့မြန်မာ့နိုင်ငံရေးနှင့်ကျွန်တော့်အမြင်-၃

SayagyiJanuary 22, 20111min17314

ရွေးကောက်ပွဲကတော့ပြီးသွားပြီ၊ အစိုးရကလည်း လွှတ်တော်ခေါ်ပြီးအစိုးရသစ်ဖွဲ ့ဖို ့လုပ်နေကြပြီ။ အစိုးရဆန် ့ကျင်သူတွေကတော့ အခုထက်ထိ ၂၀၀၈ အခြေခံဥပဒေ နဲ ့ရွေးကောက်ပွဲအဖြေကိုလက်မခံကြသေးဘူး။ ရွေးကောက်ပွဲကတော့ ခန် ့မှန်းထားသလိုပဲ အတိုက်အခံတွေက ၂၀% ကျော်ပဲအနိုင်ရခဲ့တယ်။ မဲပေးခဲ့တဲ့ပြည်သူတွေနဲ ့ရှုံးမှာဆိုတာကို သိပြီးဝင်ပြိုင်ကြတဲ့ ပါတီတွေကိုလေးစားပါတယ်။ ဒါပေမဲ ့တချို ့ပါတီတွေက အရှုံးကိုလက်မခံနိုင်ကြပဲ အမျိုးမျိုးပြောဆိုနေကြတယ်။ အဲဒီပါတီတွေကတော့ ရွေးကောက်ပွဲမဝင်ခင်ကတည်းက နိုင်မှာလည်းမဟုတ်ဘူး အစိုးရ မဲလိမ်ရင် မသမာမှုလုပ်ရင် အမျိုးမျိုးပြောကြမယ်၊ အစိုးရကိုသိက္ခာချမယ်ဆို ပြီးတော့ ဝင်ပြိုင်ကြပုံပဲ။ အဲဒါဆိုရင်အစိုးရလည်းသိက္ခာကျမယ် သူတို ့လည်းဒီမိုကရေစီဘက်တော်သားတွေဖြစ်သွားမယ် လို ့ထင်နေကြပုံရတယ်။ အဲဒီလိုလူတွေကတော့ပေါ်ပင်နိုင်ငံရေးသမားတွေပဲသူတို ့နေရာမပျောက်အောင်ရုန်းကန်နေကြရတာ။ မြန်မာ့နိုင်ငံရေးသမိုင်းကိုကြည့်ပါ အဲဒီလိုပေါ်ပင်နိုင်ငံရေးလုပ်သူတွေက နိုင်ငံရေးလောကကနေပျောက်ကွယ်သွားကြတာများတယ်။ အဲဒီပါတီတွေထဲမှာမှ၊ ရှုံးမယ်ဆိုတာသိပြီး ရတဲ့အဖြေကိုရဲရဲ ဝံ့ဝံ့ လက်ခံပြီးရှေ့ဆက်သွားဖို ့ပြင်ဆင်သူတွေကို ပိုပြီးလေးစားတယ်။ ဘယ်လောက်နေရာ၇ရ ရသလောက် ကြိုးစားသွားမယ်ဆိုတဲ့စိတ်ဓါတ် ကိုတော့လေးစားရမယ်။ အဲဒါကအမှန်ပဲ၊ ရှုံးမှာလည်းကြိုသိပြီး ပြိုင်တယ်ဆိုတော့ ရလာတဲ့အဖြေကိုလည်းလက်ခံရမှာပဲ။

အဲဒီရွေးကောက်ပွဲမှာတော့ NLD အဖွဲ ့၊ ရွေးကောက်ပွဲဆန် ့ကျင်သူတွေ နဲ ့No campaign သမားတွေက အစိုးရနဲ ့လက်ဝါးရိုက်ထားသလိုပဲ။ ဘာဖြစ်လို ့လဲဆိုတော့ တချို ့မဲဆန´နယ်မြေတွေမှာ မဲပေးသူနည်းပါးပြီး ကြံ့ဖွံ ့အလွယ်တကူအနိုင်ရသွားကြလို ့လေ။ အကယ်၍ မဲပေးသူတွေသာများမယ်ဆိုရင် အတိုက်အခံတွေ နိုင်တဲ့ရာခိုင်နှုန်းပိုများလာနုိုင်ခြေရှိတယ်။ ရှမ်းတို ့၊ ရခိုင်ဒေသတွေကိုကြည့်ပါ၊ သူတို ့ကမဲ အပြတ်အသတ် နိုင်နေရင် မဲလိမ်ဖို ့က အရမ်းခက်သွားပြီလေ။ အခုတော့ ဝင်ပြိုင်တဲ့ အတိုက်အခံပါတီတွေက ရွေးကောက်ပွဲမှာ အစိုးရတပါတီတည်းကိုမဟုတ်တော့ပဲ၊ No Campaign သမားတွေ၊ ရွေးကောက်ပွဲဆန် ့ကျင်သူတွေကိုပါ ရင်ဆိုင်ရတာဆိုတော့ သူတို ့အဲဒီလောက်အနိုင်ရတာတင် အတော်ကြီးကျယ်တဲ့ ရလဒ်ဖြစ်နေပြီ။ အစိုးရကတော့ NLD နဲ ့No campaign သမားတွေကို ကျေးဇူးအထူးတင်မှာသေချာတယ်။ NLD နဲ ့ဆန် ့ကျင်သူတွေက ရွေးကောက်ပွဲဝင်သူတွေကို အစိုးရကိုထောက်ခံတာဆိုပြီးတော့ ပြောပြီး သူတို ့ကတော့အစိုးရနိုင်အောင် လုပ်ပေးတယ်။ အဲဒါကတော့ NLD ရဲ ့အားနည်းချက်ပဲ၊ သူတို ့က အစိုးရက လုပ်စေချင်တာကို အမြဲလုပ်ပေးလေ့ရှိတာပဲ။
အခုတော့ ရွေးကောက်ပွဲပြီးသွားပြီ၊ အဲဒီနောက်မှာ သတင်းတွေကအမျိုးမျိုးထွက်လာတယ်။ စစ်မှုထမ်းဥပဒေထုတ်မယ် ၊ အာဆီယံက sanction lift လုပ်ဖို ့တောင်းဆိုတာတွေ ဖြစ်လာကြပြီ။ အဲဒီမှာsanction အကြောင်းစပြီ။ လွှတ်တော်တတ်မယ့် အတိုက်အခံပါတီတွေကလည်း sanction lift လုပ်ဖို ့စတင်ပြောဆိုနေကြပြီလေ။ အစိုးရအပါအဝင် တချို ့ကစပြောကြပြီ၊ ဒေါ်အောင်ဆန်းစုကြည်က sanction lift လုပ်ဖို ့တောင်းဆိုရမယ်ဆိုပြီးတော ့တိုက်ရိုက်ရောသွယ်ဝိုက်ပါပြောလာကြပြီ လေ။ တကယ်တော့ ဒေါ်စုက sanction lift လုပ်ပေးလို ့မရဘူး၊ sanction လုပ်ထားတဲ ့သက်ဆိုင်ရာနိုင်ငံကသာ လုပ်လို ့ရတာဖြစ်တယ်။ အဲဒါဆိုရင် ဘာဖြစ်လို ့ sanction lift လုပ်ဖို ့ကို ဒေါ်စုကိုတောင်းဆိုခိုင်းကြတာလဲ။ ဒေါ်စုနဲ ့ဘာမှ မဆိုင်တာပဲ၊ ဒေါ်စု က ထောက်ခံတာ မထောက်ခံတာပဲလုပ်ပေးလို ့ရတယ်လေ။ ဒါအပြင် ဒေါ်စုကsanction ကိုထောက်ခံခဲ့တဲ့သူလေ။ အကြောင်းကတော့ ဒေါ်စုကိုထောင်ချောက်ထဲသွင်းတာပဲ။ ဒီ sanction က ဒေါ်စုထောက်ခံခဲ့တာ သူပဲရှင်းရမယ်ဆိုပြီးတော့ အပြစ်ပုံချလိုက်တာပဲ။ ဒေါ်စု ပါးပါးနပ်နပ်သာ မကိုင်တွယ်နိုင်ရင် ဒုက္ခရောက်သွားမယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကဒေါ်စုက sanction ကိုထောက်ခံခဲ့ လို ့ပဲ၊ အခုတော့ အလွယ်တကူပြောင်းလို ့မရဘူးဖြစ်နေတယ်၊ အဲဒါကိုသိကြတော့ ဒေါ်စုအကြပ်ရိုက်အောင် လုပ်လိုက်တာပဲ။ အဲဒီလိုအခြေအနေမှာ ဒေါ်စုလုပ်နိုင်တာ တစ်လမ်းပဲရှိတော့တယ်၊ sanction lift လုပ်ဖို ့ကိုထောက်ခံလိုက်ရုံပဲ။ အဲဒီလမ်းကတော့ အကောင်းဆုံးပဲ၊ အဲဒီလမ်းကြောင်းလိုက်ရင် ဒေါ်စုရဲ ့image ပိုကောင်းသွားမယ်။ ဒါပေမဲ့ပြဿနာက sanction ကိုထောက်ခံတဲ့ ပြည်တွင်းပြည်ပ ဆန် ့ကျင်သူတွေနဲ ့ဒေါ်စုသဘောကွဲလွဲရတော့မယ်။ အဲဒီတော့ရွေးစရာမရှိတဲ့တခုတည်းသောလမ်းကိုမရွေးပဲ NLD နဲ ့ဒေါ်စု က ပြည်သူတွေရဲ ့သဘောထားကိုအရင်ယူပြီးမှ ပြည်သူတွေ အမှန်တကယ်နစ်နာမှ၊ sanction lift လုပ်ဖို ့ကိုထောက်ခံမယ်ဆိုပြီးတော့ပြောလာကြပြီ။ အဲဒါကတော့ထောင်ချောက်ထဲကိုဝင်လိုက်တာပဲ။ ဘာကြောင့်အဲဒီလိုပြောရလဲဆိုတော့ ပြည်သူ ့တွေရဲ ့ဆန္ဒတောင်းခံလို ့sanction lift လုပ်သင့်တယ်လို ့အဖြေထွက်လာရင် ၊ ပြောကြတော့မယ် အစကတည်းကပြည်သူတွေနစ်နာပါတယ်လို ့လူအများပြောနေကြတာ သက်သက်အချိန်ဆွဲတယ်ဆိုပြီးအထင်ခံရမယ်။ ဆန္ဒတောင်းခံလို ့sanction lift မလုပ်သင့်ဘူးဆိုတဲ့အဖြေထွက်ရင် ဘာဆက်လုပ်ကြမလဲ၊ လွှတ်တော်နဲ ့အခြားနိုင်ငံတွေကတောင် sanction lift လုပ်ပါလို ့တောင်းဆိုနေကြတာ ဘာကြောင့်အဲဒီအဖြေထွက်လည်း ပြည်သူ ့တွေရဲ ့ဆန္ဒအမှန်ဟုတ်ရဲ ့လားဆိုပြီးတော့ သံသယ အပွားခံရမယ်၊ ပြည်သူတွေရဲ ့ယုံကြည်မှု ဆုံးရှုံးသွားမယ်။ ။ ဘယ်လိုအဖြေထွက်ထွက် ဒေါ်စုအတွက်ကောင်းတာ တခုမှမရှိဘူး။ ဒေါ်စုလုပ်နိုင်တာက ဘယ်သူမှမပြောခင် ကိုယ်ကို်ယ်တိုင်ကအရင်ဆုံး sanction lift လုပ်ဖို ့တောင်းဆိုလိုက်ဖို ့ပဲ။

