လွတ်လပ်စွာဆွေးနွေးကြပါစို့-(၄)

ေၾကးမံုJanuary 24, 20111min893

ဒီတစ်ခါ ကျမ ဆွေးနွေးချင်တဲ့ အကြောင်းအရာ ကတော့
နယ် မြို ့တွေ မှာနေတဲ့ သူတွေကို အဓိကမေးချင်ပါတယ်။

*( ၄ ) ဆိုက်ကယ်စီးရင် ဆိုက်ကယ်စီး ဦးထုပ် ကိုအမြဲ ဆောင်း သင့်သလား။
မဆောင်းသင့်ဘူးလား။*

ဆိုက်ကယ်စီးလျှင် ဆိုက်ကယ်စီးဦးထုပ်ဆောင်းပါ ဟု စည်းကမ်းသတ်မှတ်ထားပါတယ်။

စည်းကမ်းတွေ သတ်မှတ်တဲ့ နေရာမှာ တစ်ချို ့ အချက်တွေ ကခက်ခဲ တင်းကြပ်လို့ လူတွေ
ကို အခက်အခဲဖြစ်ရင် ဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ တစ်ချို ့ စည်းကမ်းတွေ ဟာ မိမိကာယကံရှင်ရဲ ့ အကျိုး အတွက်လုပ်တဲ့
စည်းကမ်းတွေ ဖြစ်နေတတ်ပါတယ်။

ဒီလို စည်းကမ်းမျိုးတွေကို တစ်သွေ မတိမ်း လိုက်နာသင့် တယ်လို့ မထင်မိဘူးလား။

စဉ်းစားကြည့်ပါ. ။

ဆိုက်ကယ်စီးတဲ့ သူအများစု့ ဆိုက်ကယ်မှောက်ရင် အထိအများဆုံးက (ဦးခေါင်းပိုင်း)
ပါဘဲ။
(ဦးခေါင်းပိုင်း) ဒဏ်ရာ ရ ရင် ဘဝပျက်ဖို့။သေဖို့ အလွန်နီးစပ်ပါတယ်။

ခြေ။လက် ကိုယ် အင်္ဂါ ဆိုတာ ((ဦးခေါင်းပိုင်း)ထက်စာရင် ကျိုးယုံ၊ပဲ့ယုံ ။
ကလွဲရင် သေဖို့ နဲနဲ ဝေးနိုင်ပါတယ်.။

လူစဉ် မမှီဖြစ်တာကလွဲရင်ပေါ့လေ။

ဒါကြောင့်လဲ နိုင်ငံတကာမှာကော။ မြန်မာပြည်မှာလဲဘဲ ။ ဆိုက်ကယ်မောင်းရင်
ဆိုက်ကယ်စီးဦးထုပ်ဆောင်းဖို့
စည်းကမ်းချမှတ်ထားတာပါ။

မိမိရဲ ့ အနတရယ် ကို စိုးရိမ်ရလို့ / မိမိ အကျိုးအတွက် ပြု လုပ် ထား မှန်း
သိလျှက် သားနဲ့

ဒီလို စည်းကမ်းမျိုးကို ဘာလို့ မလိုက်နာချင်ကြတာလဲဆိုတာ ဆိုက်ကယ်စီးပြီးဦးထုပ်
မဆောင်းတဲ့

သူတွေကို မေးကြည့်ချင်မိပါတယ်။

ဒီလိုဘဲ ( ဆိုက်ကားနင်းတဲ့သူ။စက်ဘီးစီးတဲ့ သူတွေဆိုရင်လဲ အထူးသဖြင့် ညဘက်တွေမှာ
ရောင်ပြန်မီး/ ရောင်ပြန်ပြား မပါဘဲ စီးနင်းမောင်းနှင်ခြင်း ဟာလဲ ကာယကံရှင်
နင်းတဲ့ သူရဲ ့ အသက်
အတွက် ။အလွန် အနတရယ် ရှိပါတယ်။

မော်တော်ကား မောင်းတဲ့သူတွေ မတော်တစ်ဆ မမြင်ဘဲ ဝင် တိုက်မိခဲ့ ရင်

မလိုလားအပ်တဲ့ ဒုတ်ခတွေ တွေ့ရ မှာ မလွဲပါ။

ဆိုက်ကားနင်းပါတယ်ဆိုမှ့ ဆင်းရဲလို့ပေါ့။
ရောင်ပြန်ပြားတောင်ဝယ်စရာပိုက်
ဆံအပို မရှိလို့ ပေါ့ ဆိုတဲ့ ဆင်ခြေကိုဘဲ လွယ်လွယ်ပေးမလား။

မိမိ အသက်အတွက်ကြိုတင်ကာကွယ်မှုကို လုပ်မလား။

ဥစ္စာ ကံစောင့် ။အသက ် ညဏ်စောင့် ