အမေစု အင်တာနက် ရပြီ Internet

birthday cake

Happy Birthday Amay Suu

အမေစုအိမ်မှာ အိမ်တာနက် တပ်လိုက်ပြီလို့ မိုးမကမီဒီယာကမှာ ဖတ်ရပါတယ်။ ဖေ့စ်ဘွတ်တို့ တွစ်တာတို့တော့ မသုံးသေးကြောင်း၊ လောလောဆယ် အမေစု ချောင်းဆိုးနေမကောင်းဖြစ်နေလို့ ရိုးရိုးအင်တာနက်ပဲ သုံးသေးကြောင်း သိရပါတယ်။ ပုံထဲက မွေးနေ့ကိတ်ကတော့ နှစ်ပေါင်းများစွာ ကျော်လွန်ဖြတ်သန်းခဲ့ရတဲ့ အထီးကျန်မွေးနေ့များအတွက် အဝေးရောက်ကြောင်ကြီးရဲ့ မပေးလိုက်ရတဲ့ မွေးနေ့လက်ဆောင်ပါ။ အမေလည်း စားစရာမလိုလို့ ကျန်းမာရေးနဲ့ညီညွတ်၊ ကျနော်လည်းပွိုင့်၈ဝရ လို့ဟန်ကြပါတယ်။ မိတ်ဆွေတို့လည်း ဘုရားလည်းဖူးလိပ်ဥလည်းတူး အမေ့အတွက် ဆုမွန်ကောင်းခြွေရင်း ငွေ၁ဝလည်းရအောင် ကွန်မန့်လေးရေးပေးသွားကြပါလား။ အမေ့ကိုလည်း ဒီမှာတင်ထားတဲ့ ကိတ်မုန့်ကို သုံးဆောင်ရင်း သဂျီးနဲ့ရွာသူရွာသားများရဲ့ စေတနာ မေတ္တာကို ခံစားသွားဖို့ သူနဲ့နီးစပ်သူများ ပြောပေးကြပါအုံး။ (အမေ့ကိုမုန်းတဲ့ကောင်တွေ မင်းတို့သောက်စာလုံးတွေကို မဖတ်ချင်ဘူး၊ လာမရှုပ်ကြနဲ့ ကြားလား)။
ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် တပ်ဆင်သည့် အင်တာနက်လိုင်း နံပတ်မှာ ဝ၀၀၀၁ ဖြစ်ကြောင်း၊ ထိုနံပါပတ်ကြောင့် McWill အင်တာနက်ကို ပထမဆုံး တပ်ဆင်ခွင့် ရသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု အဓိပ္ပာယ် ရကြောင်း ဦးဝင်းထိန်က ပြောသည်။ မကြာသေးမီက ပေါ်ပေါက်လာသည့် ဆက်သွယ်ရေးဌာန၏ နောက်ဆုံးပေါ် အင်တာနက်လိုင်း ”McWill” (MULTI Carrier Wireless Local Loop) ဖြစ်ကြောင်း၊
McWill အင်တာနက်လိုင်းအတွက် ၆ သိန်း ၁ သောင်း (ဒေါ်လာ ၇၂ဝ ခန့်) ပေးသွင်းရသည်။ တနာရီအသုံးပြုခ ဒဿမ ၅ ဒေါ်လာခန့် ကျသင့်သည်ဟု ဆိုသည်။

အပြည့်အစုံကိုတော့ http://moemaka.com/index.php?option=com_content&task=view&id=8063&Itemid=1 တွင်ဖတ်ရှုနိုင်ပါသည်။

12 comments

  • လင်းဝေကျော်

    January 21, 2011 at 2:16 am

    အဲဒီနံပါတ်တမင်ပေးတာနေမှာ မှတ်လို့လွယ်။
    ကြားဖြတ် ဟက် လို့လွယ်အောင်။
    ဘာပဲဖြစ်ဖြစ် အင်တာနက်သည် မရှိမဖြစ်။ ကောင်းလေစွ။

  • kai

    January 21, 2011 at 9:06 am

    YANGON: Myanmar democracy icon Aung San Suu Kyi has finally had Internet access installed at home after her years of isolation were brought to an end two months ago, an aide said Friday.

