လင်ဇီးကိုအထင်ကြီးသူများ…….ဒုက္ခရောက်ြ့ကသည်………..။

ko noJanuary 22, 20111min17314

လင်ဇီးဆိုပြီး အထင်ကြီးနေကြသူများ အား မတင်မစီ်းလေးပြောကြားချင်ပါတယ် ။ ထို ့အတူ ဂါနိူ ရဲ ့ အညာပိုတာလေးတွေ သေချာရေရာအောင် ကြော်ငြာစာလေးရေးပေးလိုက်ချင်ပါတယ် ။ အို ဘာတဲ့တုံး ၊ လင်ဇီး နဲ ့ ဂါနိူ ဆိုတာ တွေက ဗမာစာ ဗမာစကားတော့ မဟုတ်တာ သေချာတယ် … တကယ် ဆိုတော့ အတူတူပါပဲ တဲ့ ။ အမိရွှေပြည်ကြီးမှာ စားသောက်ကုန်နဲ့ ဆေးဝါးကြီးကြပ်မှုတွေ ၊ ထိန်းချုပ်မှုတွေ လျော့ရဲနေတာကြောင့်လား ၊ စားသုံးသူတွေ အတွက် ဘာအာမခံချက်မှ မရှိတာတွေကို ဒီအတိုင်း လျစ်လျှူရှုထားတာ တွေကြောင့်လား ။ စားသုံးသူ တချို ့ရဲ ့ ဆိုးဝါးလှတဲ့ ကံကြမ္မာကြောင့်ပဲလား ၊ မဖြစ်နိူင်တာတွေကို ပြောတိုင်း အယုံလွယ်တတ်တဲ့ စားသုံးသူတွေရဲ ့ အပြစ်ကြောင့်ပဲလား …ဆိုတာ ကိုတော့ ဒီစာဖတ်အပြီးမှာ လိုသလို ဆွဲတွေးကြည့်ကြပါလို ့ပဲ ပြောပါရစေ ။ ပြောပြရင် ဒေါပွမှာလား ဆိုတဲ့ နေဇော်နိုင် လိုတော့ စီကာပတ်ကုံး ထိထိမိမိ ပြန်မပြောပြနိုင်တာကိုလည်း နားလည်ခွင့်လွှတ်စေချင်ပါတယ် ။

ကိုညောင်ရမ်းရဲ့ ပြန်မပြောချင်တဲ့ဇာတ်လမ်းတပုဒ်ပါ ။ ဖွားကိက အများသိစေရန် တအားရိလိုက်ပါတယ် ။ကိုညောင်ရမ်းဆိုတာကတော့ ကိုမြစ်ကျိုးအင်းရဲ့ ဇာတ်လမ်းတွေ ထဲမှ ဇာတ်လိုက်ကြီးတယောက်ပဲပေါ့။ သဘောကောင်း မနောကောင်း အချက်အပြုတ်ကောင်းလို ့ သူ တမြေရပ်ခြားမှာ ရှိနေစဉ်က သူ ့အိမ်မှာ လူစုပြီး ချက်ပြုတ်စားသောက်လေ့ ရှိခဲ့ကြတယ်လေ ။ ခုတော့လည်း အမိမြန်မာပြည်မှာ ပြန်လည် အခြေချနေပါပြီ။

ဒီဇာတ်လမ်း ရဲ့ အစ ။ ။
၂၀၀၆ ခုနှစ် ဆန်းပိုင်း ၊ကိုညောင်ရမ်းရဲ ့ မဟေသီ ဟာ ဒုတိယမြောက် သားရတနာကို မွေးဖွားအပြီး ၆လ ခန့် အကြာ မှာ ဟိုလူပြော ဒီလူပြော ၊ ပြောလို ့နာမယ်ကြီးနေတဲ့ ဂါနိူဒါးမားအိတ်ဇဲလ်လီယမ် ဆိုတဲ့ ဆေးတမျိုး ကို စတင် သုံးစွဲ ခဲ့ပါတယ် ။ အဲ့ဒီင်္ လင်ဇီး ဆိုတာကို တရုပ်ပြည်မှ ရှိုင်းဟုတ် ကုမ္ပဏီ က လင်ဇီး အမည် နဲ့ ရွှေပြည်ကြီး အတွင်းမှာ ရောင်းချလာခဲ့တာဆယ်စုနှစ် တခုမျှ ကြာပါပြီ ။ မလေးရှားနိုင်ငံ အခြေစိုက် ဂါနိူ အိတ်ဇဲလ်အင်တာပရိုက်စ် ကုမ္ပဏီ က တော့ ဂါနို မှို နဲ့ ပြုလုပ်ထားတဲ့ ဆေးနဲ့ စားသောက်ကုန်၊ အသုံး အဆောင် တွေကို ဒီမှာ ဖွင့်လှစ် လုပ်ကိုင် ခဲ့တာ ၈ နှစ် မျှ ရှိပါပြီ။ ခု လက်ရှိ လိပ်စာ ကတော့ ရန်ကုန်မြို ့၊ ပန်းဘဲတန်းမြို ့နယ် ၊သိမ်ကြီးဈေး စီရုံ ၊ ဒုတိယထပ် အဆောင် ၃ နှင့် ၄ ။ ဖုံး ၃၇၁၈၀၀၊ ext: ၄၀၄ ၊ဖြစ်ပါတယ် ။
နေရာကတော့ အတော်လေးကျယ်ဝန်းပါတယ် ။ ဟိတ်ဟန်ကလည်း အတော်လေး လူရှိန်စေပါတယ် ။ အပွင့်တွေ အများကြီးနဲ့ ဝတ်စုံစိမ်းကြီး တွေထံ သိန်းပေါင်းများစွာ လှူဒါန်းနေတဲ့ ဓါတ်ပုံကြီးတွေကို တခန်းတနားချိတ်ပြထားပါတယ်။

