သည်စာသားလေးက တော. ဆရာကြီးစောင်းဦးဘသန်းရဲ.နာမယ်အကျော်ဆုံး သီချင်းဖြစ်တဲ.
“ပွဲကြိုက်ခင် “သီချင်းထဲကစာသားလေးပါ။
သီချင်းစာသားရဲ.အဓိပ္ပါယ်ကတော. ရှင်းရှင်းလေးပါ။
နောက်ကျရင် ပြန်ပေတော. ဆိုတာနဲ.အတူတူပါဘဲ။
သည်စာသားလေးကနေ ဆက်တွေးမိတာကတော.လူငယ်လေးတွေ အလုပ်အကိုင်နဲ.ပါတ်သက်လို.အရွေးလွန်နေကြတာကိုပါ။
ပညာတတ်ထွန်းကားသော ပညာတတ်အရေအတွက်ပေါများ သော ကျွန်တော်တို.ခေတ်မှာ
တိုးတက်လာသော စီးပွားရေးလုပ်ငန်းများလည်း အရေအတွက် တိုးပွားလာပါတယ်။
ဒီတော.လူငယ်တွေအတွက် အလုပ်အကိုင်နေရာအခွင်.အလမ်းများကလည်းတိုးပွားလို.လာသလို
ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ.ဘာလုပ်ရမှန်းမသိ အတည်တကျရွေးချယ်နိုင်ခြင်းမရှိသောလူကလည်းများများလာပါတယ်။
ဟိုအရင် ကျွန်တော်တို.ငယ်စဉ်ကဆိုရင် အလုပ်အကိုင်လည်းရှားပါးပါတယ်။
အစိုးရအလုပ် လုပ်ဘို.ကလည်း နေရာတစ်နေရာ ရဘို.ဆိုတာကလည်. မုန်.သေးသေးလေးတစ်ခုကို လူအများကြီးဝိုင်းပြီး လုကြရသလိုပါဘဲ။
ဒါမှမဟုတ် အပြင်လုပ်ငန်းဆိုရင်လဲ ပွဲရုံတို. ဈေးဆိုင်တို.မှာ ပညာသင်အနေနဲ.စလို.အရောင်းအ၀ယ်သင်ချင်ရင်သင်ပေါ.။
သိပ်ချမ်းသာသော သူများရဲ.သားသမီးကတော. မိဘလက်ငုတ်လက်ရင်းအလုပ်မှာဝင်လုပ် ဒါမှမဟုတ်မိဘက ပိုက်ဆံထုတ်ပေးပြီးလုပ်ငန်းထူထောင်ပေးတာမျိုးကတော.ရှိတော.ရှိတယ် ရှားပါတယ်။
ဒီတော.လဲ လူကများ အလုပ်ကရှားဆိုတော. သိပ်ပြီး ကြေးများ(ဂျေးများ)မနေဘဲရ ရာအလုပ်မှာဝင်လုပ်လိုက်ကြပါတယ်။
အလုပ်ခွင်ကို ငယ်ငယ်နဲ.ရောက်ကြတဲ. အတွက်ကောင်းသောရလာဒ်ကတော. လုပ်ငန်းအတွေ.အကြုံကြွယ်ဝလာခြင်းပါ။
သည်အလုပ်နဲ.ပါတ်သက်လို. ကျွန်တော်တို.မြန်မာမိဘ အတော်များများရဲ. အတွေးမှားနေတာလေးကို ကြုံတုန်းပြောပြချင်ပါတယ်။
