အပြုံးမပျက် ရပ်တည်လျက်

manawphyulayJanuary 23, 20111min26127

တကိုယ်တည်း အပျိုကြီးပေမယ့်
ဟဲ့- တို့သွေးကို လာမစမ်းနဲ့ ပြာနှမ်းသွားမယ်။
မပူချင်တာကို မယူချင်လို့ မထင်စမ်းနဲ့
လာလာသမျှ ခါခါချနေရတာ စာဖွဲ့ပြမနေချင်ပါဘူး။
အပျိုကြီး … အပျိုကြီးနဲ့ ခနဲ့တဲ့တဲ့ စကားလုံး
ပြုံးတုံ့တုံ့ မျက်နှာပေး
အပျိုကြီးဖြစ်ခြင်း သူ့အဘ စီးပွားအိုး
တုတ်နဲ့ထိုးမိသလား။
မနိုင်ဝန်ဒဏ် သူခံနေရလို့လား။
တို့မှာ သိက္ခာရှိတယ်။ မာနရှိတယ်။
(အပျိုကြီးဆိုတဲ့)
ဂုဏ်ရှိတယ်။ ဝင်ငွေရှိတယ်။
ရည်ရွယ်ချက်ပန်းတိုင်ဆိုတာရှိတယ်။
လျှောက်ရမယ့်လမ်း စမ်းတဝါး ဖြစ်မနေဘူး
အရူးတွေအလုပ် အရှုပ်ထုပ် တို့မလုပ်
အဟုတ်ထင်မနေကြနဲ့။
တို့ဘဝမှာ အိမ်ရာထွက်လည် ချုပ်ချယ်မယ့်သူ ရှိဘူး။
ဒီကို ဟိုသွား တားမြစ်မယ့်သူ မရှိ
စီးပွားတွက်ခက် ရိုက်နှက်မယ့်သူလည်း ဝေးတာမို့
ပူပင်ကင်းလှ
အေးချမ်းလှတဲ့
ဒီဘဝကို နေသားကျခဲ့ပြီလေ…..

27 comments

  • ဆူး

    January 23, 2011 at 2:11 pm

    မနောက အပျိုကြီး ဂိုဏ်း ထောင်မလို့လားဟင်။
    ဂိုဏ်းချုပ်ကြီး လုပ်မယ်ဆို ဂိုဏ်းသားတော့ လုပ်မယ်လေ။
    အဖွဲ့ ခေါင်းဆောင် ဆိုရင် အဖွဲ့ဝင်ပေါ့။
    အသက် ၃ဝ ပြည့်ဖို့ ၃နှစ်လောက် လိုသေးတယ်နော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 23, 2011 at 2:26 pm

    အိုဘယ့် မိန်းမ
    > ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
    > ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
    > နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
    >ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
    > မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
    >ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
    > ခေတ်မှီတာကျတော့ စိတ်မချရ၊
    > စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။

  • ဆူး

    January 23, 2011 at 2:35 pm

    ဘကြီးပုလည်း လူပိုကြီး လုပ်နေတာတော့ မဟုတ်ဘူး ထင်တယ်။ ဒါမှ မဟုတ် အသစ်ကလေး ရှာဖို့ စိတ်တိုင်းမကျ ဖြစ်နေတာလား။

  • manawphyulay

    January 23, 2011 at 2:43 pm

    နောက်က စကား မှန်မယ် ထင်တယ် ဆူးရေ…..

  • manawphyulay

    January 23, 2011 at 2:50 pm

    အိုဘယ့် ယောက်ျား

    ၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
    ၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
    ၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
    ၄. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
    ၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
    ၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
    ၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
    ၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင်
    တွန့်တိုတတ်သော ယောက်ျား
    ၉. အာပုပ်စော်နံသော ယောက်ျား
    ၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို…အဲလေ..ယောက်ျား
    ၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
    ၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင်
    ပြောတတ်သော ယောက်ျား
    ၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
    ၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
    ၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
    ၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို
    ပြောတတ်သော ယောက်ျား
    ၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
    ၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
    ၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
    ၂၀. သားသမီးများက တစ်ခုခုမေးလျှင် “နင်တို့အမေကို သွားမေး” ဟု ပြောတတ်သော ယောက်ျား
    ၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
    ၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
    ၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
    ၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
    ၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
    ၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေဝပ်သူဟု ထင်သော ယောက်ျား
    ၂၇. မိန်းမဆန်ဆန် ဝတ်စားတတ်သော ယောက်ျား
    ၂၈. အဝတ်အစားကို တင်းကျပ်နေအောင် ဝတ်တတ်သော ယောက်ျား
    ၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
    ၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား
    ၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
    ၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား

