ရတနာပုံအသင်းခေါင်းဆောင် ခင်မောင်ထွန်းရဲ့ မြင့်မြတ်သောစိတ်ဓါတ်

pitiJanuary 24, 20111min74

အပျော်တမ်းအဆင့်မှ ဆုကြေးစားစနစ်ကို စတင်ကူးပြောင်းတာတဲ့ မြန်မာနိုင်ငံနေရှင်နယ်လိဂ် MNL League ပြိုင်ပွဲတွေမှာ မန္တလေးမြို့အခြေစိုက်အသင်းဖြစ်တဲ့ ရတနာပုံFC အသင်းဟာဆိုရင်ဖြင့် အအောင်မြင်ဆုံးအသင်းတစ်ခုဖြစ်ပါတယ်။ ဆုကြေးစားစနစ်ပြောင်းလဲခဲ့တဲ့ အချိန်တိုအတွင်းမှာ ချန်ပီယံ ဆုဖလား (၄) လုံးကို ရယူနိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

စတင်ကျင်းပခဲ့တဲ့ပွဲဖြစ်တဲ့ MNL Cup ပြိုင်ပွဲရဲ့ ချန်ပီယံအပြင် ကျင်းပပြီးစီးခဲ့သော အမှတ်ပေးချန်ပီယံ ပြိုင်ပွဲ နှစ်ကြိမ်စလုံးမှာ ချန်ပီယံဆုဖလားကို ရရှိထားခဲ့ရုံမက AFC Presend Cup ပြိုင်ပွဲမှာပါ ချန်ပီယံဆုကို ရရှိထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲ (၄) ခုစလုံးမှာ ခင်မောင်ထွန်းဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ပြီး အသင်းကို ဦးဆောင်ကစားနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ခင်မောင်ထွန်းဟာ ရတနာပုံFC အသင်းအခြေစိုက်ရာ မန္တလေးမြို့မှာရှိတဲ့ လူမူရေးအသင်းအဖွဲ့တွေကို ငွေလှူဒါန်းဖို့ ထူးခြားတဲ့အစီအစဉ်တစ်ခုကို ပြုလုပ်ဖို့ပြင်ဆင်နေပါတယ်။ ဒါကတော့ မုံရွာမြို့မှာ ဇေယျာရွှေမြေအသင်းနဲ့ အမှတ်ပေးချန်ပီယံဆုဖလား ရယူနိုင်ခဲ့တဲ့နောက်ဆုံးပွဲမှာ ဝတ်ဆင်ကစားခဲ့တဲ့ အသင်းအင်္ကျ ီ၊ ရန်ကုန်မြို့မှာ ဗိုလ်လုပွဲအဖြစ်ကစားခဲ့တဲ့ AFC Presend Cup ပြိုင်ပွဲမှာ ဝတ်ဆင်ကစားခဲ့တဲ့ အသင်းအင်္ကျ ီ၊ ဖလား (၄) လုံးစလုံးရယူခဲ့ရာမှာ ဝတ်ဆင်ကစားခဲ့တဲ့ (Nike) အမျိုးအစား ဘောလုံးကန်ဖိနပ်၊ ဖလား (၄) လုံးစလုံးရယူခဲ့ရာ လက်မှာ ပတ်ခဲ့တဲ့ အသင်းခေါင်းဆောင် လက်ပတ် စတဲ့ အမှတ်တရအရာ (၄) ခုကို ရောင်းချပြီး ရရှိတဲ့ငွေကြေးများကို လှူဒါန်းမယ့် အစီအစဉ်ပါ။

ရောင်းချရာမှာ လေလံတင်တဲ့သဘောမျိုးနဲ့ အမျိုးအစားတစ်ခုစီကို ကြမ်းခင်းဈေး ကျပ်တစ်သိန်းစီ သတ်မှတ်ထားပြီး ဈေးအများဆုံးပေးနိုင်တဲ့သူတွေကို ရောင်းချပေးမယ်လို့ဆိုပါတယ်။ ဗထူးကွင်းမှာ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ကစားမယ့် မကွေးနဲ့ပွဲမတိုင်မီ ဈေးအများဆုံးပေးနိုင်ကြပါတယ်လို့ သိရပါတယ်။ ဒီလိုမျိုးအမှတ်တရများကို ရောင်းချပြီး လှူဒါန်းတာဟာ မြန်မာနိုင်ငံ ဘောလုံးသမိုင်းမှာတော့ ပထမဆုံးဖြစ်ပါလိမ့်မယ်။

မန္တလေးမြို့ အခြေစိုက် ရတနာပုံFC ဘောလုံးအသင်းကို အားပေးပြီး ခင်မောင်ထွန်းရဲ့ မွန်မြတ်တဲ့အလှူကို ပါဝင်ကူညီချင်တဲ့ ဘယ်သူမဆို ဈေးအများဆုံးပေးပြီး အမှတ်တရလေးများကို ရယူရင် ပါဝင်လှူဒါန်းနိုင်ပါတယ်။ ဝယ်ယူလိုသူ မည်သူမဆို ခင်မောင်ထွန်းထံကို ဆက်သွယ်လို့ ဈေးနှုန်းပေးနိုင်ပါတယ်။

ဒီလိုမျိုး စိတ်ကူးရတဲ့ ခင်မောင်ထွန်းရဲ့ မွန်မြတ်တဲ့စိတ်ဓါတ်ကို လေးစား သာဓုခေါ်မိပါတယ်။