ဘဝနာရီ

ဘဝနာရီ

လည်မည်ပတ်မည်

အရီ (ရယ်) မလွန်ကြစေနှင့်…။

**ဒီကဗျာလေးက သောကြာစာစောင်မှာ ပါဖူးပါတယ်။ ဒါပေမယ့် အယ်ဒီတာရဲ့ အယူအဆနဲ့ မွန် ပြောချင်တာနဲ့က လွဲနေတယ်။ ရွာသားတွေလည်း ဘယ်လိုယူဆလည်းဆိုတာ သိချင်ပါတယ်။ အယ်ဒီတာနဲ့ တူနေတယ်ဆိုရင်တော့ မွန်က ကိုယ် ပြောချင်တာကို ပေါ်အောင် မရေးနိုင်လို့ပဲ။

13 comments

  • bigcat

    January 23, 2011 at 5:14 am

    ရှင်းရှင်းလေးပါကွယ်။ နာရီတလုံးမှာ အချိန်ရေတွက်လိုက်ရင် နာရီနဲ့မီနစ်ပဲ ရှိပါတယ်။ သိပ်ဝါသနာ ပါလွန်းရင်တော့ ၂၄နာရီ X ၆ဝမီနစ် x ၆ဝစက္ကန့်ထက်ပို မရေစကောင်းပါဘူး။ sport watch ဆိုရင်တော့ ပိုနိုင်သပေါ့။ ဒီတော့ အချိန်ကာလကို လည်ပတ်နေတဲ့ နာရီတလုံးညွှန်ပြတာထက် ပိုမထွင်ချင်ကြနဲ့လို့ အဓိပ္ပါယ် ထွက်ပါသည်။
    ဒါထက်မွန်မွန့်ကို ရွာထဲမှာ သိပ်မတွေ့မိဘူး။ အလုပ်များတယ်ဆိုလို့ စိတ်မကောင်းဘူး၊ အသက်ရော ဘယ်လောက်ရှိပြီလဲ၊ ကိုကြောင်နဲ့ မကွာဘူးထင်တယ်။ ဓါတ်ပုံလေးဘာလေးရှိရင် ရွာထဲမှာ တင်လိုက်လေ။ ရန်ကုန်ဘယ်မှာနေသလဲ။ အို..ကြာပါတယ်၊ ဂျီမေးအကောင့်အခုပေး၊ ဗဟုသုတ ဖလှယ်ကြရအောင်။

  • monmon

    January 23, 2011 at 6:17 am

    ဟုတ်ဘူးလေ… ရီတာ။ မှားမှာစိုးလို့ (ရယ်) လို့တောင် ရေးထားသေးတယ်လေ…
    မွန်က ရွာလေးကို ချစ်ပါတယ်… မအားလို့သာ မလာဖြစ်တာပါ။ ပြီးတော့ အလုပ်ကလည်း အင်တာနက်သုံးဖို့အဆင်မပြေဘူး။ အပြင်မှာသုံးဖို့ကျတော့ နောက်ကျနေပြီ။ ပြီးတော့ ကော်နက်ရှင်ကလည်း သိတဲ့အတိုင်းပဲလေ…

    မွန့်အသက်က ၂၁ ထဲမှာပါ။ ကိုကြောင်ကြီးရဲ့ အသက်က အမှန်ဆိုရင်တော့ သိပ်မကွာပါဘူး… း)

  • bigcat

    January 23, 2011 at 6:32 am

    သူ့ဖာသာသူ လည်နေတဲ့နာရီကိုကြည့်ပြီး မရီကြနဲ့ဆိုတဲ့သဘောပေါ့ကွယ်။ မရီရဘဲ ကလိထိုးရီခို်င်းတဲ့ မြန်မာကားတွေကိုကြည့်ပြီး ရီလေ့ရှိသူတွေကို ပြောတာဖြစ်မှာပေါ့။ မဟုတ်လဲ နာရီစိတ်ဆိုးပြီး မလည်တော့ရင် ဆိုင်ပို့ပြင်နေရမှာဆိုးလို့ သတိပေးတာလည်းဖြစ်နိုင်တယ်။
    ဒါတွေက အာပလတွေပါ။ အရေးကြီးတာက မွန်နဲ့ကိုယ် အဆက်အသွယ် မပြတ်ဖို့။ ကိုယ့်နာမည်ရင်းက ကိုမောင်တဲ့။ ကြိုက်တဲ့အလုံး အဖျားဆွတ် ခေါ်နိုင်ပါတယ်။ မွန်နဲ့ကိုယ်က အသက် မတိမ်းမယိမ်းဆိုတော့ လေပေးဖြောင့်တယ်။ နို့မို့ရင် ရွာထဲက အန်တီကြီးတွေနဲ့ ပြောနေရတာ ဖီလင်အောက်တယ်။ ပြောတာတွေကလည်း တရားဓမ္မအကြောင်းတွေချည်ပဲ။ ကြာတော့ ကိုယ့်ကိုယ်ကို လူလားဘုန်းကြီးလားတောင် ဇဝေဇဝါဖြစ်မိတယ်။ မွန်ကြည့်ရတာ အခုလို တစိမ်းယောက်ျားလေးတွေနဲ့ အရင်ကပြောဖူးတယ် ထင်တယ်နော်။ ကို့အတွက်ကတော့ ရွယ်တူချင်း တစိမ်းတရံဆို ဒါပထမဆုံးပဲ။