နောက်တခုက ဒေါ်စုနဲ ့NLD ကပြည်သူ ့သဘောထားကိုယူနေတုန်း လွှတ်တော်က sanction lift လုပ်ဖု်ိ ့တောင်းဆိုမယ် ၊ အခြားပြည်တွင်းပြည်ပအဖွဲ ့အစည်းတွေက တောင်းဆိုရင်း သက်ဆိုင်ရာနိုင်ငံတွေရဲ ့လွှတ်တော်တွေမှာဆွေးနွေးပြီး sanction lift လုပ်ပေးလိုက်ရင် သွားပြီ၊ ဒေါ်စုတို ့နောက်ကျသွားပြီ။ ပြည်သူ ့အကျိုးကိုမလုပ်ဘူးဆိုပြီးတော့ ပြည်သူတွေကထင်သွားကြမယ်။ ဟုတ်ပြီ အဲဒါက sanction lift လုပ်တဲ့အကြောင်း။ အခု အဲဒီလိုအဘက်ဘက်ကတောင်းဆိုနေတာတောင် သက်ဆိုင်ရာနိုင်ငံတွေက sanction lift မလုပ်ဘူးဆိုပြန်ရင်ရော၊ ဒေါ်စုတို ့အတွက်ကောင်းတာမရှိပြန်ဘူး။ ဒေါ်စုတို ့မထောက်ခံလို ့အဲဒီနိုင်ငံတွေက sanction lift မလုပ်တာဆိုပြီး ပြည်သူ ့အကျိုးမကြည့်သူဆိုပြီးဖြစ်လာပြန်မယ်။ ဘာတခုမှဒေါ်စုနဲ ့NLDအတွက်ကောင်းတာမရှိဘူး။ ဒေါ်စုဒီလိုဆုံးဖြတ်ရတာကလည်း သူ ့ပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဧရာဝတီသတင်းဌာနကဦးဝင်းတင်နဲ ့Interview ထားတာလေးကိုပြန်ကြည့်ပါ။
NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က မစ္စတာ ဂျင်မ် ဝက်ဘ် မြန်မာနိုင်ငံသို့ လာရောက်ပါက ၎င်းအနေဖြင့် တွေ့ဆုံမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
“ကျနော့်အနေနဲ့ ဒီလိုလူမျိုးကို တွေ့စရာမလိုဘူးလို့ထင်တယ် ၊ ဒေါ်စုအနေနဲ့လည်း ဂျင်မ်ဝက်ဘ်ကို တွေ့ဖို့ မကောင်းဘူးလို့ ထင်တယ် ၊ ဘာလို့လဲဆိုတော့ သူလုပ်နေတာ မြန်မာပြည်အတွက် အကျိုးကျေးဇူးများစရာအကြောင်း တခုမှ မရှိဘူး ၊ သူလုပ်နေ တာ Sanctoin တွေဘာတွေ ရုပ်သိမ်းဖို့ ကိစ္စ ၊ ဒီစစ်အစိုးရကို Sanctoin လိုဟာမျိုးနဲ့မှ ကိုင်မထားရင် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတာ မဖြစ်နိုင်ဘူး”ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

အမျိုးသားရင်ကြားစေ့ရေးဆိုတာတွေတွင်တွင်ပြောနေပြီး အစိုးရကို ဒီမိုကရေစီဖော်ဆောင်အောင်၊ တွေ ့ဆုံဆွေးနွေးရေးလုပ်အောင် Sanction နဲ ့အကြပ်ကိုင်ရမယ်ဆိုတဲ့အမြင်ကတော့ တော်တော်ခက်တာပဲ။ အစိုးရကိုဒီလောက်နှစ်အကြာကြီး sanction လုပ်ထားတာတောင်ဘာမှမဖြစ်တာ ဘယ်လိုအကြောင်းပြချက်နဲ ့Sanction က အစိုးရကိုထိခိုက်တယ်လို ့ဆိုချင်ရတာလဲ။

