UNDER 18 (သို ့) THUMB DOWN အပိုင်း(၁)

nigimi77January 22, 20111min16122

အချိန်ကား  2016 ခုနှစ်။ ရန်ကုန်မြို  ့တွင်း တနေရာ….။

MINI STORE တခု၏ အရှေ  ့နားတွင် လူငယ်ကောင်လေးတစ်ယောက် မယောင် မလည် လမ်းလျှောက်နေသည်။ သူ ့မျက်လုံးများက ဂဏာ မငြိမ်။  မေးစိကို ပွတ်လိုက် ဆိုးဆေးကျို  ့တို ့ကျဲတဲ ဆံပင်ကို ထိုးဖွလိုက် နှင့် အကြံထုတ်နေသည်။ တခဏနေသော် သူ  ့ကိုယ်သူ ယုံကြည်စိတ်ချသော အသွင်နှင့် ဆိုင်ထဲသို ့ ဝင်သွားတော့သည်။

အရောင်းကောင်တာတွင် ကျောင်းပိတ်ရက် PART TIME အနေဖြင့် နေ ့ဆိုင်းညဆိုင်း မိမိအားလပ်ချိန်ကို အချိန်မဖြုံးပဲ အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်နေကြသည်။   တဖက်ကကြည့်မည်ဆိုလျင်လဲ  မိဘထံမှ လက်ဖြန် ့တောင်းရမည့် ကျူရှင်စားရိတ်၊ အသုံးစားရိတ်၊ အဝတ်အစားဖိုး၊ PHONE BILL တို ့အား ကာမိစေသည်။

….ဆေးလိပ်တစ်ဘူးပေးပါ……။  အရောင်းကောင်တာမှ လူငယ်သည်  ဆေးလိပ်ဝယ်ယူမည့် ကောင်လေး၏ မျက်နှာအား မသိမသာ အကဲခေတ်လိုက်သည်။

သံသယဖြစ်စရာပင်…။ ရုပ်က နဲနဲ ခန် ့မှန်းရခက်နေသည်။ ၂ဝ ပတ်ဝန်းကျင်လောက်ထင်ရသည်။ ခက်တော့နေပြီ။ ဘာလုပ်ရင်ကောင်းမလဲ…..။

ယဉ်ကျေးစွာဖြင့်ပင်…..ကျေးဇူးပြုပြီး မှတ်ပုံတင် ခဏကြည့်ခွင့်ပြုပါ ခင်ဗျာ…….။

ထိုလူငယ်သည် အိတ်ထဲ လက်နှိုက်သလို  ပြန်ထုတ်လိုက် ပြန်ချလိုက် အမြီးမြှောက်လိုက် ချီးပေါက်လိုက်နှင့်……ဟာ ပြသာနာပဲ…။ ကျွန်တော့် ပိုက်ဆံအိတ် အိမ်မှာ ကျန်ခဲ့ပြီထင်တယ်…။

ခဏနော် ပြန်ယူပြီးလာခဲ့မယ်…ဟု ဆိုပြီး သုတ်ချေတင်တော့သည်….။ ကောင်တာမှ လူငယ်သည်  မပွင့်တပွင့် ပြုံးလိုက်ပြီး လုပ်လက်စ အလုပ်ကို  ဆက်လုပ်နေတော့သည်။

မှန်ထဲကို အကြိမ်ကြိမ်ကြည့်ကာ….အင်း… မနေ ့ညက  မှတ်ပုံတင် မပြပဲ CLUB ထဲကို ခိုးဝင်တဲ့ အသက်မပြည့်တဲ့ ကောင်လေးတွေ စခန်းကို ရောက်လာလို ့ တညလုံး အလုပ်ရှုပ်ခဲ့တော့ နဲနဲ အိပ်ရေးပျက်ပြီး မျက်နှာက ခပ်ချောင်ချောင် ဖြစ်နေသလားပဲ။  ဘွဲ  ့ရပြီးတဲ့နောက်မှာ POLICE အကယ်ဒမီက ဆင်းပြီး  ကမာရွတ်မြို  ့နယ်မှာ  တယဝန်ကျခဲ့တာ ဘာလိုလိုနဲ ့ 6 လတောင်ရှိပြီပဲ။

