ရွှေအ နဲ့ ရွှေဘ

ashinindakaJanuary 22, 20111min16717

ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နဲ့ အသောကမင်းကြီးတို့
ဆရာဒကာလက်တွဲညီညီ သာသနာတော်သန့်ရှင်းရေးကို
ဦးစားပေးဆောင်ရွက်နိုင်ခဲ့ပါတယ်။
တတိယသံဂါယနာတင်ပွဲကြီးကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အနာဂတ်သာသနာရေးနဲ့ပတ်သက်ပြီး
အသောကမင်းကြီး ရတက်မအေးဖြစ်ပုံပေါ်ပါတယ်။
ဒီအတွက် ပြည်ပသာသနာပြုစေလွှတ်ဖို့ စီစဉ်တယ်။
ရဟန်းတော်များကို တိုင်းဒေသကြီး ၉-ခုသို့ သာသနာပြု စေလွှတ်ခဲ့ပါတယ်။
ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်တယ်လို့ လူသိများတယ်။

ကိုးတိုင်းကိုးဌာနမှာ
အရှင်သောဏနဲ့ အရှင်ဥတ္တရမထေရ်တို့ခေါင်းဆောင်တဲ့ သာသနာပြုအဖွဲ့က
သုဝဏ္ဏဘုမိ္မသို့ ကြွရောက် သာသနာပြုကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီအချိန်တုန်းက သုဝဏ္ဏဘူမိလို့ခေါ်တဲ့အရပ်ဒေသမှာ
ဘီလူးဘေးသောင်းကြမ်းတယ်လို့ ဆိုတယ်။
ဘီလူးတွေက လူတွေကို အမြဲတမ်းဝင်ရောက်နှောက်ယှက်နေတဲ့အချိန်
သာသနာပြုကြွလာတဲ့မထေရ်နှစ်ပါးက ဘီလူးဘေးရန်မှ ကာကွယ်ပေးနိုင်ခဲ့တယ်။
ဒါ့ကြောင့် သာသနာပြုမထေရ်နှစ်ပါးဟာ
လူတွေရဲ့ အားထားယုံကြည်မှုရရှိလာတယ်။
လူတွေကို ဗြဟ္မဇာလသုတ်ဟောကြားပေးပါတယ်။
သရဏဂုံသုံးပါးဆောက်တည်စေပါတယ်။
မထေရ်နှစ်ပါးရဲ့ စွမ်းဆောင်မှုကြောင့် လူတော်တော်များများ
သာသနာ့ဘောင်ဝင်ရောက်လာကြတယ်။

ငယ်ငယ်တုန်းက ဖတ်ခဲ့မှတ်ခဲ့ရတဲ့အဋ္ဌကထာကျမ်းတွေထဲမှာ
ဖော်ပြထားတာ ဒီလောက်ပဲ။
သုဝဏ္ဏဘူမိဆိုတာ ဘယ်နေရာက ဘာလူမျိုးတွေဖြစ်တယ်ဆိုတာ
တိတိပပဖော်ပြမထားဘူး။

တချို့ မြန်မာရာဇဝင် သာသနာဝင်စာအုပ်တွေထဲမှာ
သုဝဏ္ဏဘူမိဆိုတဲ့ဒေသကို
မွန်ပြည်နယ်အတွင်းရှိ သထုံမြို့နေရာလို့ ရေးသားဖော်ပြကြတယ်။

ခေတ်သစ် သမိုင်းသုတေသီတို့ကတော့
သုဝဏ္ဏဘုမိ္မဆိုသည်မှာ ဆုမတြာကျွန်းဆွယ်ကို သုဝဏ္ဏဘုမိ္မ ခေါ်ဆိုကြောင်း
ကောက်ချက် ချပြထားတယ်။

ရှေးက အဲ့ဒီကျွန်းဆွယ်မှာ သုမိတ္တခေါ်သော အိနိ္ဒယတိုင်းသားကုန်သည်တစ်ဦး
ပထမဦးဆုံး လာရောက်အခြေချနေထိုင်တယ်။
အရင်ဆုံးလာရောက်အခြေချနေထိုင်တဲ့ သုမိတ္တဆိုသူရဲ့အမည်ကို အစွဲပြုပြီး
ဆုမတြားကျွန်းဆွယ်လို့ ခေါ်ဆိုကြောင်းသိရတယ်။
ပါဠိဘာသာဖြင့် သုမိတ္တ (Sumitta) သက္ကတဘာသာဖြင့် ဆုမိတြမှ ဆုမတြားလို့
ဖြစ်လာကြောင်း ရေးသားပြောဆိုကြတယ်။

နောက်ပိုင်းမှာ အိန္ဒိယသားများက
ဒီဆုမတြားကျွန်းဆွယ်ကို သုဝဏ္ဏဘူမိလို့ ခေါ်ဆိုလာကြတယ်။

အကြောင်းက….

