သည်းခြေအိတ်ကျောက်တည်ရောဂါပျောက်ဆေးနည်း အခမဲ့ပေးသည်

ၾကယ္ေလးJanuary 23, 20111min1002

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနည်း ။
(Dr . Lai Chiu-Nan နည်းပေးသည် )

ဤစာတမ်းကို ယခင်က သင်လက်ခံရရှိပြီး ဖြစ်ချင်ဖြစ်မည် ။ ဤ ဆေးနည်းသည် အမှန်တကယ် စွမ်းပါသည် ။ Dr . Lai Chiu-Nan ၏ အကြောင်းနှင့် ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူများ၏ ကိုယ်တွေ ့တင်ပြချက်များကို အင်တာနက်ပေါ်တွင် ရှုာနိုင်ပါသည် ။ “ ကောင်းသောအရာများကို အမြဲလက်ဆင့်ကမ်းပါ ” ။

http://www.natural-cancer-cures.com/remove-gallstones.html

Removing gallstones naturally by Dr. Lai Chiu-Nan

ဤဆေးနည်းဖြင့် ကုသပျောက်ကင်းသူ များပါသည် ။ အကယ်၍ သင်ကိုယ်တိုင် သုံးစွဲ၍ ပျောက်ကင်းလျှင်လည်း ဤဆေးနည်း ကို အခြားသူများသို ့ လက်ဆင့်ကမ်းပေးပါ ။
Dr . Lai Chiu-Nan သည် ဤဆေးနည်းကို အခမဲ့ မျှဝေသည်ဖြစ်ရာ သင်သည်လည်း လူအများကို အခမဲ့ မျှဝေပါ ။တစ်စုံတစ်ယောက်သည် သင့်ထံမှတဆင့်ကြားပြီး ဤဆေးနည်းကြောင့် ရောဂါပျောက်ကင်းခဲ့ခြင်းပင်လျှင် သင်ရရှိသောဆုလာဘ်ဟုမှတ်ယူပါ ။
သည်းခြေကျောက်သည် လူတိုင်း၏စိုးရိမ်သည့်အချက်တော့မဟုတ်ပါ ။သို ့ရာတွင် လူတိုင်းတွင်ရှိသည့်အရာဖြစ်သဖြင့် ကျွန်ုပ်တို ့အားလုံးသည် စိုးရိမ်သင့်ပေသည် ။ ထို ့အပြင် သည်းခြေကျောက်သည် ကင်ဆာရောဂါဖြစ်စေနိုင်သည် ။ Chiu-Nan က “ ကင်ဆာရောဂါဆိုသည်မှာ မည်သည့်အခါမျှ ရှေးဦးဆုံး ဖြစ်သောရောဂါ မဟုတ်ပါ ။” ဟုထောက်ပြခဲ့ပါသည် ။ “ အများအားဖြင့် ကင်ဆာဖြစ်စေသော အခြားပြသနာအများအပြားရှိပါသည် ။ တရုတ်ပြည်တွင် ကျွန်မ၏ သုတေသနပြုချက်အရ ကင်ဆာရောဂါ ဝေဒနာသည်များသည် အများအား ကျောက်တည်သူများဖြစ်ကြကြောင်း မှတ်တမ်းများတွေ ့ရှိရပါသည်။ ကျွန်ုပ်တို ့အားလုံးတွင် သည်းခြေကျောက်များရှိပါသည် ။ အကြီး အသေးနှင့် အနည်းအများသာ ကွာခြားပါသည် ။
သည်းခြေကျောက်တည်သောရောဂါ၏ လက္ခဏာ တစ်ခုမှာ အစာကို များများစားပြီးနောက် ဝမ်းပိုက် ပြည့်အင့် ဖေါင်းကားလာသကဲ့သို ့ခံစားရခြင်းဖြစ်ပါသည် ။ အစာမကြေသကဲ့သို ့လည်း ခံစားရပါသည် ။ အကယ်၍ ရောဂါအခြေအနေဆိုးပါက အသည်းတဝှိုက်တွင် နာကျင်မှုကို ခံစားရပါမည် ” ဟုလည်း ပြောပြပါသည် ။
အကယ်၍ သင့်တွင် သည်တွင် သည်းခြေကျောက်တည်နေသည်ဟုထင်လျှင် သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းကို Dr . Lai Chiu-Nan က အောက်ပါအတိုင်း နည်းပေးထားပါသည် ။
အသည်းနှင့် သည်းခြေကျောက်တို ့သည် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြသည် ဖြစ်ရာ အောက်ပါကုသနည်း ( သို ့မဟုတ် ) ဆေးနည်းသည် အသည်းအားနည်းသူများ အတွက်လည်း သင့်လျှော်ပါသည် ။

