ဆရာတော်ဦးဂမီ္ဘရ

ဤဆောင်းပါးလေးကို လင်းယုန်မဂ္ဂဇင်း၌ဖက်မိ၍ မြန်မာပြည်၌ ထိုသို့သော အာဇာနည်ရဟန်းတော်များရှိသေးကြောင်းကို သိရှိစေရန်ရည်ရွယ်၍ရေးသားလိုက်ပါတယ်။

”ကျုပ်တို့ဘုန်းကြီးဆိုတာက လူတွေလို ဇနီးမယား၊စည်းစိမ်ဥစ္စာတွယ်တာစရာတွေ ဘာမှရှိတာ မဟုတ်ဘူး။ကျုပ်တို့ လူဖြစ်လာရတာကိုက သာသနာပြုဖို့အတွက်ဗျ၊လူတွေအတွက်ဗျ၊သာသနာပြုနိုင်ဖို့ဆိုတာကလည်း လူတွေရဲ့စားဝတ်နေရေး၊လူမူရေး၊မင်းဆိုးမင်းညစ်တွေဘေးက ပြေလည်ကင်းလွတ်နေမှဗျ၊ဘာသံယောဇဉ်မှမရှိတဲ့ ကျုပ်တို့တွေက လူတွေရဲ့အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေးရမယ်။ဒီအလုပ်တွေကို လုပ်ကတည်းက ဘဝတွေ၊အသက်တွေ ရင်းထားရတာ၊အဖမ်းခံရမှာနဲ့သေမှာနှစ်မျိုးပဲရှိတယ်”

လူအမည် ညီညီလွင်၊ရဟန်းဘွဲ့ အမည်ဦးစန္ဒောဘာသ ဟာစက်တင်ဘာရွှေဝါရောင်တော်လှန်ရေးရဲ့ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ခဲ့ပြီး ဦးဂမိ္ဘရရယ်လို့ထင်ရှားလူသိများခဲ့ပါတယ်။ဆရာတော်ရဲ့ထူးချားချက်ကတော့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ မွေးနေ့မွေးရက်တူနေတာပါပဲ ဖြစ်ပါတယ်။ဆရာတော်ကို ၁၉၇၉ ခုနှစ်၊ဇွန်လ ၁၉ ရက်၊အင်္ဂါနေ့မှာ ဦးမင်းလွင်၊ဒေါ်ရေးတို့က မကွေးတိုင်း၊ပေါက်မြို့နယ်၊ကိုင်းလယ်ကျေးရွာမှာမွေးဖွားခဲ့ပါတယ်။မွေးချင်း(၇)ယောက်ရှိတဲ့ အနက် ဆရာတော်က(၅)ယောက်မြောက်ဖြစ်ပါတယ်။ဖခင်ဖြစ်သူဟာ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ စစ်မူထမ်းတစ်ယောက်ဖြစ်ပါတယ်။မဟုတ်မခံစိတ်ရှိပြီးအများအတွက် အနစ်နာခံလိုစိတ်ရှိသူဖြစ်လေတော့ အထက်အရာရှိများနဲ့ အဆင်မပြေဖြစ်ပြီးတပ်က ထွက်လိုက်ရပါတယ်။၁၉၉၈-ခုနှစ် အရေးအခင်းဖြစ်တဲ့အခါ ပေါက်မြို့နယ် သပိတ်ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။နောက်တော့ NLD အဖွဲ့ဝင်ဖြစ်လာတယ်။တစ်သီးပုဂ္ဂလ အမတ်အဖြစ် ရပ်ရွာလူထုရဲ့ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။မိခင်ကတော့ ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။

