်နေမိပါသည်။

5 comments

  • kai

    January 21, 2011 at 9:30 am

    အဲဒါ..ယူနီကုဒ်တခုနဲ့တခုရဲ့… အားသာ.. အားနည်းလေးတွေ ..ရေးပြပါလား..။
    ဇော်ဂျီက .. MySQLဒေတာဘေ့စ်နဲ့ ပြဿနာရှိပုံရတယ်..။ အရမ်းလေးတာပဲ..။
    ကျန်တာတွေကရော ဘယ်လိုလည်းမသိ..။

    တော်ရုံနဲ့တော့ လိုက်မပြောင်းနိုင်သေးပါဘူး..။ အဓိက အိုအက်စ်ဖြစ်တဲ့ ဝင်းဒိုးစ်မှာ တွဲပါလာပြီဆိုရင်တော့ ..ပါလာတာကို ချက်ချင်းပြောင်းသုံးမယ်..။

    ဖြစ်နိုင်ရင်တော့ ..ဇော်ဂျီကိုယ်တိုင်က .. ယူနီကုဒ်လုပ်ပေးလိုက်နိုင်ရင်.. ကောင်းမယ်..။
    အဲဒါပဲ..သုံးချင်တယ်..။

  • maungmoenyo

    January 22, 2011 at 4:47 am

    ဇောိဂျီ ဘဲထားကြပါဗျာတို့…။ ဒါတောင် ကျုပ်တို့လို အဖိုးကြီးတွေခါးတောင်ကျိုက်နေကြရတာ…

  • ဆူး

    January 22, 2011 at 6:49 am

    တခြားတော့ မသိပါဘူး အခုလို ရေးရရိုက်ရတာလည်း တော်တော် လက်ယဉ်နေပြီ
    မြန်မာ ဖောင့်များ ကွန်ပြူတာ ဆိုင်က တန်းစီ ထည့်ပေးလိုက်တာ အောတိုက်နေတာဘဲ တခုမှ လက်ကွက် အဆင်မပြေဘူး။ အခု စာရိုက်ရင်လည်း ဇော်ဂျီနဲ့ ရိုက်နေရတယ်။ ဒီမှာ ဖောင့်ပြောင်းရင် တခု စက်မှာ အသစ် ထပ်ပြီး အင်စတော လုပ်ရအုန်းမယ်။ ဒီမှာက မြန်မာလို ကော ဘိုလိုကောက အဆင်ပြေတယ်။ သူထက် ကောင်းတာက ဘယ်လို နေမလဲတော့ မသိပေမဲ့ အခုတော့ အဆင်ပြေနေတယ်။

  • naywoonni

    January 22, 2011 at 12:28 pm

    ဒါပဲကောင်းပါတယ် ကိုရင်ညို ပြောသလိုပဲ ကျုပ်တို့ နိုင်တီးဂွမ်တိတွေက ဒါပဲ ဂွဒ်တယ်ဗျ ဘာလို့လဲဆိုတော့ လက်နှပ်စက်လက်ကွက်နဲ့ တူတယ်လေ အတော်များများ

  • manawphyulay

    January 22, 2011 at 12:59 pm

    ဟုတ်ကဲ့အများကတော့ ဆက်လက်သုံးနေတဲ့ဖောင့်ပဲ သဘောကျကြမှာပါ။ ဒါပေမယ့် ဇော်ဂျီက နို်င်ငံတကာ စံသတ်မှတ်နှုန်းကု မမှီတဲ့အတွက် ယူနီကုတ်အစစ်ကိုသာ သုံးမယ်ဆိုရင် နောက်ပိုင်း ဖောင့်တွေ ကရင်တို့ မွန်တို့ ဘာသာစကားတွေအတွက်ပါ ပိုပြီး ကောင်းလာနိုင်ပါတယ်။ နောက်တစ်ချက်က ယူနီကုတ်လည်း ဇော်ဂျီလိုပဲသုံးလို့ရပါတယ်။ သူက ဘာလဲဆိုတော့ ဝင်းအင်းဝဖောင့်တွေလို ပဆင့်တွေကို Alt နဲ့ ဂဏန်းတွေ တွဲရိုက်ဖို့မလိုပါဘူး။ နောက်တစ်ချက်က ဘာကြောင့် ယူနီကုတ်တွေသုံးကြမှာလဲဆိုတော့ လက်ရှိ မြန်မာလိုရိုက်ရင် စက်က အင်္ဂလိပ်ဖောင့်အတိုင်းသိမ်းပေးတာကို သိကြပြီး ဖြစ်မှာပါ။ ယူနီကုတ်ကြတော့ ယူနီကုတ်စံအတိုင်း မြန်မာလိုရိုက်ရင် မြန်မာလိုသိမ်းပေးမှာဖြစ်ပြီး ဖိုလ်ဒါတွေ ကိုယ်မြန်မာလိုမြင်ချင်တာတွေကို မြန်မာဖောင့်အဖြစ် ပြောင်းလဲပေးပါတယ်။ ဥပမာ ကွန်ပျူတာစဖွင့်ဖွင့်ချင်းကို Start ကနေသုံးမယ်ဆို အဲနေရာမှာ စတင်ပါဆိုတဲ့ မြန်မာလို ဖောင့်တွေအဖြစ်လည်း ထားရှိလို့ရလာနိုင်ပါသည်။

Leave a Reply