ဒီနေ ့ညနေပိုင်းကြရင် ထွန်းလင်းခြံလမ်းဘက် ပတ်ကြည့်ဦးမှ။ ခက်တာက ကားခေါင်မိုးပေါ်က မီးရောင် လက်လက်ကို မြင်ရင် ချောင်ခိုပြီး ဆေးလိပ်သောက်သောက်နေတတ်တဲ့ ကောင်လေးတွေက တန်းပြေးရော။ လမ်းလျှောက်ပြီး သွားကြည့်မှပဲ…။

ညီလေး…ခဏ…မင်းမှတ်ပုံတင် ခဏလောက်စစ်ကြည့်ရအောင်….။  လူငယ်က ဂျစ်ကန်ကန်နှင့် ။ ဘာတွေလာပြောနေတာလဲ။ ကျွန်တော့် အသက် ၁၈ ပြည့်ပြီးပြီဗျ…။ ကောင်းပါပြီ..။ ဒါပေမဲ့ အကို ့ကို ပေးကြည့်ပါ…။ လူငယ်၏ မျက်နှာတွင် “သွားပြီ” ဆိုသည့် အတွေးနှင့် မှတ်ပုံတင်အား ထုတ်ပေးလိုက်ရတော့သည်…။ ညီလေး …မင်း အသက် မပြည့်သေးပဲ ဆေးလိပ်သောက်တာကြောင့်  အကိုနဲ ့ လိုက်ခဲ့ဖို ့လိုအပ်လိမ့်မယ်…။  မင်းရဲ  ့အိမ် PHONE NUMBER ပြောပါ…။ ပြီးတော့ မင်း ဒီဆေးလိပ်ကို ဘယ်ဆိုင်က ရောင်းလိုက်တာလဲ…..။

( …) လမ်းထိပ်က  MINI STORE ကပါ…..။

ဆိုင်တာဝန်ခံနဲ ့တွေ ့ချင်ပါတယ်…။  ဘာအတွက်လဲဗျ..?? ကျွန်တော် ဆိုင်ရှင်ပါ…။

ဟုတ်ကဲ့ ကျွန်တော် လူကြီးမင်းကို  အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တွေကို ဆေးလိပ်မရောင်းရ ဥပဒေကို ဖောက်ချက်တဲ့ အတွက် အရေးယူ တရားစွဲပါမယ်…။

ရှေ   ့နေခေါ်ဖို ့ ပြင်ဆင်ထားပါ ခင်ဗျာ………။

………………..ဆက်ရန်။

22 comments

  • ဆူး

    January 22, 2011 at 4:47 pm

    အဘရဲ့ 16 က အခု 11 မှာ လုံးဝ အံမဝင်ဘူး။
    ဟေ့သူငယ် မီးတတို့လောက်ကွာ.. ဟေ့.. မင်းအိတ်ထဲက ဆေးလိပ်ဗူး.. ငါကို တလိပ်လောက်ပေးစမ်းကွာ..

  • Gipsy

    January 23, 2011 at 3:16 am

    77 ကြီးခင်ဗျာ……စောနေသလားလို့…. u lay gyi က စစ်ထဲ မဝင်ရသေးဘူးလေ…ဝင်ပီးတော့မှ. .အဲဒီ LAW
    ထုတ်ပြန်ပေါ့နော….ခုတော့ posts နဲ့ commet လုပ်ပီး အေးအေးလေးနေပါဦးဗျာ…….