ရှေးက အိန္ဒိယနိုင်ငံသားတွေ ဒီကျွန်းဆယ်ကို ကုန်ရောင်းကုန်ဝယ်ကိစ္စနဲ့
လာရောက်နေထိုင်ကြတယ်တဲ့။ စီးပွါးအတော်ဖြစ်ထွန်းကြတယ်ဆိုပဲ။
သူတို့အတွက် ဆုမတြားကျွန်းဆွယ်ဟာ ရွှေလို အဖိုးတန်သောနယ်မြေလို့
သတ်မှတ်လာပြီး ရွှေမြေ (သုဝဏ္ဏဘူမိ) လို့ တင်စားခေါ်ဝေါခဲ့ကြတာတဲ့။

တချို့သမိုင်းသုတေသီတို့က
သုဝဏ္ဏဘူမိ (ရွှေမြေဒေသ) ဟာ
မွန်ပြည်နယ်၊ သထုံတစ်ဝိုက်အထိပါဝင်တယ်တဲ့။
အရှင်သောဏနှင့် အရှင်ဥတ္တရတို့ သာသနာပြုရောက်စဉ်က
လူတို့ ဘီလူးဘေးရန်များကို ခံစားနေကြရတယ်ဆိုတဲ့အဆိုနဲ့
ရှေးဟောင်း မွန်ရာဇဝင်ကျမ်းများ၊ ဓမ္မစေတီမင်း၏ ကျောက်စာများမှာ
သထုံဒေသကို ရက္ခပူရ (ရေဘီလူးနိုင်ငံ)ဟု ရှေးဦးက ခေါ်ဆိုခဲ့ကြတယ်ဆိုတဲ့အဆိုနှစ်ခု
တထပ်တည်းကျနေလို့ဆိုပြီး အကြောင်းပြကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာတို့ကတော့ ဒီနေ့
ကိုယ့်ကိုယ်ကို “ရွှေ” လို့သတ်မှတ်နေတာ တွေ့ရတယ်။
ကိုယ့်ကိုယ်ကို ရွှေနိုင်ငံသားလို့ ပြောကြတယ်။
စာအုပ်တွေထဲမှာလည်း မြန်မာနိုင်ငံကို
Golden Land ရွှေနိုင်ငံလို့ ဖော်ပြကြတယ်။

မလေးရှားနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများက
သူတို့ကို သူတို့ ရွှေလို့ ရည်ညွှန်းပြောဆိုတာ မကြာခဏ ကြားဘူးတယ်။
ဗီယက်နမ်နိုင်ငံသားတွေကို ဗထက်ချိုက်၊
ဖိလစ်ပိုင်နိုင်ငံသားတွေကို ဖဦးထုပ်၊
စင်္ကာပူနိုင်ငံသားတွေကို စလုံး၊
ဘင်္ဂလားနိုင်ငံသားတွေကို ဘကုန်း၊
အင်ဒိုနီးရှားနိုင်ငံသားတွေကို အ
စသည်ဖြင့် အသီးသီးရည်ညွှန်းပြောဆိုလေ့ရှိတယ်။

မလေးရှားနိုင်ငံ၊ အလုပ်ရုံ၊ စက်ရုံတွေမှာ
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတူ နေထိုင်ကြရတာ။

ဆိုတော့
နိုင်ငံမတူ၊ လူမျိုးမတူ၊ ဘာသာမတူပေမဲ့
အနေနီးစပ်လို့ မေတ္တာမျှပြီး အိမ်ထောင်ကျသွားတာတွေလည်း ရှိရဲ့။

ရွှေလို့ခေါ်တဲ့ဗမာတွေနဲ့ အ လို့ခေါ်တဲ့ အင်ဒိုနီးရှားတွေ အိမ်ထောင်ကျပြီး
မွေးလာတဲ့ကလေးတွေလည်း အတော်များနေပြီ။
အဲ့ဒီကလေးတွေကို ‘ရွှေအ’ လေးတွေလို့ ခေါ်ကြတယ်။