အပြောကောင်းတဲ့ ဈေးရောင်းသူ တွေ က မလည်မဝယ်ဈေးဝယ်သူတွေကို ဟုတ်တာတွေရော မဟုတ်တာတွေရော ယုံအောင်ပြောအပြီးမှာ မယုံတဝက် ယုံတဝက် နဲ့ ဈေးဝယ်သူတွေက စမ်းသပ်သုံးစွဲရင်း ၊ စားသုံးသူ တွေ ဖြစ်သွားကြပါတယ် ။အမြဲတစေ စားသုံးသူများ ဖြစ်သွားအောင် ၊ သူတို ့ အဖွဲ ့ဝင် ဖြစ်သွားအောင် အယုံသွင်း နိုင်ကြတဲ့ အစွမ်းအစ တွေ ဟာလည်း အံမခန်းပါပဲ ။
ဒါကတော့ သူတို့ရဲ့ စီးပွားရေးလမ်းညွှန် ပါ ။ သူတို ့ပစ္စည်းတွေကို လျှော့ဈေးနဲ ့ရမှာ တို ့ ၊ နောက်ထပ် စားသုံးသူတယောက် မိတ်ဆက်ပေးရင် ဘယ်လောက် အကျိုးအမြတ်ရမှာ တို ့ နဲ့ မက်လုံးတွေ ပေးတာပေါ့။ သူတို ့အထက်က အဆင့်မြင့် အဖွဲ ့ဝင်တဦးရဲ့ တစ်လ ဝင်ငွေဆိုရင် သိန်း ၁၂ဝ ကျော်နေပြီတဲ့ ။အာဘောင်အာရင်းသန်သန် ရှင်းပြနေလိုက်တာ မစားရ ဝခမန်း တွေပါပဲ ။
ဒီလိုနဲ့ ကိုညောင်ရမ်းရဲ့ မဟေသီ မအေးအေးမာ ဟာလည်း Gano Excel Enterprise ရဲ့ အဖွဲ ့ဝင်ဖြစ်သွားပါတော့တယ် ။ (ကာယကံရှင် ကိုညောင်ရမ်း ဆီက ခွင့်ပြုချက်ရပြီးတာမို ့ နာမည်ရင်း ပဲ သုံးလိုက်ပါတယ် )။ ပုံမှာ ပါတဲ့အတိုင်း ကုဒ်နံပါတ်တွေပါတဲ့ Authority Card လေးတောင် ထုတ်ထားပေးပါတယ် ။

ကိုညောင်ရမ်းရဲ ့ မဟေသီ ဟာ နဂို ဘာရောဂါအခံမှ မရှိပဲ ဒေါင်ဒေါင်မြည် ကျန်းမာ နေသူ တဦင်္းပါ ။ ရင်ကြပ် ပန်းနာ ရောဂါ မရှိ ၊ ဆေးမတည့်၊အစားအစာမတည် ့တာ တွေ၊ အရေပြားရောဂါ အစရှိတဲ့ ရောဂါ တွေလည်း မရှိခဲ့ပါဘူး ။ သူ သုံးစွဲ ခဲ့တဲ့ လင်ဇီး ဟာ Gano ဆိုတဲ့ ကုမ္မဏီ ထုတ် တာပါ ။ သူ တို ့ ကြော်ငြာ အရ ဒီ လင်ဇီးက ၉၆ ပါး ရောဂါဝေဒနာတွေ ပျောက်သလိုလိုပါပဲ ။
Gano Excel ထုတ်ကုန်များ( Gano Excellium – ဦးနှောက်အားတိုးဆေး ၊ ကော်ဖီ ၊ လဖက်ရည် ၊ ကိုကိုး ၊ သွားတိုက်ဆေး၊ ဆပ်ပြာ ..စသဖြင့် ) ဆိုပြီး ခန့်ညားထယ်ဝါစွာ ထုတ်ဝေ ထားတဲ့ ကုန်ပစ္စည်းကြော်ငြာ မိတ်ဆက်စာအုပ်လေးထဲမှာ ရေးသားထားချက်များ အရ -ဒီပစ္စည်းတွေကို Ganoderma lucidum မှိုတမျိုးမှ ထုတ်လုပ်ထားခြင်း ဖြစ်ပါသတဲ့ ။