စနစ်တကျ စားသောက်နေထိုင်ခြင်းဖြင့် ကုသနည်း ( သို ့မဟုတ် ) ဆေးနည်း ။
၁ ။ ပထမ (၅) ရက်တွင် နေ ့စဉ် ပန်းသီးဖျော်ရည် (Apple Juice ) ၄ ခွက် သောက်ပါ ။ ( သို ့မဟုတ် ) ပန်းသီး လေး၊ ငါး လုံး စားပါ ။ ( ပန်းသီး ဖျော်ရည် သို ့မဟုတ် ပန်းသီး မိမိ နှစ်သက်ရာ စားသောက်နိုင်သည်) ။ ပန်းသီးရည်သည် သည်းခြေကျောက်များကို ပျော့စေနိုင်ပါသည် ။ ထို ၅ ရက် အတွင်း အစားအစာကို ပုံမှန် စားသုံးပါ ။

၂ ။ ၆ ရက် မြောက်သောနေ ့တွင် ညစာ မစားဘဲ နေပါ ။

၃ ။ ထိုနေ ့ည ၆ နာရီတွင် ဆားခါး ( Epsom salt ) (MgSO4 ) တစ်ဇွန်းကို ရေ နွေးနွေး တစ်ဖန်ခွက်နှင့် သောက်ပါ ။

၄။ ည ၈ နာရီတွင် အထက်ပါအတိုင်း ဆားခါး တစ်ဇွန်း ထပ်သောက်ပါ ။
ဆားခါးသည် သည်းခြေအိတ် ပြွန်များကို ပွင့်စေပါသည် ။

၅။ ည ၁ဝ နုာရီတွင် သံလွင်ဆီ ( သို ့မဟုတ် ) နှမ်းဆီ ပန်းကန်လုံး တစ်ဝက် ကို လတ်ဆတ်သော သံပုရာရည် ပန်းကန်လုံး တစ်ဝက် နှင့် သောက်ပါ ။ အဆိုပါ နှစ်မျိုးကို သေချာစွာ ရော မွှေပြီးမှ သောက်ပါ ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ ့စွာ ထွက်စေနိူင်ပါသည် ။

( မှတ်ချက် ။ ။ ပန်းကန် တစ်လုံးစာ = ၂၅ဝ မီလီ လီတာ ။
သံပုရာရည် ပန်းကန်လုံး တစ်ဝက် = သံပုရာသီး ၁ဝ လုံး ခန် ့ )

နောက် တစ်နေ ့ ဝမ်းသွားသောအခါ ဝမ်းထဲတွင် အစိမ်းရောင် ကျောက်တုံးများကို တွေ ့ရပါမည် ။ Dr . Lai Chiu-Nan က “ များသောအားဖြင့် ကျောက်တွေက မစင်ရဲ ့ အပေါ်ပိုင်းမှာ ရှိတတ်ပါတယ် ။ရေတွက်ကြည့်ချင်ရင်လည်းရပါတယ် ။ ကျောက်တုံး ၄ဝ – ၅ဝ ကနေ ၁၀ဝ လောက် အထိ ကျတဲ့လူတွေလည်း တွေ ့ဖူးပါတယ် ။ တကယ်များတာပါ ” ဟု မှတ်ချက်ချပါသည် ။

ဤ ဆေးနည်းကိုအခြားသူများသို ့ လက်ဆင့်ကမ်း၍ အခမဲ ့ မျှဝေပေးခြင်းဖြင့် ကူညီပါ ။

(ဤဆေးနည်းကို ဦးသန်းဝင်း က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို ့ ပြန်ဆိုထားပါသည် ။)

