လက်ရှိ မြန်မာပြည်ဂီတလောက

Dream28January 23, 20111min17711

လွန်ခဲ့သောဆယ်စုနှစ်ကျော်ကျော်လောက် ကဆို မြန်မာပြည်ဂီတလောက ကို ဝင်ရောက်မည့် အဆိုတော် အသစ်များသည် ပရိုဂျူဆာ ရ ရင်ရ၊ မရရင်လည်း ကိုယ့်ငွေကို စိုက် ထုတ်ပြီး အခွေတစ်ခွေဖန်တီး ပြီးဈေးကွက်ထဲဖြန့်ရသည်။ ထိုအခွေသည်ပရိသတ် က နှစ်သက်ကြပြီ ဆိုလျှင်တော့ ထို အဆိုတော် ပေါက် ပြီ၊ အောင် မြင် ပြီ ဟုပြောလို့ ရသည်။ ထိုအခါထိုအဆိုတော် လည်း စတိတ်ရှိုးဆိုရ ၊နောက်အခွေအတွက် ပရိုဂျူဆာတို့ က လည်း ဝိုင်းဝိုင်းလည်အောင်ကမ်းလှမ်း ခံရပြီး ဝင်ငွေ ကအစ အစအစ အရာရာအဆင်ပြေသွားကြသည်။

ထိုသို့စီးဆင်းလျှက်ရှိသောဂီတလောက သည် 2006 ခုနှစ် 2007 ခုနှစ်နှောင်းပိုင်းတွင် အခြေ အနေ တမျိုးပြောင်းလဲ လာ သည်။ နည်းပညာထွန်းကားလာသည်နှင့် အမျှ ကူးခွေများလည်းပေါ်ထွက်လာသည်။ဥပဒေ ရှိပေမဲ့ ထိရောက်စွာမဟန့် တားနိုင် ၊ စားသုံးသူဘက်ကလည်းအချိုးအစားများစွာသက်သာပီး အရည်အသွေးတူညီသောကူးခွေများသာ အားပေးခဲ့ကြသည်။ကူးခွေအားပေးခြင်းသည့် မိမိ၏အကျင့်သိက္ခာကို ဖောက်ဖျက်ခြင်းဖြစ်သည် ဆိုသောအတွေးအခေါ်အယူအဆလည်းမရှိချေ၊လုံလောက်အောင် ပညာပေး တင်းကျပ်သော အခြေအနေလည်း မဖြစ်ခဲ့ သဖြင့် ခိုးကူးခွေများရောင်းချ ဝယ်ယူမှု အားကောင်းလာပီး မူရင်းထုတ်လုပ်သူများ ဆုံးရှုံးနစ်လာကြသည်။

မူရင်း သီချင်းခွေ များရောင်းအား ကျလာပြီး နောက်ထပ်အခွေ သစ်များထပ်ထုတ်နိုင်ရန် ပရိုဂျူဆာတော်တော် များများလက်တွန့် လာကြသည်။ထိုအခါ အဆိုတော် သစ်များသီချင်းအခွေအသစ်များ ထုတ်နိုင်ရန် အခက်ခဲရှိလာ သလို ရှိရင်းစွဲ  အဆိုများကလည်း ပရိသတ်နှင့် အဆက်အသွယ်မပျက်စေရန် အခွေသစ် ထွက်ဖို့အခက်အခါဖြစ်လာကြသည်။ ထိုအခါ အချို့သော အဆိုတော်များက ပရိုဂျူဆာ အချို့နှင့်ညှိုနှိုင်းဈေး ဖြင့်အတွဲခွေများစွာထွက်ရှိလာရာ အတွဲခွေခေတ်တစ်ခေတ် ရောက်ရှိလာခဲ့သည်။ ထိုအတွဲခွေများတွင် မျက်နှာသစ်အဆိုတော် များစွာကိုကြိုကြား ကြိုကြားထည့်သွင်းလာရာ တကိုယ်တော် အခွေမထွက်ပဲ နာမည်ကျော်ကြားလာသောအဆိုရှင် မြောက်များစွာပေါ်ထွန်းလာခဲ့သည်။