  • nigimi77

    January 23, 2011 at 4:21 am

    လာမယ်လေ။ ဘယ်လိုဖြစ်လို ့လောနေတာလဲ။ ပလောင်တောင်တက်နှေးတာ သူ ့အကြောင်းနဲ ့သူရှိတယ်လေ။ အဲဒီအချိန်ကျရင် ဘွားဆူးနဲ ့ ဘိုးအိမ်မဲ့တို ့ရဲ ့ မြေးတွေ အစိမခံရစေအောင် သွန်သင်ထားပေါ့။ ခင်ဗျားတို ့ရဲ ့ မသိစိတ်ကိုက negative thinker ဖြစ်နေတော့ ဒါမျိုးတွေက လုပ်ရင် ဖြစ်ရမယ်ဆိုတာမျို း မခံယူထားဘူးလေ။ လှောင်မယ်ပြောင်မယ်ရိမယ် ဒီလောက်ပဲ တတ်တော့ ..။
    တစ်ခုလောက် မေးပါရစေ။ အပြင်ကို မရောက်ဖူးဘူးလား??? နွားခြေရာခွက်ထဲမှာပဲ မနေနဲ ့နော်… သနားလို ့…။

  • bigcat

    January 23, 2011 at 5:42 am

    ဖိုးဂျစ်တော့မသိဘူး၊ ဖွားဆူးကတော့ ဘာဆိုဘာမှ မသိဘူး၊ တောကလာတာလေ။ အမျိုးတွေက သနားလို့ ရန်ကုန်ကိုရောက်တာ။ သူ့ကို နိုင်ငံခြားသွားမယ်ဆိုပြီး ခေါ်လာတာတဲ့။ လေဆိပ်ရောက်တော့ မျက်လုံးပိတ်ပြီး ကားနဲ့ခေါ်သွားတယ်၊ တရုပ်တန်းကြတော့ စင်ကာပူ ရောက်ပြီဆိုလို့ မျက်လုံးလေးကလယ်လယ်နဲ့ တွေ့တဲ့ဘုံကျောင်းဝင်ဦးချ၊ အနီးအနားဆိုင်က ရောင်းတဲ့နဂါးရုပ်တွေကို စင်ကာပူ အမှတ်တရ ဆိုပြီး ဝင်ကြည့်တယ်။ တာမွေဘက်ရောက်တော့ မလေးရှားထင်လို့ တွေ့တဲ့ ဗလီတလုံးရှေ့မှာ ဓါတ်ပုံရိုက်၊ ဘေးနားစတိုးဆိုင်က မလေးရှား ပါတိတ်စတွေကို ဝင်ကြည့်တယ်။ အခုတော့ ဂူဂဲကိုသုံးတတ်သွားလို့ မိန်းမလည်သိန်းကြွယ် ဖြစ်သွားပါပြီ၊ ဒါနဲ့ပဲ ကမာ္ဘဟာရွာကြီးတရွာ ဖြစ်သွားပြီလို့ ထင်နေသူပေါ့။ သနားစရာ အူတူတူလေးပါဗျာ.. ဆုံးမပါ။

  • Gipsy

    January 23, 2011 at 8:22 am

    အော်…အသိလို့နော်…ကျိတ်ချိုးတော်အမူပါနဲ့….ကိုယ်တော်ကြီးက အထဲ မှာကိုး….အဲဒီမှာ နက်လဲရှိတယ်လား.?
    နေပါစေဗျာ….ခြေရာခွက်လေးထဲမှာအေးချမ်းပါတယ်…ရွာသူရွာသားတွေရဲ့ တံတွေး၊ သလိပ်တွေထဲမှာပျော်
    နေတဲ့ ကိုယ်တော်ကြီးထံပါး အခစား မဝင်ရဲကြောင်းပါ..ဖရောင်း…….ငှဲလျောင်း…ငှဲလျောင်း…..

  • zippo

    January 23, 2011 at 8:40 am

    နောက်ချင်လာပီ..နေနိူင်တော့ဘူးဘဘကြီးရေ..။။…ဘဘကြီးက viedo ထဲသွားပီးလူကြမ်းလုပ်စားပါလား..ဟင်..!
    (ခုတော့မမှီ၊ နောက်နှစ်ပေါ့) ..။။..အကယ်ဒမီရွှေစင်ရုပ်ရမှာ..။။…
    ဒီမှာ..သရုပ်ဆောင်ခ က 80/-ကျပ် ဘဲရတာ…မကိုက်ဘူးနော်…။..