အဲဒီsanction အကြောင်းကိုပြန်ပြောချင်တယ်၊ အစိုးရအပေါ်sanction လုပ်ထားတဲ့ အချိန်အတွင်းမှာ ဘာများအကျိုးသက်ရောက်တာရှိခဲ့လဲ။ အဲဒီတုန်းကအထည်ချုပ်စက်ရုံတွေအများကြီးပိတ်တော့ အဲဒီကမိန်းခလေးတွေ အနှိပ်ခန်းတွေ ရောက်ကုန်ရော၊ အခြေအနေ ပိုဆိုးတဲ့သူတွေကတော့ မကောင်းတဲ့အလုပ်ကိုလုပ်စားရတယ်။ အဲဒီမှာကော အစိုးရကိုဘာထိခိုက်လဲ။ ဘာမှမဖြစ်ဘူး။ အစိုးရကလည်း တရုတ်၊ အိန္ဒိယ၊ အာစီယံတို ့နဲ ့ဆက်လုပ်တာပဲ။ အဲဒီနိုင်ငံတွေကလည်း အစိုးရမှာ ရွေးစရာမရှိဘူးဆိုတာသိတော့ သူတို ့လုပ်ချင်သလိုလုပ်ကြတာပေါ့။ အဲဒီတော့ ဘယ်သူနစ်နာလည်း၊ ပြည်သူတွေပဲနစ်နာတာပေါ့။ တရုတ်တွေဆိုရင်ကြည့် project တွေအကုန်လုံး သူတို ့အလုပ်သမားတွေပဲခေါ်လာတယ်။ မြန်မာပြည်သူတွေ အလုပ်မရကြဘူး။ အစိုးရကအဲဒါကိုမသိလို ့လားဆိုတော့ ၊ မဟုတ်ဘူး။ သူတို ့လည်းရွေးစရာမှမရှိတာပဲ။ ဒီတရုတ်မှမလုပ်ရင်ဘယ်သူလာလုပ်မှာလဲ။ sanction ကြောင့် ဂျိုကျိုးနားရွက်ပျက်တွေပဲ လာလုပ်ကြမှာပေါ။ အဲဒီ ့ကုပ္မဏီတွေမထွက်သွားအောင်ချော့နေရတော့ အလုပ်သမားအခွင့်အရေးဆိုလည်းမရှိတော့ဘူး။ ဘယ်သူနစ်နာလည်း။ အလုပ်သမားတွေပဲနစ်နာတာပဲ။ အဲဒီတော့ဘယ်လိုဖြစ်ကုန်လည်းဆိုတော့ sanction ကအစိုးရကိုဖိ ၊ အစိုးရက ပြည်သူတွေအလုပ်သမားတွေကိုဖိ၊ ဘယ်သူနစ်နာလည်း။ နောက်တခုသတိထားမိတာကတော့ sanction က တရုတ်တွေကိုတော်တော်အကျိုးပြုတာပဲ။ မြန်မာပြည်ကသယံဇာတတွေကိုသူတို ့လိုချင်သလို ထုတ်သွားတာကိုး။ အဲဒီတော့ sanction ကြောင့် ဘယ်သူအကျိုးရှိလည်းဆိုတော့ တရုတ်အကျိုးရှိပြီး မြန်မာပြည်နဲ ့ပြည်သူတွေပဲ အကျိုးယုတ်စေတယ်။ အဲဒီတော့sanction ကဘယ်သူကိုထိခိုက်ပြီးဘယ်သူ ့ကိုအကျိုးဖြစ်စေလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ရပ်ကွက်ထဲကဆိုးတဲ့သူတောင်မှသူ ့ကိုဝိုင်းကျဉ်ထားရင် ပိုဆိုးတဲ့သူတွေနဲ ့ပေါင်းပြီးရပ်ကွက်တောင်ဒုက္ခပိုရောက်ရတယ်။ အဲဒီသဘောပဲ အစိုးရကလည်းတရုတ်တို ့၊မြောက်ကိုရီယားတို ့နဲ ့လည်းပေါင်းတော့တာပေါ့၊ အခြေအနေဆိုးရင်မြောက်ကိုရီးယားလိုတောင်ဖြစ်သွားနိုင်တယ်၊ အဲဒါဆိုရင်တော့ပြည်သူတွေတော့ အတော့်ကိုဒုက္ခရောက်ကြမယ်၊ အိမ်နီးချင်းနိုင်ငံတွေလည်းတောင်ကိုရီယားလို ဂျပန်လိုဒုက္ခရောက်ကြမယ်။ အခန် ့မသင် ့ရင်အမြှောက်နဲ ့ပစ်ခံရမှာကိုး၊ nuclear လက်နက်လည်းရအောင်လုပ်အုန်းမှာလေ။

အဲဒါကြောင့်သဘောထားခံယူဖို ့ကတော့မလိုအပ်ဘူးထင်ပါတယ်၊ အရမ်းနောက်ကျသွားလိမ့်မယ်။ သေချာတာကတော့ sanction က NLD ကိုမထိခိုက်ဘူးဆိုတာပဲ။ အကယ်၍NLDကအစိုးရလိုပဲ တရုတ်အကျိုးကိုသယ်ပိုးမယ် မြန်မာပြည်ကိုလည်းဒုတိယမြောက်ကိုရီးယားဖြစ်စေချင်ရင် sanction ကိုဆက်လက်ထောက်ခံပါ။ ပြည်သူ ့အကျိုးသယ်ပိုးမယ်ဆိုရင်တော့ sanction ကို lift လုပ်ဖု်ိ ့ကိုထောက်ခံပါ လို ့ပဲပြောချင်ပါတယ်။
ကိုယ့်အချင်းချင်းပြေလည်မှတိုင်းပြည်တိုးတက်မှာပါ။ ကိုယ့်ပတ်ဝန်းကျင်ကနိုင်ငံတွေကိုကြည့်ကြပါ ချက်ချင်းကိုတိုးတက်လာကြတာ၊ ဘာဖြစ်လို ့လည်းဆိုတော့ စနစ်ကြပြီးအချင်းချင်းပြေလည်ကြလို ့ပဲ။ ထိုင်းနိုင်ငံပဲကြည့်ပါ၊ သက်ဆင်ကတရားဝင် ဝန်ကြီးချုုပ်ပဲ၊ သူ ့တိုင်းပြည်ကထွက်သွားပြီး ရှပ်နီတွေ ပြဿနာဖြစ်ကြတော့ သူတို ့တိုင်းပြည်ဘယ်လောက်နစ်နာသွားသလဲ။ အဲဒါတောင်သူက နိုင်ငံခြားကနေ ရှပ်နီတွေကို မြှောက်ပေးနေသေးတယ်။ သူ ့တိုင်းပြည်ကိုဒုက္ခရောက်အောင်လုပ်နေတာပဲ။

ဒေါ်စုအနေနဲ ့လည်းအစိုးရနဲ ့ပြေလည်ပြီးတိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ရမှာဖြစ်တယ်။ အစိုးရကိုsanction နဲ ့အကြပ်ကိုင်မယ်ဆိုတဲ့သူတွေရဲ ့ အကြံဉာဏ်တွေကတော့ အလုပ်မဖြစ်တော့ဘူး။ ဒေါ်စုအနေနဲ ့sanction အကြောင်းကိုဖြစ်နိုင်ရင် နိုင်ငံရပ်ခြားရောက် ဆန် ့ကျင်သူတွေ၊ ပြည်တွင်းကဆန် ့ကျင်သူတွေနဲ ့မဆွေးနွေးပဲ၊ ပြည်တွင်းကပြည်သူတွေ၊ ပြည်တွင်းက အတိုက်အခံပါတီများနှင့်သာ ဆွေးနွေးသင့်ပါတယ်။ အဲဒါမှလည်းပဲ အခြေအနေမှန်ကိုသိမြင်နိုင်မှာဖြစ်တယ်။ ဘာဖြစ်လို ့လည်းဆိုတော့ဒေါ်စုပတ်ဝန်းကျင်ကလူတွေ၊ အစိုးရကိုဆန် ့ကျင်သူတွေက ဒေါ်စုကို တခုတည်းသော၊ အလုပ်မဖြစ်သော အကြံဉာဏ်တွေပေးနေလို ့ဘဲ။ ဒေါ်စုပတ်ဝန်းကျင်ကိုကြည့်လိုက်ပြန်ရင်လည်း ဒေါ်စုက တော်တယ်ထင်ထူးချွန်တယ်ထင်လို ့ခေါ်ထားသူတွေမဟုတ်ဘဲ ဒေါ်စုနားကိုနေရာလိုချင်လို ့ရောက်လာသူတွေ၊ သူတို ့ အကြံဉာဏ်တွေကိုအကောင်အထည်ဖော်ဖို ့အသု ံးချဖို ့အတွက်ရောက်လာကြသူတွေသာဖြစ်တယ်။ ဒေါ်စုက အခြားတနေရာကထူးချွန်တာကိုတွေ ့လို ့ခေါ်ထားတာ၊ အကြံဉာဏ်တောင်းတာတွေမဟုတ်ဘူး။ မြန်မာပြည်မှာ ဒေါ်စုပတ်ဝန်းကျင်ကလူတွေထက်တော်တဲ့သူတွေအများ ကြီးပါ။ အဲဒီလိုလူတွေနဲ ့ဒေါ်စု ပေါင်းပြီးအလုပ်လုပ်ရမှာပါ။ ဒီ အစွန်းရောက်အကြံဉာဏ်တခုပဲထွက်တဲ့လူတွေရဲ ့ အကြံဉာဏ်တွေ၊ တတိယအမြင်ရှိသူတွေရဲ ့ အကြံဉာဏ်တွေ၊ အခြားထူးချွန်တဲ့သူတွေပေးတဲ့မတူညီတဲ့ အကြံဉာဏ်တွေထဲကမှ ကောင်းတဲ ့ အကြံဉာဏ်ကိုရွေးထုတ်ပြီး တိုင်းပြည်အကျိုးပြည်သူ ့အကျိုးကိုဆောင်ရွက်ရမှာဖြစ်တယ်။ ဒီလို ကျဉ်းမြောင်းတဲ့အမြင်တွေမှာပဲနစ်မြုပ်မနေဖို ့အရေးကြီးတယ်။ ဒေါ်စုအနေနဲ ့တခါးဖွင့်ထားပြီး အကြံဉာဏ်တွေကို လက်ခံပြီး အဲဒီထဲကမှ ကောင်းတာတွေကိုအကောင်အထည်ဖေါ်ရမှာဖြစ်တယ်။ ကိုယ့်အပေါ်ကိုအစဉ်အဆက်ထောက်ခံသူုတွေကပေးတဲ့ အကြံဉာဏ်ကမကောင်းရင် သူတို ့ကိုအားမနာပဲ၊ ကိုယ့်ကိုထောက်ခံခဲ့တာတွေကိုမကြည့်ပဲ၊ ခံစားချက်ကိုရှေ့မှာမတင်ဘဲ ပယ်ချရမယ်။ ဘာဖြစ်လို ့လဲဆိုတော့ ပြည်သူမျက်နှာကိုကြည့်ရမှာဖြစ်လို ့ပဲ။ ကိုယ့်ကိုမထောက်ခံတဲ့သူကပေးတဲ့ အကြံဉာဏ်ကကောင်းနေတယ်ထင်ရင်လည်း အာဃာတမထားပဲလက်ခံနိုင်ရမယ်။ အဲဒါမှလည်းတိုင်းပြည်တိုးတက်လာမှာဖြစ်ပြီး ပြည်သူတွေလည်းချောင်လည်လာကြမှာဖြစ်တယ်။

