Cu Chi Tunnel (ကူချီ လှိုင်ခေါင်း) အပိုင်း ၁

ဆူးJanuary 20, 20111min530

ဗီယမ်နာမ် နှင့် အမေရိကန် စစ်ဖြစ်စဉ်က အသုံးရန် ဖောက်လုပ်ထားသော လှိုင်ဂူ ဖြစ်ပါသည်။ စစ်တွင်း ပုန်းခိုရာ နေရာလည်း ဖြစ်ခဲ့ပါတယ်။ ဗီယမ်နာမ် နိုင်ငံ ဟိုချီမင်း မြို့တော်ရဲ့ ကီလိုမီတာ ၇ဝ အကွာမှာ တည်ရှိပါတယ်။ စစ်အတွင်းမှာတော့ အတော်ကို နာမည်ကြီးနဲ့ ခံတပ် ဖြစ်ခဲ့ပါတယ်။ အထပ်အားဖြင့် ၃ထပ် ဖြစ်ပြီးတော့ မိုင်အားဖြင့် ၁၂ဝ (ကီလိုမီတာ ၂၀၀) ကျယ်လျားပါတယ်။ မြေကြီးအောက်မှာ တနေရာနဲ့ တနေရာ ဆက်စပ်နေပါတယ်။ အတွင်းမှာတော့ ဆေးရုံ၊ ခံတပ်၊ အစားအသောက် ချက်ပြုတ်တဲ့ အဆောင်၊ ကျန်းမာရေး ပြုစု စောင့်ရှောက်တဲ့ အဆောင် သားဖွားမီးယပ်ဆောင် စသဖြင့် မြေအောက် မြို့တော် ကဲ့သို့ ပြုလုပ်ဖန်တီး ထားတာ ဖြစ်ပါတယ်။ အထပ် ၃ထပ် တူးထားတာ ဖြစ်တဲ့ အတွက် မြေကြီးပေါ်ကို ကျည်ဆံ ဗုံးတွေ ကျရောက်လည်း ဘာမှ မဖြစ်ဘဲ လူတွေ အသက်ရှင်နေနိုင်ပါတယ်။


နမူနာ ပုံစံငယ် ဖြစ်ပါတယ်။ ပုံရဲ့ ညာဘက်က အပြာအစင်းကြောင်းကတော့ Saigon river စိုင်ဂွန်မြစ် ဖြစ်ပါတယ်။ မြေအောင် ၃ထပ် တူးထားတာ ဖြစ်ပါတယ်။ အောက်ဆုံးထပ်မှာတော့ အေးအေး ချမ်းချမ်း နေလို့ရပါတယ်။


ပုံမှာ မြင်ရတဲ့ အတိုင်းပါဘဲ ဝင်ပေါက်ကတော့ ခပ်သေးသေးပါဘဲ ကောင်မလေး သေးသေးလေးတော့ ဝင်ပြတာ လွယ်ပါတယ်။ ကိုယ်တိုင်တော့ မစမ်းရဲဘူး အကျီတွေ ညစ်ပတ် ပေကုန်မှာ စိုးရတယ်။
အတွင်းမှာတော့ ချောင်ချောင် ချိချိ ရှိတယ် ပြောပါတယ်။ ဝင်ပေါက် သေးထားတာကတော့ အမေရိကန်တွေ ရှာဖွေ တွေ့ရှိလို့ ဝင်လာဖို့ မလွယ်စေရန်အတွက် ဝင်ပေါက် သေးသေး လေး လုပ်ထားတာ ဖြစ်ပါတယ်။


ပုံမှာ ပြထားတဲ့ အတိုင်းပါဘဲ တူးသူက တူး မြေကြီးတွေ သယ်ပြီးတော့ စိုင်ဂွန်မြစ်ထဲ သွန်ချသူက သွန်ချ ဖြစ်ပါတယ်။ တူးထုတ်ထဲ့ မြေကြီးတွေ တနေရာထဲ စုပုံ ထားမိရင် ရိပ်မိမှာ စိုးတဲ့ အတွက် လက်စဖျောက်တဲ့ အနေနဲ့ မြစ်ထဲကို သွန်ချတာ ဖြစ်ပါတယ်။ လှိုင်ခေါင်းတူးတာကိုတော့ ညဘက် မှာ အလှည့်ကျ တူးပါတယ်။ တချို့က ညဘက်မှာ ကောက်စိုက်တာတွေ လုပ်ပါတယ်။ နေ့ဘက်မှာတော့ စစ်တလင်းမှာ တိုက်စစ်တွေ ခင်းနေကြတယ်လို့ ပြောပါတယ်။ လက်နက်တွေလည်း အမေရိကန်တွေ ကျန်ခဲ့တဲ့ လက်နက်တွေကို လက်ဖြစ် အနေနဲ့ လက်ပစ်ဗုံး တွေ များစွာပြုလုပ်ပြီး တိုက်စစ်ဆင်ပါတယ်။

တော်တော်ကို ကြိုးစား ရုန်းကန် နေထိုင်ခဲ့ကြပုံရပါတယ်။