အရန် စစ်တပ်

ၾကယ္ေလးJanuary 23, 20111min16015

မြင်ယောင် ပါသေးတယ်
အရန် စစ်တပ် ဆိုပြီး

ကိုယ့်ထမင်းကိုယ်စား
ကိုယ့်အိမ်ကိုယ်နေ
ကိုယ့်ယူနီဖောင်းကိုယ်ဝတ်
ခေါ်တဲ့နေ့လာ
ခိုင်းတာလုပ်
အမိန့်အာဏာဖီဆန် ပါးရိုက်ခံရမယ်

ဒါကသာမန်ပြည်သူတွေအတွက် အလုပ်ကြမ်းနဲ. ၂နှစ် အကြယ်ချုပ်(အဓမ္မ လုပ်အားပေး ပပြောက်ရေး ပေါ့)

ရုပ်ချော ကိုယ်လုံးလှ
ပညာတတ် စစ်သည်မမ များအတွက်ကတော့
ညှာတာထောက်ထား သက်သက်ညှာညှာပဲထားမယ်တဲ့
အရာရှိရိပ်သာ ဗိုလ်များ ရှိတဲ့နေရာ
အိပ်ရာဝင်ချိန်လေး ညစောင့် လုပ်ပေးရမယ်တဲ့း(စစ်တပ်မှာမိန်:မများတော့ မုဒိန်းမှူ့ မဖြစ် တော့ဘူးပေါ့)

လူငယ်ကွန်ရက်တို့ ဒုတိယပင်လုံတို့ အတိုက်ခံ ပါတီ တို့ အာဏာရှင်တော်လှန်လိုသူများအတွက်ကတော့
မဝင်မနေရ ရက်စွဲတပ်
ဆင့်ခေါ်စာ လေး ကြံ့ဖွတ်က ညသန်းခေါင်မှာလာပေးလိမ့်မယ်
စစ်တန်းလျား ရောက် သေနတ် ဖောက်ရဖို့မတွေးနဲ့
အထုပ်ထမ်း ပေါ်တာ နယ်စွန် နယ်ဖျားနဲ့ ငှကဖျားပေါတဲ့နေရာ
ပြည်တွင်းစစ် မိုင်းကွင်းထဲကျမှ ငါ အရင်မဝင်ပါရစေနဲ့ဆိုပြီး ရှူးပေါက်ချ နေရမယ် (နိုင်ငံ ရေး အ ကျဉ်းသား တို့ ပေါ် တာ တို့ မရှိသလောက် ဖြစ်သွားမယ်)

နောက်ရွေးကောက်ပွဲရက်ကပ်
အတိုက်ခံပါတီကဝင်ရွေးမည့်အမတ်

ဟိုအော် ဒီအော်လုပ်မည့် လူတတ် များကြတော့
စစ်တပ်က ဆင့်ခေါ်စာ ထပ်ပေး
လိုအပ်ချက်အရမဖြစ်မနေ နောက် တနှစ်ထပ်ဝင်ပေးရမယ်တဲ့ (မဲ ခိုး စရာမလိုတော့ဘူး ပေါ့)

အာဏာရှင်နဲ့နီးစပ် သူတို့ ဆွေစဉ်မျိုးဆက် များကြတော့
ဘွဲ့လက်မှတ်အတုတွေ ကပ် ကျွမ်းကျင် အဆင့်တပ်လို့
ဖြတ်လမ်းက အပွင့်တပ် အနာဂတ်မှာ လွှတ်တော်အမတ် ဖြစ်လာကြဦးမယ်

စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်
တရား ဥပဒေ စိုးမိုးတဲ့ ခေတ် ရောက်ခဲ့ရင်
စစ် မှု့ထမ်းဖို့စာရင်း မင်း မတိုက်တွန်းလဲငါ အ ရင် သွားသွင်းမယ်သူငယ်ချင်း

15 comments

  • နေစမ်းပါဦးှဗျ။ စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းရအောင် ဘယ်သူက တရားဝင် သမ္မတလဲ။ သမ္မတကမှ လုပ်လို့ရတာမဟုတ်ဘူးလား။ ကျွန်တော်သိထားတာက တော့ မြန်မာပြည်ရဲ့ တရားဝင်တစ်ယောက်ဟာ ဝန်ကြီးချုပ်ဦးနုပါပဲ။ ဦးနုနေရာကို ဘယ်သူမှ တရားဝင်လွှဲပြောင်းယူလို့မရဘူး။ ဦးနုသာလျှင် မြန်မာပြည်ရဲ့ ဝန်ကြီးချုပ်။