ရွှေလို့ခေါ်တဲ့ဗမာတွေနဲ့ ဘ လို့ခေါ်တဲ့ ဘင်္ဂလားတွေနဲ့အိမ်ထောင်ကျလို့
ရလာတဲ့ကလေးတွေကိုတော့
‘ရွှေဘ’ တဲ့။

‘ရွှေအ’ တွေ၊ ‘ရွှေဘ’ တွေများလာတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။
ဒီအတွက် မိဘတွေကို အပြစ်တင်ရမှာလား။
ဘယ်သူ့ကို အပြစ်တင်ရမလဲ။

17 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 22, 2011 at 7:03 am

    သမိုင်းကြောင်းအရ
    ပုဂံဒေသကို ဗာစကိုဒဂါးမား လားဘယ်သူလဲတော့ မသေခြာပါ
    အဲ့သည်ပုဂ္ဂိုလ်ရဲ ့ခရီးသွားမှတ်တမ်းမှာ စေတီပုထိုးတွေမှာ မှာ ရွှေရောင်သန်းနေတာကို
    အစွဲပြုပြီး ရွှေရောင်လွှမ်းသောမြေဟု မှတ်တမ်းရှိတယ်လို ့ပြောကြပါတယ်
    တစ်ကယ်တမ်းမြန်မာလူမျိုးတွေကို ရွှေလို ့ခေါ်တာကတော့
    အခြားအကြောင်းတစ်ခုလို ့ထင်မိပါတယ်ဘုရား
    ထုံးစံအတိုင်း အခြားဘဒ္ဒ န္တတွေ ဆွေးနွေးပါလိမ့်မယ်ဘုရား
    ဘယ်ဘဒ္ဒ န္တမှမဖြေရင်တော့
    အောင်ပုဘဒ္ဒ န္တမှ ဖြေကြားပါမည်ဘုရား။

  • ashinindaka

    January 22, 2011 at 7:09 am

    အတော်နောက်တဲ့ ဘဒ္ဒန္တအောင်ပု၊ အဲလေ ဒကာအောင်ပု ပါလားဟေ့။

  • bigcat

    January 22, 2011 at 7:13 am

    ခေါင်းပေါ်က ယားကျိကျိသတ္တဝါ သန်းနဲ့ အဖိုးတန်ရွှေကိုတွဲပြီး နာမည်မှည့်ထားသူကြီးကိုသာ အပြစ်တင် လိုက်ပါတော့ဘုရား။

  • ဆူး

    January 22, 2011 at 7:18 am

    သန်းဆိုတာ ခေါင်းကိုက်တဲ့ အမျိုးလေ.. ရွှေပါတော့.. သိပ်အဖိုးတန်နေတာပေါ့။
    ရွှေဘ ရွှေအ ဆိုလို့ အစပိုင်း သမိုင်းချီလာတာ သိချင်စိတ်နဲ့ ဖတ်ရင်း နောက်တော့ အိမ်ထောင်သားမွေး ဇတ်လမ်း ရောက်သွားပါကကောလား။

  • အာဖျံ ကွီး

    January 22, 2011 at 7:27 am

    ယိုးဒယားနိင်ငံသားကို ယပက်လက် … ဟီးး … မိုက်တရ်

  • kai

    January 22, 2011 at 8:55 am

    ကမ္ဘာမှာတန်ဖိုးအကြီးဆုံး .. ကျောက်မျက်တခုဖြစ်တဲ့.. ပတ္တမြားထွက်တယ်..။ ကမ္ဘာမှာအထွက်ဆုံးလည်းဖြစ်တယ်..။
    ကမ္ဘာမှာတန်ဖိုးအကြီးဆုံး .. ကျောက်မျက်တခုဖြစ်တဲ့.. ကျောက်စိမ်းထွက်တယ်..။ ကမ္ဘာမှာအထွက်ဆုံးလည်းဖြစ်တယ်..။
    အဲဒါကို ..ဘယ်ကဘယ်လို.. မြန်မာလူမျိုးနစ်နိမ်းက .. ရွှေဖြစ်သွားသလည်း မသိပါဘုရာ့..။