ထိုသို့ အဆိုတော်ရှင်အသစ်များစွာက လည်း တကိုယ်တော် အခွေ မထွက်နိုင်ပဲ အတွဲခွေ ပေါင်းများစွာတွင် သီဆိုခြင်း ဖြင့် ခိုးကူးသမားများက လည်း အဆိုတော် တစ်ဦးခြင်းစီ၏ လက်ရွေးစင် အခွေများ အဖြစ် ရောင်းချကာ ဝင်ငွေလမ်း ဖြောင့်လာခဲ့သည်။ထို့နောက် ထုတ်လုပ်သူများက လည်းအခွေများကို နည်းလမ်းမျိုးစုံ ဖြင့် အရောင်း မြင့် တင် ကာ ရောင်းချလာကြသလို ဈေးနှုန်း ကို လည်းခိုးကူးဈေး နီးပါး ချထားပေးပြီး တိုက်ပွဲ ပြင်းထန်လာသည်။

ထိုအချိန်တွင် တရုတ်ပြည်မှ မြန်မာနိုင်ငံ အတွင်း အရည်အသွေး သင့်တင့် ပြီး တွက်ခြေကိုက်သော DVD စက် များ brand ပေါင်းစုံဖြင့်ဝင်ရောက်လာရာ တော ရော မြို့ ပါ အလွှာပေါင်းစုံမှ လူတန်းစားအသီသီး ၏ အိမ်များတွင် အသုံးပြုလာကြသည်။ ထိုအခါ ထိုအခွင့်အရေးကို အသုံးချ ကာ ခိုးကူးသမားများသည် တပတ် အတွင်း ထွက်ရှိသော အခွေများ ၊ အဆိုတော် ကြီးများထွက်ရှိခဲ့ သောအခွေများ ပေါင်းချုပ်ကာ DVD  ဖြင့် အသွင်ပြောင်းပြီး ဈေးနှုန်း တဆတပိုး ချိုသာစွာရောင်းချလာရာ ပရိုဂျူဆာများဘက်မှ လက်မြှောက် အရှုံးပေးလာရသည်။

ထိုအခါ အချို့သော အဆိုတော်များဘက်က သီချင်းခွေထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီး အနည်းအကျင်းလောက်သာ အရှုံးခံပြီးထုတ်လုပ်ခဲ့ရသည်။ အနုပညာအရ အောင်မြင်ပြီး ပရိသတ် အားပေးသော်လည်း ငွေကြေးအရအောင် မြင်မှု မရခဲ့ချေ။ ထိုအခါအဆိုတော် များသည် စတိတ်ရှိုးလိုက်လံ သီဆိုခြင်းဖြင့် ငွေကြေးရှာဖွေလာကြ၏။ ယခင်က ရန်ကုန်မြို့တွင်သာ စတိတ်ရှိုးပွဲအများစု ပြုလုပ်ရာမှ အချို့သောနယ် မြို့ ကြီးများတွင် ပါ ခပ်စိတ်စိတ် ပြုလုပ်လာ ကြပြီး ပွဲစီစဉ်သူ ဟူသော စီးပွားရေး ပြုလုပ်သူများပေါ်ထွန်း လာကြသည်။ထို့ပြင် ယခင်က မလုပ်ဘူးသော နေရာဒေသများတွင် ပါ ဇာတ်ပွဲများနှင့်အပြိုင် စတိရှိုးထည့်သွင်းလာပြီး ဇာတ်ပွဲ တချို့ တွင်ပါ ညကြေးယူကာသီဆိုလာကြသည်။