14 comments

  • bigcat

    January 22, 2011 at 5:04 pm

    ဆရာဂျီးရယ် ခင်ဗျားပြောသလိုသာ ဟုတ်ရိုးမှန်ရင် စစ်ကောင်တွေက ပြည်သူ့ဆန္ဒခံယူပွဲလိုမျိုး အော်ကြီးဟစ်ကျယ်လုပ်မှာပေါ့။ အခုတော့ သူတို့ဒလျှိုဒလန် ဖော်လံဖား ခွက်ပျောက် ပရောဂျက် နိုင်ငံရေး လုပ်စားသူတွေကတဆင့်ပဲ အော်ချက်ထုတ်နေရတယ် မဟုတ်လား။ သိပ်ညဏ်မကြီး ပါနဲ့ဗျာ။ ပြောသလို ပိတ်ဆို့မှုကြောင့်သာ ဒုက္ခရောက်၊ငတ်ကြရင် အန်အယ်ဒီနဲ့ ဒေါ်စုကို ဖိနှိပ်မှုပေါင်းစုံကြားထဲကနေ ဘယ်ပြည်သူက အင်တိုက်အားတိုက်ဆက်ပြီး ထောက်ခံမှာလဲ။ စစ်တပ် တိုင်းပြည်ကို အုပ်စိုးခဲ့တာ ဦးနေဝင်းနောက်ပိုင်းတင် နှစ်၂ဝကျော်ပြီ၊ တချိန်လုံးလည်း တသွေးတသံ တမိန့်နဲ့ ပြောင်းဆိုပြောင်း ရွေ့ဆိုရွေ့ လုပ်အားပေးဆိုပေး လုပ်ချင်တာလုပ်၊ ထုတ်ချင်တဲ့ အမိန့်ထုတ်နိုင်၊ တိုင်းပြည်သယံဇာတမှန်သမျှကို ကိုယ့်ယောက္ခမအိမ်ကပစ္စည်းလို သဘောထားပြီး ဖြုန်းခဲ့တာတွေကြတော့ ဖုံးထားပြီး ပိတ်ဆို့မှုကြောင့် စီးပွားရေးကျပါတယ်ဆိုတာ လူကြားလို့ မတော်ပါဘူး။ ပိတ်ဆို့မှုကြောင့်နာရတာကို အတင်းအကြပ်စစ်သားစုဆောင်းရေး၊ အဓမ္မလုပ်အားပေး၊ ပေါ်တာ၊ မြေယာသိမ်း၊ အချိန်မရွေးပြောင်းနေတဲ့ ဥပဒေထုတ်ခွင့်အာဏာတွေနဲ့ မချေနိုင်ဘူးလား။ ဒီမိုကရေစီရရင် တရားဝင်အစိုးရတခုသည် စီးပွားရေးပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ပေမဲ့ စစ်အစိုးရ အဆက်ဆက်သုံးခဲ့တဲ့ ဥပဒေမဲ့အနိုင်ကျင့်ခွင့်လိုင်စင်တွေကို ဘဲစားဘဲချေ ဆုံးရှုံးရမှာပါ။
    အန်အယ်ဒီနဲ့ အတိုက်အခံများပြောတာကလည်း မပိတ်ဆို့စေချင်ရင် အစိုးရပေါ်လစီတွေကို ပွင့်လင်းမှုရှိဖို့ပါ။ ဓါတ်ငွေ့၊ ကျွန်းသစ် ကျောက်မျက် သယံဇာတာ ရောင်းလို့ရတဲ့ ဒေါ်လာဘီလျံနဲ့ ချီတဲ့ငွေတွေကို ဘယ်လိုသုံးမှာလဲ၊ ဒေသအကျိုးစီးပွားအတွက် ဘာလုပ်ပေးမှာလည်း၊ ဘယ်သူတွေ ဘယ်လောက် အကျိုးခံစားခွင့် ရမှာလည်း စတာတွေကို တိုင်းသူပြည်သားတွေကို အသိပေးတင်ပြ သဘောတူညီချက် ယူပြီးမှလုပ်ဖို့ပါ။ (အခုလုပ်မဲ့ မဲသူခိုးလွှတ်တော်မှာ ဥပဒေပြဌာန်း လုပ်မှာလို့တော့ ငါ့စကားနွားရတော့ မပြောနဲ့နော်။ ဒါမန်းလေးဂေဇက်အွန်လိုင်းဗျ၊ ကြေးမုံသတင်းစာ မဟုတ်ဘူး)။ ဒီတော့ အန်အယ်ဒီနဲ့ ဒေါ်စုကို ပြောတာလဲပြောပေါ့၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိတာပဲ (ကျနော့်ကိုလည်း သဂျီးက ပိုက်ဆံပေးခိုင်းလို့ ဒီမှတ်ချက်ကိုရေးတာ) တဖက်က စစ်အစိုးရကိုလည်း ပွင့်လင်းမှု တာဝန်ခံမှု အရှက်အကြောက်တရားရှိဖို့ ပြောပါအုံး။ ကျန်တာကိုတော့ ဆရာဂျီးရဲ့ စကားလုံးတွေနဲ့ပဲ အဆုံးသတ်ခွင့်ပြုပါ။ (ဘာဖြစ်လို ့လဲဆိုတော့ ပြည်သူမျက်နှာကိုကြည့်ရမှာဖြစ်လို ့ပဲ။ ကိုယ့်ကိုမထောက်ခံတဲ့သူကပေးတဲ့ အကြံဉာဏ်ကကောင်းနေတယ်ထင်ရင်လည်း အာဃာတ မထားပဲလက်ခံနိုင်ရမယ်။ အဲဒါမှလည်းတိုင်းပြည်တိုးတက်လာမှာဖြစ်ပြီး ပြည်သူတွေလည်း ချောင်လည်လာကြမှာဖြစ်တယ်။)

