ဂမ္ဘီရပညာတွေကိုစိတ်ဝင်စားတယ်ဆိုလို့ ..အဆက် ( ၁ )

fattyJanuary 21, 20111min2197

ဆက်ပါဆိုလို့ဆက်တော့ရေးပါရစေအုံး ..။ ဟိုရောက်ဒီရောက်တော့ ဖြစ်နေလိမ့်မည်ထင်သည်။ သီးခံပြီးအစအဆုံးဖတ်ပြီးမှ ဝေဖန်ချင်သပဆို
ဝေဖန်ကြစေလိုပါသည်။
ကျော်အောင်စံထားဆရာတော်နှင့် မဟာမြိုင်ဆရာတော်တို့ စတွေ့ကြပုံ ရေးပါအုံးမည်။
ဆရာတော်ကြီး အလောင်းတော်ကဿပဂူတော်ဖွင့်ရန်အဓိဌန်ဝင်နေစဉ် ……။
၁၃၁၆ ခုတပိုတံလြဆန်း၃ ရက်၁၂ခွဲမှ နံနက် ၅နာရီခွဲအထိ ပုတီးစိတ် သုဂတော ၅ချက်ဂါထာ ၂၅ ပါတ်ရ၏။
ဗုဒ္ဓဟူးနေ့ဖြစ်ရျ် စိန္တာမုနိဂါထာကြီးရွတ်ပြီး ပုတီး ဆက်စိတ်ရာန့နက် ၆ နာရီမှ ၁ဝ နာရီအထိ ၂၄ ပါတ်ရပြန်၏

ခဏနားပြိးစားစရာထွက်ရှာရာ တောင်ကမ္ဘားယံထဲဆင်းကြည့်တော့ ငှက်ပျောတောကြီးတွေ့ရသည်။
ငှက်ပျောသီးရေဆေး ဘုရားဆွမ်းတော်ကပ် ကျန်သုံးလုံးစားလိုက်၏။ ကြာသာပတေးနေ့နံနက် ၃ နာရီခွဲတွင် ပုတီး ၃ ပတ်အရ
နောက်က လူတွန်းလိုက်သလိုဖြစ်ပြီး ရှေ့စိုက်သွားသည်။ လှည့်ကြည့်ချင်သော်လည်း အဓိဌာန်စိပ်နေသောကြောင့် သီးခံနေရ၏
ကျွန်ပ်ထိုင်နေသောရေသနုပ်သင်းပိုင်ကပူပြင်းလာသည်။

ရေသနုပ်ဖြန့်ခင်းပြီး လှဲလျှက် ပုတီးဆက်စိပ်နေစဉ် ပက်လက်စေင်းလျှက်စိပ်စဉ်က ကိစ္စမရှိ။ မှောက်ရက်စိတ်တော့မှ ကျောပေါ်
ခွစိးထားသလိုဖြစ်ပြီး မတနိုင်တော့ချေ။ ကျောပေးလက်နှင့်စမ်းသော်လည်းဘာမှမတွေ့ရ။ လူကမထနိုင်တော့။မထနိုင်နေကွာဆိုပြီး
ပုတီးကိုသာ ဆကိစိတ်နေလိုက်သည်။ ြ့ာသော် သတိမေ့သလိုဖြစ်ပြီး သတိပြန်ဝင်လာတော့ ဘုန်းတော်ကြီးတပါး
ကျွနိပ်ကို ဆေးများလူးပေးနေပေ၏။ ဘာဖြစ်လို့လဲဘုရားဟုမေးတော့ ကိုယ်တော်က အကျင့်ပြင်းထန်လွန်းတာကြောင့်
ခန္ဓာက ကျန်းမာရေးမကောင်းတဲ့သဘောဖြစ်တာပါ ….။ဒါပေတဲ့ ကျန်းမာရေးကတော်တော်ရယ် ဒီကောင်တွေ ဖျက်လိုဖျက်ဆီးလုပ်လို့ပါ ..။
ဘယ်သူတွေလဲဘုရား …။ အလောင်းတော်ကဿပမှာနေတဲ့ တောစိုးနတ်ပေါ့ကိုယ်တော် ..။ ဒီတောစိုးနတ်က ကောင်းတာကျင့်ရင်မကြိုက်ဘူး
သူ့ကို သောက်စားစရာတွေတင်ပြီး မိန်းမတွေနဲ့ ပြောဆိုနေတဲ့သူမှ သဘောကြတယ်။