    ကြည့်ရတာ. ..ငွေကြေးကို နာမ်နှိမ်ပြီး ..ကျပ်..ပြားခေါ်..။
    လူကိုအညွှန့်ချိုးပြီး. ကျွန်တော်၊ ကျွန်မလုပ်ခိုင်း..။
    Burman ဆိုတဲ့ မြင့်မြတ်တဲ့အနွယ်အမည်ရှိပြီးသားကို .. Burmese လို့ကျွန်စော်နံတာပြောင်းခေါ်..။
    လူမျိုးနစ်နိမ်းကိုပါ..နာမ်နှိမ်ပြီး…ရွှေလုပ်လိုက်တယ်…ထင်မိပါတယ်ဘုရား..။
    ကြည့်ရတာ ..အင်္ဂလိပ်လက်ချက်မကင်းဘူးလို့..ထင်ပါတယ်ဘုရာ့..။ 🙂

    သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကတော့ .. အသောကမင်းသာသနာပြုလွှတ်တဲ့ထဲ..မြန်မာပြည်မပါဖူးလို့ သုံးသတ်ထားပါတယ်.။
    အဲဒါ..အဲဒါနဲ့ဆိုင်တဲ့သူတေသနကို အိန္ဒိယသွားတက်တဲ့.. မြန်မာကိုယ်စားလှယ်အဖွဲ ့ကအတင်းကို .. ပါကိုပါတယ်လုပ်ချပြီး အိန္ဒိယက ပြန်ခဲ့ကြတယ်တဲ့..။
    တကယ်တော့ ..မြန်မာပြည်ကို .. ဗုဒ္ဓဘာသာရောက်တာ အင်မတန်နောက်ကျပါတယ်တဲ့..။
    သူ့အထောက်အထားတွေအရဆို ..နှစ် ၁ဝ၀ဝ လောက်ပဲ..။
    ဆိုတော့ ..ပုဂံက ပုထိုးတွေက .. အိန္ဒိယက..ဟိန္ဒူပုံစံတွေဆောက်ကြတည်ကြတာပါ..။
    ရွှေမသုံးခဲ့လောက်ပါဘူး..။
    အဲဒါမျိုးခေတ်နည်းနည်းစောတဲ့ မြို ့ကြီးတွေ ..အိနိ္ဒယမှာရှိတယ်..။ တီဗီမှာတွေဖူးတယ်.။ရုတ်တရက်ကြည့်ရင် ..ပုဂံနဲ့ချွတ်စွတ်ပဲ..။

    အရှင်ဘုရားဆောင်းပါထဲ..ဝင်အာမခံပေးလိုက်ချင်တာလေးရှိပါတယ်.။
    ရွှေဘရော..ရွှေအရော… ဗုဒ္ဓဘာသာဝင်မဖြစ်ဖူးလို့ပါ..။
    ၉ဝရာခိုင်နှုန်းသေချာတယ်..။

    (ဘဒ္ဒ န္တသဂျီးမှ ဤသို့ဖြေလိုက်သည်…)

  • intro

    January 22, 2011 at 9:53 am

    ကျွန်တော်တို့ အစ်ကို လိုက်တဲ့သင်္ဘောလိုင်းကတော့ တစ်စင်းလုံး မြန်မာတွေချည်းပဲမို့ တစ်ခိုင်လုံးရွှေ သင်္ဘော (အပြင်မှာ အခြားအမည် ရှိပါသည်) လို့ ခေါ် ပါကြောင်း။

  • naywoonni

    January 22, 2011 at 12:25 pm

    ဘဒ္ဒ န္တ တွေ ဝင်ပြောဟော သွားတာ ကောင်းပါတယ်။ မြန်မာပြည်မှာ ကျန်တဲ့ ကျောက်သံ ပတ္တမြားတွေ ထွက်နေသော်လည်း လူတိုင်းမတွေ့ဖူး မမြင်ဖူး မဝတ်ဖူးကြပါ။ ရွှေကတော့ မြင်ဖူး ဝတ်ဖူးနေကြမို့ ရွှေလို့ပဲ လွယ်လွယ် ပဲပေးလိုက်ကြပုံရပါတယ်။ ရွှေနဲ့ ကျန်တာတွေ ရောတော့ ရွှေ ရဲ့ အရည်ကျသွားတာပေါ့..။

  • bigbird

    January 22, 2011 at 1:49 pm

    ရွှေရောင်တဝင်းဝင်းနဲ ့ စေတီပုထိုးတွေ နေရာအနှံ ့တွေ ့ရသောကြောင့်
    ရွှေမြန်မာ ဟု ခေါ်ဆိုသည်ဟု ထင်ပါသည်ဘုရား။

