လွတ်လပ်စွာဆွေးနွေးကြပါစို့- (၃)

ေၾကးမံုJanuary 24, 20111min625

ကျမ ဒီ တစ်ခါ ဆွေးနွေး ချင်တဲ့ အချက် က တော့

*(၃) မိမိ နိုင်ငံ တော် ရ ဲ့ အလံ ကိုအမျိုးသား သီးချင်း ပြီး ဆုံးတဲ့ အထိ
အလေးပြု သင့် သလား။ မပြုသင့် ဘူးလား.။*

ကျမ ငယ်ငယ်တုံးက တော့ ရုပ်ရှင် ရုံတွေမှာ ရုပ်ရှင် ကြည့်ဘူးပါတယ်။

အခု့မကြည့် ဖြစ်တာ တော်တော်လေး ကြာပါပြီ။

တစ်နေ့မှာ မော်တင် ပလာဇာ shopping mall ဖွင့် တာနဲ့ ကြ ုံတော့
ရုပ်ရှင်ရုံ ပါတာတွေ့တာနဲ့ ဈေးဝယ်ထွက်ရင်း အပျင်းပြေ ဝင်ပြီး ကြည့် မိခဲ့ ပါတယ်။

အသစ်ဆိုတော့လဲ သန့်ရှင်းနေတာပေါ့နော်။
ဒီလိုမျိုးအမြဲသန့်ရှင်းမှုကို ထိန်းသိမ်းနိုင်ရင်တော့ သိပ်ကောင်းမှာပါဘဲ
လို့ လဲတွေးမိနေပါတယ်။

ကျမ ရဲ ့ ထိုင်ခုံ တန်းရှေ ့ မှာ နိုင်ငံခြားသားစုံတွဲ တစ်တွဲ ကိုလဲတွေ့မိပါတယ်။

ကျမတို့ ငယ်ငယ်ကလေးဘဝထဲက ရုပ်ရှင် မပြမီ နိုင်ငံတော် အလံ ကို အလေးပြုရ တဲ့
အစီအစဉ်ပါပါ တယ်။

ငယ်ငယ်ကထဲက လိုက်နာခဲ့တဲ့ ဖြစ်စဉ်တစ်ခု့ဖြစ်လို့အထူးတလည်လေ့ကျင့်ယူနေစရာမလိုပါဘူး။

ကျမ အပါအဝင် လူနည်းစု ။နိုင်ငံခြားသားစုံတွဲ ပါ မကျန်
နိုင်ငံတော် အလံ ရဲ ့အမျိုးသားသီချင်း ပြီးဆုံးတဲ့

အထိ အလေးပြုကြပါတယ်။

တော်တော် များများ ကတော့ ရုတ်တရက် ဝုန်းခနဲ မတ်တပ် ထရပ် ပြီး ချက်ခြင်း

ပြန် ထိုင် ကြတာကို တွေ့ ခဲ့ ရပါတယ်။

တစ်ချိုးဆိုရင် ရပ်တောင် မရပ်ဘူးထိုင်ရကမထပါဘဲ။

ကျမ ကတော့ တော်တော် လေး ကို ပါဘဲ ဘာပြောရမှန်းမသိတော့ ပါဘူး။

နိုင်ငံခြားသားတွေ တောင် ကိုယ့် နိုင်ငံ လာပြီး ကိုယ့် အမျိုးသား အလံကို
သီချင်း ပြီးဆုံးတဲ့
အထိအလေးပြု နေတာကို တွေ့ နေပါလျှက် က မိမိ တို့က မြန်မာလူမျိုးတွေ ဖြစ်ပြီး

အမိနိုင်ငံတော်ရဲ ့ အလံကို သီချင်းပြီးဆုံးတဲ့ အထိ အလေးမပြုချင်တာ

ဘယ်လို ခံယူချက်မျိုးပါလဲ သိချင်မိပါတယ်။

( စကားမစပ် .- နိုင်ငံခြားတိုင်းပြည်က ရုပ်ရှင်ရုံတွေမှာ အလံတော်ကို

အလေးပြုစရာမလိုသလို ။ အစီအစဉ်လဲ မပါပါဘူး။
သူတို့ ဆီမှာ မပါပေမဲ့ ကျမတို့ ဆီမှ ပါတယ်.။
အဲ့ဒါကို သူတို့ လိုက်နာတာကို တွေ့ ရတယ်။ )

ကျမ တို့ ငယ်ငယ်လေးထဲက လုပ်နေကြ လုပ်နေရတဲ့ အရာဖြစ်နေပါလျှက်က

မလုပ်ချင်ကြတာ ဘာ သဘောလဲ စိတ်ထဲ က မေးမိပါတယ်။

ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမှာ ရှက်စရာလား။

အောက်ကျနောက်ကျနိုင်တယ်လို့ များ ထင်နေပါသလား။

တော်တော်ကြီး ကို လွဲနေပြီနဲ့ တူပါတယ်။

( အလံကတော့ ဘာဖြစ်လို့။ ဘယ်သူတွေကိုဖြစ်ဖြစ် မကျေနပ်လို့ ဆိုတဲ့

အကြောင်းအကျိုး တွေကို ခဏ ဘေး ချိတ်ရင်း ။မျိုးချစ်စိတ်တကယ်ရှိတယ်ဆိုရင်

မိမိ အမိနိုင်ငံ်တော်ံကို ကိုယ်စားပြုတဲ့ အမျိုးသားသီချင်းနဲ့ အလံတော်ကို
ရိုသေသင့်တယ်လို့