ကိုယ်တော်လေးက ပုတီးစိတ်အမျှအတန်းဝေတော့ သမာဒေဝနတ်များလာပြီး မေတ္တာခံယူကြ ဖူးမျှော်ကြဆိုတော့ သူက အနေခက်တယ်လေ။
သမာနတ်များရှင်းခိုက် ကိုယ်တော့ကို မူးမေ့ ထုံထိုင်းသွားစေတဲ့ အဆိပ်ပင်က အသီးကို လေတင်က အခိုးလွှတ်ပြီး ကိုယ်တော်မထနိုင်အောင်
လုပ်တာပါ။ တပည့်တော်သိလို့သာပေါ့ နို့မို့ဆို ကိုယ်တော် ထနိုင်မှာမှုတ်ဘူး။ ကိုယ်တော်တို့လို အကျင့်သီလရှိသူကို သူ့တန်ခိုးနဲ့မလုပ်နိုင်ဘူး
ဒါကြောင့် အဆိပ်ပင်က အသီးနဲ့လုပ်တာ။ အကျင့်သီလ မပြည့်စု့တဲ့သူဆိုရင်တော့ ချောက်လှန့်လွှတ်တာဘဲ။ ကိုယ်တော်လေးအဒိဠာန်ကြောင့်
မနက်ဖန်အာရုံတက်မှာ ဂူပေါက်ပွင့်ပါလိမ့်မယ် …။

ကျေးဇူးကြီးလှပါတယ်ဘုရား …။ ဒါနဲ့အရှင်ဘုရားဘယ်မှာ သတင်းသုံးပါသလဲဘုရား ..။ ဒီကနေမိုင် ၃ဝ လောက်သွားရင်ရောက်တဲ့ မဟာမြိုင်တောထဲမှာ
နေတဲ့မဟာမြိုင် ဆရာတော်ကြီးဖြစ်ပါတယ် ..။ မောင်မင်းကြိးသားတောစိုးနတ်ကိုကျေးဇူးတင်ရ၏ သူ့ကြောင့် မဟာမြိုင်ဆရာတော်ကြီးနဲကဖူးတွေ့ရတယ်။
သူ့အားအမျှဝေမေတ္တာများပို့ပေးရ၏ ။ ..။

အလောင်းတော်ကဿပ ဂူပွင့်ပြီး အထဲရှိ အရာများအကြောင်းကိုတော့ ကျနော် ရေးပြိးသားဖြစ်ပါတယ် ..။ နောက်မှ မဟာမြိုင်ထဲ သွာလာတာရေးပါအုံးမယ်။
ပြီးတော့ဥစ္စာစောင့် သိုက်နန်းများအတွင်းဘာတွေရှိလဲ …။ ကျိုက်ထီးရိုးဘုရားအဝင်ဝက သိုက်နန်းရှင် နဲ့အမေးအဖြေ အခန်းလဲအလျှင်းသင့်ရင်
တင်ဆက်ပေးပါမယ်။

7 comments

  • koyinmaung

    January 21, 2011 at 10:41 am

    ဆက်ရေးပါအားပေးနေပါတယ် ဘိုးတော်ဝတုတ်…

  • bigcat

    January 22, 2011 at 1:55 am

    ကျနော်ဖတ်ဖူးတဲ့ အလောင်းတော်ကဿပ မှတ်တမ်းမှာကြတော့ အဲဒါ ပုဂံခေတ်က ရဟနာ္တ ပေါင်းလောင်းရှင်မထေရ်မြတ်ရဲ့ အလောင်းတော်ဂူတဲ့။ ရှင်မဟာကဿပရဲ့ အလောင်းတော်ဂူက အိန္ဒိယမှာဆိုလားပဲ။ မထေရ်ကြီးပျံလွန်တော်မူကာနီး အဇာတသတ်မင်းဆီလာပေမဲ့ ဘုရင်ကအိပ်နေလို့ သူဖာသာသူ တပါးထဲ ကြွပြီးတော်ရာမှာ ပျံလွန်တော်မူတယ်တဲ့။ နောက်မှ ဘုရင်နဲ့မှူးမတ်တွေက လိုက်ရှာပြီး ပူဇော်သမှုပြုရတယ်ဆိုတယ်။
    တခုသိချင်လို့…. ဝီဇ္ဇာဂန္ဓာရီလိုင်းမှာ လူဝတ်ကြောင် ရသေ့ ယောဂီထွက်ရပ်ပေါက်ကြီးတွေက ဂျူနီယာထွက်ရပ်ပေါက်၊ ကျင့်ဆဲ ဂန္ဓာရီလိုင်းဘုန်းကြီးတွေကို ဘယ်လိုဆက်ဆံသလဲ။ လေ့လာမိသလောက် လက်အောက်ငယ်သားတွေလိုပဲ အမိန့်ပေးခိုင်းစေတာ သိထားလို့။

  • kai

    January 22, 2011 at 5:26 am

    တကယ်သာသနာတော် ပျက်စီးအောင် အယူမှားတွေ သွပ်သွင်းတာကမှ ..အဲဒီသင်္ကန်းဝတ်တွေ..။
    လွတ်လွတ်လပ်လပ်.. ဂမ္ဘီရဘာသာတည်ထောင်တာမဟုတ်ဖူး..
    ဗုဒ္ဓဘာသာထဲ.. ဝင်ရှုပ်နေကြတာ..။
    ရင်လေးပါတယ်..။