  • zaw min

    January 22, 2011 at 3:47 pm

    ရွှေဟုခေါ်ဝေါ်သုံးဆွဲမူကို မည်သည့်ပညာရှိက စခဲ့သည်မသိပါ။တပည့်တော် ၁၉၉၀-၁၉၉၁ ခုနှစ်အတွင်းမှာ သင်္ဘောသားဘဝနှင့် စင်္ကာပူသို့ရောက်ရှိချိန်တွင်မြန်မာသင်္ဘေားများ စတင်သုံးဆွဲနေသော ဝေါဟာရ ဖြစ်ပါသည်။မည်သည့်မဟာပညာရှိက တီထွင်ခဲ့သည်ကိုတော့မသိပါ။တပည့်တော် အထင်ကတော့ သင်္ဘောပေါ်၌ မြန်မာများတစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် တစ်ခြားသောနိုင်ငံခြားသားများကို ကိုယ်စားပြုသည့်နိုင်ငံများမသိစေရန်အတွက် စကားဝှက် များအဖြစ်အသုံးပြုခြင်းမှ စခဲ့သည်ဟုထင်ပါသည်။မလေးရှားနိုင်င်ငံရှိ ရွှေအ၊ရွှေဘများသည် ဘာသာကူးပြောင်းသူများ အလွန်နည်းပါသည်။ဘာသာတူသူများသာပေါင်းသင်းနေထိုင်သည်ကများပါသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 22, 2011 at 3:59 pm

    သမိုင်းဆိုတဲ့သဘောတရားကို စာအုပ်တွေဖတ်ပြီးပြောတာကလည်း တစ်မျိုးသွားပါတယ်
    ကိုယ်တိုင်တွေးတောကြံဆတာကလည်း တစ်မျိုးသွားပါတယ်
    မှားတယ်မှန်တယ်ဆိုတာကတော့
    ကိုယ့်ယုံကြည်ချက်မဟုတ်တိုင်း အဂန် ့န်စ်ထ် လုပ်ရင်တော့
    အတ္တဝါဒီဖြစ်သွားမယ့် သဘောကို ဆောင်မယ်ထင်ပါတယ်
    ယ္ခင် ပြည်ပကိုရောက်တာနဲ ့
    မြန်မာပြည်သားတွေကို
    ရွှေ လို ့ခေါ်ကတည်းက ဘာပါလိမ့်ပေါ့
    မေးမြန်းကြည့်တော့ ရှားရှားပါးပါးဖြစ်လို ့ ရွှေလို ့ခေါ်တာတဲ့
    အဲလိုဘဲပြောကြတော့ ပြီးရောပေါ့လေနော
    နောင်များ အမှတ်မထင်လေ့လာကြည့်တော့
    ဒီအဆိုတွက် လက်မခံခြင်တော့ဘူး
    သထုံသုဝဏ္ဏဘူမိဒေသရဲ ့ကျဆုံးရခြင်းအကြောင်းတွေကို သုံးသပ်ကြည့်ရာကနေ
    တစ်ခုမှတ်ချက်ချမိခဲ့တယ်
    အဲ့သည်ခေတ် မွန်လူမျိုးတွေရဲ ့စိတ်ကိုသွားတွေ ့တယ် (လူမျိုးရေးအယူသည်းမှုမရှိစေရ)
    ဆိုလိုတာက
    ပုဂံရဲ ့အရည်းကြီးဝါဒ လွှမ်းမိုးနေတဲ့အချိန်မှာ
    မွန်တွေဖက်ကနေကြည့်ရင် တော်တော်ဆိုးတာဘဲလေနော
    ခုခေတ်နဲ ့ပြောရင် ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓရှင်တော်ဘုရားရဲ ့
    တရားတော်မှာ နေထိုင်တဲ့လူတွေဆိုပြီး သူများကို
    မှိုချိုးမျှစ်ချိုးပြောပြီး ကိုယ်ကတော့ နွားဇာတ်ခင်းကြသလိုပေါ့ 🙂 🙂 🙂
    ဆက်စပ်ပြောရရင် အဲ့သည်ခေတ် မွန်လူမျိုးတွေက သူတို ့ကိုယ်သူတို ့
    မြင့်မြတ်တဲ့သဘောမှာထားကြတယ် ဗုဒ္ဓရှင်တော်ဘုရားရဲ ့ တရားတော်မှာ သက်ဝင် ယုံကြည်သူတွေပေါ့
    ဗုဒ္ဓရှင်တော်ဘုရားရဲ ့တရားတော်မှာ ရှိတယ် သတ္တဝါရဲ ့နှလုံးသွေးမှာ
    ဒေါသကင်းသော (သို ့) အ လောဘ ဒေါသ လုံးဝမရှိတဲ့သူ ရဲ ့သွေးဟာ
    အဝါရောင် ရွှေရောင် ရှိတယ်လို ့ အဲ့လိုဖွင့်ဆိုတယ်
    ……………………………………………………………
    …………………………………………………………….
    သူတို ့က အဲ့သည်လိုသွေးရှိတဲ့သူတွေ….ရွှေမျိုးတွေ
    နောင်ပြောလာကြတယ် သာကီနွယ်…..
    ဒါကတော့ အကျဉ်းခြုံ ့ပြီးပြောတာနော….
    ကြုံလို ့ပြောရဦးမယ်
    စေတနာတို ့
    မေတ္တာတို ့ကို
    တယ်ပြီး သုံးနှုံးကြတယ်
    အလိုမကျတဲ့သဘောကို ပြန်ပြောကြကတည်းက
    ကိုယ့်ကိုယ်ကိုယ် စေတနာရှိတယ်
    မေတ္တာရှိတယ်ဆိုတာ စာဖတ်ပြီးပြောတယ်ဆိုတာကို
    နားလည်ကြဘို ့တိုက်တွန်းပါတယ်
    ထပ်ပြီးပြောရမယ်ဆိုရင်တော့
    အောင်ပု တောပြောတောင်ပြော
    ဆဲရေးတိုင်ထွာတိုင်း လိုက်ပြီး မခံစားနေကြနဲ ့
    မပြောခင်မဆိုခင် ပြောပြီးဆိုပြီး
    အောင်ပု ဘယ်လို ရှိခိုးတောင်းပန်တယ်ဆိုတာ သိလား
    အောင်ပုဆဲတိုင်းလိုက်ဆဲကြစတမ်းဆို အောင်ပုစစ်ထဲဝင်ရင် လိုက်ဝင်ကြမလား
    သိပ်ရုပ်ရုပ်မလုပ်နဲ ့
    ခု……………….
    ဘုန်းကြီးဝတ်ပြီး လိပ်စာပေးလိုက်လို ့ နေ ့တိုင်းဆွမ်းလာပို ့နေရမယ်
    ဘာအောက်မေ့နေလဲ…….