ထိုနေရာတွင် ပွဲစီစဉ် သူများ ထင်ရှားလာ ကြ ပြီး ယခင် က အဆိုတော် သစ် များသည် ပရိုဂျူဆာ များကို အားကိုးလာရာမှ ယခုအခါ ပွဲစီစဉ်သူများကို လာကိုးလာရ၏။ အချို့သော အဆိုတော် သစ် များ သည် သီဆိုကြေးတပြားတချပ်မှ မရ ပဲ နှစ်ပေါက် အောင် ပွဲစီစဉ်သူများအား ကိုယ့်ငွေကိုစိုက် ကိုယ့်စရိတ်ကို ခံကာ သီဆိုလာကြသည်။ ထိုမှတဆင့် ပရိသတ်များရရှိပြီး အောင်မြင်လာသူများ လည်းရှိခဲ့သည်။ထို့ကြောင့် အခွေမထွက်ပဲ သီချင်းများသီဆိုပြီး လှုပ်ရှားလာကြ သူများကို underground အဖွဲ့များဟုခေါ်ဆိုကြသည်။

အများအားဖြင့်လူငယ်တီးဝိုင်းအဖွဲ့များ၊ hip hop အဖွဲ့များ ပါဝင်သည်။ ထိုမှ တဖန် လူငယ် များအကြားအင်တာနက် အသုံးပြု များပြား လာခြင်းနှင့် အတူ digital media များ၊mp3 free download site များ၊ forward mail များမှ တဆင့် သီးချင်း အခွေမထွက်ရသေးသော သီ ချင်း အသစ် များစွာ ပေါ် ထွက်လာရ သည်။ ထိုသီချင်းများထဲ မှ အချို့သော သီချင်းများစွာသည် လူငယ် ထု အတွင်းပျံနှံ ရောက် ရှိသွားပြီး အောင် မြင် လာကြသည်။ ထိုအခါ အဆိုတော် သစ်များသည် သစ်ချင်းခွေ တစ် ခွေမှ မထွက်ပဲ အောင် မြင် သော အဆိုတော် များအဖြစ် စတိရှိုးများစွာတွင် ပရိသတ် ရလာသည်။ပွဲစီစဉ်သူများကလည်း ငွေကြေးပေးကာ ခေါ်ယူလာကြသည်။ ထိုအချက်ကို အခွင့်အရေး ယူ ကာ အဆိုတော် များစွာသည် တစ်ကိုယ်တော်အခွေထွက်ရှိရေးထက် သီချင်းများများ အောင်မြင်လာစေရန် နည်းလမ်းပေါင်းစုံဖြင့် ကိုအသုံးချကာ ထိုးဖောက်လာကြသည်။အမှန် တကယ်လည်း အဆိုတော် တစ်ယောက် တကိုယ်တော် အခွေထွက်ရှိခြင်းထက် စတိရှိုးများများတွင် ဆို နိုင် ပါ မှ အဆင်ပြေနိုင်သည်မဟုတ်ပါလား……..။

11 comments

  • bigcat

    January 23, 2011 at 8:18 pm

    Dream28 ကြည့်ရတာ ဂီတလောကထဲကထင်တယ်။ စိတ်ဝင်စားဖွယ် သတင်းရော အတင်းပါ လုပ်ပါအုံး။ အားပေးပါတယ်။

  • cobra

    January 24, 2011 at 8:33 am

    အင်းမှန်ပါတယ်.
    အဆိုးဆုံးကတော့ခိုးကူးခွေတွေကြောင့်ပေါ့
    ဒါပေမယ့်
    ဈေးကြတော့လည်းအရမ်းကွာနေတာကို မူရင်းတခွေအနည်းဆုံး ၁၀၀ဝထက်မှာ
    ကူးခွေက၂ခွေ၅၀ဝဆိုတော့ အများကြီးကွာနေတာကို…။