ကျွန်တော်.တို.ငယ်ငယ်က သူငယ်ချင်းတွေ ထဲမှာ သူတို.မိဘတွေက အအေးဆိုင် ခေါက်ဆွဲဆိုင်ထောင်ထားသော တရုပ်လူမျိုးတွေရှိသလို ထမင်းဆိုင် လက်ဖက်ရည်ဆိုင်ဖွင်.ထားကြသော မြန်မာလူမျိုးတွေလဲ ရှိခဲ.ပါတယ်။
တရုပ်သူငယ်ချင်းတွေဆိုရင် ကျောင်းဆင်းချိန် ကျောင်းပိတ်ရက်တွေမှာ မိဘလုပ်ငန်းကိုကူလို.ဈေးရောင်းပေ့းရပါတယ်။
စားပွဲထိုးရပါတယ် ဆိုင်စောင်.ပေးရပါတယ်။
သူမိဘများကလည်း လုပ်ငန်းအောက်သက်ကြေအောင် အကုန်ခိုင်းပါတယ်။
သူတို.လည်းအရွယ်ရောက်ရော မိဘလုပ်ငန်းကို တိုးတက်အောင်ဆက်ပြီးလုပ်နိုင်တာကို မြင်ရပါတယ်။
ကျွန်တော်တို.မြန်မာများကတော. ပြောင်းပြန်ပါ။
“ငါတို.သာ အပင်ပန်းအဆင်းရဲခံမယ် သားသမီးကိုတော. ပညာတတ်ကြီးဖြစ်စေရမယ် ငါတို.လိုမဖြစ်စေရဘူး “လို.လွဲမှားစွာ
တွေးလို. မိဘအလုပ်ကို ကူမလုပ်ခိုင်းဘဲ ဝေးဝေးမှာထားပါတယ်။
သားသမီးများကလည်း ဘာတာဝန်မှ မရှိဘဲဘော်ကြော.နေပါတယ်။
သည်တော.သားသမီးတွေကလည်းကိုယ်က ဘာကောင်မှမဟုတ်သေးဘဲ မိဘအလုပ်ကို အထင်သေးသလိုဖြစ်လာပါတယ်။
ဟောမိဘလဲ သေရော ဆိုင်လဲပိတ်ရော ဖြစ်ကုန်ပါတယ်။
ဒါက အလုပ်ကိုတန်ဘိုးမထားတာကြောင်.ရလာသော ဆိုးကျိုးပါ။
ကျွန်တော်ငယ်ငယ်က သူငယ်ချင်းတစ်ယောက်ဆိုရင် သူက ထက်လဲထက် IQ လဲမြင်.တယ်လိုဆိုနိုင်ပါတယ်။
မိဘက သိပ်ချမ်းသာတယ်လဲမဟုတ် ဆင်းရဲတယ်လဲမဟုတ်သော အလယ်အလတ်တန်းစားထဲကပါ။
ကျောင်းပြီးကြလို. ကျွန်တော်တို.သူငယ်ချင်းတွေ လုပ်ငန်းခွင်ထဲရောက်တော.လဲသူက ဘာမှမလုပ်သေးပါဘူး။
လျှပ်စစ်ပစ္စည်းတွေ တီထွင်တာလို လို အသံချဲ.စက်တို. အမ်ပလီဖိုင်ယာတို.က အသစ်ဖန်တီးတာလိုလိုနေ ယောင်နေပါတယ်။
သူက ကျွန်တော်တို.ခေတ်က စက်မူ.တက္ကသိုလ် (RIT) ကဆင်းတာပါ။
အစိုးရအလုပ်ဝင်လုပ်ဆိုတော.မလွတ်လပ်ဘူးတဲ.။
ကိုယ်ဘာသာကိုယ်ပစ္စည်းထုတ်ပြီးဈေးကွက်ထဲကို ၀င်ရောင်းဆိုတော.လဲံ ဖင်မြဲမြဲနဲ.မလုပ်ဘူး။
သူများက ပစ္စည်းပုံစံပြောပြီးအပ်မယ် လုပ်ပေးပါဆိုတော.လဲ သူ.ဦးနှောက်ကိုဖောက်စားတာ ဆိုပြီးလုပ်မပေးပါဘူး။