    Her security chief Win Htein told AFP that the opposition leader was “glad” to be able to go online at her lakeside mansion in Yangon and would use the technology to contact her network of supporters.

    “But she cannot use the Internet now as she is not feeling well and is coughing,” he said.

    It is believed that the Nobel laureate has never before surfed the web.

    Suu Kyi, who was locked up for seven straight years with no telephone or Internet until November, has expressed an interest in using the micro-blogging site Twitter or the social network Facebook to reach young people.

    She applied to a private company for Internet access soon after she was released, but the request was transferred to Yatanarpon Teleport, a firm run by the country’s military authorities.

    Citizens of Myanmar, which has been ruled by the military since 1962, must obtain the authorities’ permission to be able to go online at home and there is a thriving black market for facilities under assumed identities.

    Suu Kyi applied officially under her own name for web access because she wants to use email, Win Htein said.

    Media watchdog Reporters Without Borders describes Myanmar’s legislation on Internet use, the Electronic Act, as among the world’s most repressive, with online dissidents facing lengthy prison terms.

    Just one in every 455 of Myanmar’s inhabitants were Internet users in 2009, based on statistics from the International Telecommunication Union, a UN agency in Geneva.

    Some web users believed authorities intentionally slowed services ahead of the country’s first elections in two decades in November, while many fear online surveillance by the state.

    Myanmar is poised to open a new parliament this month following the polls, which were decried in the West as a sham aimed at shoring up military power and boycotted by Suu Kyi’s party.

    Her National League for Democracy won a 1990 election in a landslide but the result was never recognised by the regime and Suu Kyi has spent most of the past 20 years in detention.

    -AFP/jl
    http://www.channelnewsasia.com/stories/afp_asiapacific/view/1106108/1/.html

  • char too lan

    January 21, 2011 at 10:00 am

    ဦးကြောင်ကြီးရဲ ့ မွေးနေ့လက်ဆောင်ကိတ်နဲ့အတူ အန်တီစုကို ကောင်းချီးပေးလိုက်ပါတယ် အောင်မြင်မှုသရဖူ ဆောင်းနိုင်ပါစေ………
    အသက်ရှည် ကျန်းမာပါစေ………………… ဘေးကင်းပါစေ…………….

  • MandalayThar

    January 21, 2011 at 10:08 am

    သတိပေးလိုက်ကြပါအုံးဗျာ အမေစုကို…

    မြန်မာနိုင်ငံမှာ ဘာျမှန်းမသိတဲ့ အီလက်ထရောနစ် ဥပဒေဆိုတာရှိတယ်လို့။ အင်တာနက်ချပေးပြီး ထောင်ဖမ်းမှာလားမသိဘူး။ ဒီကောင်တွေက စောက်ကျင့် နည်းနည်းမှ မကောင်းတဲ့ကောင်တွေ။ ဘာမှ မယုံရဘူး။

  • april

    January 21, 2011 at 1:05 pm

    အမေစု.. internetသုံးလို့ရလို့ ဝမ်းသာပါတယ်.. Real Facebook account nameသိရင်လည်း shareပေးပါအုံးနော်..အမေစု ကျန်းမာပါစေ..အကောက်ကြံမှုများနဲ့လည်း ဝေးပါစေလို့ ဆုတောင်းပါတယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 21, 2011 at 1:20 pm