သီချင်းပြီးဆုံးတဲ့ အထိ လေးစားစွာ အလေးပြုသင့်တယ်လို့ မထင်ဘူးလားရှင်။

5 comments

  • kai

    January 24, 2011 at 10:23 pm

    မထင်ပါဘူးဗျာ..။
    ရုပ်ရှင်ကြည့်တယ်ဆိုတာ ..အပန်းဖြေဖို့လာတာပဲ..။
    အဲဒီမှာ .. နိုင်ငံတော်အလံကို အလေးလာပြုခိုင်းနေတာက .. အစိုးရက ပရိုဘဂျန်တာလုပ်နေတာပဲ ထင်မိပါတယ်..။
    ဒါက ..အုပ်ချုပ်သူက .. သူ့အာဏာကို အလွဲသုံးစားပြုတာလို့ ထင်ပါတယ်..။
    တရားရေးနဲ ့တိုင်ပင်ပြီး .. ဆိုင်ရာအာဏာပိုင်တွေကို .. အပန်းပြေတာကို နှောက်ယှက်မှုနဲ့ .. တရားစွဲပြီး.. အဲဒီအလေးပြုတာကို .. ဖြုတ်ပစ်လိုက်စေချင်တာပါပဲ..။

    ( နိုင်ငံခြားသား အလေးပြုတာက ..ဘာမှန်းမသိ..ညာမှန်းမသိ.. ဒဏ်ငွေချ ဖိုင်းတပ်ခံရမှာစိုးလို့..လိုက်ယောင်တဲ့ သဘောလို့ထင်ပါတယ်..။ ရောမရော..ရောမလိုကျင့်တယ်ပေါ့)

  • rocky

    January 25, 2011 at 5:13 am

    စည်းကမ်းချထားမယ်ဆိုရင်လဲ တိတိကျကျလုပ်သင့်တယ်။လုပ်တဲ့လူကလုပ် မလုပ်တဲ့သူကိုလည်းဘာမှမပြောဘဲနေရင်မကောင်းဘူး။ဒီအလေ့အကျင့်က အကုန်လုံးလိုက်လုပ်မယ်ဆိုကောင်းပါတယ်။ဘယ်သူမှ မလုပ်ဘဲကိုယ်ကထလုပ်ရင် ဂုဏ်မယူခင်နည်းနည်းတော့ဖီးအောက်သွားတယ်။ဥပမာ-အတွဲတစ်တွဲလာတယ်ဆိုပါတော့ သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ရှက်ပြီး ဘယ်သူမှမထတော့ဘူး။ရုပ်ရှင်ရုံမှာတစ်ဝက်ကျော်က အတွဲတွေလေ…..

  • လင်းဝေကျော်

    January 25, 2011 at 8:07 am

    စည်းကမ်းဆိုတာ လိုက်နာနိုင်ဖွယ်ရာ အကျိုးအကြောင်း သင့်တင့်လျောက်ပတ်စွာချမှတ်မှ၊ နောက်စည်းကမ်းလိုက်နာအောင် law enforcement တကယ်ရှိမှ လိုက်နာကြတာပါ။
    ဒီအလံကတော့ ယုံကြည်ချက်နဲ့ဆိုင်တယ်။ အလကားနေရင်း ဘာကိစ္စ ထရပ်ရမှာတုန်း။ မျိုးချစ်စိတ်ဆိုတာ သူတို့ချပေးတာ ခိုင်းတာလုပ်ရတာမဟုတ်ဘူးလေ။
    အခု အလံဆိုပိုဆိုးသေးတယ်။ လုပ်ချင်ရာလုပ်ပြီး အဲဒါ မင်းတို့အလံပဲ မှတ်ထားလို့ လုပ်တာခံရတာ တော်တော်ဆိုးတယ်။ နိုင်ငံခြားသားကတော့ ဧည့်သည်ကိုး…။

  • shweminthar

    January 25, 2011 at 10:21 am

    ကျနော်လဲ ရုပ်ရှင်သွားကြည့်တိုင်း နိုင်ငံတော်သီချင်းလာရင် မက်တပ်ရပ၊် အားလုံးနည်းတူပေါ့၊ သူများထိုင်တော့ လိုက်ထိုင် ဒါလဲ အများနည်းတူပေါ့။ စိတ်ထဲ ဘာခံယူချက်မှ မရှိပါဘူး။
    ဒီကိစ္စ နဲ့ ပါတ်သတ်ပြီး အများကြီးလဲ မစဉ်းစားမိဘူး။ သိပ်အရေးကြီးတဲ့ ကိစ္စ မဟုတ်ဘူးလို့ ထင်မိပါတယ်။

  • bigbird

    January 25, 2011 at 2:26 pm

    ထိုင်းနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်မပြခင် ထိုင်းဘုရင်ကိုဂါဝရပြုတဲ့သီချင်း
    နဲ ့ မက်တပ်ရပ်ပြီးဂါဝရပြုရတယ်။ တွေ ့ဖူးသလောက် အားလုံးညီညီညာညာ
    နဲ ့ထပြီး ညီညီညာညာနဲ ့ထိုင်ကြပါတယ်။ အရမ်းဂုဏ်ယူဖို ့ကောင်းတယ်။
    မြန်မာတွေလို တစ်ယောက်တစ်ပေါက်နဲ ့ခံယူချက်ခြင်းမတူသလို မဟုတ်ကြဘူး။မြန်မာပြည်မှာတုန်းက အလံနဲ ့သီချင်းလာရင် ဘယ်သူထထ
    မထထ ကျွန်တော်ထရပ်တယ်။ သီချင်းပြီးမှထိုင်တယ်။ကိုယ့်ကိုယ်ကိုလည်း
    ကျေနပ်ဂုဏ်ယူမိတယ်။ပီတိလည်းဖြစ်မိတယ်။

Leave a Reply