သနားစရာ ခွေးကလေး

bigbirdJanuary 20, 20111min12611

ဘရာဇီးနိုင်ငံတွင် လူပေါင်း ၆၆၅ ဦးသေဆုံးခဲ ့ပြီးဖြစ်သော မြေပြိုကျမှ ုသဘာဝဘေးအန ္တရယ်တွင် ပါဝင်ခဲ ့

သူ ခရစ်စတီးယား မာလီယား၏ အလောင်းအားမြှုပ်နှံထားစဉ်  မိမိသခင်၏မြေပုံအနီး ဘယ်မှမသွားပဲ

ထိုင်စောင့်လျှက်ရှိသော  ( လေးယိုး) အမည်ရှိ ခွေးကလေးတစ်ကောင်အား သနားစဖွယ် တွေ ့ရှိရ

ကြောင်း။    တွေ ့ရမြင်ရသူအပေါင်း ဝမ်းနည်းစိတ်မကောင်းဖြစ်ကြရကြောင်း  AFP သတင်းဌာနက  January 19 ရက်နေ ့တွင် ဖော်ပြပါရှိပါသည်။

11 comments

  • cobra

    January 20, 2011 at 8:27 am

    အော်….
    ခွေးတကောင်ကမှကျေးဇူးသိတတ်သေးတယ်..။

  • ဆူး

    January 20, 2011 at 10:39 am

    ဒီခွေးကလည်း အစွဲ အလန်းကြီးလိုက်တာ..

  • mG

    January 20, 2011 at 1:17 pm

    အော်….ကျေးဇူးသိတတ်လိုက်တဲ့ ခွေးလေးပါလား။လူဖြစ်သော်ကား လူချမ်းသာ ဖြစ်ပါစေဗျာ….။အရာအားလုံး လိုအင်ပြည့်ပါစေ။

  • naywoonni

    January 20, 2011 at 2:53 pm

    ဘယ်သူ့ကိုမှ အပြစ်မမြင် ချစ်ခင် ကိုယ့်ကိုကိုယ်ပင် သနားချည့်ရဲ့ ဟင်
    ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုပဲသနားနေတယ်…………………
    မှာလူလာဖြစ်လို့

  • khinmintatthu

    January 21, 2011 at 9:27 am

    ကျေးဇူးရှင်မှန်းသိတတ်တယ်နော်… ခွေးလေးက တော်တော်လိမ်မာတာပဲနော်….

  • Maung Dae`

    January 21, 2011 at 11:47 am

    ဂျပန်နိုင်ငံက ဟာချီ ဆိုတဲ့ခွေးလေးက သူ့သခင်သေသွားတာကိုမသိပဲ သူ့သခင်အလုပ်ကနေပြန်လာနေကျ ဘူတာရုံအပေါက်ကနေ ၉ နှစ်ကျော်ကျော် ညနေ ၅ နာရီထိုးတိုင်း မပျက်မကွက် သူသေတဲ့အချိန်ထိ လာစောင့်ခဲ့ဘူးတယ်။ လူတွေက သူ့ကိုဂုဏ်ပြုသောအားဖြင့် သူ့ရဲ့ပုံတူကို ဘူတာရုံမှာ ထုလုပ်ထားကြတယ်လေ။ အဲ့ဒီခွေးလေးဟာ မတ်လ ၈ရက် ၁၉၃၅ ခုနှစ်မှာသေဆုံးခဲ့တယ်.. Hachi ဆိုတဲ့ဇာတ်ကားရှိတယ် တော်တော်ကောင်းတယ်.. ခွေးချစ်တက်တဲ့သူတွေဆိုရင် မျက်ရည်တောင်ကျတယ်…

    • kai

      January 21, 2011 at 6:31 pm

      တိုကျို- ရှိဘူယ ဆိုတဲ့ဘူတာရုံထွက်ပေါက်မှာ ခွေးလေးရုပ်ထုထုထားတယ်..။ အခုတော့ အဲဒီနေရာက .ချစ်သူတွေဆုံတွေ့တဲ့ ချိန်းတဲ့နေရာဖြစ်နေတာပေါ့..။
      သစ္စာအမှတ်အသားနေရာဖြစ်နေတယ်..။
      ဆိုတော့..။
      မြန်မာပြည်မှာလည်း .. အဲဒါမျိုးဖြစ်အောင် ..ရှင်မွေ့လွန်-မင်းနန္ဒာ -ငမိုးရိပ်အရုပ်ထု..လုပ်စားဖို့ကောင်းတယ်..။
      သစ္စာမရှိရင်..မိကျောင်းကိုက်ခံရမယ်ဆိုပြီး..။ 🙂

  • manawphyulay

    January 21, 2011 at 12:24 pm

    ခွေးတောင် သခင်ကို သိတတ်သေးရင်………… ခွေးမဟုတ်တဲ့ လူတွေ တိရစ္ဆာန်ထက် ပိုသိတတ်ရင် ကောင်းမယ်နော်။

  • bigcat

    January 22, 2011 at 1:49 am

    ခင်ဗျားတို့ မသိဘဲ ရမ်းချီးမွှမ်းနေကြတယ်။ သေသူက မကျွတ်ဘဲ အဲဒီနေရာနားမှာ ရှိနေတာကို ခွေးကအဟုတ်မှတ်ပြီး စောင့်နေတာ။

  • အာဖျံ ကွီး

    January 22, 2011 at 6:59 am

    သနားစရာလေး … သူ.ခမျာ … စကားမပြောတတ်လို. … မဟုတ်ရင် … ပြောပြောပီးဘယ်လောက်ငိုနေမလဲမသိဘူး … စကားတပြောပြောနဲ.ငိုလိုက်ရတော့ ရင်ထဲပေါ့သွားရှာမပေါ့ … တတ်နိင်ရင် စကားသွားသင်ပေးအုံးမရ် … ခွေးလေးကိုစကားပြောသင်ရတာ … ကြောင်တွေကိုသင်ရတာလောက် ခက်မရ်မထင်ဘူး။ 😀

  • ဆူး

    January 22, 2011 at 7:03 am

    မျက်ရည်ကျတယ်ဆိုတာ ရင်ထဲမှာ အပူမီးတွေ ထကြွလို့ အထိန်းချုပ်နိုင်လွန်းလို့ အရည်အဖြစ် မျက်လုံးအိမ်ထဲက ထွက်ကျ လာသတဲ့။ ငိုရင် ပေါ့မပေါ့တော့ မသိဘူး ငိုပြီးရင် မျက်ချိစပ်တယ်။ မျက်လုံးတွေ ပူထူပြီး မျက်စိမှိတ်ပြီးသာ အိပ်ပလိုက်ချင်တော့တယ်။ ဟီးဟီး။

Leave a Reply