  • kai

    January 24, 2011 at 9:03 am

    အဆိုတော်တွေကို ယူအက်စ်ကို ခေါ်ပြီး .. ပွဲလုပ်ကြတာလည်း ..ပွဲစီစဉ်သူတွေပဲ..။ မြန်မာ-အမေရိကန်တွေပေါ့..။
    ဝါသနာပါလို့ ..စလုပ်တာပါ..။
    အရင်ဆယ်စုနှစ် ၂ခုလောက်ကတော့ .. ပွဲစီစဉ်သူတွေခေါ်တဲ့ အဆိုတော်တွေ …မင်းသမီးတွေ ယူအက်စ်ရောက်လာပြီး .. ဒီက မြန်မာလူထွက်ကလေးများနဲ့ ငြိကြ..နောက်ညားကြတယ်ပေါ့..။

    နောက်တော့ .. အမြတ်နည်းနည်းကျန်တာမို ့.. လုပ်ချင်တဲ့သူတွေ လုပ်လာကြတာတွေ့ရပါတယ်.။
    အခုနှစ်ပိုင်းထဲ..
    ဗီဇာကိစ္စခက်လာသလို… အဆိုတော်တွေလည်း .. ယူအက်စ်က ထင်သလောက်မကိုက်တာလို့ ထင်လာကြပုံရပါတယ်..။
    သိပ် မက်မက်မောမောနဲ့ . ယူအက်စ်ကို မလာကြတော့ဘူး.။
    အဲဒါ..
    ရန်ကုန်က ..ဂီတအသိုင်းအဝိုင်းက ..ယူအက်စ်ပွဲသွားတဲ့အပေါ် ဘယ်လိုမြင်သလဲ.. သိရင်ရေးပြပါဦး..။

  • Dream28

    January 24, 2011 at 3:35 pm

    ကျွန်တော် အရင် ကတော့ ဂီတ လောက ထဲ ခပ် ပါးပါးလောက် သာ ဝင် ဖူး တာပါ …
    ခု ပို့စ်က လဲ ကျွန်တော် လေ့လာခဲ့ သမျှ ကို သိသလောက်တာ ဖော်ပြခြင်းဖြစ်ပါတယ်။
    ကျွန်တော် ကြားဖူးသလောက် က တော့ အဆိုတော် တွေ နိုင် ငံ ခြား မှာသွားဆို ကြ တာ
    အနုပညာကြေးသိပ် မရ ကြဘူး ကြားတယ် ။ လက်ဆောင် သဘောမျိုးလောက် ၊စေတနာကြေးသဘောလောက်ပဲ ရတယ် ကြားဘူးတယ် ။သေချာတော့ မသိ ဘူးဗျ။
    အဆိုတော် တွေ ဘက်က လဲ စရိတ် ငြိမ်းရောက် တော့ သဘောကျတာပေါ့.။
    ပြီးတော့ မြန်မာပြည်ပြန်ရောက်တော့ ဂျာနယ် တို့ မဂ္ဂဇင်းတို့ မှာ ဖော်ပြ ကြတော့
    အထင်ကြီးတာပေါ့ ဗျာ။ခုနောက် ပိုင်းတော့ သူတို့ လဲရောက် ဘူးကြ ကုန်ပီ .. အရင် လို နိုင် ငံခြားမှာ
    ဖျော်ဖြေရေးသွားကြတာ လဲ ခေတ်သိပ် မရှိတော့ ဘူး.. ပရိသတ် က လဲ ရိုးသွားပြီ… ဟိုတခေါက် က လဲ
    ပေါ်လစီ သီချင်းတို့ ရုပ်ရှင် တို့ မှာ ပါတဲ့ အနုပညာရှင်တွေ ကို ဝိုင်းဝန်းကြို ဆို လိုက် တဲ့ အဖြစ် မျိုးတွေ က လဲရှိနေတော့ လက်ရှောင် ကုန် ကြ တယ် ထင် တာ ပါ ပဲ..။ ဒီ မှာ က လဲ ပေါ်လစီ အတွက် လုပ်ပေးရတယ် ဆို တာ အနုပညာရှင် တွေ အတွက် ဘေးကျပ်နံကျပ် ကိ စ္စပါ။ အရင် လို ဖုန်းပါမစ် က လဲဈေးမရတော့ ဘူးလေ။
    အကြောင်းအရာ က တော့ မျိုးစုံ ဖြစ် မှာပေါ့ ဗျာ ။ ကျွန်တော် ကတော့ သိ သလောက်လေးပဲ ပြော ရ တာ ပါ ။