-Polysaccharide ပါဝင်မှုကြောင့် ကိုယ်ခံအားစနစ်ကို ကြံ ့ခိ်ုင်စေသတဲ့ ။ သွေးလည်ပတ်မှုစနစ်မှာ သကြားပါဝင်မှုကို ညှိပေးသတဲ့ ။
-Organic Germanium ပါဝင်လို ့ သွေးလည်ပတ်မှုစနစ်မှာ အောက်စီဂျင်အဆင့်ကို တိုးမြှင့်ပေးသတဲ့ ။Anti oxident တွေက လျှပ်စစ်သံလိုက်စက်ကွင်းမှ ထွက်တဲ့ ဘေးထွက်ဆိုးကျိုးတွေ နဲ့ Free radicals တွေကို ထိန်းချုပ်ပေးသတဲ့ ။Cancer cell များရဲ ့ပတ်ဝန်းကျင်မှာ ရှိတဲ့ molecules များရဲ ့ လုပ်ငန်းတာဝန်တွေကို ထိန်းညှိပေးသတဲ ့ ။
-Adenosine ပါဝင်လို ့ ကိုလက်စထရော နဲ့ အဆီတွေကို လျှော့ချပေးသတဲ့ ။ သွေးခဲ ပိတ်ဆို ့မှာ တွေကို တားဆီးပေးသတဲ့ ။ကိုယ်ခန္ဓာအတွက် အားအင် အသစ်ကို ဖြစ်စေသတဲ့ ။
-Tritepenoids ပါဝင်လို ့ အစာခြေဖျက်တာ ကောင်းစေသတဲ့ ။ သွေးနှင့် မတည့်တာတွေကို ကာကွယ်ပေးသတဲ့ ။ ကိုလက်စထရောနဲ့ အဆီပါဝင်မှုတွေကို လျှော့ချပေးသတဲ့ ။
-Ganoderic essense ပါဝင်လို ့ အရေပြား ရောဂါတွေကို ကုသပေးသတဲ့ ။ အသားအရေကို ချောမွေ ့ လှပစေသတဲ့ ။

ကိုင်း… ဘယ်လောက်တောင်ကောင်းလိုက်တဲ့ ပစ္စည်းတွေဖြစ်ပါသလည်း။ အပြောကတော့ ရွှေမန်း တောင်ရှုံးရပေမယ် ။ တချို့ ဓါတ်ပစ္စည်းတွေ ဖွားကိလည်း မကြားဖူး ၊မသိဖူး တာ မို ့ ဇီဝကမ္မဗေဒ ဌာန မှာဆရာလုပ်နေတဲ့ သူငယ်ချင်းတယောက်ကို မေးကြည့်မိတယ် ။ သူလည်း မကြားဖူးတဲ့ ဒြပ်ပေါင်းတွေပေါ့ ။ အဲ့ဒီ ဒြပ်ပေါင်းများစွာနဲ ့ ပါဝင်ဖေါ်စပ်ထားတဲ့ အထက်မှာ ဖေါ်ပြထားတဲ့ ပစ္စည်းပေါင်းများစွာကို ထုတ်လုပ်ရောင်းချပါတယ် ။ထားပါတော့ သူ ့ဟာသူ ဘာ ပါပါ သိပ်အရေးမကြီးဘူး ။ အပြောကောင်းတာက ဒီ ဒြပ်ပစ္စည်းတွေ ပါလို ့ ကင်ဆာကာကွယ်တယ် ။ လူကို လှပ နုပျိုစေတယ် ၊ အဆီချ ပေးတယ် ဆို တော့ … လှချင် ပချင် ကျန်းမာ ချင်သူတွေက ဝယ်ယူသုံးစွဲ အားပေးကြလေတယ်ပေါ့ ။ (ဆေးတွေကတော့ ဈေးမသေးလှ ။) ဒါပေမဲ့ ဖြစ်သင့်တာက အကြောင်းနဲ ့ အကျိုး ၊ အကောင်းနဲ ့ အဆိုး ဒွန်တွဲ နေတတ်တယ် ဆိုတာ သတိမမူမိတာလား ။ သတိမရတာလား ၊ တမင် လျှစ်လျှူရှုထားတာလား တော့ မသိ ။ ဆေးတွေ ရဲ့ ကောင်းကျိုး တွေကိုသာ ဝေဝေဆာဆာ ဖေါ်ပြထားပြီး ၊ ဖြစ်ပေါ်လာနိူင်တဲ့ ဆိုးကျိုး ( Side effects) တွေကိုတော့ တလုံးတပါဒမှ ရေးသားထားတာ မတွေ ့ရပါဘူး ။

ဒီလို နဲ ့ မအေးအေးမာ တယောက် ကံဆိုးလှစွာနဲ့ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တည့်တည့်ကြီး ခံစားရပါတော့တယ် ။ သူမ ဒီဆေးတွေကို ၄ ခါ ဝယ်ဖူးတဲ့ မှတ်တမ်းတော့ ရှာလို ့ တွေ ့ရတယ် ။ ဒါတောင် ကိုညောင်ရမ်း တယောက် နဂို ဒီကုမ္ပဏီ နေရာအသစ် ပြောင်းသွားတာ မနည်း လိုက်ရှာ ပြီးတော့ မှ တွေ ့ရတဲ့ လက်ရှိတည်နေရာကို အကြိမ်ကြိမ် အခါခါ သွားမေးမြန်းတော့မှ သိရ တာပါ ။တကြိမ်ဝယ်ဖူးတာက ကျပ်တစ်သိန်းခွဲ တဲ့ ၊ ကျန်တဲ့ အကြိမ်တွေတော့ မသိရှိရပါ ။ ဒီဆေးကို ဘယ်နေ ့ ဘယ်ရက်မှာ စပြီး သုံးစွဲခဲ့တာလည်း ဆိုတာ ရက်အတိအကျတော့ မသိရပါ ။ ဒါပေမဲ့ ဒီဆေး နဲ့ ပစ္စည်းှတွေကို သုံးစွဲပြီးနောက်ပိုင်း သူ ့မှာ ဖြစ်ပေါ်လာတဲ့ ရောဂါတွေကတော့ ကျန်ခဲ့တဲ့ ဆေးမှတ်တမ်းတွေအရ ၂၀၀၆ ခုနှစ်လယ်ပိုင်းမှာ စပြီး ရောဂါတွေ စတင်ဖြစ်ပွားလာခဲ့တယ်၊ အတော်လေး ပြင်းထန်ခဲ့ပါတယ် ။ အကျဉ်းချုံး ပြောရရင် အရေပြားတွေ မှာ အရည်ကြည်ဖုတွေ ပေါက်တယ် ၊ မျက်စိ ၊ အာခံတွင်း ၊ မိန်းမကိုယ် စတဲ့ နေရာတွေမှာပါ အဖုတွေ ပေါက်တယ် ။ ဒါကြောင့် မျက်စိ၊နား နှာခေါင်းလည်ချောင်း ၊ သွားနှင့် ခံတွင်း၊ အရေပြား ၊ မီးယပ်သားဖွား ၊ သွေးဗေဒ အစရှိတဲ့ ဆရာဝန်ကြီး တွေနဲ့ ရိုးရိုးဆေးခန်းတွေမှာရော အထူးကုဆေးခန်းတွေ မှာပါ ပြသရင်း မသက်သာတာနဲ ့ ဆေးရုံ ၃ ကြိမ် တက်ခဲ့ရတယ် ။ ဆေးမှတ်တမ်း တချို ့ကို ပုံမှာတွေ ့နိုင်ပါတယ် ။ ( သွားဌာန မှာ ပြခဲ့စဉ် အခါက သူ ့ကို ကုသပေးတဲ့ ဆရာဝန်င်္ကြိးက “လာ ပြန်ပြီလား နောက်တယောက် ” လို ့ ပြောဆိုခဲ့ပါသေးတယ် တဲ့ ၊ အဲ့ဒီ ပထမ သားကောင်ကတော့ ညောင်တုံးမြို ့မှ အမျိုးသမီး တဦး ဖြစ်တယ် လို ့ ကိုညောင်ရမ်းရဲ့ အမျိုးတွေ ဆီက တဆင့် သိခဲ့ရပါတယ် )

။ဒီဆေးမှတ်တမ်းတွေအရ သူဖြစ်ခဲ့ ခံစားခဲ့ရတဲ့ ဝေဒနာတွေက အရေပြားတွေ ယားယံတယ် ၊ အရည်ကြည်ဖုတွေ နဲ့ အနာတွေဟာ မျက်စိထဲမှာ ၊ပါးစပ် အာခံတွင်း ထဲမှာ ၊ မိန်းမကိုယ် နေရာတွေမှာတဖြေးဖြေး ပွားလာတယ် ၊ အစာ နဲ့ အူလမ်းကြောင်းမှာယောင်ယမ်းတယ် ၊ လူတကိုယ် လုံး ရှိ အရေပြားမှာ ထွက်လာတဲ့ မီးလောင်ဖု လို အရည်ကြည်ဖုတွေ က ကွဲအက်ပြီး အရည် တရွှဲရွှဲ နဲ့ အနာတွေ အဖြစ် ပြောင်းလဲသွားတယ် အဲ့တာကြောင့် သူ ့ခမျာ အဝတ်အစား မကပ်နိုင်ရှာပဲ ဆေးရုံက အအေးခန်းထဲမှာ နေရတယ် ။ နောက်တော့ သွေးအဆိပ် တက်လာတယ်ပေါ့ ။

နောက်ဆုံးအကြိမ်မှာတော့ ( မဟာမြိုင်) ဆေးရုံ မှာ တက်ရောက်ကုသ ခဲ့ပြီး ၊ ဒီင်္ဝေဒနာတွေကို နာကျင်ပြင်းထန်စွာခံစားရင်းနဲ့ ၁၃-၅- ၂၀ဝရ နံနက် ရ နာရီအချိန်မှာ သူ ့ရဲ့ အဝေးရောက် လင်ယောကျာင်္း နဲ့ သားသမီး ၂ ယောက်ကို ချန်ထားပြီး ဘဝတပါးသို ့ ကူးပြောင်းသွားခဲ့ရပါတယ် ။ အသုဘရှု ရက်လည်ဆွမ်းသွတ် တရားတော်နာ ဖိတ်ကြားလွှာ ကို ကြည့်နိုင်ပါတယ် ။