သူက အခုထိ ဘာကိုမှ အကောင်အထည်မယ်မယ် ရရ မပြနိုင်သောသူတစ်ယောက်အဖြစ်နဲ. လူ.ဘ၀ကိုပျော်ပျော်ကြီးဖြတ်သန်းနေတုန်းပါ။
သူ.အစား ကြားထဲက အချိန်ကောင်းတွေကိုနှမျောမိပါတယ်။
ခုခေတ်လူငယ်တော်တော်များများ မှာလည်း တက္ကသိုလ်က ဘွဲ.ရပြီးလဲအလုပ်မလုပ်နိုင်သေးပါဘူး။
တိကျသော ရည်ရွယ်ချက်မရှိဘဲ ရှိသမျှသင်တန်း အကုန်လိုက်တက် ။
သင်တန်းတွေကိုသာလိုက်တက်ပါတယ် အထက်ထိမရောက်ဘဲ အခြေခံ အဆင်.လောက်ဘဲရှိသော အောင်လက်မှတ်လေးတွေကို
ကိုင်ပြီး လက်မှတ်တွေများလာလေလေ ကိုယ်.ကိုယ် ကိုယ် ပိုပိုပြီး အဖိုးတန်တယ်ထင်လာလေလေ
တော်ရုံတန်ရုံလခလောက်နဲ.မလုပ်နိုင်ဘူးဆိုတဲ. ဘ၀င်လေးက ပိုတိုးလာလေပါဘဲ။
တစ်ချို.ကြပြန်တော.လည်း ကြားဘူးနားဝလေးနဲ. မြန်မာပြည်ထဲမှာ အလုပ်လုပ်ရင် လူမဖြစ်တော.သလို အညွန်.ဘဲတုန်းတာလိုလို
ခံယူလို မတောက်တခေါက်ပညာနဲ.နိုင်ငံခြားထွက်မယ် လို.လေသံပစ်ပြီးမိဘလုပ်စာကို ထိုင်စားနေပြန်ပါတယ်။
တကယ်တန်းပြောရရင် သင်ကြားထားသော အတတ်ပညာတစ်ခုအတွက်ရလာတဲ.အောင်လက်မှတ်ဆိုတာ
သိရုံလေးဘဲသိတယ်ဆိုတဲ. စာတွေ.အဆင်.ပါ။
လုပ်ငန်းခွင်မှာ တကယ်ဝင်ရောက်လုပ်ကိုင်လို. လက်တွေ.နဲ.စာတွေ.ပေါင်းစပ်လိုက်ပြီဆိုမှ ပြည်.စုံသော စစ်မှန်သော အသိပညာကို ရလာနိုင်တာပါ။
ဒါပေမဲ.လူငယ်တော်တော်များများသည် မိမိရထားသောသင်တန်းဆင်းအောင်လက်မှတ်ကို ရလာမယ်.ငွေကြေးနဲ.တိုင်းတာလို.
တန်တယ်မတန်ဘူးဆုံးဖြတ်တာကိုတွေ.ရပါတယ်။
လုပ်ငန်းအတွေးအကြုံတို. ကျွမ်းကျင်မူ.တိုဆိုတာတွေသည် နှစ်နဲ.ချီပြီး ၀င်ရောက်လုပ်ဆောင်မှာ ရနိုင်တယ်ဆိုတာကိုမေ.ထားလိုက်ပါတယ်။
အလုပ်ခေါ်လိုလာလျှောက်တဲ. အလုပ်လျှောက်လွှာတွေမှာ သူတို.ဖြည်.ထားတဲ. ကိုယ်ရေးအချက်အလက်တွေမှာဆိုရင်
သင်တန်းတော်တော်များတက်ဘူးတာကို ဖော်ပြပေမဲ. လုပ်ငန်းအတွေ.အကြုံဆိုတဲ.နေရာမှာ ကွက်လပ်တွေများနေပေမဲ.