    အကုန်.. လပ်စ်ဗေးဂတ်စ်ပို ့ပြီး ရုံသွင်းပြစားလိုက်ရင် ..မီလီယံချီရနိုင်တယ်..။
    အဟင်း..အဲဒီအဆိပ်သီးကိုပြောတာနော..။ 🙂

    • bigcat

      January 22, 2011 at 5:48 am

      ဘုရားက ပျက်မယ်လို့ ပြောထားပြီးသား ဆြာခိုင်ရ။ မပျက်မှသာ ထူးဆန်းမှာ။ အခုဟာက ပြောင်းလဲခြင်း သင်္ခါရဖြစ်စဉ် သဘောလေ။ ကိုယ့်ကိုယ်ကို၊ ကိုယ့်ဟာကို အမှန်ဆုံးလို့ စွဲထားလိုက်ရင် မှားတော့တာမို့ ဘုရားဟော သစ္စာလေးပါးကလွဲရင် ကျန်တာတွေ အမှားလို့ စိတ်ပြောင်းထားလိုက်ပါလား။ မှားခြင်း အမျိုးမျိုးပေါ့။

  • ဆူး

    January 22, 2011 at 6:43 am

    ရွှေရင်ကျော် ဂိုဏ်းနဲ့ ပတ်သတ်ပြီး အွန်လိုင်း တနေရာမှ အသေအကျေ ဆွေးနွေးထားတာ ဖတ်ဘူးတယ်။ ဥုံဖွက် ဟတ်ချလောင်း ဘာညာကွိကွ ဖြစ်တာပေါ့ အဲဒါကို သိချင်တာနဲ့ ဆရာတော် တပါးကို လျှောက်ထားမိတယ်။ ဖြေလိုက်ပုံကတော့ ဂိုဏ်းဆရာတောင် ဂိုဏ်းစွဲသေလို့ ဂိုဏ်းစောင့်ပြီး တပည့်တွေ ခိုင်းတာ လိုက်လုပ်နေရတယ်တဲ့။ အထက်က ဦးကြောင်ကြီး မေးတာ နဲ့ ပတ်သတ်ပြီး တိုက်ဆိုင်မလားလို့ ဖြေလိုက်တာပါ။
    စီနီယာ ဂျူနီယာ ဆိုတာကတော့ အစကတည်းက လက်အုပ်ချီ ထိုင်ကန်တော့နေတာလေ။ အဆင့်တူ တန်ခိုးတူရင်တောင် လေးစားမှာပေါ့။ ဥပမာ အားဖြင့် ကျောင်းတတ်တုန်းက ဆရာ အခု အသက်အရွယ်နဲ့ ဆို သူသင်ထားတဲ့ ပညာနဲ့ စခဲ့ပေမဲ့ အခု အရည်အချင်းကတော့ သူထက် သာချင်တောင် သာနေအုန်းမယ်။ သူကိုတော့ လေးစားလျက်ပေါ့။
    နောက်ထပ်တခု ဥပမာ ပေးရရင်တော့.. အိမ်မှာ ခိုင်းတဲ့ အိမ်ဖော်မလေး သူဌေးနဲ့ ညားတော့ သူဌေးကန်တော် ဖြစ်သွားတယ်။ (ကုသိုလ်အကျိုးပေးလို့ ပိုမြင့်တဲ့ ဘုံရောက်တာ) အိမ်မှာ ခိုင်းသလို လမ်းမှာ တွေ့ရင် ဟဲ့ကောင်မ ဟိုဟာလုပ် ဒီဟာလုပ် ခိုင်းလို့ မရနိုင်ဘူးလေ။ အဆင့် အတန်းအရ ခိုင်းလို့ မရပေမဲ့ သူရဲ့ လေးစားမှု ဂါရဝတော့ ခံရအုန်းမှာပေါ့။
    အားလုံး သူအကြောင်းနဲ့ သူ ရှိနေကြတာဘဲ။
    အတွေးများရင် ခေါင်းရှုပ်တယ်။ ဦးကြောင်ကြီးရေ အချည်းအနှီး ကိစ္စတွေနဲ့ ဗျာများပြီး လမ်းလွဲ လိုက်ဖို့ မစဉ်းစားနဲ့.. ဒီလိုင်းမျိုးတွေက ဆွဲဆောင်မှု သိပ်ကောင်းတယ် တော်ယုံ စိတ်မခိုင်သူတွေ ပါသွားနိုင်တယ်။

  • naywoonni

    January 22, 2011 at 12:55 pm

    စိတ်မခို်င်လို့ ပါသွားတာမဟုတ်ဘူးဆူးမရေ.. တဏှာ လောဘကြောင့်ပါသွားတာ ဖြစ်များဖြစ်မလား နဲ့ ဟုတ်နိုးနိုးပါသွားကြတာများတယ်

Leave a Reply