သေနေတဲ့ကဗျာထဲမှာ ဟံလင်းရှင်သန်နေ

သူရႆဝါJanuary 20, 20111min590
အခုရေးချလိုက်တာ ကဗျာမဟုတ်ဘူးလို့ ဘယ်သူပြောမလဲ
ဘယ်သူပြောမှာလဲ
ဟုတ်တယ် ၊ ကျွန်တော်ပြောမယ်
ဒါ … ကဗျာမဟုတ်ဘူး
သောက်ပြီးသားစီးကရက်အတိုတွေ ၊
အရည်တစ်စက်မှ မကျန်တော့တဲ့ ဖန်ခွက်တွေ ၊
ထွေးထားတဲ့ကွမ်းတံတွေးတွေ ၊ အခွံတွေ
“ဟံလင်း” မွေးနေ့မှာ ကဗျာဆရာများ စွန့်ထုတ်လိုက်တဲ့ အနိဋ္ဌာရုံတွေ …
ကျွန်တော် ထပ်ပြောမယ်
ဒါ … က ဗျာ မှ မ ဟုတ် တာ
ကျွန်တော်က ပြုံးပြုံးလေးနေတတ်တဲ့ အဆိုးမြင်ဝါဒီ ပဲ
“ကောင်းသောရှင်သန်ခြင်းဖြစ်ပါစေ ဟံလင်း”
ကဗျာ “သေ” နေတဲ့ကြားက ခင်ဗျားအတွက် ကျွန်တော် ကဗျာတစ်ပုဒ်ရေးခဲ့တယ် ။

သူရဿဝါ
ဇန်နဝါရီလ ၂ဝ ရက် ၊ ၂၀၁ဝ ခုနှစ်

|၁၈ ရက်နေ့ ညဦးပိုင်း မောရွှေလီ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တဲ့ သူငယ်ချင်း ကဗျာဆရာ “ဟံလင်း” မွေးနေ့မှာ အမှတ်တရ ရေးပေးဖြစ်ခဲ့တဲ့ကဗျာ|