သေခြင်းတရားဆိုသည်မှာ လူတိုင်းလူတိုင်း အသက် အရွယ် တိုင်း တနေ့ တွင် ကြုံတွေ့လာရ မည့် အခြင်းအရာတစ်ခုဖြစ်သည်။

ထိုသို့ ကြုံလာမည့်အခြင်းအရာမှန်သော် လည်းအများစုက ကြောက်ရွံ တက်  ကြသည်။လက်ခံနိုင်ရန်လည်းခက်ခဲတက်သည်။ မည်သည့်သတ္တ၀ါမဆိုကိုယ့်အသက်ဝိညာဉ်ကိုတော့တန်ဖိုးထားတက်ကြသည်။မည်သို့မည်ပုံလက်ရှိဘ၀တွင်အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေရင်ဆိုင်နိုင်ရန်ခက်ခဲသည်။တကယ်ဆိုလျှင် သေခြင်းတရား၏ နောက်ကွယ်တွင် ခင်ဗျားတို့ ကျွန်တော် တို့လူသားတွေ

မမြင်နိုင် မသိနိုင်သေးသော စိတ်ဝင်စားဖွယ် အကြောင်း အရာ မျိုးစုံရှိနေသည်။သေပြီးနောက် ဘာဖြစ်မလဲ၊ ဘာတွေကို ထက်ပြီးကြုံတွေ့နိုင်မလဲ၊ သံသရာခရီးကကောရှိလား၊မရှိဘူးလား။ရှိခဲ့ရင်လည်းဘယ်လိုဘ၀တွေကိုကြုံတွေ့နိုင်လည်း။ ၀ိညာဉ်ဘ၀ရောက်သွားလျှင်ကော ရုပ်ရှင် ထဲ က ကဲ့

သို့ လျှောက် သွားလျှောက် လည် ရင် ရ နိုင် မည် လား ။မမြင်နိုင် တဲ့ အစွမ်းအစတွေ ကော ရှိနေမလား။ ကိုယ် ခင် မင် ခဲ့ သော လူတွေ က အောက်မေ့ သတိရနေမလား၊ ဘယ်သူတွေက ပူဆွေးပြီး ဘယ်သူတွေ က ပျော် နေမလဲ … ဒါတွေ ကိုကော သိနိုင် မလား။ စိတ်ဝင်စားဖွယ်ရာမျိုးစုံပင် ဖြစ်သည်။

မနေ့က ကျွန်တော် တို့သူငယ်ချင်းတစ်စု လက်ဖက်ရည်ဆိုင်ထိုင်ရင်း အပျော် သဘော အဖြစ် ကျွန်တော် တို့ဝိုင်းအတွင်းထိုင်နေသော လူများထဲမှ မည်သူ အရင်သေနိုင်သလဲ ဆို တာ ကို မဲ နှိုက် ကြ သည်။တစ်ဦးးတစ်ယောက်ခြင်းနာမည် ပါသော မဲလိပ်လေးများကို ဦးထုတ်၁လုံးထဲတွင်စုထည့်ထားပြီး တစ်ယောက် က မဲလိပ်တစ် လိပ်နှိုက်ယူရသည်။ ထိုမဲလိပ်တွင် ပါသောသူက သူငယ်ချင်းအားလုံးတွင် အရင်ဦးဆုံး နှုတ်ဆက်ထွက်ခွာရမည့်လူဖြစ်သည်။ရှင်းရှင်းပြောရလျှင်တော့ အရင်ဆုံးသေမည့်လူဆိုပါတော့။ ထိုမဲလိပ်ကို ကံထူးစွာ..အဲ ကံဆိုးစွာပေါက်သူကို ကျန်သည့်လူများကတစ်ယောက်ချင်းအားပေးစကားပြောရသည်။မျိုးစုံပြောကြသည် ကောင်းမှုများများလုပ်ဖို့၊ မကောင်းတာ မလုပ်မိဖို့စသည်ဖြင့် မျိုးစုံပင်ပြောကြသည်။တကယ်တော့ထိုအခြင်းအရာသည် အပျော်ဆိုသည်ထက်အများကြီးလေးနက်သောအတွေးအခေါ်များစွာကျွန်တော် တို့ ရ ရှိသွားသည်။ သေခြင်းတရားကိုလက်ခံနိုင်ဖို့အားများစွာကိုလဲ ရရှိလာသည်။ ထိုအခြင်းအရာသည် စဉ်းစားဖွယ်များစွာကောင်းမှန်းလဲသိလာကြသည်။ ထိုမဲပေါက်သောသူငယ်ခြင်းကိုတော့ ကျွန်တော် က သေခြင်းတရားသည်စိတ်ဝင်စားဖွယ်ကောင်းသောခရီးတစ်ခုအဖြစ်ကျွန်တော် အားပေးခဲ့သည်။

