ဘာလုပ်ချင်သလဲ ဘယ်လိုလုပ်မလဲ ဘာတွေများ သိထားပြီလဲ

ပြီးခဲ.တဲ.နှစ်ရက်လောက်က ကိုသောင်းထိုက်ရယ် သူ.သား အောင်အောင်ရယ် အိမ်ကိုအလည်ရောက်လာပါတယ်။
ရောက်လို.မှအိမ်ထဲမရောက်သေးဘူး ကိုသောင်းထိုက်က
“ငပေါက်ရေ မင်းတူကတော. ငါ.ကိုအမွေတောင်းနေပြီကွ “လို.လှမ်းပြောလိုက်တဲ.အခါ
အောင်အောင်က “ဟာ အဖေကလဲ လုပ်ပြီ “လို.ရှက်ကိုးရှက်ကန်းလေသံလေးနဲ.သူ.အဖေကိုလှမ်းဟန်.ပါတယ်။
ဒါနဲ.ကျနော်ကဘဲ ” ကိုသောင်းကလဲ ရှင်းအောင်ပြောစမ်းပါအုံး”လို.မေးလိုက်မှ
” မင်းတူက ဆိုင်ဖွင်.ချင်လို.တဲ.ငါ.ဆီကို အရင်းအနှီးထုတ်ပေးဘို.နားပူနေတယ်မောင် “လို.ဖြေပါတယ်
ဒါနဲ.ပဲ ကျနော်က ” ဖိုးအောင်လေးက ဘာဆိုင်တွေများဖွင်.မလို.လဲ”လို.မေးလိုက်တော.
အောင်အောင်က မပွင်.တပွင်.လေသံနဲ.” လေးလေးရေ ဘာဆိုင်ဖွင်.မယ်လို.တော. မသေချာသေးဘူး စဉ်းစားထားတာတော.အများကြီးဘဲ အဖေထုတ်ပေးမယ်.အရင်းအနှီးပေါ်မှာမူတည်ပြီးလုပ်ရမှာလေ “လို.ပြန်ဖြေပါတယ်။
ကျနော်က ဆက်ပြီးတော.
” မင်းဟာက မဟုတ်သေးဘူးထင်တယ် ဘာလုပ်မယ်ဆိုတာကို ပြတ်ပြတ်သားသားအရင်ရွေးရမှာပေါ. “လို.ပြောလိုက်တဲ.အခါ
” လေးလေးရယ် အရင်းအနှီးသိမှ ဘာလုပ်မယ်ဆိုတာကိုဆုံးဖြတ်လို.ရမှာပေါ.”လို. သိပ်မကျေနပ်တဲ.လေသံလေးထွက်လာပါတယ်။
ိ”အေးပါကွာ မင်းဖေဖေနဲ.အေးအေးဆေးဆေးတိုင်ပင်ပြီး စဥ်းစားကြတာပေါ. မင်းတို.အနေအထားက အလျင်စလိုလုပ်ဘို.လိုမှ မလိုတာ “လို. သူစိတ်သက်သာအောင်ပြန်ဖြေပေးလိုက်ပါတယ်။
သူတို.သားအဖလဲပြန်သွားရော ကျနော်.ခေါင်းထဲမှာ
“လုပ်ငန်းတစ်ခုထူထောင်ဘို.အတွက် အရင်းအနှီးဆိုတဲ.ငွေကြေးတစ်ခုထည်းနဲ.တင် လုံလောက်ပါသလား”
ဆိုတဲ.မေးခွန်းလေးကဆူဝေလို.လာပါတယ်။
ဒီမေးခွန်းလေးရဲ.အဖြေကတော. ဖိုးအောင်လေးတို.အတွက် ကျနော်သိသလောက်လေးဖြေပေးလိုက်ပါမယ်နော်။
ကျနော်အမြင်အာရုံထဲမှာပေါ်လာကတော. အားကစားစာစောင်တစ်ခုမှာပါတဲ. အားကစားမယ်လေးတစ်ယောက်က အားနဲ.မာန်နဲ.မျှားပစ်ဘို.ကြုးိစားနေ.တဲ.ပုံလေးကိုပါဘဲ။
ကျနော်ဆက်တွေးမိတာကတော.