  • kai

    January 23, 2011 at 9:34 am

    မြန်မာပြည်မှာတော့ဗျာ..
    စီးကရက်နဲ့ဘီယာ အကြီးဆုံးထုတ်လုပ်ရောင်းဝာ်ဖြန့်ဖြူးတာက . တပ်မတော်ကိုငွေရှာပေးတဲ့.. ဦးပိုင်ကြီးဖြစ်နေတော့ကာ..။
    တော်တော့်ကို ခက်ဦးမယ်ဗျ..။ တပ်မတော်လည်း .. စွမ်းအင်ဖက်က ဝင်ငွေတွေရနေပြီမို ့..ဒီအလုပ်ရပ်ပစ်လိုက်ဖို့ကောင်းတယ်.။ လူမျိုးလူညွှန့်တုံးစေတာတွေကိုး..။

    ဒါမျိုးက .. လူတယောက်ချင်းလိုက်ဖမ်း..စစ်ဆေးနေရတာ ..ရဲဝန်ထမ်းစရိ်တ်သိသိသာသာ တက်စေပါတယ်..။
    ရဲခမြာ.. ဒီထက်အရေးကြီးတာတွေ ..တထွေးနဲ့ မဟုတ်လား..။
    ယူအက်စ်က ဘယ်လို အစမှာဖြေရှင်းခဲ့သလဲဆိုတော့ … ဆေးလိပ်ထုတ်သူတွေ.. သွင်းတဲ့သူတွေကို … အခွန်မတရား(တကဲ့ကို မတရားးးးး )ကောက်ထည့်တာပဲ..။ နှစ်စဉ်လိုလို ..တက်ပြီးရင်းတက်ရင်းပဲ..။
    အဲဒီတော့ .. ဆေးလိပ်ဈေးက .. မူရင်းဈေးထက် ..၄-၅-၁ဝဆမကတက်လာတော့..ဘယ်ကလေး..လူငယ်မှ ဝယ်မသောက်နိုင်တော့ဘူးလေ..။
    သူတို့က ..ဝင်ငွေမှ မရှိတာကိုး…။
    ရှိလည်း..ဘယ်သုံးရက်တော့မလည်း..။
    အော်တိုမစ်တစ်ကို … ဆေးလိပ်မသောက်ဖြစ်ပဲ..ဖြစ်သွားတော့တာ..။

    မြန်မာပြည်လည်း.. အဲလို ဥပဒေထုတ်လိုက်ပြီးတာပဲ..။
    စီးကရက်..ဆေးပေါ့လိပ်.။ဆေးပြင်းလိပ်… အမြတ်ခွန် ၉ဝရခိုင်နှုန်း..။ ၁၀ဝ ကျပ်မြတ်ရင် ..၉ဝကျပ် ..အမြတ်ခွန်ဆောင်စေ..ပေါ့..။
    ပိုသေခြာအောင်.. ၅နှစ်အထက် ဆေးလိပ်ထုတ်လုပ်နေသူတွေ.. အခွန်ငွေကို ..၅နှစ်စာအခွန်မပြေ..ကြွေးကျန်ငွေအဖြစ် ပြန်လှန်ကောက်ခံစေ..လုပ်လိုက်ယုံပဲ..။
    တခါထည်း.. ဆေးလိပ်ခုံတွေ..စက်ရုံတွေပါ..ပိတ်ကုန်အောင်ပေါ့.။

    • bigcat

      January 23, 2011 at 7:35 pm

      ဆရာခိုင်ကလည်းဗျာ ရဲကိုသွားပြီး စားပေါက်အသစ် ထွင်ပေးနေပြန်ပါပြီ။ မပူနဲ့ဗျို့ ဒီပုံစံနဲ့သွား နောက်ငါးနှစ်ကြာရင် တေဇတို့၊ ဇေကမာ္ဘတို့၊ ဗိုလ်ချုပ်ကြီးတွေရဲ့ သားမြေး၊ အပေါင်းအပါတွေ ဖွင့်တဲ့ ဇိမ်ခန်း၊ ဘိန်းခန်းတွေ မှိုလိုပေါက်လာလိမ့်မယ်။ အသက်မပြည့်သေးသူတွေဝယ်တဲ့ ဆေးလိပ်နေရာမှာ ဘိန်ဖြူတို့ စိတ်ကြွဆေးတို့က အစားထိုးလိမ့်မယ်။ စတော့မဲ့ မဲခိုးလွှတ်တော်ရဲ့ သက်တမ်းငါးနှစ်ကို ထောက်ခံဖို့၊ တခုထဲသော မျှော်လင့်ချက်ဖြစ်တယ်ဆိုပြီး လူတွေကို နှပ်ကြောင်းပေးချင်တဲ့ ပို့စ်ရေးသူ ဆရာဂျီးဆိုသူကိုတော့ အားနာပါရဲ့။