    • Sayagyi

      January 23, 2011 at 3:03 am

      to bigcat

      “ဆရာဂျီးရယ် ခင်ဗျားပြောသလိုသာ ဟုတ်ရိုးမှန်ရင် စစ်ကောင်တွေက ပြည်သူ့ဆန္ဒခံယူပွဲလိုမျိုး အော်ကြီးဟစ်ကျယ်လုပ်မှာပေါ့။ “ (ခက်တာပဲ၊ ကိုယ့်ကိုစီးပွားရေးပိတ်ဆို့ တာကို ပြည်သူ့ဆန္ဒခံယူပွဲလိုမျိုး လုပ်ရမယ်ဆိုတာတော့ ရီစရာဖြစ်မနေဘူးလား၊ ဆန္ဒခံယူပွဲအဖြေက sanction မထောက်ခံဘူးဆိုရင်ကော သက်ဆိုင်ရာနိုင်ငံတွေက sanction lift လုပ်ပေးမှာလား၊ ဘယ်လုပ်ပေးမှာလဲ၊ အဲဒါကြောင့်အဲဒီလိုမလုပ်တာပေါ့) “ပြောသလို ပိတ်ဆို့မှုကြောင့်သာ ဒုက္ခရောက်၊ငတ်ကြရင် အန်အယ်ဒီနဲ့ ဒေါ်စုကို ဖိနှိပ်မှုပေါင်းစုံကြားထဲကနေ ဘယ်ပြည်သူက အင်တိုက်အားတိုက်ဆက်ပြီး ထောက်ခံမှာလဲ။” (ပြည်သူတွေအများစု (bigcat အပါအဝင်ပေါ့)ဆိုတာ sanction ဆိုတာဘာလဲ၊ sanction ကြောင့်ဘယ်သူတွေဒုက္ခရောက်ကြရလဲ၊ ဆိုတာ မသိကြဘူး၊ သူတို ့သိတာက အစိုးရ ကြောင့်ဒီလိုသူတို ့ဒုက္ခရောက်တယ်ငတ်တယ်ဆိုတာပဲ၊ ဒေါ်စုအုပ်ချုပ်ရင် အားလုံးကောင်းသွားမယ်လို ့ထင်နေကြလို ့ဒေါ်စုကိုထောက်ခံကြတာပေါ့။ ပိတ်ဆို ့မှုကြောင့်ပြည်သူတွေဒုက္ခရောက်ကြတာကိုpostမှာရှင်းပြပြီးလို ့ထပ်မရှင်းတော့ဘူး) “ပိတ်ဆို့မှုကြောင့် စီးပွားရေးကျပါတယ်ဆိုတာ လူကြားလို့ မတော်ပါဘူး။ “ (ပိတ်ဆို ့မှုကြောင့် စီးပွားကျတာမဟုတ်ဘူး၊ စီးပွားရေးတိုးတက်သင့်သလောက်မတိုးတက်တာပါ။) “ပိတ်ဆို့မှုကြောင့်နာရတာကို အတင်းအကြပ်စစ်သားစုဆောင်းရေး၊ အဓမ္မလုပ်အားပေး၊ ပေါ်တာ၊ မြေယာသိမ်း၊ အချိန်မရွေးပြောင်းနေတဲ့ ဥပဒေထုတ်ခွင့်အာဏာတွေနဲ့ မချေနိုင်ဘူးလား။ “ (Bigcat ကပိတ်ဆို ့မှုက အစိုးရအထိနာတယ်လို ့ထင်နေပုံပဲ၊ အစိုးရက ဆင်ပိန်ကျွဲပါ၊ ပြည်သူတွေသာအခြေအနေဆိုးတာပါ။ အစိုးရကြောင့်ပြည်သူတွေနာပြီးပြီ၊ ပိတ်ဆို ့မှုကြောင့်၂ ခါနာတာပေါ့။) “ဒီမိုကရေစီရရင် တရားဝင်အစိုးရတခုသည် စီးပွားရေးပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ပေမဲ့ စစ်အစိုးရ အဆက်ဆက်သုံးခဲ့တဲ့ ဥပဒေမဲ့အနိုင်ကျင့်ခွင့်လိုင်စင်တွေကို ဘဲစားဘဲချေ ဆုံးရှုံးရမှာပါ။” (ဒီမိုကရေစီ၇ရင်ဆိုတာဘာကိုပြောတာလဲ၊ မရေမရာနဲ ့၊ အစိုးရအုပ်ချုပ်လာတာ အနှစ်နှစ်ဆယ် (၂၀) ရှိသွားပြီ။ သူတို ့ထောက်ခံတဲ ့ပါတီလည်း အစိုးရသစ်ဖွဲ ့တော့မှာ။)
      “ အန်အယ်ဒီနဲ့ ဒေါ်စုကို ပြောတာလဲပြောပေါ့၊ “ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိတာပဲ “ (ဒေါ်စုကဒီမိုကရေစီခေါင်းဆောင်လေ၊ ကိုယ်ကြိုက်တာကိုယ်လုပ်ခွင့်မရှိဘူး၊ ကိုယ်ကြိုက်တာကိုယ်လုပ်မယ်ဆိုရင်တော့ အစိုးရနဲ ့အတူတူပဲတတန်းတည်းဖြစ်သွားမယ်) “တဖက်က စစ်အစိုးရကိုလည်း ပွင့်လင်းမှု တာဝန်ခံမှု အရှက်အကြောက်တရားရှိဖို့ ပြောပါအုံး။” (အစိုးရကိုတော့ဘာမှပြောစရာမလိုပါ၊ သူတို ့လုပ်ချင်တာလုပ်မှာပဲလေ၊ လုပ်လည်းလုပ်ခဲ ့တာပဲ၊ သူတို ့ကအထက်စီးမှကိုး။)

  • bigcat

    January 23, 2011 at 4:51 am

    တဖက်က အာဏာရှိလို့ အသာစီးရနေလို့ ပြောစရာမလိုဘူးဆိုရင် ဆရာဂျီးရဲ့ ညီ၊ ညီမကို (ရိုင်းသွားရင် အနူးအညွတ် တောင်းပန်ပါသည်) ငွေရှင်ကြေးရှင် အာဏာပိုင်တဦးဦးက နိုင်ထက်စီးနင်းအလုပ်ခံရရင် မင်းသောက်သုံးမကြလို့ဖြစ်တာ၊ အနေအထိုင် အပြောအဆို ဆင်ခြင်လို့ ဆုံးမမှာလား။ ကျနော်ကတော့ လုပ်သင့်လုပ်ထိုက် လုပ်နိုင်တာကို ပြန်လုပ်ပါမယ်။ သဘောမတူလည်း ကိစ္စမရှိပါ၊ ကိုယ်ကြိုက်တာကိုယ်လုပ် ဒါဒီမိုကရေစီလေ။ စစ်ကောင်တွေလိုတော့ စကားရှုပ်အောင် မလုပ်ပါနဲ့။ အလွယ်ပြောတာကို ရိုးရိုးလေးစဉ်းစားရင် ဒိဟဖြစ်စရာမလိုတဲ့ ဝေါဟာရပါ။
    တခြားဟာတွေကိုတော့ ပြန်ရှင်းဖို့ မလိုဘူးလို့ ယူဆပါတယ်။ ကိုယ်ကြိုက်တာကိုယ်ရေးလေ..။

    • Sayagyi

      January 23, 2011 at 7:57 am

      To မိုက်ကယ်ဂျော်နီအောင်ပု
      လိုရင်းကိုမရောက်နိုင်ကြပါလား၊ အနှစ်နှစ်ဆယ်လုံးလုံးအစိုးရပြောင်းအောင်ဒီမိုကရေစီတိုက်ပွဲတွေ၊ sanction ကလည်း၁၅ နှစ်ကျော် လုပ်ပြီးပြီလေ၊ အစိုးရကတော့ဆင်ပိန်ကျွဲ ပဲဖြစ်မှာ ပြည်သူတွေကဘာဖြစ်ကုန်ပြီလဲ။ ငတ်ပြတ်ကုန်ကြပြီ။ အစိုးရဘက်ကလူတွေ ငတ်နေကြတာတွေ ့လို ့လား။ ပိုချမ်းသာလာတာမတွေ ့ကြဘူးလား၊ ဒါမှမဟုတ် မတွေ ့ချင်ယောင်ဆောင်နေကြတာလား။ အစိုးရပြုတ်ကျဖို ့ကနံပါတ် တစ် လား ပြည်သူတွေဒုက္ခဆင်းရဲကလွတ်ဖို ့ကနံပါတ် တစ် လား၊ အသေအချာစဉ်းစားစေချင်ပါတယ်။ အစိုးရပြုတ်ကျတာနဲ ့ပြည်သူတွေဒုက္ခဆင်းရဲကလွတ်တာက မတူတဲ့အကြောင်းအရာ နှစ်ခုပါ။ ဒီအစိုးရရှိနေတဲ့အချိန်မှာလည်း ပြည်သူတွေကောင်းစားအောင်လုပ်ရမယ်။ စနစ်ပြောင်းမှပြည်သူတွေကောင်းစားမယ်ဆိုရင်တော့၊ အနှစ်နှစ်ဆယ်စောင့်ပြီးသွားပြီ ဘယ်လောက်ထပ်စောင့်ရအုန်းမှာလဲ။ အဲဒီလိုဆိုရင် စနစ်မပြောင်းခင်စပ်ကြား ပြည်သူတွေ ဒုက္ခကို ခံခိုင်းနေတာလား။ ကျွန်တော်တို ့တွေက Internet လေးသုံး၊ post လေးတင်လိုက်နဲ ့ငြင်းလိုက်ကြ လုပ်နေကြတဲ့ အချိန်မှာ မြန်မာပြည်တွင်းကဆင်းရဲတဲ့ ပြည်သူတွေခမျာ စားစရာတောင်မရှိကြလို ့ဒုက္ခရောက်နေကြတာကိုကိုယ်ချင်းစာကြည့်စေချင်ပါတယ်။ sanction ကကျွန်တော်တို ့လို internet သုံးနေကြတဲ့သူတွေအပေါ်မှာ ဘာထိရောက်မှုမှ မရှိပါဘူး။ဘယ်sanctionကိုပဲကြည့်ကြည့်ပါ၊ ယေဘုယျအားဖြင့် sanction က နိုင်ငံတစ် နိုင်ငံမှာ အဆင်းရဲဆုံးလူတွေ(ကျွန်တော်တို ့နိုင်ငံရဲ ့လူများစု)ကိုပဲ အထိနာစေတာပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 23, 2011 at 5:25 am