ဆရာတော် အသက်(၅) နှစ်အရွယ်မှာ ပေါက်မြို့၊အောင်တံခွန်ရပ်၊ အမှတ်(၄) မူလတန်း ကျောင်းမှာစတင်ပညာသင်ယူခဲ့ပါတယ်၊သူငယ်တန်းကလေးတန်းအထိ အတန်းစဉ်ပထမရဃဲ့အါတယ်။၁၉၈၈ ခုနှစ်မှာကျောင်းတွေ(၂)နှစ်လောက်ပိတ်လိုက်တော့စိတ်လေခဲ့ပါတယ်။အသက်(၁၂) အရွယ် ၅ တန်းကျောင်းသားဘဝမှာ ကလေးစစ်သားဖြစ်ခဲ့ရပါတယ်။မိဘတွေက စိတ်ပူပြီး အပူတပြင်းရှာဖွေတဲ့အခါ ရန်ကုန်စစ်ဌာနတစ်ခုမှာလို့ စုံစမ်းသိရှိရတဲ့အတွက်လိုက်ပြီးကယ်ထုတ်ခဲ့ရပါတယ်။ဒီကိစ္စကို အာဏာပိုင်တွေက ပေါက်မြို့ အထိလိုက်လာပြီးစုံစမ်းပြန်ပါတယ်။သားဖြစ်သူကိုတွေ့သွားရင် ်အဖမ်းခံရမလား၊အသက်မပြည့်ဘဲ စစ်မူtထမ်းဖို့ပြန်ခေါ်သွားမလားဟုစိုးရိမ်စရာရှိတာမို့ ပေါက်မြို့၊လေသာတောင်ကျောင်းတိုက်မှာ ရှင်သာမဏေပြုပေးခဲ့ပါတယ်။အဲဒီနောက် ရန်ကုန် အင်းစိန်ရွာမကျောင်းတိုက်သို့ ပို့ဆောင်ပေးပြီး၊သာသနဘောင်မှာပျော်ပိုက်ပြီးပရိယတိ္တစာပေတွေလေ့လာခဲ့ပါတယ်။မူလန်း၊အလယ်တန်း၊အကြီးတန်း၊အစိုးရစာမေးပွဲတွေနဲ့နိကာယ်လေးကျမ်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပါတယ်။သီတင်းသုံးနေထိုင်ခဲ့တဲ့ကျောင်းတွေကတော့ အင်းစိန်ရွာမ၊ထောက်ကြံ့တောရ၊သဒ္ဓမ္မဝံသ အလုံကျောင်းတိုက်၊ပခုက္ကူကျောင်းအရှ့တိုက်၊အလယ်တိုက်၊မန္တလေးမစိုးရိမ်တိုက်တို့ဖြစ်ပါတယ်။အသက်(၂၀) အရွယ်မှာ လှည်းကူးမြို့က ရဟန်းဒယကာ ဦးသိန်းဦးတို့ ဇနီးမောင်နှံနဲ့အတူမိသားစု ရဟန်းခံပေးခဲ့ပါတယ်။စာဝါလိုက်နေစဉ်အတွင်းကရင်ပြည်နယ် မြိုင်ကြီးငူမှာ ၅ နှစ်လောက်ဗုဒ္ဓာဘာသာပြန့်ပွားရေးအတွက်သာသနာပြုခဲ့ပါတယ်။

ထောက်ကြံ့တောရမှာနေတော့ ကျောင်းထိုင်ဘုန်းကြီးရဲံချစ်ခင်မူကိုခံခဲ့ရပြီး စာချဘုန်းကြီးအဖြစ်သို့တာဝန်ပေးခြင်းခံရပါတယ်။ရခိုင်ပြည်နယ်ဘုန်းကြီးကျောင်းတစ်ကျောင်းကလည်း ကျောင်းထိုင်ဘုန်းကြီးအဖြစ်ပင့်ဖိတ်တာခံရပါတယ်။ဒါပေမယ့် ဓမ္မာစရိယ တန်းပြီးရင် သာသနာပြုတက္ကသိုလ်တက်ဖို့ ရည်ရွယ်ချက်ရှိတာကြောင့်ကျောင်းထိုင်ဘုန်းမလုပ်ခဲ့ပါဘူး။သာသမပြုတက္ကသိုလ်က ဘွဲ့ရပြီးလျှင် အိနိ္ဒယနှိင်ငံမှာပညာသင်ကြားပြီး နိုင်င်တကာသာသနာပြုဓမ္မကထိက အဖြစ် ရှင်သန်သွားရန်အတွက်ရည်ရွယ်ထားပါတယ်။