သည်းခြေအိတ်ကျောက်တည်ရောဂါပျောက်ဆေးနည်း အခမဲ့ပေးသည် ။ ဦးသန်းဝင်း ဖုန်း ဝ၉၅၀၇၀၁၅ရ ။
………………………………………………………………………………………………………………………………………………………………………………………….
ဦးသန်းဝင်း ဆိုသူမှာ အငြိမ်းစား အင်ဂျင်နီယာကြီး တစ်ဦးဖြစ်သည် ။ သူ၏ ဇနီးမှာလည်း အင်ဂျင်နီယာ ဖြစ်ပြီး နှစ်ဦးစလုံး ဖေါ်ရွေကြသည်။ဘုရား တရားကြည်ညိုကြသည် ။ သူကိုယ်တိုင် သည်းခြေကျောက်တည်ခြင်း ဝေဒနာကို နာကျင်စွာ ခံစားခဲ့ရပြီး ဆရာဝန်များဖြင့် ပြသရာ ခွဲစိတ်ကုသဖို ့ ပြောသဖြင့် ၂၀၁ဝ ဇွန်လ ဆန်းတွင် ခွဲစိတ်ရန် ရက်ချိန်းယူထားပြီး ဖြစ်ရာ မှ သူ၏ မိတ်ဆွေ တစ်ဦးက အင်တာနက်တွင် ရှာဖွေ တွေ ့ရှိသော အထက်ပါ ဆေးနည်းအား ကူးယူ ပြသ သဖြင့် ၊ ထိုနည်းအတိုင်း စားသုံးခဲ့ရာ၊ မခွဲ မစိတ် မနာမကျင်ပဲ ၊ တပါတ်ခန့် သာ ကြာမြင့်သော အချိန်ဖြင့် သည်းခြေကျောက်များ ပျောက်ကင်းခဲ့ရပါသည် ။ သို့ ဖြစ်၍ သူ ့လို ခံစားနေကြရသော ဝေဒနာသည် လူအများ တွင် ဤရောဂါမှ ပျောက်ကင်းစေလိုသော စေတနာ မေတ္တာ တို ့ဖြင့် ၊ အခကြေးငွေ လုံးဝ ( လုံးဝ ) မယူပဲ ၊ သူ ့ ကိုယ်ပိုင် အချိန် ၊ကာယ၊ ဉာဏအားနှင့် ငွေကြေး စိုက်ထုတ်ကာ ဤဆေး အညွှန်း ၊ နည်းလမ်း ၊ သောက်သုံးပုံ အသေးစိတ်ကို စိတ်ရှည် လက်ရှည် ဖြင့် ရှင်းလင်း ပြောကြား ပေး နေပါသည် ။သူ ့ထံသို ့ လူကိုယ်တိုင် သွားရောက် မေးကြားလိုပါက ဖုန်းဖြင့် တစ်ရက် ကြိုတင် ရက်ချိန်းယူနိုင်ပါသည် ။တခြားအချိန်တွင် ဆက်သွယ်သူများလွန်လှ၍ သူ ့ဖုန်းကို ပိတ်ထားတတ်သဖြင့် နေ ့လည်ပိုင်း ကျော်လွန်ပြီးမှ ဆက်ပါ ။

အကြံပေးချက် ။ ။
ပန်းသီးဝယ်ယူရာတွင် အလုံးကြီး အခွံနီ က ပိုကောင်းသည် ။ တရုပ်ပြည်မှ ဝင်သည် ။ရန်ကုန်တွင် နေသူများ အတွက် သီရိမင်္ဂလာ ဈေး ၊ ဒိုင်တွင် ဝယ်ပါက စီးတီးမတ် ထက် တစ်ဝက်မျှ သက်သာသည် ။ တစ်နေ ့ ၅ လုံး ဆိုတော့ ၅ရက်စာ ၂၅ လုံး ၊ အခွံမခွာပဲ ဝါးစားနိုင်ပါက ပိုကောင်းသည် ။ အများကြီး စားရမည် ဖြစ်သဖြင့် တစ်ချို ့သူများ ပါးစပ်နာ နိူင်သည်။ ပွန်းပဲ့ နိုင်သည် ။ အစိတ်သေးသေး အတုံးသေးသေးလေးများ စိတ်ပြီး မနက် ၂ လုံး ၊ နေ ့လည် ၂ လုံး ၊ ည ၁လုံး တမြုံ ့မြုံ ့ ဝါးစားပါ ၊ လုံးဝ မဝါးနိူင်တော့ပါက သစ်သီးဖျော်စက် ဖြင့် ကြိတ်ပြီး စားပါ ။ သံဓါတ်များသော သစ်သီး ဖြစ်သဖြင့် အရောင်အဆင်းတော့ မလှမပ ဖြစ်နေမည် ၊ဝမ်းလည်းချုပ်စေတတ်သည် ။ ရောဂါပျောက်ရန် ကြိုးစားပြီး စားပေးပါ ။ သံလွင်ဆီမှာ ဝယ်ရမလွယ် ( သို့မဟုတ် ) ဈေးပိုကြီးတတ်သဖြင့် နှမ်းဆီ ကို သုံးပါ ။ အာနိသင်ခြင်းတူတူပင်ဖြစ်သည် ။