    • bigcat

      January 23, 2011 at 7:43 pm

      စောတီးဗျို့၊ ရှေ့မှာမန်းလိုက်တာ နာမည်မှားသွားလို့၊ ပို့စ်တင်သူက တပ်မ၇ရနာမည်နဲ့ စစ်သားဗျ။ ဆရာဂျီးရေ ခွင့်လွှတ်ပါဗျာ၊ မန်းတာဆက်သွားတော့ ရှုပ်သွားတယ်။ ဒါနဲ့ကြုံလို့ နအဖစစ်ကောင်တွေကို ပြည်သူ့ခုံရုံးတင်ရင်ကောင်းမလား၊ နိုင်ငံတကာခုံရုံးတင်ရင်ကောင်းမလား။ လျော်ကြေးပေးတဲ့အနေနဲ့ ရေးစရာ အစဖေါ်ပေးထာပါ။

    • char too lan

      January 24, 2011 at 10:56 am

      Like လုပ်လို့မရလို့ ဒီနားလေးကနေပီး ကိုယ့်စရိတ်နဲ့ကိုယ်
      Kai ကိုထောက်ခံသွားတယ်ဗျို ့
      🙂 😀

  • Gipsy

    January 23, 2011 at 12:19 pm

    ဦးလေးကြီးခင်ဗျား….တရုတ်လိုရေးထားပါသလားဗျာ…(အစိမခံရစေအောင် ) ..အစိမခံ—ဆိုတာ
    အစံမခိ–အဲဒါလဲဟုတ်ပုံမရဘူးထင်ပါရဲ့နော…..အစိကလဲဘယ်လိုလုပ်ပီးခံရမှာလဲ….ခက်ကပြီ….
    မြန်မာလိုရေးစမ်းပါဗျာ…..တော်တယ်ပြောကြလို့မြောက်ကြွကြွမလုပ်ပါနဲ့လားကွယ်….
    လိမ္မာစမ်းပါ..#@^%….ရယ်……….

  • nigimi77

    January 24, 2011 at 3:08 am

    ဆရာခိုင်ရေ။ အကြံကောင်းပါတယ်။ မြန်မာပြည်မှာက ဘာတွေဘယ်လောက် ဈေးတက်တက် ဝင်ငွေနဲ ့ ဘယ်လောက်ပဲ ကွာကွာ ငြီးညူရုံက လွဲလို ့ ဝယ်ယူသုံးစွဲမြဲပါပဲ။ ကြုံလို ့ပြောရရင် ကျွန်တော့ သူငယ်ချင်းတစ်ယောက် ကိုရီးယားမှာ ကျောင်းတက်နေတာ၊ ကားဂိတ်မှာ ဆေးလိပ်သောက်ပြီး ဒီတိုင်း လွင့်ပစ်လိုက်တာ ရွာပြန်ပို ့လိုက်တယ်။ သူတို ့ဆီမှာ အငြိမ်းစားတွေ အလုပ်မရှိတဲ့ သက်ကြီးပိုင်းတွေကို အဲဒီ အလုပ်ပေးထားတယ်။ ကင်မရာ တစ်လုံးနဲ ့ရိုက်ပြီး ငါပစ်တာ မဟုတ်ဘူးလို ့ ငြင်းလို ့မရအောင်ကို ဖမ်းတာ။ ဆေးလိပ်က လှိမ့်လို ့ မဆုံးသေးဘူး ချိုင်းကနေ ဘယ်ညာ နှစ်ဖက်ဆွဲမတော့တာပဲ။ အသက်မပြည့်ပဲ ဆေးလိပ်သောက်တဲ့ လူငယ်တွေ ၊ ဆေးလိပ်ရောင်းတဲ့ ဆိုင်တွေ အကုန်ဖမ်းတာ။ အရက်လဲ အတူတူပဲ။