သူချိန်ရွယ်ထားတဲ.စက်ဝိုင်းကတော. ကိုယ်လုပ်ချင်တဲ.အကြောင်းအရာ
လေးကိုင်း သည် စိုက်ထုတ်မယ်.ငွေအရင်းအနှီး
မျှားသည် အကောင်အထည်ဖော်မယ်.လူ.တွေ
နောက်ကနေပစ်ပေးမယ်.သူကတော. ကျွမ်းကျင်သူ အတတ်ပညာရှင်ပါဘဲ။
သူတို.အားလုံးပေါင်းမှသာ လိုရာခရီးကိုအသေအချာရောက်နိုင်မှာပါ။
အခုခေတ်မှာ တစ်ချို.သောကလေးများသည် ကိုယ်ပိုင်အလုပ်မထူထောင်နိုင်ဘူး သူများဆီမှာလခ စား ဝင်လုပ်ရတယ်ဆိုရင် ဘဲလူဖြစ်ရှံးသလို ခံစားနေတတ်ကြပါတယ်။
အထူးသဖြင်.မန္တလေးက ကလေးတွေပိုဆိုးပါတယ်။
သူများဆီအလုပ်လုပ်ရလို.အားငယ်စရာမရှိပါ ။
နေရာတော်တော်များများမှာထိပ်ဆုံးရောက်နေသူတိုင်း လုပ်ငန်းပိုင်ရှင်တွေမဟုတ်ပါဘူး။
ကျောင်းပြီးတယ်ဆိုရင်ဘဲဖြစ်ဖြစ် အလုပ်လုပ်ဘု.ိမိဘကပြောလိုက်ရင်ဘဲဖြစ်ဖြစ် သူတို.လေးတွေက ဖိုးအောင်နဲ.တစ်ထပ်ထဲပါဘဲ
မေးလိုက်တဲ.မေးခွန်းက “ဘယ်မှာလဲအရင်းအနှီး “ဆိုတာပါဘဲ။
တကယ်တမ်းပြောရရင် သူများဆီလခစားလုပ်တယ်ဆိုတာ ကလည်း ရှက်စရာ အထင်သေးစရာ အလုပ်မဟုတ်ပါဘူး။
ုကိုယ်.အဖေပိုင်တဲ.အလုပ်မှာ ကိုယ်ထူထောင်တဲ.အလုပ်မှာ သာ ထိပ်ဆုံးကနေရာတစ်ခုကို အလွယ်တကူရနိုင်ပေမဲ.
သူများရဲ.လုပ်ငန်းမှာ ထိပ်ဆုံးရောက်တဲ.နေရာတစ်ခုကိုရောက်ဘို.ကတော. ကိုယ်မှာ အရည်အချင်းမရှိဘဲ လုံးဝရနိုင်မှာမဟုတ်ပါဘူး။
ကျနော်တို.မကြာခဏမြင်တွေ.နေရတာတော. ငွေတစ်ခုထည်းကလွဲလို.ဘာမှမသိ ဘာမှမရှိဘဲ သူများပြောတာ နားယောင်လို. အဟုတ်မှတ်ပြီးလုပ်ငန်းတွေကို ဆိုင်းဘုတ်အကြီးကြီးတပ်လို.ထောင်ကြ ဆိုင်တွေထောင်ကြတဲ.လုပ်ငန်းရှင်ပိုင်ရှင်အသစ်လေးတွေ
ဟောမကြာခင်လေးမှာဘဲ ဆိုင်ပြန်ပိတ်လိုက် လုပ်ငန်းကိုရပ်လိုက် ရပြန်ရော။
သည်လိုပြောပြတာ သူများမအောင်မြင်တာကို ကဲ.ရဲ.ချင်လို.မဟုတ်ပါဘူး။
သူများအမှားကနေ ပညာယူလို. ကိုယ်မနစ်နာအောင်ရှောင်နိုင်ဘို.ပါ။
တကယ်တမ်းပြောကြစို.ဆိုရင် လုပ်ငန်းတစ်ခုစတင်ဘို.ဆိုတာ လေးကိုင်းနဲ.တူသော ငွေအရင်းအနှီးမရှိဘဲထူထောင်လို.မရနိုင်ပါ။
ထို.အတူ ကိုယ်ဘာလုပ်ချင်တယ် ဘယ်လိုလုပ်ငန်းထူထောင်ချင်တယ် ဘယ်လိုဆိုင်မျိုးဖွင်.ချင်တယ်ဆိုတဲ.စိတ်ကူလေးကလည်းအသေအချာကို ရှိုပြီးသားဖြစ်နေရပါမယ်။
နို.မဟုတ်ရင် ဒါလေးကောင်းမလားလို.လုပ်လိုက် အဆင်မပြေတော. တစ်ခုပြောင်းလိုက် နောက်တစ်ခါ တစ်မျိုးထပ်ပြောင်းပြီးလုပ်လိုက်နဲ.ပြောင်းတာနဲ.တင် အရင်းပြုတ်သွားမှာကတော. မလွဲဧကန်ပါဘဲ။
