Cu Chi Tunnel (ကူချီ လှိုင်ခေါင်း) အပိုင်း ၂

ဆူးJanuary 20, 20112min1105




လှိုင်ခေါင်း အဝင် လျောက်လမ်းကတော့ ခပ်သေးသေးပါဘဲ။
ကြွက်တွင်းလေးလိုပါဘဲ အတွင်းမှာလည်း လမ်းတွေ ဟိုကွေ့ ဒီကောက်နဲ့ ထောင်ချောက်တွေလည်း ရှိတယ် ပြောပါတယ်။ လမ်းမှာရင် ထောင်ချောက်တွေ ထိမှာ စိုးတဲ့ အတွက် လမ်းမှာ အစောင့်က လိုက်ပို့ပြီး သူဦးဆောင်တဲ့ နောက်ကို လိုက်ရပါတယ်။




သရုပ်ပြ အရုပ် ဖြစ်ပါတယ် ကင်းပုန်းချပြီး စစ်တိုက်ဖို့ အတွက် ဆက်သွယ်ရေး စခန်း ဖြစ်ပါတယ်။


လှေကားကနေ ဆင်းရင် ရောက်တယ် ပြောတာဘဲ။ ကြည့်တာတော့ မြင်တဲ့ အတိုင်းဘဲ အပေါက်ပိတ်ထားတာလားတော့ မသိဘူး။






လက်ဖြစ် ထောင်ချောက် ဖြစ်ပါတယ်။ ပုံတွေ ထဲမှာ မပါတဲ့ ထောင်ချောက် မျိုးစုံလည်း ရှိပါသေးတယ်။ ညနေစောင်းနေတော့ အလင်းရောင် သိပ်မကောင်းတော့ ရိုက်လို့ အဆင်မပြေတာနဲ့ မရိုက်ယူခဲ့မိပါဘူး။
အသက်ဘေးအတွက် ကျန်ဖန်တွေးတောပြီး လုပ်ထားတာတွေ ဆိုတော့ နည်းမျိုးစုံနဲ့ ထိရင် သေနိုင်လောက်ပါတယ်။ ကြီးမားတဲ့ ထောင်ချောက်တွေ ရုပ်ရှင်ထဲမှာလို အပေါ်ကနေ သံချွှန်တွေ တပ်ထားတဲ့ သစ်တုံးတွေ ကျောက်တုံးတွေ ပစ်ချတာမျိုး စသဖြင့်ပေါ့။ အမျိုးစုံကို မြင်တွေ့ခဲ့ရပါတယ်။

5 comments

  • jarnuu

    January 21, 2011 at 6:41 pm

    ဗဟုသုတ ရပါတယ် ကျေးဇူးတင်ပါတယ်

  • kai

    January 21, 2011 at 9:27 pm

    ကမ္ဘောဒီယားနဲ့ ဗီယက်နမ်မှားလို့ မန်းတာ ပြန်ဖျက်လိုက်တယ်..။ 🙁

  • ဆူး

    January 22, 2011 at 6:26 am

    သဂျီး ရေးတဲ့ ပိုပေါ့ လူသတ်တာ ကိစ္စ နဲ့ ပတ်သတ်တဲ့ အကျဉ်းစခန်း ရောက်ခဲ့တယ်။ အဲဒါ ရေးပြီး တင်ပေးရမလား။ သွားကြည့်တဲ့ လူတွေ တောင် ဆက်မကြည့်ရဲလို့ တပ်ခေါက်ပြန်တဲ့ အထဲမှာ အမျိုးသားတွေ တောင်ပါတယ်။ ဆူးတော့ အကုန်မြင်အောင် ကြည့်ခဲ့တယ်။ ရေးပေးရမလား။ ဆူး ကို စိတ်ညစ်စရာတွေ ရေးတယ် ဆိုပြီး ဝိုင်းအော်နေအုန်းမယ်။

    • kai

      January 22, 2011 at 8:03 am

      ရေးရမှာပေါ့..
      ကွန်မြူနစ်လည်း အစွန်းရောက်ရင်.. ဘာတွေဖြစ်ခဲ့တယ်ဆိုတာ .. လူတွေကို အသိပေးရမှာပေါ့..။
      ဆောရီး..
      ရေးပေးပါနော..နော..။ 🙂

  • meelay

    January 22, 2011 at 10:23 am

    ဆူးရေ ရေးပေးပါ … မီးတို့လို ခရီးမထွက်နိုင်တဲ့လူတွေအတွက် ဆူးတို့ တင်ပေးတာလေးတွေ ကြည့်ပြီး ဗဟုသုတ ရတာပေါ့ …. 🙂

Leave a Reply