  • sainyiphyo

    January 24, 2011 at 3:42 pm

    ကျတော့အနေနဲ့ကတော့ ခံယူထားတာတစ်ခုရှိတယ်၊ ခံယူတယ်လို့ပြောရင် လူအထင်ကြီးပါဦးမယ်၊ အဓိကတော့ .. နဝမတန်းလောက်ကထဲက ရထားတဲ့ အကျင့်တစ်ခုလို့ ပြောရမယ်။ ကိုယ်ကြိုက်တဲ့အဆိုတော်နဲ့ပတ်သက်တဲ့ သီချင်းဆိုရင် တစ်တန်းလုံး. တစ်ကျောင်းလုံး.. တစ်နိုင်ငံလုံးမှာ.. ကိုယ်ပထမဆုံး နားထောင်လိုက်ရမှ။ မဟုတ်ရင် စိတ်ထဲမှာ အခဲမကျေသလိုလိုနဲ့ ဖီးလ်ငုတ်နေတတ်တယ် ။ ပြောချင်တာက .. ကျတော်ကြိုက်တဲ့ အဆိုတော်ရဲ့ စီးရီးတွေဆိုရင် .. ကျတော်က အော်ခွေကိုပဲ အားပေးပါတယ်။
    ခွေမထွက်ခင်.. အွန်လိုင်းမှာနားထောင်လိုက်ရပြီးသား ဖြစ်နေပါစေ၊ ခွေထွက်လာရင်တော့ ကျတော် အော်ခွေတစ်ခွေကတော့ ဝယ်ပြီးအားပေးလိုက်ရမှ စိတ်ကျေနပ်မှုရှိပါတယ်။ အားလုံးအနေနဲ့လဲ တွက်ကြည့်စေချင်ပါတယ်၊ အဆိုတော်တစ်ယောက်က သီချင်းတစ်ပုဒ်ဖြစ်ဖို့ဆိုရင် သီချင်းစာသားတင်ကို .. တစ်နာရီ (သို့) တစ်ရက်.. (သို့) တစ်ပတ်၊ တစ်လ.. လောက်ဆိုတဲ့ အချိန်တွေနဲ့ ဖြစ်မြောက်အောင် ရေးကြရပါတယ်၊ ပြီးရင် သီချင်းတွေတီး၊ ငွေကုန်ခံပြီး အသံသွင်း နဲ့ပေါ့ ။ အဲ့ဒါကို တွက်ကြည့်မယ်ဆိုရင် သီချင်းတစ်ပုဒ်အတွက် ကုန်ကျစရိတ်က အနည်းဆုံး ၅ သောင်း၊ ၆ သောင်းအထက်မှာပါ၊ တချို့သီချင်းတွေအတွက်ကျတော့လဲ အဖိုးမဖြတ်နိုင်ဘူးပေါ့ဗျာ ။
    ထပ်ကြည့်မယ်.. စီးရီးခွေတစ်ခွေမှာ.. သီချင်းက ပုံမှန် ၁၂ ပုဒ်လောက်ပါပါတယ်၊ ရောင်းဈေးက ၁၇၀ဝ နဲ့ ၂၅၀ဝ ကြားမှာ ဆိုတော့ ပျမ်းမျှတွက်လိုက်ရင် သီချင်းတစ်ပုဒ်ကို ကျတော်တို့က ၁၅ဝ ကျပ်လောက်နဲ့ပဲ ဝယ်ပြီးနားထောင်ရတာပါ ။ ခွေတိုင်းကို အော်ခွေဝယ်ရမယ်လို့ မဆိုလိုပါဘူး၊ ကိုယ်ကြိုက်တဲ့အဆိုတော်ကိုပဲ ဝယ်ရင်ကို .. သူတို့အတွက် အကျိုးအမြတ်ရမယ်၊ ကျတော်တို့ဘက်ကလဲ အားပေးရာရောက်တာပေ့ါဗျာ ။