ဆရာတော်ဟာ တိုင်းပြည်နဲ့လူမျိုးအပေါ်အထူးချစ်ခင်သူ၊အမှန်တရားကိုမြတ်နှိးပြီးလွတ်လပ်မူကိုခုံမင်သူ၊ဖိနှိပ်စိုးမိုးအနိုင်ကျင့်မူတွေကိုစက်ဆုပ်သူဖြစ်ပါတယ်။စာပေကိုမြတ်နိုးသူလည်းဖြစ်ပါတယ်။သူနေထိုင်ရာပေါက်မြို့မှာစာကြည့်တိ့က်တစ်ခုကိုထူထောင်ခဲ့ပါတယ်။ဇီဝိတဒါန သွေးလှူခြင်းအမူကိုလည်း နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့ပါတယ်။အချိန်ရရင်ရသလို အင်္ဂလိပ်စာနဲ့ကွန်ပျူတာပညာတို့ကိုလေ့လာလိုက်စားခဲ့ပါတယ်။နိုင်ငံရေးသိပ္ပံ၊ရသစာပေ၊ကဗျာ၊တို့ကိုလိုက်စားခဲ့ပါတယ်။ဘာသာရေးဆောင်းပါးများ၊ဝထ္ထု၊ကဗျာတွေလည်းရေးသားခဲ့ပါတယ်။

ဓမ္မာစရိယတန်း စာဝါလိုက်နေစဉ် ၂၀၀၅ ခုနှစ်မှာ ပြည်သူတွေစားဝတ်နေရေး၊ပညာရေး၊ဘာသာရေးနိမ့်ကျနေတာတွေကို လျစ်လျူမရက်တော့ဘဲ သံဃထုအတွင်းစည်းရုံးမူတွေစလုပ်ခဲ့ပါတယ်။ဆရာတော်ရဲ့မအိပ်မနေလူပ်ရှားမူတွေကတော့ အံ့မခန်းပါပဲ။ဒါကြောင့်လည်း တစ်နိုင်ငံလုံးက သံဃာတော်တွေအားလုံးနဲ့ပေါင်းစည်းလက်တွဲ နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ၂၀၀ရ ခုနှစ် စက်တင်ဘာအရေးတော်ပုံကြီးအောင်မြင်စွာနဲ့ပေါ်ပေါက်လာပါတယ်။ဒါပေမယ့် အာဏာရှင်တွေက သံဃာတော်အရှင်သူမြတ်တွေ၊ပြည်သူတွေ၊ကျောင်းသားလူငယ်တွေအပေါ် ရက်ရက်စက်စက်ချေမူန်းသတ်ဖြတ်ပါတယ်၊ဆရာတော်ဟာ ဒီအဖြစ်ဆိုးကြီးကြောင့် စိတ်ဖိစီးမူဖြစ်ခဲ့ပြီး ကျမ်းမာရေးထိခိုက်လာခဲ့ပါတယ်။ရှောင်တိမ်းပုန်းအောင်းနေရင်းက အရေးတော်ပုံ အရှိန်အဟုန်ကျမသွားရေးဆက်လက် ထိန်းသိမ်းသယ်ပိုးနေခဲ့ပါတယ်။မိတ်ဆွေ အသိုင်းအဝိုင်းများက သူ့ရဲ့လွတ်မြောက်ရေးအတွက် ပြည်ပသို့ထွက်ခွါသွားရန်တိုက်တွန်းပြော်ဆိုပေမယ့်လည်း ”တိုက်ပွဲ မအောင်မမြင်မချင်းကြည်ပသို့ ထွက်ခွါမသွားကြေး” ဆိုပြီးတိုက်ပွဲဝင်ရဲဘော်များကြားထားရှိတဲ့ ကတိသစ္စာကိုသစ္စာရှိစွာစောင့်ထိန်းခဲ့ပါတယ်။

