ဒီလောက်ဘဲရလို. ဒီလောက်ဘဲလုပ်ပေးမယ်ဆိုရင်

ပြီးခဲ.တဲ.ဥပုဒ်နေ.က “ကိုအောင်မောင်း “ဆိုတဲ.သူငယ်ချင်းတစ်ယောက်နဲ.အလှူတစ်ခုမှာဆုံဖြစ်ကြပြီး အိမ်ကိုမပြန်သေးဘဲ အေးအေးဆေးဆေးစကားပြောရအောင်ရယ် စိတ်အပြောင်းအလဲဖြစ်အောင် ရယ် ရန်ကင်းတောင်ရဲ. အရှေ.ဘက်မှာရှိတဲ.
ချောင်းကလေးဘေးမှာ သူငယ်ချင်းနှစ်ယောက်ထိုင်လို.စကားပြောဖြစ်ကြပါတယ်။
သူက ကုမ္မဏီလဲပုံစံမကျ လုပ်ငန်းသေးတယ်လို.မဆိုနိုင်သော လုပ်ငန်းခွဲတွေ အများကြီးရှိတဲ.လုပ်ငန်းတစ်ခုမှာ ရာထူးနာမယ် မတတ်ဘဲ စီစဉ်ညွှန်ကြားသူနေရာမှာ နေရတဲ. သူတစ်ယောက်ပါ။
သူတို.လုပ်ငန်းက န် စီးကရက် ပဲဆီ အစရှိတဲ. စားသောက်ကုန်တွေကို လက်ကားဖြန်.တာပါ။
အလုပ်အရမ်းများတယ်လို.ဆိုနိုင်ပါတယ်။
ပြသနာပွဲစားလို.ခေါ်ရလောက်အောင် ကို လုပ်ငန်းခွင်မှာဖြစ်ပေါ်လာတဲ. အဆင်မပြေတာတွေကို ဒိုင်ခံဖြေရှင်းရတဲ.သူလည်းဖြစ်ပါတယ်။
ပြီးခဲ.တဲ.လဲက သူတို.လုပ်ငန်းခွဲအသစ်အတွက် ဦးစီးရမယ်.ခေါင်းဆောင်ကို သူတို.ဝန်ထမ်းငယ်တွေထဲကနေရွေးတဲ.အခါ
ပြသနာတစ်ခုတက်ပါသတဲ။
ုဖြစ်ပုံကတော. သူက နေပြီး အရင်ရောက်လာသော ဝန်ထမ်းကို မရွေးဘဲ နောက်မှဝင်လာသောသူကို ရွေးလိုက်တဲ.အတွက်
ဘက်လိုက်တယ်တို.မတရားဘူးတို.ဆိုတဲ.အသံတွေထွက်လာပါသတဲ.။
သူကတော.ရှင်းပါတယ်” ဒိအတွက်ဘယ်လိုမှ မခံစားရဘူး လုပ်သင်.လုပ်ထိုက်တာကိုငါလုပ်လိုက်တာ” လို.ပြောပါတယ်။
ြ့ဖစ်ပုံက သည်လိုပါ။
မောင်အေးဟန်ဆိုတဲ. ဝန်ထမ်းလေးက 2003ခုနှစ်က စလို. သူတို.ဆီမှာ အလုပ်ဝင်ပါသတဲ.။
သူယူထားရတဲ.တာဝန်ကတော. ကုန်သယ်အားလုံးထံမှ ရစရာရှိသော အကြွေးစာရင်းကို ပြုစုပေးရတာပါ။
သူက တာဝန်ပေးထားရင် တော. ခိုင်းတာကို ပြီးစီးအောင်လုပ်ပါတယ်။
အလုပ်တက်ချိန်အလုပ်ဆင်းချိန်ကလည်း အမြဲတမ်းသတ်မှတ်ထားတဲ. အချိန်အတိုင်းအတိအကျပါတဲ.။
အလုပ်ကိုနောက်ကျပြီးမှရောက်တယ်ဆိုတာမရှိသလို
အလုပ်တွေလုပ်စရာတွေကျန်နေသေးရင်လဲ ပြန်ချိန်ရောက်ရင်ပြန်တာပါဘဲ။
ဘယ်သူတွေ ဘယ်လောက် အလုပ်များနေနေ ဝင်ပြီးကူညီတယ်ဆိုတာမရှိပါဘူး။
ဒါပေမဲ. သူ.တာဝန်မဟုတ်လို.ကတော. ဆောရီး ပါဘဲ။
သူနဲ.ဘယ်သူနဲ.မှ ရန်ဖြစ်တာ စကားများတာ မရှိသလို ခင်ခင်မင်မင်လဲမရှိ ပါဘူး။