    အရမ်းဝမ်းသာတယ်သိလား
    မေမေစုကိုလေ ခုလိုအင်တာနက်တွေဘာတွေသုံးနိုင်တာသိရတော့
    အရမ်းအရမ်းကို သိလား
    ဘယ်လိုပြောရမှန်းတောင်မသိဘူး
    မေမေစု အသက်ရှစ်သောင်းကျော်နေရပါစေ
    တစ်ကယ်
    မေမေစုကို အရမ်းချစ်တာဘဲသိလား
    ညတိုင်းရှိခိုးပြီးမှအိပ်တယ်
    မေမေစုကျမ္မာပါစေ ချမ်းသာပါစေ မေမေစုတစ်ယောက် ရွှင်လန်းတက်ကြွစွာနဲ ့တိုင်းပြည်အကျိုးတွေသယ်ပိုး နိုင်ပါစေ
    မေမေစုနဲ ့က အိမ်ချင်းအရမ်းဝေးတယ်သိလား
    အိမ်ချင်းနီးလို ့ကတော့ နေ ့တိုင်းဟင်းတစ်ခွက် သွားပို ့မှာ
    မေမေစုက ငပိချက်ကြိုက်လားမသိဘူးနော်
    ငါးတွေကို ကိုယ်တိုင်သတ်ပြီးတော့ ငပိရည်ချိုလုပ်ထားတာ
    ပဇွန်ငပိဆိုလဲ ကိုယ်တိုင်လုပ်ထားတာနော် သဲလုံးဝမပါဘူး
    ဟင်းသီးဟင်းရွက်တွေဆိုလဲ ပလဲဝဲလုံးဝမထည့်ထားဘူးနော်
    ပြောရဦးမယ်သိလား
    မေမေစုကိုလေ ဟိုမသာ သေဂျင်းဆိုး ကြက်ဖွတ်တွေက လုံးဝ အလိုရှိတာမဟုတ်ဘူး
    ငရဲအိုးထဲကို ဇောက်ထိုးကျမဲ့ဟာတွေ သေဂျင်းဆိုးနဲ ့သေပါစေ
    မေမေစု ကျမ္မာပါစေ မေမေစုချမ်းသာပါစေ မေမေစုလမ်းဖြာပါစေ
    မေမေစုအိမ်၏ အရှေ ့အနောက် တောင် မြောက် အရပ်မျက်နှာအသီးသီးရှိ နတ်ကောင်းနတ်မြတ်များ
    မေမေစုကို စောင့်ရှောက်ကြပါစေ

  • bigbird

    January 21, 2011 at 2:24 pm

    အရမ်းဝမ်းသာပါတယ်။အမေစု စိတ်၏ချမ်းသာခြင်း။ကိုယ်၏ကျမ်းမာခြင်းနဲ ့
    ပြည့်စုံပါစေ……

  • yuyu

    January 22, 2011 at 5:03 am

    ဒါပေါ့ဒီလိုပဲဖြစ်ရမှာပေါ့ တဖြည်းဖြည်းနဲ့ ကိုယ်ဖြစ်ချင်တာတွေကို ဒီလိုပဲလုပ်ယူရမှာပေါ့ ဒါပေမယ့် သတိဆိုတာပိုတယ်လို့မရှိဘူးနော်

  • kai

    January 22, 2011 at 5:32 am

    နောက်တက်မဲ့အစိုးရကဘယ်လို ဆုံးဖြတ်မလဲတော့မသိ..။ အခုထိတော့ ဗိုလ်ချုုပ်ကြီးများနဲ့.. အိုကေနေပုံပဲ…။
    အင်တာနက်ပေးမသုံးတော့လည်း .. ဘာတတ်နိုင်တာလိုက်လို့..။

    ဆိုတော့..
    ဒေါ်အောင်ဆန်းစုကြည် .. မြန်မာပြည်ထဲကနေ.. မကျော်ခွပဲ..တိုက်ရိုက်ကြည့်လို့..ဖတ်လို့ရတာ ..မန္တလေးဂေဇက်လည်း ပါနေသေးသဗျား..။
    အဲဒါတော့ ..ဝမ်းသာပါတယ်..။

    … ရွာထိပ်မှကြိုဆိုလိုက်ပါကြောင်း…။

  • အာဖျံ ကွီး

    January 22, 2011 at 6:37 am

    တကရ် … ဝမ်းသာပါတရ်ဗျာ။
    လျှောက်လှန်းနေတဲ့ ပန်းတိုင်ကို မြန်မြန်ဆန်ဆန် ရောက်နိင်ပါစေ။

  • cobra

    January 22, 2011 at 10:33 am

    ွှအရမ်းဝမ်းသာမိပါတယ်…
    အမေစုနဲ့လူငယ်တွေဆက်သွယ်ခွင့်ရတာပေါ့
    တကယ်ကောင်းတယ်….

  • koyinmaung

    January 22, 2011 at 11:16 am

    ဒေါ်အောင်ဆန်းစုကြည် ကျွန်တော်တို့ရွာကိုအလည်လါဘို့ဖိတ်ခေါ်ပါတယ်…လါလည်တဲ့အခါအသိလေးလဲပေးခဲ့ပါအုံး ရွာသားတွေဝမ်းသာရတာပေါ့…

Leave a Reply