  • ကိုကြယ်လေးနော်။ ခင်ဗျားကတော့ တကယ့်အရက်သမားပဲ။ အရက်သောက်ပြီး ပေါက်ကရလျှောက်ရေးရလား။ အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် မြန်မာတွေရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတကို အသိအမှတ်ပြုလိုက်ပြီဗျ။ သမ္မတနဲ့ ဇနီးကို အမေရိကန်ပြည်ထောင်စုကို အလည်အပတ်လာရောက်ဖို့ ချစ်ကြည်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါပြီ။ နောင်ဆိုရင် အရှေ့တောင်အာရှအပါအဝင် ကမာ္ဘ့အတိုင်းတိုင်းအပြည်ပြည်က သမ္မတတွေ ခေါင်းဆောင်တွေက တရားဝင် ဖိတ်ခေါ်တော့မယ်တဲ့။ အမေရိကန်သမ္မတကတော်ကိုယ်တိုင် မြန်မာပြည်သမ္မတကတော်နဲ့ ကလေးသူငယ်များဆိုင်ရာကိစ္စတွေ၊ အမျိုးသမီးအခွင့်အရေးကိစ္စတွေ ဆွေးနွေးမှာတဲ့ဗျ။ ခင်ဗျားကတော့ဗျာ။ တောင်မှန်းမြောက်မှန်းမသိ ရေးချင်ရာ စွတ်ရေးနေတာပဲ။

  • cobra

    January 24, 2011 at 9:38 am

    ဘာလုပ်ရမလဲကိုမသိတော့ဘူး….။

  • mG

    January 24, 2011 at 2:05 pm

    ဟောဗျာ….အဲ့လိုမျိုးတွေတာ တကယ်ဖြစ်လာမယ်ဆိုရင်တော့…..သူတို့တွေနှိပ်စပ်တာတွေကိုတော့ ဘယ်လိုနည်းနဲ့မှမခံနိုင်ဘူး…..။ကိုယ့်ကိုကိုယ် ထောင်ထဲပဲဝင်လိုက်တော့မယ်…..အဲ့ဒါကမှ တတ်တာအုန်းမယ်…။မဟုတ်လို့ကတော့ ဌက်ဖျားမိပြီးသေရင်သေ…မသေရင်..ကျားအချင်းချင်း စော်ကားခံရလို့ သေလိမ့်မယ်။ဒါမှမဟုတ်…..မဟုတ်တုတ်က ပစ္စည်းတွေသယ်ခိုင်း၊ရထားလမ်းဖောက်လုပ်
    မှုတွေအတွက် အုတ်တွေထမ်းခိုင်း၊ကျောက်တွေခွဲ ဆိုရင်လည်း ထောင်ထဲက အကျဉ်းသားတွေနဲ့ နင်လား၊ငါလားပါပဲ။ဒီနားက ဒီနားပါပဲ။ဘာမှကို မကွာသွားတဲ့အတွက်တော့….တခါထဲပဲ ပြီးသွား
    အောင်လို့…..ထောင်ထဲကိုတာတန်းဝင်လိုက်တာအေးတယ်။မဟုတ်လို့ကတော့ တပ်ထဲသွားလို့ကတော့
    ဟိုနယ်ကိုသွားရ၊ဒီနယ်ကိုသွားရ၊မိုက်ကျွင်းတွေထဲဆင်းခိုင်းလိုက်၊လိင်တူအချင်းချင်း စော်ကားခံရနဲ့၊
    ရောဂါပေါင်းစုံနဲ့ ကိုယ့်နေရာ ကိုယ်ပြန်မရောက်ပဲနဲ့ လမ်းမှာတင်ကြွသွားမယ်….။
    ဒီ ဥပဒေ ကိုဘယ်လိုမှလက်မခံပါဘူး။တကယ်လို့များ ဖြစ်လာမယ်ဆိုရင်တောင်မှ….လမ်းမပေါ်ဆင်း
    ပြီးတော့…. ဆန့်ကျင်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ထင်မိပါတယ်…။

  • zippo

    January 24, 2011 at 5:06 pm

    ဟဲလို…။။။…..ဘဘကြီးရေ..။။….တစ်ခုခုတော့ဝင်တော့ဦးလေဗျာ……
    ဘိုလိုမှုတ်ပီး မှိန်းမနေနဲ့ဦး….

  • char too lan

    January 25, 2011 at 4:31 am

    ကိုကြယ်လေးလဲ လက်သံပြောင်လာပီ
    good တယ်ဗျာ…… 🙂

  • nigimi77

    January 25, 2011 at 5:16 am

    (၁)ကျားအချင်းချင်း စော်ကားခံရလို့ သေလိမ့်မယ်။
    (၂)လိင်တူအချင်းချင်း စော်ကားခံရနဲ့၊

    အိမ်း….. ကျွမ်းကျင်ရာ လိမ်မာ၊ သန်ရာသန်ရာ တွေးကြလေ သတတ်။
    အိမ်း….. ကောင်းလေစွ ကောင်းလေစွ….။ ဟီး ဟီး …..။

  • bigcat

    January 25, 2011 at 5:20 am

    ၇ရ စစ်သားကြည့်ရာတာ တော်တော်ကောင်းခဲ့ပုံရတယ်။ တအိမ်းအိမ်းနဲ့ လေသံကတော့ အောက်ကအသံပဲ။

  • nigimi77

    January 25, 2011 at 5:24 am

    သတင်းကောင်း
    (၁)ထောင်ထဲမှာ သားသားတို ့ အကြိုက် မွန်းလိုက်ဖြစ်ပါကြောင်း။
    (၂)တန်းစီးများ အလွန်ချစ်ခင် ကြင်နာယုယတတ်ပါကြောင်း။
    (၃) မိမိမယား (အဲ..ယောင်လို ့) မိမိသား သကဲ့သို ့ စောင့်ရှောက်တတ်ပါကြောင်း။
    (၄)ထို အထဲတွင် အလွန် လူချစ်လူခင်ပေါနိုင်ပါကြောင်း။
    (၅)အစစအရာရာ လိုလိုသေးသေးမရှိ ထောက်ပံ့မည့်သူ ပေါများပါကြောင်း။

  • ကြယ်လေး

    January 25, 2011 at 10:08 am

    ထောင်ထဲမှာ သူလဲ လက်နဲ့ ကိုယ် လဲလက်နဲ့ မတရားဖိနှိပ်လို့ ပေါက်ကွဲ ရင် ပြန်ခံထိုးရုံ ပဲ
    မသကာ နောက်မှူ့ကပ် တိုက်ထဲရောက် ပေါ့
    တခါ လောက် လက်စွမ်းပြလိုက်ရင် နောက် တန်းစီး ဆိုတဲ့ကောင် ပတ်ပြေးနေလိမ့်မယ်

    ဒီအာဏာ ရူး စစ်တပ် ကျတော့ ရပ်ကွက်ထဲ ရန် ဖြစ်တာတောင် သေနပ်နဲ့ ပစ်သတ် တဲ့ မိမဆုံးမ ဖမဆုံးမ ဘာသာမဲ့ အမျိုးယုတ် တွေ

    နောက်တန်းမှာတောင် တပ်ထဲက လူ အချင်းချင်း ပစ်သပ်တာမကြာမကြာကြား ရတာ

    ကိုယ်တွေ ကျ သေနပ်ပေးကိုင်မှာမှမဟုတ် တာ သူတို့ က သူရဲကောင်းတွေ ဆိုတော့ သေနပ်နဲ့ဝိုင်းချိန်ပြီး သတိ္တ ရှိရင် ချမလားဆို သေပြီဆရာ

  • nigimi77

    January 25, 2011 at 10:41 am

    ကိုကြယ်ရေ။ ကလေးပဲရှိသေးတော့ ဒါတွေဘယ်သိဦးမလဲ။ အထဲဝင်ရင် ပတ်ပြေးနေရမှာ တန်းစီးတော့ မဟုတ်လောက်ဘူး ထင်ပါရဲ ့။

  • chitsu

    September 19, 2011 at 3:01 pm

    မလွယ်ပါလားနော်

Leave a Reply