Cu Chi Tunnel (ကူချီ လှိုင်ခေါင်း) အပိုင်း ၃

ဆူးJanuary 21, 20111min500

ပြထားတဲ့ တင့်ကားကြီးပေါ့

လေရှူပေါက် ဖြစ်ပါတယ် မသိသာအောင် အမှိုက်ပုံတွေ သစ်ရွက်ဆွေးတွေ ပုံထားသလို မျိုး လုပ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်တွေက အတွင်းမှာ နေတဲ့ အချိန် ဘယ်လို အသက်ရှူမလဲ အသက်ရှူပေါက် ရှိရမယ် ဆိုပြီး ခွေးတွေနဲ့ ရှာပါတယ် ခွေးတွေ က ရှာတွေ့သွားပြီး ဟိုရက် ဒီရက်လုပ်တော့ အတွင်းကို ဆင်းလာရင် အပိုင်း ၂မှာ တင်ထားတဲ့ ထောင်ချောက်တွေ ရှိတဲ့ အတွက် သေသွားတာမျိုး နောက်ပြီး လှိုင်းခေါင်း ကျဉ်းကျဉ်းလေးနဲ့ ဆိုတော့ ကျပ်ပြီး ဝင်လို့ မရတာမျိုးပေါ့။ နောက်ပိုင်း အမေရိကန်တွေ ခွေးနဲ့ ရှာတာမျိုး လုပ်ရင် မရိတ်မိအောင် အမေရိကန် သေသွားတဲ့ လူတွေရဲ့ အကျီတွေကို လေဝင်ပေါက်နားမှာ ထိုးထားတဲ့ အတွက် အနံခံတဲ့ ခွေးတွေ မျက်စိလည်ပြီး မသိတော့ဘူး ပေါ့ကွယ်။

မြေအောက်မှာ စားဖိုဆောင်ရှိပါတယ်။ စားဖိုဆောင်မှာ ဟင်းချက်ပြီး မီးခိုးထွက်တာ မြင်လို့ ဗုံးကျဲရင် မထိ နိုင်အောင် အတွင်းမှာ မီးခိုးထွက်ပေါက်ကို လမ်းတခြားသွယ်ထားပြီး လူတွေ နေနေတဲ့ အောက်နဲ့ လွတ်တဲ့ ဝေးတဲ့ နေရာမှာ မီးခိုးထုတ်ပါတယ်။ မီးခိုးထွက်တဲ့ နေရာကတော့ မီးလောင်ပုံ လိုဘဲ မပူအခိုးတွေ ထွက်တာဆိုတော့သစ်ရွက်ခြောက်တွေ အပေါ်မှာ ရှိတာ အပူခိုးတွေ ဟပ်ပြီး မီးခိုးတွေ မဲလူးနေတာဘဲ။

အတွင်းမှာ စားတဲ့ အစားအစာ ကတော့

ဆန်ကို အမှုန့်ကြိတ်ပြီး ရေနဲ့ ကြို ဒယ်ပြားပေါ်မှာ အပြားခတ်ပြီး ကင်လိုက်တာဘဲ။ ကင်ပြီးရလာတဲ့ အဖတ်က ကော်ပြန့် အဖတ်နဲ့ ဆင်ပေမဲ့ အရသာ မတူဘူး မာဆတ်ဆတ်နဲ့.. စားလို့ မကောင်းဘူး အဲဒီ မာမာကြမ်းကြမ်း အဖတ်ကြီးထဲမှာ ကန်ဇွန်းရွက်တွေ အသီးအနှံတွေနဲ့ လိပ်ပြီး စားကြတယ်။ စစ်တွင်း ရှားပါးတော့ သူတို့ ဖြစ်သလို စားကြတာ ဖြစ်ပါလိမ့်မယ်။
ဗီယမ်နာမ် အစား အစာတွေမှာ သတိထားမိတာကတော့ စပါးလင် အရမ်းသုံးတယ် စားရတာ အရသာ မြန်မာ ပါးစပ်နဲ့ သိပ်မနီးစပ်ဘူး

မြေအောင် လှိုင်ခေါင်းထဲမှာတော့ ရေအသုံးပြုရန်အတွက် အတွင်းမှာ အဝီစိရေကို အသုံးပြုပါတယ် အနားမှာ ရှိတဲ့ စိုင်ဂွန်မြစ်ထဲက ရေတွေကို အမေရိကန်တွေ ဆေးခပ်တယ် ဆိုလား ဆေးခပ်မှာ ကြောက်လို့ ဆိုလား မသုံးဘူးပါဘူးတဲ့။ အတွင်းမှာ ကိုယ်ပိုင် ရေ ကိုယ်ပိုင် ဆေးကုခန်း နားနေဆောင် ပြီးတော့ ကျည်ဆံ ဗုံးတွေ မပေါက်သေးတာတွေ ကောက်ရခဲ့ရင်လည်း အတွင်းမှာ ရှိတဲ့ ယမ်းတွေကို တစစီ ခွဲထုတ်ပြီး လက်နက် အသေးစားတွေ များစွာ လုပ်ပြီး ခုခံကြပါတယ်။


ထိုခေတ် အချိန်အခါတုန်းက ဗီယမ်နာမ်တွေ မျိုးချစ်စိတ် တော်တော် ပြင်းထန်ပြီး အလုပ်တော်တော် လုပ်ခဲ့ပုံရပါတယ်။
ဘာပဲ ပြောပြော သမိုင်း တွင်ကျန်ရစ်ပြီး ရှေးက လူကြီးတွေ မောပန်းခဲ့သမျှ နောက်လူတွေ ပြစားပြီး ပိုက်ဆံ တော့ ရနေတာတော့ အမှန်ပါဘူး။

ပိုက်ဆံကို အမှိုက်က အစ ရှာတတ်ပုံများ..