မပိုကြေး မလိုကြေးဆိုတဲ. လူစားမျိုးပါ။
နောက်မောင်မျိုးဆွေ ဆိုတဲ.ကလေးကတော. 2008ခုနှစ်မှာ အလုပ်စဝင်ပါတယ်။
သူတာဝန်ကတော. လုပ်ငန်းကြီးတစ်ခုလုံးရဲ.ကုန်ပစ္စည်း အဝင်အထွက်နဲ.ကုန်လက်ကျန်စာရင်းကို နေ.စဉ်ပြုစုရတာပါ။
သူရောက်လာလို.မကြာခင်မှာ လုပ်ငန်းခွင်မှာ ရှိတဲ.ဝန်ထမ်းအားလုံးနဲ.ငယ်ပေါင်းကြီးဖော်တွေလိုဖြစ်သွားပါတယ်။
သူ.တာဝန်ကိုလဲ ကျေပွန်အောင်လုပ်ပါတယ်။
အားပြီဆိုတာနဲ.
ဘယ်သူဘာလုပ်ဘို.ကျန်သေးလဲ စာရင်းတွေကူပြီးလုပ်ပေးရမှာလား?
ဘာခွန်ဆောင် ညာခွန်ဆောင် စတဲ. ဘဏ်တွေရုံးပြင်ကနားသွားပေးရမှာလား?
ပစ္စည်းပို.တာတွေမနိုင်လို.ဝိုင်းပို.ပေးရမှာလား?
ရစရာရှိတဲ. အကြွေးတွေသွားကောက်ပေးရမှာလား?
ကိုယ်ရေးကို်ယ်တာ ကိစ္စအကူအညီပေးရမှာလား?
သူကတော.အားလုံးလာထားဘဲ။
အကုန်ကူညီလို.လုပ်ပေးပါတယ်။
ဒီတော. ရုံးမှာ “ကိုမျိုးရေ ” ” မောင်မျိုးရေ” ” ငမျိုးရေ” “ဦးမျိုးရေ “ဆိုတဲ.အသံက နေ.စဉ် မကြားချင်အဆုံးပါဘဲ။
သူကလူတော်တော်များရဲ.အလုပ်ကို ကူညီလုပ်ကိုင်ပေးတဲ. အတွက်လုပ်ငန်းတော်တော်များကို သူသိနေ လုပ်တတ်နေတာပါဘဲ။
သူလုပ်တော.လဲ စေတနာထားလုပ်ပေးပါတယ် အားလုံးကိုလဲ ကူညီပါတယ်။
ဒါပေမဲ.တစ်ခါတစ်ရံမှာ အဆင်မပြေတာတွေ ဖြေရှင်းရတာတွေ စကားအချေအတင်ပြောရတာတွေလဲရှိပါသတဲ.။
ဒါကလဲ လူပေါင်းစုံ စိတ်ပေါင်းစုံဆိုတော. ပြသနာလဲပေါင်းစုံပေါ.။
လူထုံးစံအတိုင်းသူ ဒီလိုလုပ်ပေးနေတာကို သိတတ်တယ် တော်တယ်လို.ချီးမွမ်းသူရှိသလို
ဖားနေတယ် လား ဒါမျိုးတော.ကိုယ်.ထမင်းကိုယ်စားပြိး အပိုမလုပ်နိုင်ပေါင် ပိုလုပ်လဲ ရွှေတံဆိပ်လဲမရ ပိုက်ဆံလဲမရ
နေရာတကာပါတယ် နာမယ်ကောင်းလိုချင်နေတယ်လို. အဆိုးမြင်သူလဲရှိပါတယ်တဲ.။
တိုတိုဘဲပြောကြပါစို. စက်မူ.ထဲမှာ လုပ်ငန်းအသစ်တစ်ခုဖွင်.မယ်လို. လဲစီစဉ်ရော ” မောင်မျုးိ “ကိုလုပ်ငန်းဦးဆောင်မဲ.သူအဖြစ်
ရာထူးတိုးပေးဘို. ကိုအောင်မောင်းကဘဲ သူတို.ပိုင်ရှင်နဲ.အဖွဲ.ကိုတင်ပြတာ ကို ပိုင်ရှင်ဘက်ကလဲ ကျေကျေနပ်နပ်နဲ.လက်ခံပေးလိုက်ပါသတဲ။
ခန်.စာလဲထွက်လာရေ အသံမျိုုးစုံလဲ တပြီုင်နက်ထည်းကြွက်ကြွက်ညံနေပါသတဲ။
“မောင်အေးဟန်လေးသနားပါတယ လုပ်သက်အရဆို သူရသင်.တာပေါ.” တို.
