Resident Registration Number (RRN) အပိုင်း(၁)

nigimi77January 22, 20111min1619

နိုင်ငံ တစ်နိုင်ငံမှာ လူတိုင်း လူတိုင်း  နိုင်ငံသား မှတ်ပုံတင်ကတ်ပြား ဆိုတာရှိကြပါတယ်။ အခြားဘယ်နိုင်ငံတွေမှာ PAPER CARD တွေသုံးနေဆဲ ဆိုတာကို မသိပေမဲ့  မြန်မာပြည်မှာတော့ အခုအထိ PAPER CARD တွေနဲ ့ ထုတ်ပေးဆဲပါပဲ။  အရင်ခေတ်ကတော့ နှစ်ခေါက်ချိုးကတ်တွေပေါ့။  ဒီကတ်ပြားပေါ်မှာ ရိုက်နှိပ်ထားတဲ့ မှတ်ပုံတင် အမှတ်တွေကို ဘယ်လို စံနစ်နဲ ့စီစဉ်ထားလဲ ဆိုတာ သာမန်ပြည်သူတွေထဲက သိတဲ့သူနည်းပါလိမ့်မယ်။ ကျွန်တော်လည်း မသိပါဘူး။ 

အခြားနိုင်ငံ (ကျွန်တော်သိတဲ့) မှာ လူတစ်ယောက်ရဲ ့ မှတ်ပုံတင် အမှတ်ဟာ သူ ့ရဲ ့ နေ ့စဉ် ဘဝ အရာရာနဲ ့စပ်ဆက်နေပါတယ်။ Bank  Account, Credit Card, Driver Licence, Phone, Crime…စသည်ဖြင့် အကုန်လုံး ပတ်သပ်နေပါတယ်။  မှုခင်းဖေါ်ထုတ်ရာမှာ ပိုပြီး အရေးပါတဲ ့အချက်အလက်ဖြစ်လာပါတယ်။

ဥပမာ.. လူတစ်ယောက် လူသတ်ပြီး ထွက်ပြေးသွားသည် ဆိုပါဆိ်ု ့။ မြန်မာပြည်မှာတော့ သတင်းအဆင့်ဆင့်အား စုံစမ်းရင်း အာချောင်သူများ၏ အကူ အညီဖြင့်  တရားခံကို ရှာဖွေဖော်ထုတ်ကြသော်လည်း ….ထိုနိုင်ငံတို ့တွင် ငွေကြေးကို လက်တွင် ကိုင်ဆောင် သုံးစွဲမှု မရှိသလောက်နည်းပါးသည်။  ထွက်ပြေးသည့် တရားခံသည်။ သေချာပေါက် ငွေကြေးသုံးစွဲမှသာလျင် ပြေးလိုသည့် ခရီးကို ရောက်မည်ဖြစ်သည်။  Super Market တခုတွင် ဈေးဝင်ဝယ်သည်ဖြစ်စေ၊ ATM စက်တွင် ငွေထုတ်ယူသည်ဖြစ်စေ သူ၏ မှတ်ပုံတင်အမှတ်သည် အရာအားလုံးနှင့် ပတ်သပ်နေသောကြောင့် ဝရမ်းထုတ်ထားသောအခါ Phone ဖြစ်စေ၊ Credit Card ဖြစ်စေ စတင် သုံးစွဲသည်နှင့် ဘယ်နေရာမှာရောက်နေသည်ဆိုသည်အား သိရှိနိုင်သည်။ 

မှတ်ပုံတင် အမှတ်အား Web Site တခုခုတွင် Member ဝင်ခြင်း၊ Pass word မေ့သွားလျင် မှတ်ပုံတင်အမှတ်အား အသုံးပြုပြီး ပြန်ရှာခြင်း ၊ ညစ်ငြမ်း web site များ အား အသက်မပြည့်သေးသူများ ခေါ်ယူကြည့်ရှုခြင်း မပြုနိုင်ခြင်း  စသည့်  ပြောလျင် မဆုံးနိုင်သည့် အရာများအတွက် အသုံးကျပေသည်။

