ခေတ်ကြီးက … i pod i pad i phone … တရုပ်နဲ့ အမေ၇ိကန် ကလည်း တယာက်နဲ့တယောက်အလွတ်မပေး၇ဲ …။ ကမ္ဘာကြီးကလည်းချူချာ ..။
အဲဒီထဲကမှ ဂမ္ဘီရ ပညာတွေစိတ်ဝင်စားတယ်ဆိုလို့ … ဒီစာမျက်နှာမှာ မသင့်တော်ရင်တော့ခွင့်လွှတ်ကြပါ …။

ကျနော် ၉ တန်း တုန်းက ကံအားလျှော်စွာ ပုဂ္ဂလပညတ်ဓါတ်ကျမ်း ကြီးကိုဖတ်ခွင့်ရခဲ့ပါတယ် ..။ အဲဒီကစပြိးကျနော်လဲ စိတ်ဝင်စားလာပါတယ် ..။
လေ့လာတယ် ကိုယ်တိုင်စမ်းကြည့်တယ် ..။ အခုတော့ အများပြောကြတဲ့ ဘိုးဘိုးအောင် ဘိုးမင်းခေါင် အောင်မင်းခေါင် ( စင်္ကြာမင်းခေါင် )
တို့အကြောင်းလေးနဲနဲစရအောင် …။ သူတို့သမိုင်းတွေအရင်မေ၇းတော့ပါဘူး တချို့လဲသိပြီးသားတွေပါ။ သမိုင်းကသမိုင်းဘဲပေါ့။

ကျနော့ဆန္ဒက စူးစမ်းကြည့်ချင်တယ် အကိုးအကားရှာချင်တယ်။ ကိုယ်တိုင်တွေ့ချင်တယ် ..။
ဆိုလိုတာက ကောင်းတာလုပ်ရင် နတ်ပြည်သွားရမဟေ့ မကောင်းတာလုပ်ရင် ငရဲရောက်မယ် ဆိုတာကိုး …။
ဒါပေတဲ့ နတ်ပြည်လဲမမြင်ဘူးကြဘူး ငရဲလဲမမြင်ဘူးကြဘူး …။ လက်တွေ့မှယုံမဲ့လောကကြီးကိုးဗျ ..။

အဲဒီတော့ prove လုပ်ဖို့လိုလာပြီ ..။ သချာင်္လိုဘဲပေါ့ အဖြေကနေပြန်သွားကြည့်ရအောင် …။
ယနေ့သက်ရှိ နာမ်လောကကိုဘယ်သူ ကောင်းကောင်းဆက်ဆံဖူးပါသလဲ …။ ကျနော် သိရသလောက်တော့ ကျော်အောင်စံထားဆရာတော်ကြီးရျိပါတယ်။
သက်ရှိပေါ့လေ ..။ ဆရာတော်ကြီး၇ဲ့ အတွေ့အကြုံတချို့တင်ပြလိုက်ပါတယ် ..။

ဆရာတော်ဘုရားကြီး အလောင်းတော်ကဿပ ဂူတော်ဖွင့်ပြီး အတီင်းဝင်ပုတီးစိတ်နေစဉ် .. မဟာမြိုင်ဆရာတော်ဘုရားကြီးရောက်လာ၏။ ကိုယ်တော်လေးလာလာ
ကျုပ်နဲ့လိုက်ခဲ့ မဟာမြိုင်ထဲလှည့်လည်ြ့ည့်ရအောင် ..။ မဟာမြိုင်ဆရာတော်ကြီးနေသောဂူသီု့ေ၇ာက်သော် ဘိုးမင်းခေါင်ကြီးထွက်လာပြီး အကြော် လဘက်ရည်တို့နှင့်ဧည့်ခံ၏။ ဆန်းလှချည်လား ဘယ်က အကြော်တွေ လက်ဖက်ရည်တွေရတာလဲဟုတွေးနေစဉ် .. ဘိုးမင်းခေါင်က အရှင်ဘုရားကြွလာမယ်ဆိုလို့
ယင်းမာပင်သွားပြီးဝယ်ခဲ့တာပါ ..။
လိုင်ဂူတွင်းလှည့်ကြည့်ကြသောအခါ အမိုးမှာ အင်းကွက်မျိုးစုံတို့ဖြင့် စီမံထား၏။ ဆေးအမယ်မျိုးစုံကိုလည်း သူ့ကျောက်သေတ္တာနဲ့သူ သပ်သပ်ယပ်ယပ်
ထား၏။ဥဂမုံး ၁၂၀ အပင်ထောင်ဂမုန်း ၁၆၀ အနွယ်ဂမုန်း ၁၅၀ အစရှိသဖြင့် စုဆောင်းထားသည်များကိုတွေ့ရ၏။
လူတရပ်သာသာကျောက်ပြားများထောင်ချီပြီးတွေ့ရ၏ ဆေးဒါန်းမြင်းသီလာတို့ဖြင့်ရေးထားသောပိဋိကတိသုံးပုံတိုကပင်ဖြစ်သည်။

ဆရာတော်ဘုရားကြီးနှင့် ဘိုးဘိုးအောင် အခြားဝိဇ္ဖာများနှင့် အစီးအဝေး ပြုလုပ်ကြပုံတို့ကို ရေးပြပါက ယခုစာ ရှည်လျှားနေပါမည်။ ဆရာတော်ကြီးမှာ
အမရပူရ ကျော်အောင်စံထားကျောင်းတိုက်တွင် သီတင်းသုံးပါသည်။ ဦးပိန်တံတားအနီးမှာပင်ဖြစ်ပါသည်။ ရန်ကုန်သို့ကြွပါက ရာဟုဒေါင့် (ေ၇ွှတိဂုန် )
တွင် ကြွတတ်ပါသည်။ …… နောက်မှဆက်ပါမည်။ ဝေဖန်စရာများရှိသော် အားမနာတန်း ဝေဖန်နိုင်ပါသည်။ တကယ့်ဝါသနာရှင်များ အတွက်
ဆရာတော်ကြီး ယခု သက်တော်ရှိစဉ် သွားရောက်ဖူးမျှော် မေးမြန်းပါက အကျိုးရျိပါမည်။ ဘာအကျိုးရျိမည်လဲ ဆိုတော့ သို့လောသို့လော မတင်မကျ
ဘ၀င်မကျသည်များ ကို မေးမြန်းနိုင်ပါသည်။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.