နောက်တစ်ချက်က လုပ်ငန်းတစ်ခုကို လုပ်မယ်လို.အသေအချစဥ်းစားပြီးလို. လုပ်မယ်လို.ဆုံးဖြတ်ချက်ချပြီးရင် သည်လုပ်ငန်းနဲ.ပါတ်သက်တဲ. အားနည်းချက် အားသာချက်တွေကို အရင်ဆုံးသိအောင်လေ.လာရမှာဖြစ်ပါတယ်။
ကျနော်တို. သည်ကလူတွေ အတော်များများ က လုပ်ငန်းတစ်ခုမှာ သူများဘယ်လိုမြတ်တာ အောင်မြင်တာကိုသာ ဂရုစိုက်တတ်ကြပြီး သူ.လုပ်ငန်းရဲ.အားနည်းချက်တွေ ယိုပေါက်တွေ နစ်နာနိုင်တာတွေကိုတော. မသိချင်ယောင်ဆောင်နေတတ်ပါတယ်။
ဒါဟာလုံးဝအမှားကြီးပါ။
အားနည်းချက် ယိုပေါက်ကို ပိတ်ထားနိုင်မှ ကိုယ်ဆုံးရှုံးမူ.နည်းနိုင်မှာပါ။
ဥပမာပြောရရင် ဘောင်းဘီတို.အကျီင်္စတဲ. အသင်.ချုပ်ပြီးသားရောင်းတဲ.အထည်ဆိုင်ဖွင်.တယ်ဆိုပါတော.။
တော်တော်များများတွက်တာ တထည်ဘယ်လောက်ဘဲဝယ်ရတယ် ဘယ်လောက်တောင်မြတ်တာဆိုတာပါဘဲ။
ရောင်းမကုန်ဘဲကျန်နေမယ်.အထည်တွေ ဆိုက်မကိုက်လို.ရောင်းမရဘဲကျန်နေတဲ.ဘောင်းဘီတွေ
စရောက်တုံးက သေချာစစ်မယူမိလို. အပေါက်အပြဲပါနေလို.ရောင်းမရတာတွေ
ဒီဇိုင်းမကြိုက်လို.ရောင်းမရတဲ.အထည်တွေဟာ ကိုယ်.ရဲ.အမြတ်အစွန်းတွေပါ။
ဒါတွေချည်းသာများများကျန်လို.ကတော. ကိုယ်.အရင်းအနှီးက ရောင်းမရတဲ.ငွေသေတွေဖြစ်ကုန်မှာဆိုတာကို မစဉ်းစားမိကြတာများပါတယ်။
နောက်တစ်ခုကတော. ထုတ်လုပ်တဲ.လုပ်ငန်းကို လုပ်မယ်ဆိုရင် လဲ ကိုယ်ထုတ်လုပ်မဲ.ကုန်အတွက် လိုအပ်တဲ.နည်းပညာတွေကို ကြိုတင်လို.သင်ယူရမှာဖြစ်ပါတယ်။
နောက်ကိုယ်ဝင်ပြီးရောင်းချရမဲ.ဈေးကွက် ကိုလဲ ကြိုတင်လို.သိအောင်လေ.လာရမယ် စုံစမ်းရမယ်။
ကိုယ်လုပ်တဲ.အခါမှာ ကိုယ်နဲ.တွဲလုပ်မယ် . ဝန်ထမ်းတွေရဲ. မျှားတံကလေးတွေကလဲအရေးကြီးပါတယ်။
သူတို.ကဖြောင်.နေမှ လိုရာကို အသေအချာရောက်လို.အောင်မြင်မှာပါ။
နောက် ကနေပစ်လွှတ်မဲ.သူနေရာမှာ နေသူ ရဲ.အား ကလည်း ပိုလို.အရေးကြီးပါတယ်။
သူက အတွေ.အကြုံကောင်းမှ ကျွမ်းကျင်မှ အားရှိမှ လိုရာပစ်မှတ်ကို ရောက်နိုင်သလို ရလဒ်ကလဲကောင်းမှာပါ။
ကျနော်အခုလိုပြောပြပေးနေတာက အလုပ်လုပ်မယ်.ကလေးတွေကို စိတ်ပျက်အောင် ချောက်နေတာမဟုတ်ပါဘူး။
ကြိုတင်ပြင်ဆင်သင်.တာလေးတွေကို ပြောပြပေးနေတာပါ။
ဒါကြောင်.အလုပ်တစ်ခုကိုထူထောင်မယ်လို.စိတ်ကူးထားတယ်ဆိုရင် အရင်းအနှီးတစ်ခုထဲရှိရုံနဲ.ကတော.အောင်မြင်သောလုပ်ငန်းတစ်ခု လုံးဝဖြစ်မလာနိုင်ပါ။
တကယ်လို.များ ကိုယ်မှာ လိုအပ်တဲ.ငွေကြေးက အဆင်.သင်.ကိုရှိနေလို.မဖြစ်မနေကိုလုပ်မယ်ဆိုရင်တော.ဒီမေးခွန်းလေးတွေကို အရင်ဖြေကြည်.စေချင်ပါတယ်။
အဓိက အကျဆုံးအချက်ကတော. ဘယ်လုပ်ငန်းကိုလုပ်မယ်ဆိုတာ တိတိကျကျရွေးချယ်ပြီးပါပြီလား ?