  • kai

    January 23, 2011 at 6:38 am

    ဘဝနာရီ = ဘဝသည်နာရီလို အချိန်သတ်မှတ်ချက်တခုနှင့်သာဖြစ်သည်။
    လည်မည်ပတ်မည် = နာရီတခုသဖွယ်.. သွားနေ၊ရွေ ့လျှားနေပါလိမ့်မည်။
    အရီ (ရယ်) မလွန်ကြစေနှင့်…။ = သာမန်ထက်ထူးကဲပြီး အပျော်မကျူးကြပါစေနှင့်..။ 🙂

    ( ကျုပ်စဉ်းစားမိသလောက်တော့ အဲဒါပဲ.။)

  • monmon

    January 23, 2011 at 6:47 am

    မဆူးရေ… ဟောဒီမှာ မဆူးတို့အတင်းကို ကြောင်ကြီးပြောနေပါတယ်…
    ဒီမှာ လူကြီးတွေနဲ့ စကားပြောတာ ဘယ်လောက်ဗဟုသုတရတယ်မှတ်လဲ…
    ကလေးက ကလေးလို ငြိမ်ငြိမ်နေ… မွန်လည်း ငြိမ်ငြိမ်လေးနေတယ်…

  • monmon

    January 23, 2011 at 6:49 am

    ကိုခိုင် စဉ်းစားတာက အယ်ဒီတာနဲ့ အတူတူပါပဲ… မွန်ပြောချင်တာက အဲဒါမဟုတ်သေးဘူး…
    တစ်ခြားသူတွေ ဖတ်ပြီး ထပ်ပြောဦးမလား မသိဘူး… စောင့်ကြည့်လိုက်ဦးမယ်…
    ပြီးရင်တော့ မွန် ပြောချင်တာကို ပြောပြပါမယ်….
    မှားနေရင်လည်း ပြင်ပေးကြပေါ့နော်…
    မွန်ကတော့ ကိုယ့်ကိုကိုယ် ရွာထဲမှာ ကလေးလို့ပဲသဘောထားပါတယ်…
    အပြင်မှာဆို 21 ဆိုတာ တော်တော်ကြီးပြီးတဲ့… 15၊ 16 ကလေးတွေက ပြောတာ… း(

  • bigcat

    January 23, 2011 at 7:08 am

    တောက်.. မွန်က အယ်ဒီတာဆိုတဲ့ ဂုဏ်ပုဒ်ကို အထင်ကြီးနေပုံရတယ်။ ကိုကြောင်လည်း လွတ်တဲ့ငါးမကြီးခင် တချက်လောက် ခုန်ပြရသေးတာပေါ့။ (သတိ၊ အယ်ဒီတာက အဖိုးကြီး သားကြီးမယားကြီးနဲ့၊ အကြီးဆုံးခလေးတောင် မွန်လေးအရွယ်လောက်ရှိပြီ)

    ဘဝနာရီ လည်မည်ပတ်မည် – အပြုသဘောနဲ့တွေးရင်တော့
    (သင်္ခါရသဘော – ဘဝသည် နာရီစက္ကန့်မလပ် တရွေ့ရွေ့ ပြောင်းလဲကုန်ဆုံးနေသည်။ တနည်းအားဖြင့် အချိန်သည်တန်ဖိုးရှိသည်၊ ပြန်မရတော့။
    အရီ (ရယ်) မလွန်ကြစေနှင့်…။ ဒါကြောင့် အရည်မရအဖတ်မရ အကျိုးမရှိတာတွေနှင့်ချည်းပဲ အချိန်မဖြုန်းကြလင့်။ ကိုယ့်အတွက် အကျိုးရှိတာများလည်း လုပ်ကြအုံး (ဥပမာ – ကလပ်သွား ဒီဂျေက၊ အနှိပ်ခံ ဘာညာလုပ်၊ ဘီယာဆိုင်ထိုင် ပန်းကုံးစွပ်…)

    ဟာသမဂ္ဂဇင်းမိုလို့ ဒါမှမဟုတ် အယ်ဒီတာမင်းက တက်ကြွတဲ့ ကြက်ဖမိုလို့ တမင်ပြောင်းပြီး အဓိပ္ပါယ်ဖွင် ့ပေးချင်ရင်..
    အဆက်မပြတ် နာရီလည်သလို လည်ပတ်နေတဲ့ လူ့ဘဝမှာ မနှောင်းခင်ရတုံး ပျော်ထားကြ။ (အရီမလွန်ခင်ကို အချိန်မလွန်ခင်လိုမျိုး ယူဆသုံးထားသည်။)

