တရုတ်နှစ်သစ်ကူးအတူနွှဲပျော်ရန် လမ်းလယ်ခေါင်တွင် ဆိုင်းဘုတ် ထောင်၍ ချစ်သူရှာဖွေ

bigbirdJanuary 21, 20111min18214

တရုတ်နိုင်ငံ ချင်းတူမြို ့ထုတ် ချင်းတူဝန်ပေါင်း သတင်းစာတွင် အသက်၂၆ နှစ်အရွယ် မိန်းမလှလေး

တစ်ဦးသည် လမ်းလယ်ခေါင်တွင် အောက်ပါအဓိပ္ပါယ်ရှိသော ဆိုင်းဘုတ်အားကိုင်ဆောင်ထားကြောင်း။

ဆိုင်းဘုတ်တွင် “”နှစ်ကူးမှာအတူနွှဲဖို ့ ချစ်သူရှာနေပါတယ်။ ၅ရက် ကို လုပ်အားခ ၁၀၀၀ဝ ယူဝန်””   လို ့

ရေးသားထားပါတယ်။ မြန်မာကျပ်ငွေ ၁၄ သိန်းခန် ့ ရှိပါတယ်။ နှစ်ကူးမှာ ကျမချစ်သူကို ကျမရဲ ့ မိဘ

မောင်နှမ တွေနဲ ့ မိတ်ဆက်ပေးချင်ကြောင်း သူမကဆိုပါတယ်။

14 comments

  • bigbird

    January 21, 2011 at 5:13 pm

    ကဲ..ကိုယ့်လူတို ့ရေ.အမြန်ဆုံးဆက်သွယ်လိုက်ကြပါဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 21, 2011 at 5:20 pm

    ဈေး အလျှော့အတင်းရှိသလားဗျို ့?
    ဝန်ဆောင်မှုလေးတွေလဲ သိချင်ပါတယ်

    • bigbird

      January 21, 2011 at 5:24 pm

      ဘကြီးပု ဆိုရင်တော့ ဈေးပိုပေးလိမ့်မယ်ထင်ပါတယ်။

  • ဆူး

    January 21, 2011 at 5:27 pm

    အဲဒီ လူမှု အသိုင်း အဝိုင်းကလည်း ပြသနာ မိန်းကလေး အရွယ်ရောက်လာရင် ချစ်သူ ရီးစား မှ မရှိရင် တမှောက် အိမ်ထောင်မကျဘဲ အပျိုကြီးများ ဖြစ်လို့ကတော့ ပတ်ဝန်းကျင်က လူတွေ ပြောတာနဲ့ တော်တော် နားငြီးနေရမယ်။

  • phantom

    January 22, 2011 at 2:51 am

    သွားမယ် သွားမယ် လစာလည်းရမယ် ကောင်မလေးကဆိုးဘူးဟ တစ်ခုတော့ မေးကြည့်ရမယ် တစ်သက်လုံး ရိုးမြေကျ ပေါင်းပြီး လင်မှတ်မှတ် သားမှတ်မှတ် ပေါင်းမှာလားလို့

  • cherrywine

    January 22, 2011 at 2:53 am

    အိမ်း … တို့လည်း အဲ့လိုလုပ်ရတော့မယ် ထင်ပါရဲ့ 🙂

  • yuyu

    January 22, 2011 at 3:57 am

    တို့တွေကတော့ ပြန်မအမ်းနိုင်ပါဘူးနော် ချောချောလေးနဲ့ ထောထောလေးဆိုရင်တောင် စဉ်းစားရဦးမယ် အခုခေတ်ပုံမှားရိုက်တာကများနေလို့လေ

  • bigcat

    January 22, 2011 at 4:13 am

    အယ်မယ်လေး.. သွားမလုပ်ကြနဲ့။ အဲသာ ဘီလူးမကြီး လူယောင်ဆောင်ထားတာ။ ညကျရင် ကိုက်ချားခံရလိမ့်မယ်။

  • အာဖျံ ကွီး

    January 22, 2011 at 6:20 am

    ဓါတ်ပုံက ဘယ်လိုကြီး ဖြစ်နေတာလဲ … ခါးထိပဲရှိတာလား … ဘယ်လိုဖြစ်ရတာလဲ ….
    စုံစုံလင်လင်လား … သေသေချာချာလဲစစ်ပါအုံး … ကိုငှက်ကြီးရေ ….
    ကွးီးက ကိုကြောင်ကြီးကို အဲဒီကောင်မလေးဆီက်ိုသွားပို.ပေးမလို. … ရတဲ့ပိုက်ဆံထဲက လေယာဉ်လက်မှတ်ဖိုးနှုတ်ပီး ကျန်တာ ကွီးယူမရ်။
    မဟုတ်ရင် … ရွာထဲကို အသစ်ရောက်လာတဲ့ ရွာသူလေးတွေကို ကိုကြောင်ကြီး လိုက်ကြောင်လွန်းလို. …. ကွီးကိုလာလာတိုင်ကြတော့ စိတ်မကောင်းကြီးစွာနဲ.ပဲ တစ်ဖက်နိင်ငံကို ရောင်းစားလိုက်ရတာ မနည်းမနောတောင် ရှိနေပါပီကောလား .. ဟီးဟီးးး

  • ဆူး

    January 22, 2011 at 6:59 am

    ကွီးရေ ဒါမျိုးကျတော့ ဦးကြောင်ကြီးက လည်တယ်တွေ့လား ညကျ ဘီးလူး အသွင်နဲ့ ကိုက်စားခံရမယ်တဲ့ ခြိမ်းခြောက်ထားတယ်။ ရွာသားတွေ အရင်သွားရင် မမှီမှာ စိုးလို့။ ဉာဏ်ထွင်တာ တွေ့လား။

  • cobra

    January 22, 2011 at 8:16 am

    ယား……….
    မိုက်လှချည်လား…ရည်းစားရှာတဲ့နည်းကတော်တော်ကိုရှားရှားပါးပါးပဲ
    ကျွန်တော်လည်းသူ ့လိုရှာရင်ကောင်းမယ်…။

  • intro

    January 22, 2011 at 9:16 am

    ၅ ရက် ကို ၁၀၀၀ဝ ယူဝမ်ဆိုတော့ သူကပေးမှာလား၊ သူ့ကိုပေးရမှာလား၊

    • bigbird

      January 22, 2011 at 1:10 pm

      ကောင်မလေးက ပေးမှာပါ။ လုပ်အားခနဲ ့ငှါးရမ်းတဲ့ သဘောပါခင်ဗျား….

  • meelay

    January 22, 2011 at 10:28 am

    ဦးကြောင်ကြီးတို့ကတော့ ဒါမျိုးဆို ပြေးတယ် … အားလုံးကို ခြောက်ထားလိုက်တော့ ဦးကြောင်ကြီးအတွက် ပြိုင်စရာလူ မရှိတော့ဘူးပေါ့ …. 🙂

Leave a Reply