ရွေးချယ်ပြီးပြီဆိုရင်
(1) ထူထောင်မယ်.လုပ်ငန်းအတွက် လိုအပ်တဲ.နည်းပညာတွေ ကို ကိုယ်တိုင်သိပြီးတတ်ပြီးပြီလား ဒါမဟုတ် လိုအပ်တဲ.ပညာရှင်ကိုတွေ.ပြီးပြီလား ?
(2) လုပ်ငန်းရဲ.အားသာချက် အားနည်းချက်တွေကို ရော လေ.လာပြီးပြီ လား ?
(3) ကိုယ်နဲ.တွဲလုပ်မယ်.အကောင်အထည်ဖော်မယ်.ဝန်ထမ်းတွေကိုအုပ်ချုပ်ဘို.အတွက် တိကျသော လမ်းညွှန်ချက် စည်းကမ်းချက်တွေ ကိုရော အဆင်.သင်.ဖြစ်ပြီလား
(4)ဘယ်လိုအောင်မြင်အောင်အကောင်အထည်ဖော်မယ်ဆိုတဲ. နည်းလမ်းတွေကို ရှိပြီ သိပြီလား ?
(5) ကိုယ်ထုတ်လုပ်တဲ.ကုန်အတွက် ဘယ်လိုပုံစံနဲ.ဈေးကွက်ကိုထိုးဖောက်မယ်ဆိုတဲ.နည်းလမ်းတွေကို ရောကြိုတင်ရေးဆွဲထားပြီးပြီလား ?
ကဲဖိုးအောင်လေးတို.ရေး သိသလောက်ကလေးတော.ပြောပြလိုက်ပါတယ်။
ကျန်တာကို ဆက်လုပ်ရမှာကတော. မင်းတို.အပိုင်းဖြစ်သွားပါပြီ။
ဖို်းအောင်တို.လိုလူငယ်လေးတွေ ပိုပိုတော်လာမှ ကျနော်တို.လောကကြီးက ပိုတိုးတက် ပိုသာယာလာမှာပါ။
ကျနော်တို.ကလည်း ကျနော်တို.ညံ.ခဲ.ခံခဲ.ရတာလေးတွေကို မရှက်မကြောက်ဝန်ခံမယ် ပြောပြပေးမယ်ဆိုရင်
သူတို.လေးတွေ အမှားနည်းရင် ပိုပြီးတော. မြန်မြန်လေးပန်းတိုင်ကိုရောက်မယ်လို.ယုံကြည်ထားပါတယ်။
အရင်းအနှီးရှိရုံနဲ.လည်းအောင်မြင်သော လုပ်ငန်းတစ်ခုဖြစ်မလာနိုင်တာကိုတော.ဖိုးအောင်တို.ယုံကြည်စေချင်ပါတယ်။
အရင်းအနှီးမရှိသော ကလေးများကလည်း သူများဆီမှ လခစားလုပ်ရတာကို ဂုဏ်ငယ်တယ်မထင်ပါနဲ.။
တစ်ချိန်မှာ ကိုယ်မှာပြည်.စုံလို.လုပ်ငန်းထူထောင်ရင် အဆင်သင်.ဖြစ်နေအောင် လုပ်ငန်းအတွေ.အကြံယူတယ်လို မှတ်ယူထားမယ် ဆိုရင် အလုပ်လုပ်ရတာကိုက အရသာရှိလာမှာပါ။
ခင်ဝမ်းသီချင်းထဲကလို မြားဘုရင်လေးတွေ များများပေါ်ပေါက်နိုင်ပါစေ။