  • zaw min

    January 23, 2011 at 2:51 pm

    အဲဒီကိစ္စနဲ့ ပက်သက်ပြီး၊ကျွန်တော်တို့ အမျိုးသားရေးရာ ကိုအကြောင်းကြားဖို့လိုအပ်မယ်လို့ထင်ပါတယ်။ဒီကိစ္စက အလွန်ရေးကြီးပါတယ်၊တိုင်းပြည်အတွက်သားကောင်းရတနာ၊သမီးကောင်းရတနာများမွေးထုတ်ပေးရန်အတွက်မိခင်ကောင်းများအထူးလိုအပ်လျှက်ရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ အမျိုးသားရေးရာဖက်မှ အထူးကန့်ကွက်ပါတယ်ခင်ဗျား။
    သဂျီးရေ…..အမျိုးသားရေးရာအတွက် အထူးအစည်းအဝေးတရပ် အမြန်ဆုံးခေါ်မှဖြစ်မယ်ထင်တယ်နော်……
    ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 23, 2011 at 2:51 pm

    မဲမဲဂျီးလဲယူမှာဘဲ
    မဲမဲဂျီးလည်းယူမှာဘဲ

  • manawphyulay

    January 23, 2011 at 2:53 pm

    ဆက်မပြောတော့ဘူးနော်…….. လက်ညောင်းလာလို့…. 😛

  • ဆူး

    January 23, 2011 at 2:56 pm

    မနောရေ.. အိုဘယ့် ယောကျား ဆိုပြီး စာရင်းတွေ ချီလိုက်တာ ၁ ကနေ ၃၂ အထိ.. နောက်ဆုံး အဆုံသတ် စကားလေးတော့ ပါသင့်တယ် ထင်၏။
    အဲလိုလူ ရှောင်မှာလား အဲလိုလူကို စောင့်မှာလား။

  • manawphyulay

    January 23, 2011 at 3:01 pm

    ဦးဘပုရေ စိတ်လျှော့ဗျ။ ယူလည်း စစ်မှုထမ်းရမှာပဲတဲ့။ ဟိဟိ

  • kopauk mandalay

    January 23, 2011 at 3:46 pm

    ကိုပေါက်ရေးထားတဲ့ ကိုဘခွေးရဲ့ဒါန်ပေါက် ကိုတစ်ခေါက်လောက်ပြန်ဖတ်လိုက်ပါအုံးလို့
    ပြောချင်ပါတယ်။
    ကြော်ငြာတာတော့ မဟုတ်ဘူး လိုအပ်မယ်ထင်လို့ပါ။
    ဟုတ်တယ်မလား နှမတော် ပုပုရေ………………….ရေ့

  • unclegyi1974

    January 23, 2011 at 4:26 pm

    မနောရေးတဲ့ ၃၂ ချက်
    များလှချည့်
    ကိုယ်တွေ့လား စာတွေ့လား
    အကြားလား အမြင်လား
    သိချင်လှဘိ

  • ဆူး

    January 23, 2011 at 4:34 pm

    အန်ကယ်ဂျီး ကလည်း မေးမှ မေးတတ်ပါပေတယ်။
    အပျိုကြီး ပါချိုမှ ကွယ်.. ဟင်း.. ဘာတွေ လာမေးမှန်းလဲ သိဘူး။ ချက်ချာကြိး ကြောဝူး.. စာတွေ့ပေါ့.. အဟိ.. စိတ်ကူးယဉ် အိပ်မက်ထဲမှာ တွေ့ဘူးတယ်။ ဘယ်သူမှ ပြန်မပြောနဲ့နော်။

  • manawphyulay

    January 24, 2011 at 3:29 am

    မန်းဂေဇက်မှ ဘဘ ဦးဦး ကိုကို မောင်မောင်လေးများ အချက် ၃၂ ထဲ မပါကြောင်း အမြန်စာပြန်လို့ သက်သေပြန်လိုက်ရင် ပိုကောင်းမှာပါနော်…

  • cherrywine

    January 24, 2011 at 4:13 am

    32 ချက်က များတယ်မထင်ပါဘူး အန်ကယ်ကြီးရယ် ။လက်ရှိတော့ နံပါတ် (1,6,7,18,24) ယောက်ျားမျိုးတွေကို ပိုတွေ့ရတာများနေတယ်။

  • nigimi77

    January 24, 2011 at 5:00 am

    လောက နီတိလက်သစ်

    ၁။ သဘာဝ အား မဆန် ့ကျင်ရာ။
    ၂။ မြင့်မြတ်သော မိခင်ဘဝကို ပေးအပ်သော သဘာဝ၏ လက်ဆောင်အား မငြင်းရာ။
    ၃။ လူဖြစ်ခွင့်ကြုံရန် တန်းစီနေကြသော ဝိဉာဏ်တို ့၏ ကျိန်ဆဲမှုအား မခံအပ်ရာ။
    ၄။ မျိုးဆက်သစ်များ နိုင်ငံ၏ အနာဂါတ်ကလေးများ ဖြစ်ပေါ်လာရေးအား မတားဆီးရာ။
    ၅။ အပျိုကြီး အသက်ကြီးမှ မိမိကိုယ်ကို သုံးသပ်ပြီး နောင်တမရအပ်ရာ။
    ၆။ တူ၊ တူမ များအား မနှိပ်စက်ရာ။
    ၇။ သေခါနီး ဘယ်ဟာကတော့ ဘယ်သူ ့ကိုပေးပြီး ဘယ်လောက်ကတော့လှုဖို ့ ရတက်မများရာ။
    ၈။ အပျိုကြီးများ သတိထား သေလျင် ရေခဲတိုက်မှ ကုလားများ လက်ခမောင်း ခတ်ချိမ့်သတည်း…….။

  • Gipsy

    January 24, 2011 at 7:57 am

    အနော့ကိုများစောင်းပြောလေသ လား ..ထင်ယောင်မှား….
    အပျိုကြီးမမတို့ရယ် ဂွကျလှတယ်…….
    အထက်ပါအချက် ၃၂ အားလုံးပြည့်စုံနေရင် ဂုဏ်ထူးပေးမှာလား.?