  • bigcat

    January 22, 2011 at 4:05 pm

    မသိလို့ မေးပါရစေဘုရား။ ရွှေအ၊ ရွှေဘဆိုတဲ့ အခေါ်အဝေါ်ကို အခုမှကြားဖူးပါတယ်။ မလေးနဲ့ရရင် ရွှေမ၊ စင်္ကာပူဆိုရင် ရွှေစ၊ ဂျပန်နဲ့ဆို ရွှေဂ၊ ဖိလစ်ပိုင်နဲ့ဆို ရွှေဖါး၊ တရုတ်နဲ့ဆို ရွှေပေါက် ဆိုတာမျိုးတွေရော ရှိပါသလား။

  • sayargyi

    January 23, 2011 at 7:47 am

    ကိုခိုင် ပြောမှဘဲ မြန်မာငွေကြေး နမ်နှိမ်ထားတာသိတော့တယ်
    ဥပမာ…၅ ကျပ် ၅ဝ ပြား ကို ၅ ချောင် ၅ဝ ဖေါင်း လို့ ပြောင်းရမယ်…

  • moethidasoe

    January 23, 2011 at 11:39 am

    ဆူးရေ အိမ်ထောင်သားမွေးအကြောင်း ရေးတာ မဟုတ်ဘူးထင်တယ် .. အဓိက က အမျိုးဂုဏ်အကြောင်း နဲ့ ဘာသာခြားနဲ့ အကြောင်းပါသွားရင် ဘာသာခြားသွားလို့ အယူပျက်ပြီး အခြေမလှမှာ စိုးလို့ ဘုန်းဘုန်းက မိန့်ကြားတာလို့ ထင်ပါတယ် ..

    • ashinindaka

      January 23, 2011 at 12:05 pm

      ဒီလို စာရေးသူအာဘော်လေးသိပြီး အဓိပ္ပါယ်မိမှ ရေးပြရတာ အရသာရှိတယ်။ အကောင်ပြ အရိပ်တော့ ထင်အုံးမှ။

Leave a Reply