ကံဆိုးရှာသူ မအေးအေးမော်တယောက် ဒီဆေးတွေသုံးစွဲသူ လူအယောက် သောင်းပေါင်းများစွာ ထဲမှာ အဖြစ်နည်းလှတယ်လို ့ယူဆရမဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရေတိမ်နစ်ခဲ့ရပေမဲ့ ဆေးရောင်းတဲ့ ကုမ္ပဏီ က ဘာတခုမှ ဆောင်ရွက်ကူညီပေးခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး ။( သူမ မသေဆုံးမှီ အသည်းအသန်ဖြစ် လို ့ဆေးရုံတက်နေရစဉ် အချိန်တုံးကတော့ ဆေးရုံက တာဝန်ရှိသူတွေကို ကုမ္ပဏီမှ လို ့ယူဆရသူ တဦးကတော့ နေ့စဉ် ဖုံးဆက် မေးမြန်းခဲ့ပါသေးတယ် ၊ ဒါပေမဲ့ သေဆုံးပြီင်္း နောက်ပိုင်းမတော့ လုံးဝ ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး ။ ခင်ပွန်းသည်က အဝေးရောက်နေတာမို ့ ကျန်ရစ်ခဲ့တဲ့ သူ ့ဆွေမျိုး အနည်းငယ်နဲ့ နာရေးကိစ္စကို ဆောင်ရွက်ခဲ့ရပါတယ် ။ အဲ့ဒီအချိန်က သူမကို တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်ကြီး တဦး ( သွေးဗေဒ ဆိုင်ရာ အထူးကု ပါမောက္ခကြီး ) မှ သေစာရင်း နဲ့အတူ အဲ့ဒီ ကုမ္ပဏီရဲ ့ တာဝန်မဲ့ လုပ်ရပ်များ အား သက်ဆိုင်ရာမှ သိရှိစေရန် တိုင်ကြားမှုများ ပြုလုပ်ဖို ့ အကြံပေးခဲ့ပါသေးတယ် ။ ဒါပေမဲ့ ကံတရားကိုသာ ပုံချလေ့ရှိနေကြဆဲ ဖြစ်ကြတဲ့ ရွှေမြန်မာ တို ့ရဲ ့ ထုံးစံ အတိုင်း၊ တရားသည် ဖြစ်စေ ၊ မတရားသည် ဖြစ်စေ အမှုအခင်း ဖြစ်ရမှာ ဝန်လေးတတ်ကြသူ ကြောက်တတ်သူတို ့ ထုံးစံ အတိုင်း ၊ ပြီးတာတွေလည်း ပြီးပါစေတော့ လို ့ ခွှင့်လွှတ်ခြင်း တရားများစွာ ဖြင့်၊ ကြီးသော အမှုကို ပပျောက်စေခဲ့ ပါတယ် ။ (သေစာရင်းမှာ ရှာဖွေ မတွေ ့ပါသဖြင့် သေဆုံးရခြင်းအကြောင်းရင်း{cause of death} အတိအကျ ကို မသိပါ ။ထို ့အပြင် ကြွင်းကျန်သော ခန္ဓာကိုယ်အား မှုခင်းစစ်ဆရာဝန်များဖြင့် ဆက်လက်စစ်ဆေး ဓါတ်ခွဲခြင်း {Post mortem examination}မပြုလုပ်ခဲ့ပါသောကြောင့် ဆေးမှတ်တမ်းများ အရ၊ အဆိုပါ လင်ဇီး၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဟူ၍သာ ကောက်ချက်ချလိုက်ရပါသည် ။ )

ခု ဆိုရင် မအေးအေးမော် တယောက် ဘယ်ဘဝ ရောက် နေမယ်မှန်း မသိပါဘူး ။ လင်ဇီးစတင်သုံးစွဲပြီး ကလေး ၆ လသားအရွယ်ထိ သူမရဲ့ နို ့ချို ကို တိုက်ကျွေး ခဲ့တဲ့ သားလေးဟာ ခုဆိုရင် ၅ နှစ်သား အရွယ် ရောက် နေပြီ ဖြစ်ပြီး ဒီ သားကလေး မှာတော့ ဒီင်္ လင်ဇီး ရဲ ့နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လေမလား ။ သူ ့ရဲ ့ ကိုယ်ခန္ဓာ အပူချိန်ဟာ သာမာန်လူရဲ ့ အပူချိန်ထက် မြင့်တက် နေလေ့ရှိပါတယ် ။ တခြား ကြီးကြီးကျယ်ကျယ် ဖျားနာခြင်းတော့ မရှိသေးပါဘူး ။ ( ကိုညောင်ရမ်းကို သူ ့သားရဲ့ ကိုယ်အပူချိန် အတိအကျ ဘယ်လောက်ရှိလဲ မေးကြည့်တော့ သူ ့ဆီမှာ ပြဒါးတိုင်မရှိလို့ အတိအကျတော့ မသိပါဘူး တဲ့ ။ လက်နဲ့စမ်းပြီး ပြောခြင်းဖြစ်ပါတယ် တဲ့ ။ ဒါဆိုရင်တော့ တကယ် ကိုယ်ပူချိန် မြင့်နေတယ် ဆိုတာ တော့ သက်သေပြ လို့ မရဘူးပေါ့လေ။ သူ ့သားလေး တယောက် ကျန်းမာနေပါစေလို ့ဆုတောင်းပေးရတာပါပဲ )

အချုပ် ကို ဆိုရရင်တော့ ဒီ လင်ဇီး လို ဆေးဘက်ဝင်တယ်ဆိုတဲ့ ဆေးဝါး အသုံးအဆောင် ပစ္စည်းတွေကို မိမိ တိုင်းပြည်မှာ ထုတ်လုပ်ထားတာ မဟုတ်ပေမဲ့ မိမိ တိုင်းသူပြည်သားများ စားသုံးမှု မပြုခင်၊ တရားဝင် ရောင်းချခွင့် မပြုခင်မှာ စားသောက်ကုန်နဲ့ ဆေးဝါး ကြီးကြပ်ရေး အဖွဲ ့အစည်း မှ သေချာ စီစစ် ဓါတ်ခွဲ သင့်ပါတယ် ။ သူတို ့ရဲ ့ ကြော်ငြာ စာ တွေဟာ ကျော်ချင်လို ့ ညာထားတာတွေ ဟုတ် ၊ မဟုတ် စီစစ်သင့်ပါတယ် ။ ညာ ထားတာတွေ ရှိပါက ထိရောက်စွာ အရေးယူသင့်ပါတယ် ။