“နောက်ဆို တိူ.လဲနေရာတကာ စပ်စပ်နဲ.ပါထားမှဖြစ်မယ် “ဆိုတာတင်မကဘူး
ဘာကိုကြည်.ရွေးတာလဲ လူကိုလား မူကိုလား မူဆိုရင် ဘယ်မူလဲ ဆိုတဲလဲပေါင်းများစွာ.လားပေါင်းများစွာ ပါဘဲ။
ကိုအောင်မောင်ပြောတာကတော.ရှင်းရှင်လေးပါ။
” ကိုပေါက် စဉ်းစားကြည်.ဗျာ
မောင်အေးဟန်က တာဝန်ကျေတယ် အပိုမလုပ်ဘူး ပြသနာမရှိဘူး
ဒါပေမဲ.သူကိုပေးထားတဲ.လုပ်ငန်းကလွဲလို.သူဘာမှမသိဘူး
သိရင်လဲ ဝင်ကူညီပြီးလုပ်မပေးဘူး။
ဟိုမောင်မျုးိက တော. နေရာတကာဝင်ပါတယ်လုပ်တဲ.အတွက် ပြသနာရှိတယ်
ဒါပေမဲ.ကျွန်တော်တို.လုပ်ငန်း တော်တော်များများကို သူသိနေတယ်။
သူလုပ်တတ်တယ် ဆိုတာ ကျွန်တော်တို.က မျက်မြင်ကိုယ်တွေ.တစ်ခါတစ်လေဆိုရင် ဖြစ်လာတဲ.လုပ်ငန်းခွင်အခက်အခဲတွေကို သူဖာသာသူ ဖြေရှင်းပြီးမှ ကျွန်တော်တို.သိလိုက်ရတယ် ဒီတော. ကိုယ်နဲ.ဝေးဝေးမှာထားရမဲ.လုပ်ငန်းခွဲအတွက် ဦးစီးမဲ.သူကိုရွေးတဲ.အခါ အားလုံးဟာငါ်တို.လုပ်ငန်းတွေပါလားဆိုပြီးအလို်က်တသိနဲ. လုပ်ကိုင်တတ်သူကိုဘဲရွေးမလား ငါ.တာဝန်မဟုတ်ရင် မလုပ်ဘူးလို.ဆိုတဲ.သူကို ရွေးမလား ။
ကျွန်တော်အယူအဆကတော.ရှင်းတယ်ဒီလောက်ဘဲရလို.ဒီလောက်ဘဲလုပ်ပေးမယ်ဆိုတဲ.လူစားမျိုးဟာ
ကျနော်.အမြင်အရ ကျွန်စိတ်နွားစိတ်ရှိတဲ.လူဘဲ။
ကျွန်တော်ဆရာတွေသင်ပေးဘူး တာ “ခိုင်းမှလုပ်တဲ.သူဟာကျွန်နဲ.နွားဘဲတဲ.”
