မြင်ယောင် ပါသေးတယ်
အရန် စစ်တပ် ဆိုပြီး

ကိုယ့်ထမင်းကိုယ်စား
ကိုယ့်အိမ်ကိုယ်နေ
ကိုယ့်ယူနီဖောင်းကိုယ်ဝတ်
ခေါ်တဲ့နေ့လာ
ခိုင်းတာလုပ်
အမိန့်အာဏာဖီဆန် ပါးရိုက်ခံရမယ်

ဒါကသာမန်ပြည်သူတွေအတွက် အလုပ်ကြမ်းနဲ. ၂နှစ် အကြယ်ချုပ်(အဓမ္မ လုပ်အားပေး ပပြောက်ရေး ပေါ့)

ရုပ်ချော ကိုယ်လုံးလှ
ပညာတတ် စစ်သည်မမ များအတွက်ကတော့
ညှာတာထောက်ထား သက်သက်ညှာညှာပဲထားမယ်တဲ့
အရာရှိရိပ်သာ ဗိုလ်များ ရှိတဲ့နေရာ
အိပ်ရာဝင်ချိန်လေး ညစောင့် လုပ်ပေးရမယ်တဲ့း(စစ်တပ်မှာမိန်:မများတော့ မုဒိန်းမှူ့ မဖြစ် တော့ဘူးပေါ့)

လူငယ်ကွန်ရက်တို့ ဒုတိယပင်လုံတို့ အတိုက်ခံ ပါတီ တို့ အာဏာရှင်တော်လှန်လိုသူများအတွက်ကတော့
မဝင်မနေရ ရက်စွဲတပ်
ဆင့်ခေါ်စာ လေး ကြံ့ဖွတ်က ညသန်းခေါင်မှာလာပေးလိမ့်မယ်
စစ်တန်းလျား ရောက် သေနတ် ဖောက်ရဖို့မတွေးနဲ့
အထုပ်ထမ်း ပေါ်တာ နယ်စွန် နယ်ဖျားနဲ့ ငှကဖျားပေါတဲ့နေရာ
ပြည်တွင်းစစ် မိုင်းကွင်းထဲကျမှ ငါ အရင်မဝင်ပါရစေနဲ့ဆိုပြီး ရှူးပေါက်ချ နေရမယ် (နိုင်ငံ ရေး အ ကျဉ်းသား တို့ ပေါ် တာ တို့ မရှိသလောက် ဖြစ်သွားမယ်)

နောက်ရွေးကောက်ပွဲရက်ကပ်
အတိုက်ခံပါတီကဝင်ရွေးမည့်အမတ်

ဟိုအော် ဒီအော်လုပ်မည့် လူတတ် များကြတော့
စစ်တပ်က ဆင့်ခေါ်စာ ထပ်ပေး
လိုအပ်ချက်အရမဖြစ်မနေ နောက် တနှစ်ထပ်ဝင်ပေးရမယ်တဲ့ (မဲ ခိုး စရာမလိုတော့ဘူး ပေါ့)

အာဏာရှင်နဲ့နီးစပ် သူတို့ ဆွေစဉ်မျိုးဆက် များကြတော့
ဘွဲ့လက်မှတ်အတုတွေ ကပ် ကျွမ်းကျင် အဆင့်တပ်လို့
ဖြတ်လမ်းက အပွင့်တပ် အနာဂတ်မှာ လွှတ်တော်အမတ် ဖြစ်လာကြဦးမယ်

စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်
တရား ဥပဒေ စိုးမိုးတဲ့ ခေတ် ရောက်ခဲ့ရင်
စစ် မှု့ထမ်းဖို့စာရင်း မင်း မတိုက်တွန်းလဲငါ အ ရင် သွားသွင်းမယ်သူငယ်ချင်း

About ကြယ်လေး

ကြယ်လေး has written 44 post in this Website..