စားသုံးသူတွေ ဖက်မှလည်း သူများပြောတိုင်း အယုံ မလွယ်ပဲ ဖြစ်နိူင် ၊ မဖြစ်နိူင် ဆိုတာ ကိုယ်ပိုင်ဉာဏ်များ နဲ့ ဝေဖန် သုံးသပ် သင့်ပါတယ် ။ တကယ်လို ့ ကံမကောင်းလှစွာ ဖြင့် အလားတူ ဖြစ်ရပ်များ နဲ ့ ကြုံ တွေ ့ ရပါလျှင်လည်း ၊ဒီပြသနာတွေကို သတ္တိ ရှိရှိ ၊ ရင်ဆိုင် ပြီး ၊ ရသင့် ရထိုက် တဲ့ ကိုယ်ပိုင် အခွင့် အရေးတွေ ကို အဆုံးရှုံး မခံသင့်ပါဘူး ။

ဖြစ်သင့် ဖြစ်ထိုက် တဲ့ အခြေအနေနဲ ့ ဖြစ်ရပ်မှန်တွေ ကို လူအများ သိရှိစေဖို ့ ရည်ရွယ်ပြီး ဒီ စာစုလေးကို တင်ပြ လိုက်ရပါတယ် ။ လင်ဇီးဆိုပြီး အထင်ကြီးနေကြသူများ အတွက်လည်း ၊ နောက်ထပ် ဒုတိယ မအေးအေးမော်များ မဖြစ်ကြစေဖို ့ ဆုတောင်းပေးလိုက်ပါတယ် ။

(မိတ်ဆွေကြီး ကိုညောင်ရမ်း တယောက်လည်း ဒီစာစုကို ဖတ်ရှူပြီး စိတ်ဖြေသိမ့်မှု လေး အနည်းငယ်ဖြစ်ဖြစ် ရရှိနိုင်လိမ့်မယ် လို ့ မျှော်လင့်ပါတယ် )Collapse this post

14 comments

  • zippo

    January 22, 2011 at 12:44 pm

    တကယ်တော့ ဂါနို နဲ့ ဂနို ဆိုတာ အတူတူပါ..။။…
    ဂါနိုကလူသေစေတယ်..။..
    ဂနို..က အားလုံးသိတဲ့အတိုင်းပါ..။။…အလိမ်အညာတွေပါ..
    ဒါပေမဲ့..ဂါနိုကိုပြောတာနော့….။။။။……

  • zippo

    January 22, 2011 at 12:46 pm

    တကယ်တော့ ဂါနို နဲ့ ဂနို ဆိုတာ အတူတူပါ..။။…ဒုက္ခရောက်တာခြင်းအတူတူပါ..။။..
    ဂါနိုကလူသေစေတယ်..။..
    ဂနို..က အားလုံးသိတဲ့အတိုင်းပါ..။။…အလိမ်အညာတွေပါ..
    ဒါပေမဲ့..ဂါနိုကိုပြောတာနော့….။။။။……

  • shwe

    January 22, 2011 at 2:02 pm

    လင်ဇီး လို လိမ်တာမျိုးနောက်တစ်ခုရှိသေးတယ်နော်။ Aroma Therapy လိုမျိုးပဲ။

  • ဆူး

    January 22, 2011 at 3:36 pm

    လင်ဇီး က နေ ဆပ်ပြာ ထုတ်သေးတယ် မဟုတ်လား။ အဲဒီ ကိုယ်စားလှယ် သမား ဆီက ဆပ်ပြာ ဝယ်သုံးမိတယ် ဆူး နဲ့ အမျိုးနီးစပ် တော်တဲ့ အမျိုးသမီးတယောက်ပေါ့။ သူူတို့ဝယ်တုံးကတော့ မျက်နှာသစ်ဖို့ပေါ့။ အဲဒီ အမျိုးသမီးက ဆပ်ပြာကို ခါတိုင်းလိုဘဲ မျက်နှာသစ်ရုံတင်မကဘူး ရေချိုးရင်လည်း သုံး ခေါင်းလျှော်တဲ့ အခါ လည်း အဲဒီ ဆပ်ပြာနဲ့ လျှော်လိုက်ကော ချက်ချင်း အစွမ်းပြချက်တော့ ဆံပင်တွေ အကွက်လိုက် ကျွတ်ထွက်သွားတယ်။ ဆံပင်တွေ ကျွတ်ထွက်တာ ကြည့်မကောင်းတဲ့ အဆုံး ခေါင်းတုံးရိတ်လိုက်ရတယ်။ ခေါင်းက ဆံပင်တော်ယုံနဲ့ ပြန်မပေါက်ဘူး အကြာကြီးနေမှ ဟိုတကွက် ဒီတကွက် ပြန်ပေါက်ပြီး ပုံမှန်ပြန်ဖြစ်တယ်။ သူလည်း ခေါင်းတခါ လျှော်မိ ကတည်းက ဆက်မသုံးရဲတော့လို့ ပစ်လိုက်ရတယ်။ ဖြစ်တော့ အရောင်းကိုယ်စားလှယ် ဘယ်သူမှ တာဝန်ယူပေးတာ မရှိဘူး။ မျက်နှာသစ်တာ ဆံပင်လျှော်လို့ ဖြစ်တာ ဆိုပြီး အပြစ်တင်သွားတယ်။ မျက်နှာမှာ အဖု ထွက်တယ်ဆိုရင်လည်း ဒါက ဓါတ်ကန်တာ နောက်ကောင်းလိမ့်မယ် ဆိုပြီး ပြောလိမ့်မယ်။ ခံနိုင်ရည်ရှိအောင်သာ ကြိုးစား ဆိုပြီး ဩဝါဒ ပေးလိမ့်မယ်။