  • အာဖျံ ကွီး

    January 24, 2011 at 10:13 am

    ပြောပါတရ် … မူတွေကကောင်းပါတရ် … လူတွေကမကောင်းတာလို. … အဟတ် အဟတ် …
    ဘယ်သူ.မြေးအရင်ပါမလဲတော့မသိဘူး … အဘမြေးတော့ အရင်ပါမှာ … သေချာတရ် …
    ဟိုအရည်မရောင်းရလို.တောင် … မြေတူးစက်နဲ.ကလော်ပုံထောက်တော့ …… ဟဟဟဟ

    တစ်ကယ်တန်း ဒီလိုစည်းကမ်းတစ်ကျ မှန်မှန်ကန်ကန်လုပ်မရ်ဆိုရင် … ကျုပ်တို.က ကြီုဆိုပါတရ် …
    ကို်ယ့်နိင်ငံ ကောင်းဖို.ပဲလေ … ဟုတ်တရ်မလား ….
    ဒါကျုပ်တို.ရဲ. မျှော်လင့်ချက်ပဲလေ … ကျုပ်တို.ဖြစ်စေချင်နေတာ ဒါပဲလေ ….

    ရခိုင်ဘုရင်မင်းထီးလို …. ကိုယ်ချမှတ်ထားတဲ့စည်းကမ်းသေချာလိုက်နာ ….
    ကိုယ့်သွေးသားဆွေမျိုးမှားရင် ……………
    မတော်တဆ … ကိုယ်မှားရင်တောင် … ကိုယ့်လက်ကိုယ်ဖြတ်ရဲံတဲ့သူမျိုးဆိုရင် …
    ဘယ်ပြည်သူ/သားတွေက ဘယ်လိုစည်းကမ်းဖောက်ဝံ့မှာလဲ …….
    ဘယ်သူမှလဲ အပြစ်ပြောနေတော့မှာမဟုတ်ဘူး …
    တစ်နေ.တစ်ခါတောင် ထိုင်ရှိခိုးနေအုံးမှာ …..
    တကရ် … တကရ် ….

    • char too lan

      January 24, 2011 at 11:01 am

      Like လုပ်လို့မရလို့ ဒီနားလေးကနေပီး ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် ကွီးကွီးကိုထပ်မံထောက်ခံသွားတယ် 😉

  • kopauk mandalay

    January 24, 2011 at 11:16 am

    အခုလိုအရေမရ အဖတ်မရ တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုနေမယ့်အစား ကိုယ့်သားသမီး ကိုယ်ညီ ညီမ
    ကိုယ့်အလုပ်ကဝန်ထမ်း ဆေးလိပ်မသောက်အောင် လူတစ်ဦးကို
    ဘယ်နှစ်ယောက်တာဝန်ယူပြီး မသောက်အောင်ထိန်းသိမ်းမယ်ဆိုရင်မကောင်းဘူးလား။
    ကို်ယ်ကို တိုင်ရော ဆေးလိပ်မသောက်ဘဲ နေနိုင်ပါသလား။
    ဆေးလိပ်ဘယ်သူတွေကဘယ်လိုရောင်းရောင်း သောက်ချင်သူရှိမှရောင်းရတာပါ။
    သူ့ဘာသူ ဘယ်ကောင်ရောင်းချင်ရောင်းမရောင်းချင်နေ သောက်တဲ့သူမှ
    ရောင်းရတာပါ။
    ကဲ အခုကစလို့ ကိုယ့်နီးစပ်ရာတွေကို ဆေးလိပ်မသောက်ချင်အောင်စည်းရုံးဘို့ကြိုးစားကြည့်ကြရအောင်ပါ။
    မကောင်းဘူးလား လို့။