9 comments

  • intro

    January 22, 2011 at 2:57 pm

    ဒီမှာသာ အဲလိုမျိုး ဖြစ်နေရင် ဘယ်လောက် ကောင်းမလဲဗျာ… အပေါ်က ပုဂ္ဂိုလ်တွေကလဲ ပြည်သူလူထု တွေ အကျိုးစီးပွားကို ရှေးရှုမယ်၊ နိုင်ငံတကယ် တိုးတက်အောင် ကြံဆောင်မယ်၊ အောက်က လူတွေကလဲ စည်းကမ်းရှိရှိနဲ့ ကြိုးကြိုးစားစားလုပ်ကြမယ်၊ အပေးအယူ မျှတနေမယ်ဆိုရင် သိတ်ကောင်းမှာပဲဗျာ… တကယ် မျှော်လင့်မိတာပါ…

  • kai

    January 22, 2011 at 7:35 pm

    ကျုပ်ဆိုရင်တော့ ..လူတိုင်းတချိန်မှာကိုင်လာနိုင်မဲ့ ဆဲလ်ဖုံးနံပါတ်ဖြစ်နိုင်တာနဲ့ ချိပ်ပေးလိုက်မှာပဲ.။
    ဆိုလိုတာက ..နံပါတ်ကို .. ဆဲလ်ဖုံးနံပါတ်ပေးထားလိုက်မယ်.။မြန်မာပြည်ရဲ့အနာဂတ်လူသန်း၂၀၀-၃၀ဝလောက်အထိတွက်ပြီး ..နံပါတ်လုပ်ပေးထားလိုက်မယ်.။
    မကြာခင်နှစ်တွေမှာ ..အဲဒီဟာတွေ ကနေ ..ငွေပေး၊ငွေယူ၊ လူရှာ.. အကုန်လုပ်တော့မယ်ဖြစ်လို့ပါ..။
    ပိုက်ဆံအိပ် လိုတော့မဲ့ပုံ မရှိဖူး.။

    နည်းနည်း ဆာဗေးလုပ်ချင်ရင်.. ရွာသားတွေ ပိုက်ဆံအိပ်ထဲ ဘာတွေရှိသလဲ စာရင်းတင်ဖို့ တိုက်တွန်းကြည့်ပါလား..။
    ကဲ..ကျုုုပ်ကပဲ စပါ့မယ်..။

    အခု ကျုပ်ပိုက်ဆံအိပ်ထဲ..။
    ဒရိုက်ဘာလိုင်စင်။
    ခရက်ဒစ်ကဒ် ၃ခု
    မီဒီယာမှတ်ပုံတင် တခု
    ငွေ ၆၃ ဒေါ်လာ
    လိပ်စာကပ်ပြား ၁၁ခု
    ကား အာမခံကဒ် ၁ခု
    မန်ဘာကဒ် ၂ခု

    ရှိတယ်ဗျ..။

  • nigimi77

    January 23, 2011 at 4:32 am

    ဆရာ KAI ကလဲ။ ရိုက်မစစ်ပဲနဲ ့..။ဟီးဟီး…။ ကျုပ်ကတော့ ရွာမှာနေတာဆိုတော့ အိတ်ထဲမှာ PAPER ID CARD တစ်ခု ၊ PLASTIC DRIVER လိုင်စင် တခု၊ ရရစားစား ဝန်ထမ်းကတ်တစ်ခု၊ ဆင်ပုံကြီး ၃ရွက်၊ အရင်အပြင်မှာရှိတုန်းက လုပ်ထားတဲ့ ဒီမှာသုံးမရတဲ့ credit card တစ်ခု။ အပေါင်ဆိုင် ပြေစာ နှစ်ရွက်၊ အဖော် တစ်ထုပ်၊ ဒါပဲရှိတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 23, 2011 at 5:03 am