မျှော်မှန်းလစာနေရာမှာတော. ခပ်မြင်.မြင်.ကြေးကိုတောင်းတတ်ပါတယ်။
အဲ သူတို.ကိုဗျူးပြီဆိုရင် လုပ်ငန်းအတွက်ကောင်းအောင်ဘာလုပ်ပေးနိုင်မယ်ဆိုတာမျိုးကိုတော.သူတို.ဘာတတ်တယ်ဆိုတာကိုတော. သေသေချာချာ မပြောနိုင်ပြန်ပါဘူး။
.ရှေးတုန်းက လူကြီးတွေထားခဲ.သော ” အလုပ်ဟူသမျှဂုဏ်ရှိစွ”ဆိုသောစာသားလေးသည်အလကားထားခဲ.တာ မဟုတ်ပါဘူး။
ကျွန်တော်အကြံပေးချင်တာကတော လူငယ်များကလည်း စတင်ရလာမယ်.ငွေကြေးပမာဏနဲ.ဘဲတိုင်းတာပြီးအလုပ်ကိုရွေးချယ်မဲ.အစား ရလာသောအလုပ်ကို လုပ်ငန်းအတွေ.အကြုံရအောင် ၀င်ရောက်လို. ကြိုးစားပြီးလုပ်စေချင်ပါတယ်။
မိဘများကလည်း မိမိသားသမီးများ အလုပ်ဝင်ရောက်လုပ်မယ်ဆိုရင် ” ‘ဒီပိုက်ဆံလောက်ကတော. ငါတို.မုန်.ဘိုးပေးသလောက်ဘဲရှိတယ် မလုပ်နဲ.” မတားမြစ်စေလိုပါဘူး။
လူငယ်များကိုလည်း ရတဲ.အလုပ်ကို ၀င်မလုပ်ဘဲရွေးနေပြီး အိမ်မှာ လယ်ရာပြန်စားရေး နဲ.ဘဲကျေနပ်မနေစေချင်ပါဘူး။
တချို.သောလူငယ်များ မိဘဆရာသမားများကဆုံးမရင် ” နိုင်ငံခြားမှာဆိုရင် ကျွန်တော်တို.လူငယ်ကို မိဘတွေက နေရာတကာလိုက်မချုပ်ချယ်ဘူး”လို.နှုတ်လှံထိုးလေးရှိပါတယ်။
ဒီကလေးများကို မေးခွန်းတစ်ခုတော.မေးချင်ပါတယ် နိုင်ငံခြားမှာ မိဘက သားသမီးကို ဘယ်အသက်အရွယ်ထိဘဲထမင်းကြွေးထားတယ်ဆိုတာ သိပါသလားလို.ပါ။
ကျွန်တော်ကငယ်ငယ်က ဆရာတယောက်က သည်လိုဆုံးမဘူးပါတယ်
“လူငယ်တစ်ယောက်ဟာ အသက်အစိတ်ရောက်လို.မှ အလုပ်မှာ နေရာ မရသေးဘူးဆိုရင် အဲဒီကောင်ဘ၀က မရေရာတော. “ဘူးပါတဲ.ခင်ဗျာ။
ဒါကြောင်.အထက်ကသီချင်းစာသားလေးလိုပါဘဲ ပွဲခင်းမှာနေရာကောင်းကောင်းရအောင်စောစောသွားသလို
အလကားနေရင်းကြေးများမနေဘဲ အလုပ်ကို သိပ်ပြီးတော.ရွေးမနေဘဲ
အသက်ငယ်တုန်း ဥာဏ်တွေထက်မြက်နေတုန်း ခန္ဒာကိုယ်သန်စွမ်းနေတုန်း စိတ်သွားတိုင်းကိုယ်ပါနိုင်တုန်း မှာ
ရောက်တဲ.နေရာ ရသောအလုပ်မှာ ကောင်းသထက်ကောင်းအောင် ထိပ်ဆုံးရောက်အောင်
ကြိုးစားကြပါလို. လူငယ်များကို မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျား။
လူငယ်အားလုံးသည် ကျွန်တော်တို.ကို ကျော်ဖြတ်အောင်မြင်ပါစေလို.ဆုတောင်းပေးပါတယ်။

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။