“Demonstration of Cisco devices password hacking and Cisco IOS backup restore” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

manawphyulayJanuary 21, 20111min2520

ICT-Laboratory “Demonstration of Cisco devices password hacking and Cisco IOS backup restore” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ Net-Info မှ (Lecturer) Complete ICT Solution Provider ဦးအောင်ထွန်းလင်းမှ ဇန်နဝါရီလ (၂၉) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Demonstration of Cisco devices password hacking and Cisco IOS backup restore ”ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြသွားမည်ဖြစ်သည်။ Enterprise Level networking devices များဖြစ်ကြသော Cisco router, Cisco switch များ၏ password crack, password hack ခြင်းများကို simulator and real devices များဖြင့် လက်တွေ့သရုပ်ပြသသွားမည်ဖြစ်သည်။ Cisco router, Cisco switch တို့၏ Internetwork Operating System (IOS) များကို backup, restore လုပ်ခြင်းများကိုလည်း simulator and real devices များဖြင့်လည်း ရှင်းလင်းပြသသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPAစာမေးပွဲအောင်မြင်ထားသူများနှင့် Network အခြေခံတတ် မြောက်ထားသူများ၊ Routing နှင့် Switching့ စိတ်ပါဝင်စားသူများ၊ CCNA စာမေးပွဲဖြေဆိုရန် လေ့လာနေသူများ မည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး ဇန်နဝါရီလ (၂၈) ရက်နေ့ ညနေ (၃းဝဝ) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀ဝ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။