    အင်း…..အင်းအင်းးးး
    ခုလို
    ရောင်းရင်းဂျီးဒို ့
    ရောက်လေရာအရပ်မှာ ရှိဒဲ့ ဒေသန်ဇရပ်ဗာဟုသုတတွေကို ပြောကြဆိုကြတာအရမ်းကို ဗဟုသုတဖြစ်ရပါစေတာ်
    ဒီတော့ကာ
    ကျုပ်လဲဘဲ ကျုပ်ရောက်ရှိနေတဲ့ဒေသက ဗဟုသုတတွေပြောရသေးတာပ
    တိုးတက်နေတဲ့ဒေသတွေမှာဆို
    ဆိတ်တွေ နွားတွေကို ထိန်းကျောင်းရင်
    လေးဂွတစ်လက်နဲ တစ်ကောက်ကောက် နောက်ကနေလိုက်နေစရာမလိုတော့ဘူး
    အလွန်လိမ္မာတဲ့ခွေးကြီးတွေမွေးထားမယ် လူကခွေးကိုမြှောက်ပေးရုံဘဲ
    နောက်ပြီး နွားကျောင်းသားတွေဆိုတာ မြင်းတွေဘာတွေနဲ ့သိလား
    ပြောရဦးမယ်ကြုံလို ့
    ဒီကနွားကျောင်းသားတွေဝတ်တဲ့အဝတ်အစားတွေကို
    ဗမာပြည်က ဇာတ်မင်းသားတွေက အပီဝတ်ပြီး ရှိုးနေကြလေရဲ ့(စကားချပ်)
    နောက်ပြီး ဆိတ်တွေနွားတွေရဲ ့လည်ပင်းမှာ
    ဂြိုလ်တုနဲ ့ဆက်သွယ်ထားတဲ့ ချစ်ပ်စ် ပြားလေးတွေ တပ်ပေးထားပြီး
    ဆိတ်တွေ နွားတွေကို ကွန်ပြူတာထဲကနေကြည့်ပြီး
    နဖြူဘယ်နေရာမှာ နမဲ ဘယ်နေရာမှာဆိုတာကို လွယ်လွယ်လေးသိနိုင်တယ်ဆိုတော့ကာ
    ရွာက ဆိတ်တွေနွားတွေရဲ ့လည်ပင်းမှာ
    ခလောက်တွေ ချူတွေတတ်တာ ထက်စာရင်
    ဂြိုလ်တု ဆက်သွယ်ရေးစနစ်နဲ ့နွားကျောင်းတာက ပိုပြီးဝန်ဆောင်မှုကောင်းပါလိမ့်မယ်လို ့
    တင်ပြလိုက်ပါသည်။
    ဗဟုသုတအဖြစ်ပါ။

  • bigcat

    January 23, 2011 at 6:17 am

    ကျုပ်တို့မြို့က ပိုသာတယ်ဗျ။ လူသာမက တိရိစာ္ဆန်တွေမှာ မိုဘိုင်းလ်းဖုံးသုံးနေကြပြီ။ ကြောင်တွေဆို ကြွက်ချောင်းစရာမလိုဘူး။ ကြွက်ရဲ့ဖုံးကိုခေါ်ပြီး တကျွိကျွိနဲ့ ဖြေသံကြားရင် ဖုန်းမှာပြတဲ့ ဂျီပီအက်စ် မြေပုံအညွှန်အတိုင်း သွားဖမ်းရုံပဲ။ ဘာရယ်မဟုတ်ပါဘူး ကျုပ်လဲ အသိအမြင်ချင်း ဖလှယ်တဲ့သဘောပါ။

  • naywoonni

    January 23, 2011 at 11:23 am

    ကိုခိုင်ရေ
    ကျွန်တော့အိတ်ကပ်ထဲမတော့
    ခြင်္သေ့အနီးသုံးကောင်
    ရွှေနှင်းဆီ ဆေးပေါ့လိပ်သုံးလိပ်
    မီးခြစ်နဲ့ စက်ဘီးသော့ပဲပါတယ်

  • ဆူး

    January 23, 2011 at 1:18 pm

    အိတ်ထဲ ဘာရှိလဲ မေးမှ ပြေးကြည့်မိတယ်
    မှတ်ပုတင်
    ကားလိုင်စင်
    သူများတွေ ကြော်ညာဝင်ပြီး ပေးထားတဲ့ လိပ်စာကတ် တချို့
    ခြင်္သေ့ကတော့ ပုံမှန်မရှိဘူး။
    လိုင်းမမိတဲ့ ဖုန်းစုပ်တလုံး
    ဘဏ်နဲ့ ပတ်သတ်တဲ့ ဘာညာ ကွိကွ မကိုင်ဘူး အသုံးမကျလို့။

  • char too lan

    January 26, 2011 at 8:05 am

    ကျေးဇူးတင်ပါတယ် တကယ်ကိုဗဟုသုတရတယ် အပိုင်း (၁) ဆိုတော့ နောက်ဆက်တွဲတွေကို မျှော်နေပါမယ် ………..
    လေးခိုင်ရေ ခုကျနော့်အိတ်ထဲမှာ ငွေစက္ကူသုံးထောင်ကျပ်နဲ့ အထူးကားစီရန်အတွက် အကြွေတချို ့၊ မှတ်ပုံတင်၊ တခြားစာရွက်စာတမ်းအနဲငယ်ပါ…

Leave a Reply