ဒီလိုလူမျုးိသူများခိုင်းတာကို ဘဲံလုပ်နေရတဲ.နောက်လိုက်ကောင်းဘဲဖြစ်မယ်။
ဘယ်တော.မှခေါင်းဆောင်ဆိုတဲ.နေရာကိုရောက်လာမှာမဟုတ်ဘူး။
ငွေကြေးရာထူးကို ပဓာနမထားဘဲ ဒါဟာ ငါလုပ်သင်.တဲ.အလုပ်တွေပါလားဆိုပြီး
အလိုက်တသိ တာဝန်ယူပြီးလုပ်တဲ.သူကသာခေါင်းဆောင်စိတ်ရှိသူ သခင်စိတ်ရှိသူတွေလို.ကျွန်တော်ကတော.ခံယူထားတယ်။
ဒါကြောင်.ကျွန်တော်ကတော. ဒီကိစ္စအတွက်စိတ်လုံတယ်
ကျွန်တော်ရွေးချယ်မူ.ဟာတရားမျှတတယ် မှန်တယ်လို.ယုံကြည်တယ်ဗျာ။
ကျုပ်လုံးဝမ မှားဘူးဆိုတာ ကို စောင်.ကြည်.ပါ
အချိန်နဲ. အလုပ်ရလဒ်ကသက်သေပြပါလိမ်.မယ်လို.ဘဲပြောချင် ပါတယ် ”
လို. အရှည်ကြီးမမောတမ်းပြောသွားလိုက်တာ နားထောင်နေတဲ.ကျွန်တော်တောင် လိုက်စဉ်းစားရင်းမောသွားပါတယ်။
အစိုးရ အလုပ်ဖြစ်ဖြစ် ပုဂ္ဂလိက လုပ်ငန်းမှာဘဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းကိုထူထောင်လို. လုပ်နေသူဘဲဖြစ်ဖြစ်
လုပ်ငန်းခွင်ထဲမှာ
“ငါ.ကို ဒီလောက်ပေးရင် ဒီလောက်ဘဲလုပ်ပေးမယ်”ဆိုသော အယူအဆကို လက်ကိုင်ထားသူများရော
အလုပ်ထဲကို မရောက်သေးသောသူများရော
လုပ်ငန်းပိုင်ရှင်များရော
လုပ်ငန်းမှာ အရာရောက်လို.ဆုံးဖြတ်ပိုင်ခွင်.ကို ကိုင်ဆောင်ထားနိုင်ကြသူများရော
ဒီစာလေးကို ဖတ်မိလို. တွေးစရာကလေးတစ်ခုရင်ထဲမှာ ကျန်နေခဲ.တယ်ဆိုရင်
ကျွန်တော် ရေးရကြိုးနပ်ပါတယ်။
တစ်ခါတစ်လေမှာကျနော်တို.အလုပ်ထဲမှာဆုံးဖြတ်နိုင်သော အခွင်.ရှိသူတွေသည်
မိမိနှစ်သက်သူကိုဖြစ်စေ တစ်စုံတစ်ရာက်ိုမလွန်ဆန်နိုင်လို.ဘဲဖြစ်စေ လူအရွေးမှားတတ်ကြပါတယ်။
လူငယ်များကလဲ အတွေးတိမ်တဲ.အခါမှာ ပေးတာနဲ.တန်အောင်ဘဲလုပ်မယ်ဆိုသော အတွေးမှားတွေဝင်လာတတ်ပါတယ်။
ဒါလေးဖတ်ပြီးရင် သည်အတွေးမှားလေးတွေပျောက်သွားမယ်ထင်ပါတယ်။

One comment

  • thethtet87

    September 25, 2010 at 1:15 pm

    မှန်ပါတယ်။သိပ်ကောင်းတဲ့စာလေးပါဘဲ။ကျွန်တော်အောက်ကဝန်ထမ်းတွေကိုအမြဲပြောပြလေ့ရှိတဲ့အကြောင်းအရာလေးပါဘဲ။(၁)ကျပ်ရလို့(၁)ကျပ်ဖိုးဘဲလုပ်ရင်(၂)ကျပ်ရတဲ့အလုပ်ကျ
    ရင်တော့အခက်အခဲတွေဖြစ်နေမှာပေါ့လေ။ရိုင်းရိုင်းလေးပြောကြရအောင်ခွေးလေးတစ်ကောင်တောင်ကိုယ့်ကိုထမင်းဟင်းကျွေးထားတဲ့အိမ်ကိုစောင့်ရှောက်ပေးသေးရင်ကျွန်တော်တို့
    ကလူတွေလေ။နောက်ပြီးလုပ်သက်တန်းစီတယ်ဆိုတာကလည်းခေတ်ကုန်နေပါပြီလေ။ဘာလို့လဲဆိုတော့ အသက်ကြီးတုန်းသာရာထူးကြီးရမယ်ဆိုရင် မြတ်စွာဘုရားရဲ့ခမည်းတော်က
    ဘုရားအရင်မဖြစ်ခဲ့တာသေချာပါတယ်။မိုးကြိုးတွေများပစ်ကုန်မလားမသိဘူးနော်.

Leave a Reply