  • Gipsy

    January 22, 2011 at 4:38 pm

    တကယ့်ကိုယ်တွေ့လေးပါ…shine hope ရဲ့ pollen ကတော့ . တကယ့်ဆရာကြီးပါ…..
    ( ကြော်ငြာမဟုတ်ပါ) အားနည်း။ သွေးပေါင်ကျ။ တကယ်ကောင်းဗျား။…………………

  • kopauk mandalay

    January 23, 2011 at 2:32 am

    ကျွန်တော်တို့ မြန်မာနိုင်ငံကလူတွေကသူများကကောင်းတယ်ဆိုရင် ယုံလိုက်ကြတာပါဘဲ။
    တီဗွီကြော်ငြာက ပြောလည်းယုံ။
    ဘေးအိမ်ကလူပြောလဲယုံ။
    ဘယ်သူပြောပြောယုံ။
    အရူးပြောလဲယုံ။
    ကလေးပြောလံယုံ။
    ဗေ ပေ ပုံ ပါဘဲ။

  • Maung Dae`

    January 23, 2011 at 11:26 am

    အခုတစ်လောလည်း Tiens ဆိုလားပဲ တော်တော်နာမည်ကြီးနေတယ်.. ပစ္စည်းတန်ဖိုးကလဲမနဲဘူး အနည်းဆုံး ၃၀၀ဝ ပဲ..
    Member တွေကိုလည်း ကြယ်တွေနဲ့အဆင့်သတ်မှတ်ထားတယ်.. ကျွန်တော့်အစ်မက အဲ့ဒီမှာMemberဝင်ထားတာ ကြယ် ၆ ပွင့်တောင်ရနေပီ
    သူတို့ Member တွေက အဲ့ဒီ ပစ္စည်းတွေက နေ ရာခိုင်နှုန်းနဲ့ပြန်ရတယ်.. ဥပမာ သွားတိုက်ဆေးဆိုရင် တစ်ဗူးကို ၅၀၀၀…
    ဒါကို ကြယ် ၂ ပွင့်ရှိတဲ့သူကရောင်းရတယ်ဆိုရင်..
    သူ့အထက် အောက်မှာရှိတဲ့သူတွေက ၃၀% ရတဲ့သူကရတယ် ၁၀%ရတဲ့သူကရတယ်.. ၅% ရတဲ့သူတွေကလည်းရတယ်..

    ဒါဆို သူ့ရဲ့မူရင်းဈေးက ဘယ်လောက်မှမရှိတော့ဘူး.. သူတို့ အဲ့လို မန်ဘာတွေက အဆင့်ဆင့်ခွဲယူနေတာတောင်မှ company က ဆုတွေချီးမြှင့်နိုင်တယ်.. ကားတွေပေးနိုင်တယ် (တကယ်ပေးမပေးတော့မသိဘူး Trader’s Hotel မှာလုပ်သွားတဲ့ပွဲမှာတော့ ပြသွားတာပဲ)

    ဒီတော့ သူ့ရဲ့ မူရင်းဈေးဟာ အလွန်နည်းမယ်လို့ထင်ပါတယ်.. ဈေးနည်းတဲ့အတွက် သူတို့ Quality ကိုဘယ်လိုထိန်းချုပ်နိုင်မလဲ… သူတို့မူရင်းဈေးနဲ့ကိုက်အောင်လို့ ကုန်ကြမ်းကိုလဲ ဈေးသက်သာတဲ့ကုန်ကြမ်းကိုပဲ သုံးသလား..

    ကျွန်တော့်မဒီ ကတော့ ကျွန်တော့်အမ လက်ဆောင်ပေးတဲ့ ဆပ်ပြာနဲ့မျက်နှာသစ်တာ ဘုတွေထွက်လို့ ဆက်မသစ်ရဲပဲ ရပ်ထားလေရဲ့..