နောက်ပိုင်းမှာ အာဏာပိုင်တွေကပိုက်စိတ်တိုက်ရှာဖွေခဲ့လို့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ဆရာတော်ပုန်းအောင်းနေတဲ့စဥ့်ကိုင်နယ်ထဲမှာ အဖမ်းခံလိုက်ရပြီး၊အမူ ၁၆ မူဖွင်ုပြီးရုံးတင်ခဲ့ပါတယ်။၂၀၀ရ ခုနှစ်မှာ အမူ ၃ မူနဲ့ ၁၂နှစ်အမိန်ု့ချပြီး အင်းစိန်ထောင်ပို့ခဲ့ပါတယ်။အင်းစိန်ထောင်မှာ ဦးနှောက်နဲ့အာရုံကြော်အခြေအနေဆိုးဆိုးဝါးဝါးခံစားလာရပါတယ်။နိုဝင်ဘာလ (၂၁)မှာအမူ(၁၃)မူထပ်တိုးပြီး ၅၆ နှစ်ထပ်ပေါင်းကာ စစ်ကိုင်း ခနီ္တးအကျဉ်းထောင်မှာ ထောင်ဒဏ် ၆၈ နှစ်ချခံရပါတယ်။ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ထိပ်တိုက်တွေ့လိုကြောင်း ခန္တီးထောင်မှာ ဆန္ဒပြခဲ့တဲ့အတွက် ကလေးအကျဉ်းထောင်သို့ပြောင်းရွှေ့လိုက်ကြောင်းသိရပါတယ်။

အရှင်ဂမီ္ဘရဟာ မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုများသမဂ္ဂ(အိနိ္ဒယ)ကချီးမြှင့်တဲ့ ဆရာတော် ဦးရေဝတအမှတ်တရငြိမ်းချမ်းရေးဆု ၊လန်ဒန်အခြေစိုက် Index on Censorship အဖွဲ့ကြီးကချီးမြှင်တဲ့ ”လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆု ၂၀၀၈” တို့ကို ရရှိထားသူလည်းဖြစ်ပါတယ်။

မိမိတို့၏စိတ်ဓါတ်ခွန်အားများတိုးပွားကြပါစေ။

6 comments

  • bigcat

    January 26, 2011 at 4:21 am

    ကျေးဇူးပါ ဆရာဇော်။ နောင်လည်းအခုလို သူရဲကောင်းဖြစ်ပေမဲ့ လူသိမများတဲ့ သူတို့ရဲ့ ဘဝဇာတ်ကြောင်းလေးတွေ သိချင်ပါတယ်။

  • zaw min

    January 26, 2011 at 8:15 am

    ကျွန်တော်ဆရာမဟုတ်ပါဘူး ကိုကြောင်ကြီး။စာလည်းမတတ်၊တတတ်ပဲရေးတတ်တာပါ။ဒါလည်း ..ကိုယ် ဖတ်ဖူးပြီး၊သိသလောက်လေးပဲ မသိသေးသောသူများအတွက် လက်ဆင့်ကမ်းပေးတာပါ။ကျွန်တော်တတ်နိုင်သလောက် သိတာလေးတွေကို လက်ဆင့်ကမ်းပေးပါ့မယ်။
    အားလုံးကိုကျေးဇူးတင်ပါတယ်။

  • etone

    January 26, 2011 at 10:12 am

    စိတ်မကောင်းစရာပဲ ..။ ဒီလို ဆရာတော်တစ်ပါးကို ထောင်ဒဏ် 68 နှစ်ဆိုတာ မသေမချင်း ကျခံရမဲ့အနေထားပါ… ။ ဖတ်ရင်းနဲ့ ကြက်သီးထမိတဲ့အထိ စိတ်မကောင်းဖြစ်မိပါတယ် ။
    ထောင်တွင်းမှာ ဘယ်လိုမှ သက်ဆုံးရှည်မှာ မဟုတ်တဲ့ အတွက် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ မစလို့ မြန်မာပြည်ကြီး အမိုက်မှောင်ကင်း ပါစေ ။ တရားမျှတပြီး အေးချမ်းသာယာ စည်ပင်ဝပြောတဲ့ တိုးတတ်တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ပါစေ ။ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ပါစေ ..။ နတ်ကောင်း ၊ နတ်မြတ်များ မျက်စိပိတ် မနေပဲ မကောင်းသူပယ် ၊ ကောင်းသူကယ်ပါတော့ ။