    ယ္ခုလက်ရှိ စစ်အုပ်စုဟာ
    ဆင်ပိန်ကျွဲဆိုတာကို ကျုပ်လက်ခံတယ် လုံးဝဥဿုံ အဲဘ်စလုပ်တလီ လက်ခံတယ်
    ဒါပေမယ့် ပိန်နေတဲ့ကျွဲကို
    စီးပွားရေးတွေဖွင့်ပြီးဆက်သွယ်လာကြတဲ့အတွက် (စီးပွားရေးပိတ်ဆို ့မှုမလုပ်တဲ့အတွက်)
    ပိန်နေတဲ့ကျွဲက ဂေါ်ဇီလာဖြစ်လာပြီ
    ဖွတ်က မိချောင်းဖြစ်လာပြီ
    ကျားကြီးတော့ ခြေရာကြီးလာပြီ
    ဒီနေရာမှာ တီတီစု သာအာဏာရလာရင်
    စနစ်ကပြောင်းသွားမယ်
    ဆိုခြင်တာက
    ပြည်သူက တစ်ကယ်ရွေးချယ်တဲ့သူဖြစ်ရမယ်
    ခေါင်းဆောင်မှုပိုင်းမှာ ကောင်းရင် နေ
    မကောင်းရင်ဂျောင်း
    အထူးဆိုလိုတာက အာဏာရှင်တွေလက်ထဲမှာ အာဏာမရှိရင်ပြီးဒါဘဲ
    ပြည်သူက လက်မခံတဲ့ ကောင်တွေ စားဝတ်နေရေးမဖူလုံဘို ့အရေးကြီးတယ်
    ပြောကြစတမ်းဆို
    စီးပွားရေးတွေဖွင့်တယ် ဖက်စပ်တွေလုပ်တယ် သူတို ့ပဏာရတဲ့သူဘဲရတယ်
    စီမံကိန်းတွက် လယ်မြေအိမ်ယာတွေသိမ်းတယ် ဘယ်သူ ့ကို ထိုက်တန်အောင်လျှော်လို ့လည်း
    ဒီစီးပွားရေး မပိတ်စို ့တဲ့အတွက် သူတို ့နဲ ့လူတွေက သူတို ့နဲ့စီးပွားရေးလုပ်မယ်
    အဲ့သည်အလုပ်မှာ သူ ့လူအင်အားတစ်ရပ် အတိုင်းတာတစ်ခုထိရှိသွားမယ်
    ဆိုခြင်တာက တစ်ဖြေဖြေးနဲ ့သူတို ့အဖွဲ ့တွေ တောင့်တင်းလာတဲ့သဘောတောင်ပိုရှိလာတယ်
    ဒါကြောင့် ပိတ်ဆို ့တာကို ကျုပ်က ထောက်ခံတယ်
    Aကန်တ ခင်ဗျားလဲ အဲ့သည် အစုအစပ်တွေမှာ တစ်နေရာပါတယ်ထင်တယ် 🙂 🙂

    • bigcat

      January 23, 2011 at 5:49 am

      ကိုပုနဲ့ကျနော် အတော်နီးစပ်လာပြီ၊ မုန်းသူတွေမဟုတ်တော့ဘူး၊ တစိမ်းအဆင့်လည်းကျော်သွားပြီ။ ခင်ဗျားသာအရက်မသောက်ပဲနေနိုင်ရင် ချစ်သူတေ ွဖြစ်ရအောင်လား။ဟိုကိစ္စက ညှိလို့ရပါတယ်။

    • Sayagyi

      January 23, 2011 at 7:55 am

      To bigcat
      bigcat အနေနဲ ့ပထမဆုံး ကိုယ်လုပ်နိုင်တဲ့အရာနဲ ့ကိုယ်မလုပ်နိုင်တဲ့အရာတွေ(လုပ်ပေမဲ့အကျိုးသက်ရောက်မှုမရှိတာ)ကိုကွဲကွဲ ပြားပြားသိအောင၊် နားလည်အောင်အရင် လုပ်ကြည့်ပါလို ့တိုက်တွန်းပါရစေ။ bigcat ရဲ ့ဥပမာ” ငွေရှင်ကြေးရှင် အာဏာပိုင်တဦးဦးက နိုင်ထက်စီးနင်းအလုပ်ခံရရင် မင်းသောက်သုံးမကြလို့ဖြစ်တာ၊ အနေအထိုင် အပြောအဆို ဆင်ခြင်လို့ ဆုံးမမှာလား။ “ ကိုအဖြေပေးရမယ်ဆိုရင်တော့၊ အရင်ဦးဆုံးကိုယ့်ကိုကိုပြန်ကြည့်ရပါမယ်၊ ကိုယ်ဘာလုပ်နိုင်သလဲ၊ ဘယ်လောက်အကျိုးသက်ရောက်မှုရှိနိုင်လဲ၊ အဲဒါတွေကိုကြည့်ပြီး ကိုယ်လုပ်နိုင်တာတွေကိုလုပ်ရမှာပဲ၊ အဲကိုယ်လုပ်နိုင်တာဘာမှမရှိဘူး၊ လုပ်နိုင်တာကလည်းဘာအကျိုးသက်ရောက်မှုမှ မရှိနိုင်ဘူးဆိုရင်တော့ နောက်တခါထပ်မဖြစ်ရလေအောင် သူတို ့ကိုပဲဆုံးမ ရမှာပဲ။ အဲဒါကသာလျှင်မှန်ကန်တဲ ့ဆုံးဖြတ်ချက်ဖြစ်မှာဖြစ်တယ်။ အစိုးရကိုဘာမှမပြောနဲ ့ဆိုတာက အနှစ်နှစ်ဆယ်တောက်လျှောက်ပြောလာတာ ဘာထူးလဲ၊ အစိုးရကိုဆန် ့ကျင်ပြီးပြောတာက ဘာအကျိုးသက်ရောက်မှုမရှိ သလောက်ပဲ။ အစိုးရကသူ ့ကိုအပြုသဘောထောက်ပြတာကလွဲရင် ကျန်တာကိုလက်ခံမှာမဟုတ်ဘူး။ အစိုးရကိုတဖြေဖြေးဖျောင်းဖျ၊ အပြုသဘောဆက်ဆံတာကသာလျှင် အစိုးရကသဘောထားပျော့ပျောင်းလာပြီး အပြောင်းအလဲဖြစ်လာမှာဖြစ်တယ်။

  • kai

    January 23, 2011 at 10:04 am

    ကြုံလို့ပါ…။
    ကျုပ်နားလည်သလောက်.. ဆန်ရှင်ဟာ… ယူအက်စ်အစိုးရက လုပ်တာမဟုတ်ဖူးပြောလို့ရတယ်..။
    ဆန်ရှင်က .. ယူအက်စ်ရဲ့ ဒီမိုကရေစီစံနစ်က လုပ်တာပဲ..။
    တိတိကျကျ ပြောရရင်.. ဟောက်စ်ခေါ်တဲ့ ဥပဒေပြုအာဏာကိုင် အမတ်တွေကလုပ်တာ..။
    အဲဒီမှာ .. အဲဒီထဲမှာက၂ပါတီရှိတယ်..။ ရီပါ့ဗလစ်ကန်င်နဲ့ ဒီမိုကရက်..။
    မြန်မာပြည်ဆန်ရှင်က ..အဲဒီ ၂ဖက်လုံးအမတ်တွေအားလုံးလိုလိုထောက်ခံမှုနဲ့ ဥပဒေပြုထားတာ..။
    အစိုးရခေါ်တဲ့ .အုပ်ချုပ်မှုအာဏာကိုင်.. ကလင်တန်(ဒီမိုကရက်)၊ ဘုရှ်(ရီပါ့ဗလစ်ကန်င်) အခု..အိုဘားမား(ဒီမိုကရက်) အစိုးရအဆက်ဆက်.. က လွှတ်တော်ကတင်တာတာကို .. ဆက်ပြီး လက်ခံပေးနေတာပဲ..။
    အစိုးရမှာ ဗီတိုအာဏာရှိပေမဲ့.. သူ့ပါတီကအမတ်တွေတင်လာတာကို .. ဗီတိုလုပ်စရာအကြောင်းကို မရှိဘူး..။

