Korean War by Khin Ma Ma Myo

kaiJanuary 23, 20111min810

ကိုးရီယားစစ်ပွဲအကြောင်း တစေ့တစောင်း

စကားချီး

ကမ္ဘာ့အရေးမှာရော၊ မြန်မာ့အရေးမှာပါ ကိုးရီးယားဆိုတဲ့ စကားလုံးကို လူပြောများကြပါတယ်။ ၂၀၁ဝ ကမ္ဘာ့ဖလား ဘောလုံးပွဲကို ပထမဆုံးဝင်ပြီး ယှဉ်ပြိုင်လာတဲ့ မြောက်ကိုးရီးယားအသင်းရဲ့ ပုံရိပ်တွေကလဲ ကမ္ဘာတဝှမ်းက ဘောလုံးဝါသနာအိုး ပရိသတ်များစွာကို ဆွဲဆောင်ထားနိုင်ခဲ့သလို မြန်မာ့ဒီမိုကရေစီ လောကသားတွေအတွင်းမှာလဲ မြန်မာနဲ့ မြောက်ကိုးရီးယား နယူးကလီးယား ဆက်နွယ်မှုအရေး၊ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားတို့အကြားက စစ်ရေးတင်းမာမှု စတာတွေနဲ့ ပတ်သက်ပြီး အတော်ပဲ အုပ်အော်သောင်းနင်း ဖြစ်ခဲ့ကြပါတယ်။ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားကပဲ စစ်ဖြစ်တဲ့အခါ တောင်ကိုးရီးယားဘက်ကို အမေရိကန်က ဝင်တိုက်ပြီးရင် နယူးကလီးယား အရေးနဲ့ ပတ်သက်နေတဲ့ မြန်မာနိုင်ငံကိုလဲ အမေရိကန်က စစ်ရေးအရ အရေးယူတော့ မယောင်ယောင်၊ အီရတ်လို ဝင်တိုက်တော့မယောင်ယောင်နဲ့ စိတ်ကူးယဉ် ပြောသူတွေကလဲ အများအပြားပါပဲ။ မြန်မာပြည်ကို အမေရိကန် ဝင်တိုက်တာ၊ မတိုက်တာ အသာထားလို့ အဓိကဇာတ်ကောင်ဖြစ်တဲ့ မြောက်ကိုးရီးယား အရေးတောင် နိုင်ငံတကာ ဇာတ်စင်ပေါ်မှာ အခုအချိန်ထိ မပြီးနိုင်မပြတ်နိုင် စင်တင်နေရဆဲပဲ ရှိပါသေးတယ်။

ဆက်ဖတ်ရန်..ဒေါင်းလုပ်လုပ်ပါ..။