    • kai

      January 26, 2011 at 6:17 pm

      အဲဒီနတ်ကောင်းနတ်မြတ်တွေ လာဘ်စားပြီး ဘာမှမလုပ်တဲ့အတွက်.. လူတွေကိုယ်တိုင်ကိုယ်ကျ တဦးချင်းစီက .. လုပ်ကြမှဖြစ်မှာ..။
      သိကြားမင်းဆိုတဲ့နတ်ကြီးလဲ..အသုံးမကျကြောင်း.. လူလိမ်..အဲ..နတ်လိမ်ကြီးဖြစ်ကြောင်း.. လွန်ခဲ့တဲ့နှစ်ရာချီကတည်းက.. ဦးပုညရေးခဲ့တယ်..။

      သိကြားလိမ်

      နန်းမေရုပြာသာဒ်၊‎
      လမ်းဖြတ်တဲ့ ဣန္ဒာ၊‎
      ကမ်းသတ်လို့ နှိမ်ရှာတယ်၊‎
      အလိမ္မာလွန်သား၊‎
      ထောက်လှမ်းချက် သုဓမ္မာဝယ်၊‎
      ခုအခါ လစ်ကြသလား။‎

      ဘုရားက သိကြားကို မှာတယ်၊‎
      ဌကထာ ရှိသား၊‎
      သာသနာ ငါထားငဲ့၊‎
      မမှားအောင် စေ့ဆော်၊‎
      မကောင်းသူ့ ကောင်းသူတို့ကို၊‎
      ကြောင်းယူလို့ ဆန်းစစ်ကာမျှော်။‎

      ‎ဝိမလနန်းသစ်ပေါ်မှာ၊‎
      သန်းရှစ်ဖော် ရွေများနှင့်၊‎
      ဘုရားကို နှစ်ရစ်လိမ်၊‎
      ညစ်တဲ့မာဃိန်၊‎
      ပစ်ရှာမယ့် ဝရဇိန်ငယ်၊‎
      ပန်းထိမ်မှာ ပြင်တုန်းထင့်လေး။‎

      စလေဦးပုည

  • etone

    January 27, 2011 at 4:45 am

    ကဗျာကောင်းလေး ပါပဲ ။ ကူးထားလိုက်ပါတယ် ..။
    ဘုရားရှိခိုးတိုင်း တစ်ခု ပိုလုပ်မိတာက နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံးလွတ်ဖို့ မေတ္တာသုတ် ရွတ်ပေးတာပါပဲ ။ လုပ်ပေးနိုင်တာက ဒါပဲ ရှိတယ်လေ.. ။ သံရုံးရှေ့ ဆန္ဒပြလို့လည်း ကိုယ်ကိုယ်တိုင်တောင်မကဘူး မိသားစုပါ မာလကီးယားဖြစ်သွားလိမ့်မယ် …။ စိတ်ကတော့ပြင်းသလားမမေးနဲ့ ဒင်းတို့ကို လုပ်ချင်နေတာကြာပြီ ။ မိသားစုကို ငဲ့နေရလို့ ..။

  • char too lan

    January 27, 2011 at 9:40 am

    ဆရာတော်ရေ……အားတင်းထားပါ ၆၈နှစ်အတွင်းမှာ ကောင်းသောအပြောင်းအလဲလေးတွေ ဖြစ်ပါစေလို့ မျှော်လင့်ဆုတောင်းနေပါတယ် သူတို့အသက်တွေနောက် ၆၈နှစ် ထပ်မရှည်လောက်တော့ပါဘူး 🙁

Leave a Reply