  • အိုဘယ့်ယောက်ကျား(၃၂)ချက်အားမိတ္တူကူးပြီးသစ္စာ့သူငယ်ချင်းတွေကိုဝေပေး
    ချင်လို့ပါ။မမမနောရယ်။
    ဒါပေမဲ့မမ မနောရေသတိထားဦးနှော် ။အမှန်တရားကိုလူတိုင်းကလက်မခံတတ်ဖူးတဲ့။

  • kai

    January 25, 2011 at 9:22 am

    မြန်မာပြည်..လူမှုဓလေ့တွေအရ.
    အမျိုးသမီးများ ..အရွယ်ရောက်..အဲဒီကနေ..အရွယ်လွန်..အပျိုကြီးဖြစ်ကြတာကို… ကာယကံရှင်အမျိုးသမီးတွေကို အပြစ်ပြောစရာအကြောင်းမရှိပါ..။
    အဲဒီအမျိုးသမီးအနီးအနားက .. ဖခင်၊မိခင်..ဆွေမျိုးများနဲ့… ယောက်ျားဘသားများကိုသာ … အပြစ်တင်လိုပါကြောင်း။ 🙂

  • manawphyulay

    January 25, 2011 at 11:19 am

    Kai>>>>ရေ အဲလိုတော့လည်း အပြစ်မပြောပါနဲ့။ မိဘဆိုတာ ဆိုးလို့ရတယ်လေ အဟီး ဘဝဆိုတာ ကံပါလာသလိုပေါ့…. ညီမလေး သစ္စာရေလုပ်မယ် မလုပ်ဘူး မပြောပါဘူး ညီမလေးရာ ကံပါလာသရွေ့ပေါ့ ဟုတ်ဘူးလား။

  • naywoonni

    January 25, 2011 at 12:01 pm

    အဲဒါကြောင့် SOMERSET MAUGHAM ကရေးခဲ့တာထင်ရဲ့ သူရေးထားခဲ့တာက –
    Women dislike intelligence in husbands.A woman will always sacrifice herself if you give her the opportunity.
    Luxury saps a woman’s nerve and when she’s known it becomes a necessity.
    ဘာလဲတော့ အတိအကျမပြန်တတ်ဘူး ။ အတင်းပြောထားတယ်လို့တော့သိတယ်။ အစအဆုံး သိချင်ရင်တော့ သူ့စားအုပ်က Wit and Wisdom of SOMERSET MAUGHAM တဲ့ စာအုပ်ကပါးပါးလေးပါ။ ဆောင်းပါးဆယ်ပုဒ်ပါတယ်။ ဒီလိုပဲ အဘိဓါန် အစုတ်လေးနဲ့ ရိပ်ဖမ်းသံဖမ်း နားလည်ရုံလောက်ဖတ်ဖူးတာ …. 😛

  • manawphyulay

    January 26, 2011 at 3:12 am

    ရိပ်ဖမ်းသံဖမ်းလေးတွေလည်း နားလည်သလောက် ပြန်ပြောဦးလေ ဘဘနီရယ်… ဒါမှ ဗဟုသုတရမှာပေါ့ ဟုတ်ဘူးလား…..

  • တို့ကလည်းဒိလိုပြောချင်တယ်
    ရုပ်ဆင်းလည်းလှ နူးညံ့နွဲ့နှောင်း
    အတွေးအခေါ်ကမြင့် မိန်းမပီပီသ
    အချက်အပြုတ်ကကျွမ်းကျင် အသုံးအနုံးကနည်းသေး
    စကားပြောလေးကချိုသာ ဝင်ငွေနဲ့ထွက်ငွေမှန်အောင်ညှိလို့
    ချွေတာကာစုဆောင်း သူဌေးလောင်းမလေး ခေတ်ရေစီးထဲမှာလေ
    ခေတ်မှီအောင်နေပြီး စိတ်ချရပြန်တော့ ကြည့်လို့လှတဲ့ မဒီကညာ လှပျိုလေးဆိုရင်ကော………….

    • manawphyulay

      July 13, 2011 at 11:19 am

      အခု တွေ့ထားပြီးလို့လားဟင်……….

  • pan pan

    July 13, 2011 at 11:48 am

    အပျိုကြီးက တော်သေးတယ်
    လူပျိုကြီးက သာဆိုးသေး

Leave a Reply