Resident Registration Number (RRN) အပိုင်း(၂)

nigimi77January 22, 20111min1288

ဒါဆို သူတို ့ဆီက မှတ်ပုံတင် နံပါတ်ကို ပြုလုပ်တဲ့ စံနစ် အကြောင်းကို ပြောကြည့်ကြရအောင်။

1 2 3 4 5 6 – 1 2 3 4 5 6 7

a b c d e f  –  g h i  j  k l m လို ့ သချာင်္ဂဏန်းတွေကို  abcd စတာတွေနဲ ့ကိုယ်စားပြုထားပါတယ်။

Dash ရဲ  ့ အရှေ  ့က ဂဏန်းတွေနေရာမှာ မွေးနှစ်လရက်တွေကို အစားထိုးပါတယ်။ ဥပမာ ၁၉၆ရ ခုနှစ် ၁ လပိုင်း ၁ဝ ရက်နေ ့မွေးတဲ့ သူဆိုရင်  670110 – ******* အဖြစ်သက်မှတ်ပါတယ်။

(g) နေရာဟာ  လိင်(sex) ကို ဖော်ပြပါတယ်။ 

  • 9: 1800 ~ 1899 ခုနှစ်မှာ မွေးဖွားတဲ့  male
  • 0: 1800 ~ 1899 ခုနှစ်မှာ မွေးဖွားတဲ့  female
  • 1: 1900 ~ 1999 ခုနှစ်မှာ မွေးဖွားတဲ့  male
  • 2: 1900 ~ 1999 ခုနှစ်မှာ မွေးဖွားတဲ့  female
  • 3: 2000 ~ 2099 ခုနှစ်မှာ မွေးဖွားတဲ့  male
  • 4: 2000 ~ 2099 ခုနှစ်မှာ မွေးဖွားတဲ့  female
  • 5: 1900 ~ 1999 ခုနှစ်မှာ နိုင်ငံခြားမှာ မွေးဖွားတဲ့  male
  • 6: 1900 ~ 1999 ခုနှစ်မှာ နိုင်ငံခြားမှာ မွေးဖွားတဲ့ female
  • 7: 2000 ~ 2099 ခုနှစ်မှာ နိုင်ငံခြားမှာ မွေးဖွားတဲ့  male
  • 8: 2000 ~ 2099 ခုနှစ်မှာ နိုင်ငံခြားမှာ မွေးဖွားတဲ့  female
  • ” h i j k ”   နေရာသည် မိမိ မွေးဖွားစဉ်တွင် မွေးဖွားကြောင်း Report တင်သည့် ရုံး၏ ကိုယ်ပိုင် အမှတ် ဖြစ်သည်။  အထက်မှ ဥပမာကိုယူလျင်  670110 – 1(1900 ~ 1999 ခုနှစ်မှာ မွေးဖွားတဲ့  male) 4702** ဖြစ်လာပေသည်။ (670110 – 14702**) ။   အဆိုပါ 4702 ဂဏန်းများသည် ရုံးအခြေစိုက်ရာ မြို  ့၊ ရပ်ကွက်၊ လမ်း၊ အမှတ် စသည်ဖြင့် Goverment မှ သတ်မှတ်သော နံပါတ်ဖြစ်သည်။ ထို အချက်ကြောင့် ထိုသူသည် မည်သည့်အရပ်တွင် မွေးဖွားခဲ့ခြင်းအား အကြမ်းဖျင်းသိရှိနိုင်သည်။ 

    “L” နေရာသည် မိမိမွေးဖွားစဉ် ရုံးတွင် စာရင်းပေးသွင်းသော Serial Number ဖြစ်သည်။  “M” နေရာသည် Goverment မှ အထူးပြု အမှတ်အသားအဖြစ် ထည့်သွင်းထား သည့် ဂဏန်းဖြစ်သည်။

    အထူးပြု ဂဏန်း၏ စနစ်သည်  M = [11−{(2*a +3*b +4*c+5*d +6*e +7*f +8*g+9*h +2*i +3*j+4*k+5*L) mod 11}] mod 10 ဖြစ်သည်။

    8 comments

    • nigimi77

      January 22, 2011 at 12:41 pm

      ဒီရွာက ရွာသားတွေ နဲနဲ ထူးဆန်းတယ်။ ဒါမျိုးရေးတော့ ဘယ်သူမှ ဘာမှ မပြောကြဘူး။ လုပ်စမ်းပါဗျ။ နိုင်ငံရေးနဲ ့ ဘာသာရေးပဲ ဝိုင်းနှိပ်မနေကြပါနဲ ့ဦး။ ကျုပ်တို ့နိုင်ငံလဲ Plastic Card နဲ ့ ဒီလိုစံနစ်လေးမျိုး လုပ်ကြည့်နိုင်အောင်လို ့။

    • ဆူး

      January 22, 2011 at 2:24 pm

      ဦးလေးရေ.. ဆူး ကတော့ ဉာဏ်မမှီလို့လား မသိဘူး။ နားမလည်ဘူး။ နားမလည်တာ ကို နားမလည်ကြောင်း ပြောသွားပါသည်။ ရေးပေးတာ ဖတ်ရတဲ့ အတွက် ဒီစာမျိုးတွေတော့ မြင်ဘူးသွားတာပေါ့။ အကြောင်းတိုက်ဆိုင်ရင်တော့ နားလည်မယ် ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