ဝမ်းမခိုင်သော ညီမငယ်လေးတယောက်လည်း ထိုနည်းအတိုင်း လိုက်နာ စားသုံးခဲ့ရာမှ ဆားခါးနှင့် နှမ်းဆီ ၊ သံပုရာရည် များ မသောက်ရသေးမီ (၅ ) ရက်မြောက် နေ ့တွင်စတင်၍ ဝမ်းထဲမှတဆင့် သည်းခြေကျောက်များ ထွက်ကျပြီး ၊ နောက် တစ်ရက် ဆားခါး ၊ နှမ်းဆီ ၊ သံပုရာရည် အစွမ်းကြောင့် ဆက်လက် ဝမ်းလျှော သည် ။ ယခုအခါတွင် သည်းခြေ ကျောက် နှိပ်စက်မှုကြောင့် နာကျင်မှု များ ကင်းဝေးကာ စိတ်ရော ကိုယ်ပါ ကျန်းမာ ပျော်ရွှင်နေပြီ ဖြစ်ပါသည် ။( သူ ့ဓါတ်ပုံများကို တင်ပြလိုသော်လည်း ခွင့်ပြုချက် မရသဖြင့် အဆိုပါ ကျောက်တုံး မျိုး ဆင်တူများ ၊ ပုံများ ကို အင်တာ နက်တွင် ရှာဖွေ ပြီး ကူးယူ ဖေါ်ပြလိုက်ရပါသည် )

အလားတူ ဝေဒနာ ခံစားနေကြရသူများလည်း မခွဲမစိတ်ရပဲ သည်းခြေကျောက် ရောဂါမှ ပျောက်ကင်းနိုင်ကြပါစေ ။ ကျောက်ဖို့ကောင်းပေမဲ့ ကျောက်စရာ မလိုတော့တဲ့ ဒီကျောက်တုံးများကြောင့် သည်းခြေအိတ် ဖယ်ထုတ်ခံရပြီး အမှတ်သည်းခြေ မရှိသူများ အဖြစ်မှ လွတ်ကင်းကြပါစေ ဟု ဆန္ဒပြုလိုက်ပါသည် ။

email ထဲရှိတာကြာပါပြီ blog တခုကထပ်တွေ။လို့ မသိသေးသူများ သိအောင် ပြန်တင်ပေးလိုက်ပါတယ်

မူရင်း link တွေလဲ ရှာထည့် ပေးလိုက် ပါ တယ်

တကယ် စမ်းသပ် ကြည့် မယ်ဆို ရင် အဒီ အကြောင်းရာနဲ့ပတ်သက်တာ google မှာရှာကြည့်ရင် အများကြီး ရှိတယ် လိုက်ဖတ်ကြည့်ပါ

ဘေး ထွက် ဆိုးကျိုး တွေ ကြီးကြီးမားမားမရှိ ဘူး လို့ ကော်မန့် တွေ မှာဖတ်ရပါတယ် အရင်လေ့လာစေချင်ပါတယ်

ကျောက် အ ရမ်းကြီးရင် မ ကျ ဘူး လို့ ဆိုပါတယ် ကျောက် အရမ်းကြီးရင်လဲ ရောဂါ ဝေဒနာ ကြီးကြီးမားမား ခံစား နေရတဲ့အဆင့်မှာ ရှိ ပါတယ်

တခြား ရောဂါ ရှိသူတွေ မ စမ်း သင့်ပါ ဆရာဝန်နဲ့တိုင်ပင်ကြည့် စေချင်ပါတယ်

တကယ် ဒီ နည်းသုံး ပြီး ကျောက်တကယ်ကျလာရင် ဆ ရာဝန်နဲ့ ပြသင့်ပါတယ် ကျောက်တည် တာသေခြာ ပြီမို့ လက်ကျန်ရှိမရှိ နဲ့ တခြား ရောဂါ ရှိ မရှိ သိသင့်ပါတယ်