    ဆိုတော့..
    ဒီကိစ္စက .. အပင်ပန်းခံဆွေးနွေးမနေနဲ့.. ဘယ်သူပြောပြော ..ရပ်နိုင်မှာမဟုတ်ဖူး.။ အရှိန်ရနေတဲ့ ရထားကြီးနဲ့တူတယ်..။

    ကြိုးစားကြည့်ရင်… ဖြစ်နိုင်တာတွေတော့ ရှိတယ်..
    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်.. ယူအက်စ်လာပြီး လွှတ်တော်ထဲ.. လာစကားပြောပြီး .. ဆန်ရှင်ဖြုတ်ပေးဖို့ ..မျက်နှာပြလောဘစ်လာလုပ်မှ ..(နည်းနည်းလေး) ဖြစ်နိုင်မယ်.။

    နောက်တခုက .. ယူအက်စ်မှာရှိတဲ့..မြန်မာတွေအားလုံးက ..ဆိုင်ရာလွှတ်တော်အမတ်တွေကို ..စာပို ့ဖုံးဆက်ပြီး ..ဒီနှစ်တော့ သက်တန်းမတိုးပါနဲ့တော့ ဝိုင်းပြောမှ ရမယ်..။
    ယူအက်စ်က .. မြန်မာအက်တစ်ဗစ်စ်တွေနဲ့ အရင်စကားပြောကြရလိမ့်မယ်.။
    အဲဒါတော့ လုပ်မနေနဲ့..ကျားမြီးသာ..သွားဆွဲလိုက်..။
    ကြောင်ကြီးကအော်လိမ့်မယ်..။ ဂရား..လို့..။ 🙂

  • Sayagyi

    January 23, 2011 at 11:03 am

    Kai ပြောရှင်းပြတာကသူ ့ရဲ ့procedure အမှန်ပဲ။ အဲဒါကြောင့်လည်းပဲ ကျွန်တော့်post မှာရေးထားတယ်၊ ဒေါ်စုကဘာမှမလုပ်နိုင်ဘူး၊ sanction lift လုပ်တာကသက်ဆိုင်ရာနိုင်ငံ နဲ ့ပဲဆိုင်ပါတယ်လို ့။ နိုင်ငံရေးမှာကြတော့ မတူတော့ဘူး၊ ပြောင်းသွားပြီ။ sanction ကိုထောက်ခံတာ၊ sanction ကို lift လုပ်ဖို ့ထောက်ခံတာက အဲဒီသူတွေရဲ ့နိုင်ငံရေးကိုပြောင်းလဲသွားစေလိမ့်မယ်။ အဲဒါကြောင့်ဆွေးနွေးတာပါ။ အကယ်၍NLDနဲ ့ဒေါ်စုက sanction lift မလုပ်ခင် lift လုပ်ဖို ့ထောက်ခံလိုက်ရင်သူတို ့ရဲ ့image ကကောင်းသွားပြီ။ ပြည်သူ ့အကျိုးကိုပဲကြည့်တယ်ဆိုတာ ပေါ်လွင်သွားမယ်၊ အစိုးရကsanction နဲ ့ပတ်သက်ပြီး ဒေါ်စုကို ထိုးနှက်လို ့မရတော့ဘူး။

  • kai

    January 23, 2011 at 11:29 am

    တကယ်က .. အဲဒီဆန်ရှင်ထဲ ဥပဒေတွေ..လုပ်ထုံးတွေ ရှုပ်ယှက်ခတ်နေတာပါပဲ..။
    အကြောင်းတခုခုကြောင့် .. အဲဒီလုပ်ထုံးတွေအတိုင်း ….ယူအက်စ်အစိုးရက ..တကယ်တိတိကျကျလုပ်နေတာတော့ .. မဟုတ်ဖူး.။
    ဆိုတော့ ..
    ဆန်ရှင်သာဆိုတယ်..စီးပွားရေးလုပ်တဲ့သူကလုပ်နေတာပါပဲ.။
    ပြီးခဲ့တဲ့ တပါတ်ကတင်.. မြန်မာခေါက်ဆွဲတွေ .. တရုတ်စတိုးဆိုင်ကြီးမှာတင်ရောင်းနေတာ တွေ့လိုက်သေးတယ်.။
    ထိုင်းက တဆင့်တင်နေတာပဲ..။

    ကြည့်ရတာ .. ယူအက်စ်ကုမ္ပဏီတွေက .. မြန်မာပြည်နိုင်ငံရေးအရမတည်ငြိမ်လို့ကို . သွားမလုပ်ကြတာလည်းဖြစ်နိုင်ပါတယ်.။
    တိုင်းပြည်ကမတည်ငြိမ်ရင်.. သူတို့..ဘဏ်ကငွေချေးလို့မှ မရတာကိုး..။
    အာမခံလည်း ..မပေးဘူးလေ..။ သူတို့အကျိုုးစီးပွား..သူတို့အပူနဲ့သူတို့..။

    ပြောချင်တာက.. ဆန်ရှင်ကိစ္စက ယူအက်စ်ရဲ့အကျိုုုးစီးပွားနဲ့သာ ဆိုင်တဲ့ကိစ္စဖြစ်လို့ပါပဲ..။
    နောက်ပိုင်းလုပ်တဲ့ စမတ်ဆန်ရှင်ခေါ်ရမဲ့ ဟာကတော့ .. တပ်မတော်ခေါင်းဆောင်တချို ့ရဲ့ ဘဏ်စာရင်းတွေကို ချုုပ်ကိုင်ထားပုံပေါ်ပါတယ်..။ အဲဒါက ..စစ်ခေါင်းဆောင်တွေ တည့်တည့် ထိခိုက်ပုံရပါတယ်..။

    ဆန်ရှင်ဖြုတ်ဖို့ ဒေါ်စုက ထောက်ခံပေးပါတယ်ဆိုတဲ့ အဓိပါယ်က .. အဲဒီငွေစာရင်းတွေပြန်ဖွင့်..ငွေတွေပြန်ပေးဖို့ပြောတာနဲ့တူတူပဲလိုလည်း ဖြစ်နေပါတယ်.။
    ဆိုတော့ ..
    လူအုပ်ထဲ.. လူတယောက်က ..လူတယောက်ကို ..ခေါင်းတုတ်နဲ့ရိုက်ထဲ့လိုက်တဲ့ ကိစ္စမှာ .. ကြားထဲက .. ဘေးလူကဝင်ရှုပ်နေသလို မဖြစ်ပေဘူးလား..။

    ဆွေးနွေးကြည့်တာပါနော…။

  • Sayagyi

    January 23, 2011 at 1:31 pm

    “ လူအုပ်ထဲ.. လူတယောက်က ..လူတယောက်ကို ..ခေါင်းတုတ်နဲ့ရိုက်ထဲ့လိုက်တဲ့ ကိစ္စမှာ .. ကြားထဲက .. ဘေးလူကဝင်ရှုပ်နေသလို မဖြစ်ပေဘူးလား..။ “ အဲဒီလိုလူတယောက် တုတ်နဲ ့အရိုက်ခံရတာကို ကြားထဲကဘေးလူရိုက်တဲ့သူဘက်ကထောက်ခံတော့ အရိုက်ခံရသူနဲ ့ကြားလူက ရန်သူတွေဖြစ်သွားမှာပေါ့။