  • zippo

    January 23, 2011 at 7:20 am

    အကိုလေးကလဲ အဖျားမရှုးနဲ့လေဗျာ..။..အဆင်ပြေတော့မယ်လေ..။။..
    သိနေတယ်..။။..ဆက်လုပ်..။။..ဆက်လုပ်..။။…။။…

  • monmon

    January 23, 2011 at 7:26 am

    အထင်ကြီးတယ် ရယ်လည်း မဟုတ်ပါဘူး… ဒါပေမယ့် စာတွေကို စိစစ်ပြီး ရွေးချယ်ခွင့်က သူ့လက်ထဲမှာဆိုတော့ နည်းနည်းတော့ လေးစားရတာပေါ့…

    ကြောင်ကြီးပြောတာလည်း ဟုတ်ပါတယ်… ဒါဆိုရင်တော့ မွန်ညံ့တာပဲ… အင်း… နောက်နေ့တွေလည်း မအားတော့ဘူးဆိုတော့.. မွန်ပြောချင်တာကို ပြောပြပါမယ်…

    ဘဝဆိုတာ နာရီလိုပဲ လည်ပတ်နေပါတယ်… နာရီလည်တယ်ဆိုတဲ့ နေရာမှာ အတက်ဆိုတာ ရှိသလို အကျဆိုတာလည်း ရှိပါတယ်.. အဲဒါကြောင့် တက်နေတဲ့အချိန်မှာ သိပ်မရီနေပါနဲ့လို့… အကျဆိုတာလည်း ရှိတတ်ပါတယ်လို့ ရေးထားတာ…

    အဲဒီအဓိပ္ပါယ်ကို မရောက်ဘူးထင်တယ်နော်….

  • naywoonni

    January 23, 2011 at 10:22 am

    ဘဝနာရီ
    ရဟတ်မြည်သည်
    အပျော်မလွန်မိစေသော်..။

  • kai

    January 23, 2011 at 10:30 am

    ဘဝ နာရီ
    သုံးကိုး ရွယ်ရည်
    ကျတက် မကျွံမိစေသော်ဝ်…။

  • ဆူး

    January 23, 2011 at 1:10 pm

    ကုန်ဆုံးသွားတဲ့ အချိန်တွေ ပြန်မှ မရတော့ဘူး။ အတိတ်ဆိုတာ အတိတ်မှာဘဲ ရှိပေမဲ့.. အတိတ်မှာ လွမ်းစရာ ဆွေးစရာ ပျော်စရာ ဝမ်းသာစရာတွေ အများကြီး ရှိခဲ့ပါတယ်။ နာရီတွေ လည်တာကတော့ တပတ်ပြီးရင် တပတ် ပြန်လည်နေတာဘဲ။ ဘဝ အတိတ်တွေက ပြုခဲ့ဘူးတဲ့ ကောင်းမှု မကောင်းမှုတွေကလည်း နာရီ လည်သလိုဘဲ တကြိမ်မှာ ကောင်းခဲ့တာ တကြိမ်ပြန်လည် သလိုဘဲ ထင်မိပါတယ်။ အရီ (ရယ်) မလွန် စေနဲ့ ဆိုပေမဲ့.. ရီ တာ ကတော့ ကိုယ်တိုင် ရီစရာ မလိုပါဘူး။ ကံရဲ့ စိတ်စေတသိတ်တွေက ရီပြီးတော့ ပြန်ပြောပြပါလိမ့်မယ်။ တပတ်လည်လို့ အကျိုးပေးရင်တော့ အားမနာ စကောင်းပေါ့ကွယ်။ ကိုယ်ဖြစ် ကိုယ်ခံ.. အခု ပြောတဲ့ အကြောင်းအရာနဲ့ ညီမလေး မွန်မွန် ပြောတဲ့ ဆိုလိုရင်း ကိုက်ညီမှု ရှိမရှိရင်တော့ အဆင်ပြေသလိုသာ ဖတ်လိုက်ပါကွယ်။

  • kopauk mandalay

    January 23, 2011 at 4:17 pm

    ဘဝ နာရီ
    လောကဓံရိုက်ချက်
    ခပ်ပြင်းပြင်းလေးနဲ့နှက်တော့
    နာတော့လဲနာပါသည်။
    ဒါပေမယ့်
    သွေးကြောင်ထင်မှာစိုးတော့
    မြင်သမျှကိုရီလို့ပြရပါသည်။
    ဒါကြောင့် မရီကြပါနှင့်ဟု
    တောင်းပန်လိုပါသည်.
    ဒါကြောင့် လည်း ဘဝမှာ
    နာနာနဲ့ ရီ =နာရီ လို့အမည်တွင်ပါသည်။.

Leave a Reply