    • etone

      January 26, 2011 at 3:22 am

      ကိုပေါက်ရေ နီးစပ်ရာတွေကို စည်းရုံးလိုက်ရလို့ သူတို့ တစ်ကယ်ပြုပြင်မယ် ဆေးလိပ်မသောက်ဘူးဆိုရင်တော့ ကောင်းတာပေါ့ … ။ ကိုယ့်လုပ်ရပ်အတွက် ပီတိဖြစ်စရာပါ ။ သို့သော်လည်း …
      လူကြီးမှန်းမသိ ဘာမသိ အပေတေတွေကို ဆေးလိပ်မသောက်နဲ့ ဘာညာသွားပြောရင် အလကားနေရင်း ကြီးတော်နွားကျောင်းတယ်ဆိုပြီး အဆဲခံရဦးမယ် ။
      စေတနာကို ပေတရာချခင်းခံရတာတွေ ခဏခဏဖြစ်တတ်လွန်းလို့ etone တို့ကတော့ ဥပက္ခာပြုထားတယ် … သောက်ချင်တဲ့လူသောက် မသောက်ချင်တဲ့လူမသောက်နဲ့ ပေါ့ ။

  • nigimi77

    January 24, 2011 at 11:37 am

    အသားလွတ် thumb down တွေချဉ်းပါလား။ မနာလိုမှုနဲ ့ ပိုတ်ဂိုရေး မုန်းတီးမှုရှိနေပြီထင်တယ်။ အိမ်း….။အိမ်ခွေးတွေ အိမ်ခွေးအချင်းချင်းပဲ ပြန်ကိုက်နေတယ်။ အပြင်ခွေးမြင်ရင် အမြီးလေးဖွက် ရှုးလေး တစ်စပ်စပ်နဲ ့။ အိမ်း……။

  • Gipsy

    January 24, 2011 at 4:22 pm

    ကိုပေါက်ရေ….အရည်လေးအဖတ်လေးနဲနဲတော့ရမယ်ထင်ပါရဲ့….ငြင်းရခုံရ နဲ့ မျက်စိတွေကျယ်..အိပ်ချင်လဲ ပြေ…
    ရီရ ပြုံးရ..စိတ်လဲဆိုးရ..၁၀..လဲရ.နဲ့ ဘယ်လောက်ကောင်းလိုက်လေသလဲဗျာ…ဖတ်ရတဲ့သူတွေ အပျင်းပြေ
    …posts တွေလဲကောင်းပါ့…..ဗဟုသုတတွေလဲ ကောင်းမှကောင်း..ဒါပေမယ့်….
    ဖတ်သူတွေ..ရီရ ပြုံးရတဲ့.ခုလို….commet လေးတွေပါမှလဲကောင်းမယ်လို့ ထင်မိပါတယ်…..
    တကယ်တော့..တရွာထဲသားဆွေမျိုးတွေဘဲ မဟုတ်လား…ပျော်စရာကြီးဗျာ….

  • zippo

    January 24, 2011 at 4:51 pm

    တပ်မ 77 ဆရာဘဘကြီးရဲ့ comment ထဲက…….. ပိုတ်ဂိုရေး…….ကို ဟောဒီလို ပုဂ္ဂိုလ်ရေး…လို့ပြန်ပြင်ပေးနိူင်
    ပါ့မလားခင်ဗျာ….( အမှားလေးပြင်ပေးရတာ ကြောက်ကြောက်နဲ့ပါ….သူက ကိုဂျစ်ပြောသလို အစံမခိ တွေ….
    အစိမခံ တွေလုပ်မှာ ကြောက်လွန်းလို့ပါဗျာ )

  • char too lan

    January 25, 2011 at 4:17 am

    ဘယ်နေရာက ဘာရာထူးလဲတော့မသိဘူးဗျ စကားပြောရင် အသားလွတ်ကြီးဆဲဆဲမနေပါနဲ့ မြင်ရကြားရတာ ညစ်ညမ်းပါတယ်ဗျာ……………..

  • nigimi77

    January 25, 2011 at 5:01 am

    ကိုဇစ်ပိုရေ အမှန်ပြင်ပေးတာ ကျေးဇူးပါ။ အဲဒီစာလုံးကို မရိုက်တတ်လို ့။

Leave a Reply