တကယ်တော့ထိုသို့ အားပေးခြင်းသည့် ကျွန်တော့်သူငယ်ချင်းနှင့် ဆို လျှင်နှစ်ဦး ရှိခဲ့ ပြီဖြစ်သည်။ပထမဦးဆုံးတစ်ဦး က တော့ ကျွန်တော် အဖေ ဖြစ်သည်။  အဖေသည် သေမည့်နေ့ရက်ကို သတ်မှတ်ခြင်းခံရသော  ကင်ဆာဝေဒနာရှင် ဖြစ်သည်။  အဖေလည်ချောင်းကင်ဆာ  ရှိကြောင်း ဆေးရုံက ဆေးစစ်ချက်ထွက်တော့ အမေ၊ အဖေ့ မောင်နှမများ ၊ကျွန်တော်တို့မိသားစု အကုန်ဆောက်တည်ရာ မရခဲ့ပါ။  အသက်ရှင်နိုင် ရန် အခွင့်အရေးသည် လွန်စွာနည်းပါးသည်။ မိသားစု အားလုံးကအဖေ့ကို ချက်ချင်း အသိမပေးရန် ဆုံးဖြတ်ခဲ့သည်။ ကျွန်တော် ကတော့ မထင်ပါ အကင်းပါးလှသော အဖေသည် သူ့ရောဂါအခြေအနေကို သိနေမည် ဆို သည်ကိုကျွန်တော် ခန့်မှန်းလို့ရခဲ့သည်။ တကယ်အသိပေးတော့လည်းအဖေလုံးဝမတုန်လှုပ်ခဲ့ပါ။ ကျွန်တော် သည် အဖေ ၏ပညာအမွေ ၊ကောင်းမွန် သောအကျင့်စရိုက်များ ၊ပြန်လည်ကျေးဇူးဆပ်ခွင့် မရရှိခဲ့ပဲ လောက က ထွက်ခွာသွားမည်ကို ပြန်လည်တွေးရင်း စိတ်ထဲမှာ တနင့်နင့်ခံစားလာရသည်။ အဖေ့ကိုလည်းအားပေးဖို့ရာ စကားရှာမရခဲ့ပါ။ သို့သော်နောက် ဆုံးတွေးရင်းတောရင်း ဖြင့် သေခြင်းတရား ၏ စိတ်ဝင်စားဖွယ်ကောင်းလှပုံများက အဖေ့ အတွက် အားတခုဖြစ်နိုင်ကြောင်းသုံးသပ်မိလာခဲ့သည်။ မည်သို့မျှ မထူးဆန်းသည့် အကြာင်းအရာမှန်းလဲသိလာသည်။ ထို့ကြောင့် ကျွန်တော့် အဖေ ကို စဉ်းစားမိသလိုပင် အားပေးခဲ့၏။ တစုံတစ်ခုသောအတိုင်းအတာ ထိ အဖေ ကျေနပ်မည်ကိုလည်း ကျွန်တော် ခံစားမိခဲ့၏။

အထက်ကဆိုခဲ့သည့်အတိုင်း လူတိုင်းကြုံတွေ့ ရမည့်သေခြင်းတရားသည် စိတ်ဝင်စားဖွယ်အတိဖြစ်နေသည်။သေဆုံးခြင်း၏  နောက်တွင်ဘာတွေ ရှိမည်ကို ကိုယ်တိုင်ကြုံတွေရတော့မည်။မရောက်သေးသောခရီးတစ်ခုကိုစတင်ထွက်ခွာရတော့မည်။ အသက်ရှင်နေချိန်တွင် ကမ္ဘာပေါ်တွင်မည့်သည့်နေရာကိုမဆို ရောက်ဖူးသွားဖူးချင်ပါက အလွယ်လေးပင်ဖြစ်သည်။ အကယ်၇်ျ မရောက်ဖူးပါက လည်း စာပေ၊အင်တာနက် တို့တွင်လည်းကောင်းရောက်ဖူးလည်ပတ်ဖူးသူများ၏ အတွေ့အကြုံများကို မေးမြန်းလေ့လာသိရှိနိုင်သည်။ သို့သော် သေခြင်းတရားဆိုသည့်ခရီးကား ကိုယ်တိုင် သွားကြည့်မှ သိနိုင်မည်ဖြစ်သည်။ ဘာသာတရားတိုင်း၏ အဆုံးအမ အချုပ် ပန်းတိုင် အားလုံး သည် သေခြင်းတရား၏ နောက် ကွယ် တွင်ရှိနေသည်။  ထိုကြောင့် ကျွန်တော် တို့ အားလုံးအတွက် စိတ်ဝင်စားဖွယ်ခရီးကား နောက်ဆုံးခရီးပင်ဖြစ်ပေသည်။

About Dream28

dream 28 has written 2 post in this Website..