  • sainyiphyo

    January 24, 2011 at 3:46 pm

    နိုင်ငံခြားအော်ခွေတွေဆိုရင် .. တစ်ခွေကို မြန်မာငွေ ၁ သောင်းခွဲ အထက်မှာ ရှိပါတယ်၊ သူတို့ဆိုရင် အွန်လိုင်းမှာ ဒေါင်းလုပ်ဆွဲပြီး အခမဲ့ နားထောင်ဖို့ဆိုတာက .. ထမင်းစားရေသောက်ထက်တောင် လွယ်တဲ့ကိစ္စပါ။ ဒါကိုပဲ အော်ခွေကို ဝယ်ယူအားပေးနေကြတဲ့သူတွေက နည်းလို့လား၊ အဲ့လို တွက်ချက်ချိန်ဆကြည့်စေချင်ပါတယ်။

  • Dream28

    January 24, 2011 at 4:36 pm

    သံယောဇဉ်များများရှိတဲ့ အဆိုတော်ကြီးတွေ (ပရိသတ်ရှိပြီးသား) မူရင်းခွေ ရောင်းရပေမဲ့ သံယောဇဉ်နဲနဲ ပဲရှိတဲ့ အဆိုတော် တွေ က တော့ အများအားဖြင့် ခိုးကူးပဲအားပေးကြပါတယ်။ မြန်မာပြည်လူတန်းစား အများစုဟာလည်း ခိုးကူးကို ပဲ တက်နိုင် ကြ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတောင် ကို မကျော် နိုင်သေးပါဘူး။ ခုနောက် ပိုင်း အဆိုတော်ဖြစ်ချင်တဲ့ လူ သစ်တွေ ကို အကြံပြု ချင်တာ က သီချင်းတွေ လုပ်ပါ လောလောဆယ် ကိုယ့်ငွေကိုယ်ထုတ်ပေါ့။ ပြီးရင် ကို့ လက်ထဲ မှာ မပုပ် မသိုးစေ ပဲ ပရိသတ် ကို မြန် မြန် ချပြ ပါ ၊ ရ သမျှမီဒီ ယာအကုန် သုံး၊ အဆင်ပြေရင် နမူနာခွေ ကြမ်းများများဝေ ပါ ။ ပွဲစီစဉ်သူတွေ ကို လဲ ကပ် ထားပါ၊ အွန်လိုင်းမှာ သီချင်းပေါက်ရင် အဆိုတော် လုပ် လို့ ရ ပါ ပီ …။ ဒါမှ မဟုတ်ငွေပေါရင်တော့ အခွေထုတ်ပြီး အဆိုတော်လုပ်ပေါ့ ဗျာ….။

  • kopauk mandalay

    January 24, 2011 at 4:42 pm

    ဒီကိစ္စကတော့ အတတ်ပညာဆိုတာကို ထည့်မတွက်ဘဲ ငွေကြေးနဲ့တိုင်းတာကြလို့ဖြစ်လာတဲ့ကိစ္စတွေပါ။
    “အော်ခွေ”ကို နားဆင်သူက ဝယ်ပေမယ့်လဲ “အင်သီချင်း”တွေပါလာတော့ ဝယ်သူမှာရင်နာရပါတယ်။
    “အော်ခွေ”ကို ဈေးကြီးပေးလို့ ဝယ်လို့ အဆံမှာ အသံမပါတော့ ဆိုင်သွားပြောရင်” ဟိုကလာတဲ့အတိုင်းဘဲ”
    ဆိုတော့ နားဆင်ချင်သူမှာ ရင်ကျုးိပြန်ရော။