  • bigcat

    January 23, 2011 at 7:12 pm

    ခက်တော့နေပြီ၊် ဒေါ်စုနဲ့ အန်အယ်ဒီကို မကောင်းဘူး၊ တိုင်းပြည်ဖျက်ဆီးတယ် အတင်းဇွတ် လုပ်နေတော့တာပဲ။ ဒီပြက်လုံးမျိုးကို အတင်းအဓမ္မတက်ခိုင်းတဲ့ လူထုထောက်ခံပွဲတွေနဲ့ မြန်မာ့ရုပ်မြင်သံကြားမှာပဲ ကြားဖူးတယ်။ မြတ်ခိုင်နဲ့ ဖားမင်းဆွေတို့ကေိုတော့ အဖက်လုပ်မပြောတော့ဘူး image ကောင်းမကောင်းဆိုတာ ဘယ်ဖက်ကကြည့်လည်းအပေါ် မူတည်တာပေါ့ဗျာ။ စစ်ဗိုလ်တွေဖက်ကကြည့်ရင်၊ ပေါင်းရိုက်စားနေတဲ့သူတွေဖက်ကကြည့်ရင် အန်အယ်ဒီနဲ့ဒေါ်စုရဲ့ ပုံရိပ်ကဆိုးမှဆိုး၊ ပြည်သူဖက်ကကြည့်ရင်တော့ သူရဲကောင်းပဲဗျို့။ ဆရာဂျီးဘယ်ဖက်ကဆိုတာ ပြောပါများတော့ ဇာတိကပြပါတယ်။
    (အကယ်၍NLDနဲ ့ဒေါ်စုက sanction lift မလုပ်ခင် lift လုပ်ဖို ့ထောက်ခံလိုက်ရင်သူတို ့ရဲ ့image ကကောင်းသွားပြီ။ ပြည်သူ ့အကျိုးကိုပဲကြည့်တယ်ဆိုတာ ပေါ်လွင်သွားမယ်၊ )

    စစ်တပ်ကဒေါ်စုကို ၁၉၈၈ ကထဲက ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ လူမှုရေး ဘက်ပေါင်းစုံက ထိုးနှက်နေတာ လူတိုင်းသိနေတာပဲ။ ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး ထိုးနှက်လို့ရော ထိရောက်တယ် ထင်လို့လား။ ဆရာဂျီးကိုယ်တိုင်ပဲ ပြောခဲ့ပြီးပါပြီလေ။ စစ်အစိုးရက သူ့ကိုယ်သူသိလို ဆန္ဒခံယူပွဲတောင်မလုပ်ရဲဘူး မဟုတ်လား။ ဒီတော့ သွေးရူးသွေးတန်းပြောတိုင်း ကြောက်ရမှာလား။
    (အစိုးရကsanction နဲ ့ပတ်သက်ပြီး ဒေါ်စုကို ထိုးနှက်လို ့မရတော့ဘူး။)

  • ဒေါ်အောင်ဆန်းစုကြည် image ကောင်းဖို့များ ပူမနေပါနဲ့ဗျာ။ သမာသမတ်ရှိရှိ သိက္ခာရှိရှိတက်လာတဲ့ အစိုးရမှန်ရင် ကမာ္ဘ့မျက်နှာစာပေါ်မှာ ဩဇာ အတန်အသင့် ညောင်းရမှာပါ။ သာမညောင်ညလေးတစ်ယောက်ရဲ့ စကားတစ်ခွန်းထက် ပိုတာသွားရမှာပေါ့ မဟုတ်ဘူးလား။ U.S သွားပြီး သမ္မတ ကိုယ်တိုင်၊ ဝန်ကြီးချုပ်ကိုယ်တိုင်ပြောပေါ့။ ဒေါ်အောင်ဆန်းစုကြည်က သာမညောင်ည လေးပဲဟာ။ အစိုးရက သူ့ထက်ပိုအဖြစ်ရှိရမှာလေ။ သူ့စကားထက် သမ္မတကြီးရဲ့စကား၊ ဝန်ကြီးချုပ်ရဲ့စကားက ပိုဩဇာရှိတာပေါ့ဗျ။ နိုင်ငံတကာက ဖိတ်ခေါ်လို့ ကော်ဇောနီကြီးတွေပေါ်လျှောက်ရမှာ ဒီမိုကရေစီ နည်းကျရွေးချယ်ခံရတဲ့ အစိုးရမဟုတ်ဘူးလား။ လွှတ်တော်မှာ အမတ်တွေပြုံလို့ဗျ။ သူတို့ကကော ဒါလောက်ကလေးတောင် မစွမ်းတော့ဘူးလား။

  • timothy

    January 26, 2011 at 5:42 pm

    စစ်အစိုးရဖက်ဆစ်ဝါဒီများကတော့လိမ်ကောက်ကျစ်စဉ်းလဲစွာနဲ့ဘယ်ကရောက်လာမှန်းမသိနိုင်တဲ့ကြိုမဲဆိုတဲ့မဲလိမ်များနဲ့ရွေးကောက်ပွဲလုပ်ဇါတ်ကိုအတင်းမဟားတယားအနိုင်ပိုင်းလိုက်တာ၊
    သိသိကြီးနဲ့ဝင်ပြိုင်ကြပါသောတတိယအင်အားစုနဲ့ဒီမိုကရေစီအမည်ခံNDF နဲ့ DP တို့ခင်ဗျာပိုးလိုးပက်လက်ရှုံးကြပြီမဟုတ်လား။
    ဗိုလ်သန်းရွှေနဲ့သူ့ရဲ့ ရ လှမ်းစည်းကမ်းမဲ့ဒီမမိုမကရေစီကိုနားယောင်ပြီးခုထက်ထိမိုက်လုံးကြီးစွာနဲ့ပါဝင်ဆင်နွှဲပြီး၊
    ဆက်ပြီးအတွင်းစီးဝိုင်းကလုပ်ရင်တဖြေးဖြေးနဲ့လွတ်လပ်ရေးရမှာဘဲလို့ထင်နေတာမစဉ်းစားတပ်လို့
    လား၊ တခုခုရထားကြလို့ကြဘဲလား။
    ဒီလကုန်မှာတိဆိပ်ခေါင်းထုချန်ပီယံလွတ်တော်ဖွင့်တာနဲ့၊ အမတ်မင်းများက၊မင်းတရားကြီးဗိုလ်သန်းရွှေနဲ့မယ်ကြိုင်တို့ကိုသစ္စာခံကန်တော့ပူဖော်ကြရမယ
    ်မှတ်ပါ။
    မနာခံတဲ့ကောင်အားလုံးထောင်ထဲဂျောင်းဘဲ။
    ထောင်တမ်းကျနေကြပါသောခေါင်းဆောင်များကိုလွှတ်ပေးဘို့တဆိပ်ထုလွတ်တော်မှာအဆို
    တင်ဦးမယ်ဆို။် အဆိုတောင်တင်ဘို့လမ်းမမြင်ခင်ကိုထောင်ထဲကန်ထဲ့ပြီးပုန်ကန်မှုနဲ့သမလိမ့်မယ်။
    ဒီလိုဒုက္ခတွေမြင်လို့အမေစုနဲ့ NLD က ရွေးကောက်ပွဲအတုမှာဝင်မပါဘဲဝေးဝေးကနေကြပါလို့နှိုးဆော်ခဲ့ပါတယ်။
    တနေ့မှာအမေစုနဲ့စစ်ဖက်ဆစ်များထိပ်တိုက်တွေံလိမ္မယ်။
    လူထုကြီးကအမြဲသတိဝီရိယရှိစွာနဲ့လိုအပ်ရင်လူထုတော်လှန်ရေးကြီးဆင်နွှဲကြဘို့ပြင်ဆင်နေကြပါကြီ။
    ဖက်ဆစ်စစ်ဝါဓီများလက်အောက်မှလွတ်မြောက်ရာဒီလူထုအုံကြွမှုနည်းလမ်းတခုဘဲရှိတော့တယ်။
    အမေစုသာလျင်ဒီလိုလူထုတော်လှန်ရေးတိုင်းရင်သားအားလုံးစည်းလုံးညီညွတ်အုံကြွတော်လှန်ရေးကိုဆောင်ကျဉ်းပေးနိုင်မဲ့၊လူထုခေါင်းဆောင်အစစ်အမှန်ဖြစ်နိုင်တာကိုတင်ပြရင်းနဲ့၊ ထောင်ကျနေကြသောခေါင်းဆောင်ကြီးများရဲ့ဘဝနဲ့ရင်းပြီးပေးဆပ်ထားတာတွေတောင်မထောက်ရှုနီုင်ဘဲ
    အမှန်တရားကိုကြောခိုင်းနိုင်သူလက်တဆုပ်စာလူတစုကိုစေတနာရှိစွာနဲ့သတိပေးရေးလိုက်ရပါတယ်။
    အမှန်ကိုမြင်နိုင်ကြလို့မှားတာကိုမှားမှန်းသိနိုင်ကြပါစေ။

Leave a Reply