  • moethidasoe

    January 23, 2011 at 11:36 am

    အားလုံးက မတည့်တဲ့ ဓါတ်ကြောင့် ဖြစ်ရတာ . လူတိုင်း ဖြစ်တာ မဟုတ်ပေမယ့် .. ဖြစ်တဲ့လူအတွက်တော့ သေလောက်အောင် ခံစားရတတ်တဲ့ ဝေဒနာပါ ..
    ဆာလဖာ ဓါတ် မတည့်သလိုမျိုး ခံစားရတတ်တာပါ .. အသက်ပါတတ်တဲ့အတွက် ဆင်ခြင်နိုင်ကာမှ တော်ကာကြမယ် .. အသက်ရှည်ချင်သူတွေ .. အဆင်းလှချင်သူတွေ .. သူများထက် ပိုစွမ်းတယ် ဆိုတာကို ဖြစ်ချင်ကြသူတွေရယ် .. သနားစရာကောင်းတာက မပျောက်နိုင်တော့တဲ့ ဝေဒနာတွေကို ပျောက်ပါတယ်လို့ အလိမ်ခံရလို့ သောက်လိုက်ရတဲ့လူတွေက သူတို့ အတွက်တော့ အမဲ ပဲ ..

  • naywoonni

    January 23, 2011 at 11:48 am

    ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလေးတွေပါ ခင်ဗျာ အားလုံးကို ယုံပါတယ်
    ရွာထဲကလူတွေကိုပဲပြောတာနော် ဒီပြင်လူ ပါပူး 😛

  • အာဖျံ ကွီး

    January 25, 2011 at 10:09 am

    တောကအသိတစ်ယောက်ပြောတာမှတ်မိသေးတရ် …
    သူက လင်ဇီး ကထုတ်တဲ့ဆေးဝယ်သောက်ချင်တာ …
    အဲဒါကို ….. ငါ့ကို ရန်ကုန်က လိမ်ဆေး တစ်ဗူးဝယ်ပေးလိုက်စမ်းပါ …. တဲ့ … ဟီးးး
    နမိတ်များ ပြလေရော့သလား … ဟီးဟီး

  • kai

    January 26, 2011 at 12:07 am

    http://en.wikipedia.org/wiki/Multi-level_marketing
    Multi-level marketing (MLM) is a marketing strategy in which the sales force is compensated not only for sales they personally generate, but also for the sales of others they recruit, creating a downline of distributors and a hierarchy of multiple levels of compensation. Other terms for MLM include network marketing,[1][2][3][4][5] direct selling,[3][6] and referral marketing.[7][8][9][10][11][12]

    Although the products and company are supposed to be marketed directly to consumers and potential business partners by means of relationship referrals and word of mouth marketing,[13] critics have charged that MLMs are nothing more than pyramid schemes.[14]

    MLM companies have been a frequent subject of criticism as well as the target of lawsuits. Criticism has focused on their similarity to illegal pyramid schemes, price-fixing of products, high initial start-up costs, emphasis on recruitment of lower-tiered salespeople over actual sales, encouraging if not requiring salespeople to purchase and use the company’s products, potential exploitation of personal relationships which are used as new sales and recruiting targets, complex and sometimes exaggerated compensation schemes, and cult-like techniques which some groups use to enhance their members’ enthusiasm and devotion. Not all MLM companies operate the same way, and MLM groups have persistently denied that their techniques are anything but legitimate business practices.[citation needed]

    လင်ဇီးရဲ ့အဓိကပြသနာက ..Multi-level marketing (MLM) ဖြစ်လို့ပါ..။ ဆေးက အဓိကပြသနာမဟုတ်လောက်ပါဘူး..။
    အဲဒါကို မြန်မာတွေ သေသေချာချာ သဘောမပေါက်သေးဘူးထင်မိတယ်..။
    အခု..တရုတ်ပြည်ကနောက်ဆေးတမျိုး (MLM)စံနစ်နဲ့ရောင်းနေပြန်ပြီကြားတယ်..။

  • etone

    January 26, 2011 at 6:45 am

    ဆပ်ပြာကတော့ တော်တော် အရောင်းသွက်တယ် ။ သူများပြောလို့ ဝယ်သုံးဖြစ်သေးတယ် … ဆပ်ပြာတုံးလေးက လင်ဇီးအရောင်လုပ်ထားတယ်… တစ်ချို့ကလည်း အဖုပေါက်တယ်ပြောတယ်… တစ်ချို့ကလည်း အဆင်ပြေပါတယ် …။ ကိုယ်တိုင်သုံးတုံးကတော့ ဘာမှ အထွေထူး အဖုပိန့်မဖြစ်ခဲ့ပါဘူး … ဆပ်ပြာတစ်တုံးဆိုရင် အတော်ကြာအောင်ပဲသုံးရပါတယ်… တစ်တုံးကို လေးစိပ်ခွဲပြီး သူငယ်ချင်းလေးယောက် စမ်းသုံးကြည့်တုံးကတော့ အဆင်ပြေတာပါပဲ ။ အဒေါ်တစ်ယောက်လိုက်သုံးတာ ဖုတွေထွက်လာပါတယ်တဲ့…။ သူရဲ့ ဆန်းဆစ်တစ်ဗ် အသားရေကြောင့်များလားလို့တောင် တွေးခဲ့မိသေးတယ် ..။

  • char too lan

    January 26, 2011 at 9:58 am

    လင်ဇီး !! ကျနော့်အဖေလဲထိပီးပီ ခြေထောက်မှာအနာတွေပေါက်တယ် တော်တော်နဲ့မပျောက်ဘူး မနဲကုလိုက်ရတယ် ခုတော့မဲပီးချောက်သွားတယ် အသားမာမဲမဲကြီးတွေလိုပဲ အသားအရေက ကြည့်ရဆိုးသွားတယ် 🙁

Leave a Reply