    အဆိုတော်နာမယ်ကြီးရင် မိုးရွာတုန်းရေခံသလို ဈေးမတရားယူတော့ ထုတ်လုပ်စရိတ်တွေတက်လာပါတယ်။
    အပြင်မှာ မလေ့ကျင့်ဘဲ စတူဒီယိုမှာ မှ လက်တန်းဆိုတော့ အသံသွင်းခ ဂျူတီတွေတက်ပါတယ်။
    ဒီတက်လာတဲ့စရိတ်တွေကို ထုတ်လုပ်သူက အမြတ်ကျန်အောင် ဈေးပေါပေါခွေလွတ်ထဲကို အသံထည့်လို့
    နားဆင်သူ ပရိတ်သတ်ကို ဈေးတင်ပြီးဆက်ထည့်ပါတယ်။
    ခွေမကုန်ခင်မြတ်ချင်နေတာက ထုတ်လုပ်သူပါ။
    အဲတော့လဲ နားဆင်သူက ခံရပါများတော့ အင်300ကိုဘဲ အားပေးပြီး မကောင်းရင် ချောင်ထိုးထားလိုက်ပါတယ်။
    ထွက်လိုက်တဲ့ လုပ်စားခွေတွေကလဲအများကြီးပါ
    အဲတော့ မောင်တင် ဘယ်သူကိုယ်မှ အပြစ်မတင် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ဆိုတဲ့သီချင်းသာ ဟစ်လိုက်ချင်ပါတယ်

  • my name is phone myat htay

    January 24, 2011 at 5:34 pm

    သူချင်းတော်တော်များများကလည်း ကော်ပီတွေဖြစ်နေပြီလေ။နိုင်ငံခြားသွာဆိုမှ လူရာဝင်မယ်လေ၊ဒါကြောင့် ဒါ.ကြောင့်……

  • zaw min

    January 24, 2011 at 6:03 pm

    us မှာ အနုပညာသမားများကိုက်မကိုက်တော့မသိပါ။စင်္ကာပူနဲ့မလေးရှားမှာတော့ကိုက်တယ်လို့ထင်မိပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီမှာ လတိုင်းလတိုင်းရိူးပွဲတွေကမပျက်သလောက်ပဲ။အခု တရုပ်နှစ်ကူးအတွက်ဆိုပြီး၊မြန်မာပြည်က အနုပညာရှင်ပေါင်း အယောက်(၅၀)ကို ဖိတ်ခေါ်ပြီး၊နိုင်ငံတကာအဆင့်မီ Century Star Concert ဂီတပွဲတော်ကြီးကို မြို့ကြီးလေးမြို့ရဲ့ မိုးလုံလေလုံအားကစားကွင်းများမှာကျင်းပသွားမှာဖြစ်ပါတယ်။
    I.C နဲ့ 8 LADIES SHOW ကိုလည်း K.L မြို့လယ်က S.M ကုန်တိုက်မှာကျင်းပမှာဖြစ်ပါတယ်။
    ပရိတ်သတ်တွေကြောင့်လား၊ဝင်ငွေကြောင့်လားဆိုတာကိုတော့ အနုပညာရှင်များကိုယ်တိုင်ကပဲသိမှာပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 25, 2011 at 2:35 am

    အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ
    ကိုဆယ်ပေါက် ( 2+8=10 =ဘူ )
    ရဲ ့အတွေးအခေါ်တွေကိုသဘောကြနှစ်သက်မိပါတယ်ဗျာ
    ယနေ ့ခေတ် လူငယ်လေးတွေ တေးဂီးတဆိုတာကို အကြောင်းပြုပြီး
    တေးဂီတရပ်ဝန်းတွေထဲမှာ စီးမြောနေရင်း
    ဘယ်လို ကောင်းကျိုး ဆိုးကျိုးတွေ
    ဖြစ်စေတယ် ဖြစ်နေတယ် ဖြစ်လိမ့်မယ် ဆောင်ရန် ရှောင်ရန်
    စတာတွေကို သုံးသပ် ရေးသားပေးဘို ့ တောင်းဆိုပါတယ်ဗျာ။

Leave a Reply