    • nigimi77

      January 22, 2011 at 2:50 pm

      ဦးလေးမဟုတ်ရပါဗျာ။ တော်တော်ငယ်ပါသေးတယ်။ ၄ဝ မှ ဘဝစတာကို။
      နောင်တစ်ချိန် ခေတ် စနစ် လူ ပြောင်းခဲ့ရင် ကျွန်တော်လဲ Plastic နဲ ့လုပ်ထားတဲ့ ကတ်ပြားလေးတွေကို မသေချင် ကိုင်ချင်ပါသေးတယ်။ ဒါနဲ ့ပတ်သပ်ပြီး ဆွေးနွေးမဲ့ လူရှိမလားလို ့ရေးကြည့်တာ ဘယ်သူမှလဲ မရှိဘူး။ ဒေါ်ဆူး comment ကို ကျေးဇူးတင်ပါတယ်။

    • မိုက်ကယ်ဂျော်နီအောင်ပု

      January 22, 2011 at 3:01 pm

      🙂 🙂 🙂

    • kai

      January 22, 2011 at 7:16 pm

      ဂျပန်နဲ ့ယူအက်စ်မှာ အဲဒီ၂နိုင်ငံလုံး မှတ်ပုံတင်မရှိဘူးဗျ..။
      ယူအက်စ်ရဲ့ ပြည်နယ်တွေမှာတော့ .. ပြည်နယ်အိုင်ဒီကို လိုချင်လို့ လျှောက်ရင်တော့ ထုတ်ပေးတယ်..။ လူတိုင်းမရှိမဖြစ်ဆောင်ရမယ်လို့တော့ မဟုတ်ဖူး..။
      အဲဒါကို ..RRN လို့ပြောလို့ရမလားတော့မသိ..။

      လူကို မှတ်ပုံတင်နံပါတ်နဲ့ထားတာဟာ .. ကိုယ်ပိုင်ပုဂ်ဂလိကအခွင့်အရေးကို အကြီးအကျယ်ထိခိုက်တယ် ဆိုပါတယ်..။ (ယူအက်စ်မှာ ဆိုရှယ်နံပါတ်တော့ လူတိုင်းမှာရှိပေမဲ့..အဲဒီစက္ကူစသေးသေးလေးမှာ နံပါတ်ကလွဲပြီး .. ဘာမှမပါ.. ဓါတ်ပုံမပါပြန်တာမို ့.. အိုင်ဒီအနေနဲ့သုံးလို့မရပါဘူး.။)

      လူတွေကို တံဆိပ်ကပ်ရင်..သိပ်တော့ မလွယ်ပါဘူး.။ ဂျုုးတွေကို နာဇီတွေ မှတ်ပုံတင်လက်မှတ်လေးတွေစစ်စစ်ပြီး သေလမ်းသွားရထားပေါ်တင်နေတာ ..ပြန်ပြန်မြင်ကြတယ် ဆိုပါတယ်..။
      နောက်.. မြန်မာပြည်မှာလိုပေါ့..
      အဲဒီမှတ်ပုံတင်လက်မှတ်ကြောင့် .. အဲဒါနဲ့လုပ်စားနေတဲ့သူတွေ.. အများကြီးမဟုတ်လား..။

      ဒါက လူထုကို အစိုးရက ထိမ်းကြောင်းကြိုးကိုင်လို့ရတဲ့ တနည်းလို့လည်း မြင်ကြပါတယ်..။
      ဘာပဲဖြစ်ဖြစ်..ယူအက်စ်ကတော့ ..သိပ်မကြာခင်မှာ .. နေရှင်နယ်အိုင်ဒီတခုလုပ်ဖို့ ကြိုစားနေပြန်လေရဲ့..။
      အဲဒီမှာ ..နံပါတ်ကို ..အခုလောက်လွယ်လွယ်နဲ့တော့ ပြထားမယ် မထင်ဘူး.။
      ိစိတ်ဝင်စားရင်..အောက်ကလင့်တွေကြည့်လိုက်နော..။
      http://en.wikipedia.org/wiki/National_identification_number
      http://en.wikipedia.org/wiki/REAL_ID_Act

    • zippo

      January 23, 2011 at 3:46 am

      အသိဥဏ်နဲနေသေးလို့ သည်းခံပေးစေချင်ပါတယ် ။ ဘဘထံပါးမှာသင်ယူနေဆဲမို့…ဘဘရဲ့ post အတွက်
      comment မပေးနိုင်သေးတာပါ ဘဘခင်ဗျာ..။။..။။..

    • meelay

      January 23, 2011 at 4:17 am

      77 ပို့စ်အတွက် ဉာဏ်မမှီလို့ ဒီအတိုင်းပဲဖတ်သွားတာ … ဉာဏ်မမှီလို့ မှတ်ချက်မပေးသွားတာပါ …

    • naywoonni

      January 23, 2011 at 11:40 am

      ကျွန်တော်က abcd ကို1234 နဲ့ ချပြနေတော့ ဂဏန်းဗေဒင် တွက်တော့မှာလားလို့ ဟီးးးးး
      အဲဒိလောက်ရှုပ်ထွေးတဲ့ မာကင်တွေနဲ့ မဖြစ်သေးဘူးဗျို့ တော်ကြာ ရွာက ဦးကြီးတွေ အခက်အခဲဖြစ်သွားနိုင်တယ်။ ခုတောင် ယူနီ နဲ့ ဇော်ဂျီ ပြောင်းနေရတာတောင် ကျွန်တော်တို့ အတွက် အတော်ဝန်လေးနေတာ မြန်မာလူမျိုးတွေရဲ့ ကမ္ဘာဟာ မပြားသေးပါကြောင်း

    Leave a Reply