ကျ နော် လဲ  ခါး ရိုးနဲ့ ချက်တိုင် ကြား ဗိုက် မှာ တခါတလေအောင်. သလို ခံ စား ရလို့ online ပေါ် က ဆ ရာဝန်ကိုမေးကြည့်တော့ အဆီ အစိမ့် စားပြီးချိန် အောင့်တာပိုခံစားရရင် သည်းခြေကျောက်တည် တာ ဖြစ်နိုင်တယ်တဲ့
အဆီ ကို ဖျက်ဖို့ သည်းခြေ က အလုပ်ပိုလုပ်လို့ ကျောက်ရှိရင် အောင့်ပါတယ်တဲ့

စမ်းသပ်ကြည့် ချင်ပေမဲ့ ဆားခါး တမျိုးလိုနေလို့ မစမ်းရသေးပါ

2 comments

  • etone

    January 24, 2011 at 8:19 am

    ဆေးနည်းလေးပေးတာ ကျေးဇူးပဲ ။ သူများတွေကို ဝေမျှလို့ရတာပေါ့ …။

  • shwepyithu

    February 9, 2011 at 2:42 am

    အဲဒီဆေးနည်း ကျမလည်းသိတယ်။ သိတယ်ဆိုတာ အဲဒီ ဦးသန်းဝင်းက သတင်းစာထဲမှာ အခမဲ့ ဆေးနည်းပေးသည်ဆိုပြီး ကြော်ငြာထားတာတွေ့လို့ ဖုံးဆက်ပြီး သူ့အိမ်ကိုသွားစုံစမ်းတာ။ သူ့အမျိူးသမီးနဲ့ပဲတွေ့ခဲ့ရပေမဲ့ အဲဒီအန်တီကလဲ အရမ်းစိတ်ရှည်စွာရှင်းပြပါတယ်။ လင်မယားနှစ်ယောက်လုံး သိပ်သဘောကောင်းပါတယ်။ ကျမလဲ သည်းခြေကျောက်နဲနဲ ရှိသေးတယ်လို့ အာထရာလ်ဆောင်းမှာ ပြနေလို့ သွားမေးတာပါ။ ကျမက သိပ်အဆိုးကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာဖြစ်ဖြစ်စမ်းကြည့်မယ်ဆိုပြီး တကယ်လုပ်ကြည့်တော့ တစ်နေ့ကို ပန်းသီး ငါးလုံးကုန်အောင်မစားနိုင်ဘူး။ အများဆုံး 3 လုံး၊ တစ်ချိူ့ ရက်တွေ 2 လုံး၊ တစ်ချိူ့ရက်ကျတော့ အိမ်က အတင်းလုပ်ပေးလို့ 4 လုံး အဲလိုစားရင်း 5 လုံးမပြည့်တော့ ကဲ ဒါဆို 25 လုံးပြည့်တဲ့အထိစားမယ်ဆိုပြီး စားလိုက်တာ 10 ရက် 15 ရက်လောက်ဖြစ်သွားတယ်။ ဆားခါးလည်း ဝယ်ထားပြီး မသောက်ဖြစ်ဘူး။ ဆက်လဲမစားဖြစ်ဘူး။ ဒါပေမဲ့ အာထရာဆောင်းပြန်ရိုက်တဲ့အခါကျတော့ သည်းခြေကျောက်လုံးဝမရှိပါဘူးလို့ပြောပါတယ်။ ကျမကျောက်တွေက သေးလွန်းလို့ ပန်းသီးစားရုံနဲ့ ပျောက်သွားလားမသိပါ။ ဆားခါးသောက်တဲ့ အဆင့်ထိတောင်မလုပ်ရသေးဘူးလေ။ ဒီဆေးနည်းဟာ တကယ်ကောင်းတယ်ဆိုတာတော့ ကျမလက်ခံသွားပါတယ်။ ပန်းသီးက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာတော့ သေချာပါတယ်။ ရွာသားတွေအတွက် ကျမကိုယ်တွေ့လေးကို မျှဝေပေးလိုက်ပါတယ်။

Leave a Reply