ဘယ်လို ဗွီဒီယိုဖိုင် ဖြစ်ပါစေ

manawphyulayJanuary 25, 20111min1396

Total Video Player 1.31
Video format တွေ များလွန်းလို့ ဗွီဒီယိုတစ်ဖိုင် ရလာရင် အဲဒီ ဗွီဒီယိုကို ကြည့်ဖို့ player ရှာရ၊ converter လုပ်ရနဲ့ အလုပ် ရှုပ်တတ်ပါတယ်။ iTinySoft (www.effectmatrix.com/) က ထုတ်လုပ်တဲ့ E.M. Total Video Player 1.31 ကို ဆောင် ထား ရန် သင့်အတွက် ဒီ အခက်အခဲတွေ လျော့ပါးသွားပါလိမ့်မယ်။ Total Video Player သည် အရွယ်အစား 3.66MB သာဖြစ်ပြီး အခမဲ့ သုံးနိုင်ပါတယ်။ ဘယ်လို format မျိုးတွေ ဖွင့်နို်င်လဲလို့ မေးရင် ဗွီဒီယို အပိုင်းမှာ format ၂၉ မျိုးနဲ့ audio အပိုင်းမှာ format ၂ဝ ဖြစ်ပါတယ်။ Format အသေးစိတ်ကိုတော့ မရေးတော့ပါ။
လက်တွေ့အားဖြင့် FLV နဲ့ 3GP ဖို်င်များကို Total Video Player နဲ့ ဖွင့်ရာမှာ အဆင်ပြေကောင်းမွန်စွာ ကြည့်နိုင်တာကို တွေ့ ရပါတယ်။ ၎င်းဗွီဒီယိုဖိုင်များသည် Windows Media Player (WMP) နဲ့ပင် မဖွင့်နိုင်တဲ့ ဖိုင်များ ဖြစ်ပါတယ်။ ဖွင့်ချင်ရင်လည်း plug-in download ချပြီးမှသာ ဖွင့်နိုင်တာပါ။ ဒါဆိုရင် Total Video Player ကို သင်ဆောင်ထားသင့်ပါပြီ။ အခမဲ့ပေးသုံးတာကိုက ကျေးဇူးတင်စရာပါ။

6 comments

  • download လုပ်ပြီး စမ်းသုံးကြည့်ပါမယ်။ ကျေးဇူးတင်ပါတယ်။ နောက်လည်း ဒါမျိုးဆော့ဖ်ဝဲလေးတွေအကြောင်းကို ရေးစေချင်ပါတယ်။

  • kai

    January 25, 2011 at 9:42 am

    K-Lite Codec Pack 6.8.6 << အဲဒါလည်းကောင်းတယ်ဗျ..။ ဖရီးပဲ..။ ၆၄ဘစ်အတွက်လည်းရှိတယ်..။ ကျုပ်သုံးနေတာမို့ပါ။ There is an update pack available that upgrades version 6.8.0 of the codec pack to version 6.8.6. It contains updates for MPC-HC, ffdshow, and x264VFW. It also fixes a bug in the Codec Tweak Tool. Download. >> http://codecguide.com/download_kl.htm

  • manawphyulay

    January 25, 2011 at 11:27 am

    ဦးခိုင်ရေ ဘာဆော့ဖ်ဝဲလ်တွေသုံးသေးလဲ ထပ်မျှဦးလေ……

  • my name is phone myat htay

    January 25, 2011 at 4:26 pm

    ခုလိုသိတာလေးတွေ မျှဝေပေးတဲ. မနောကို ကျေးကျေးနော် နောက်ကိုလဲ မျှပါဦးနော်

  • char too lan

    January 26, 2011 at 6:53 am

    ကျေးဇူးမနောရေ…………ကျနော်ရဲ ့ကြည့်စရာအကြွေးတွေ ကြေသွားပီ 🙂

Leave a Reply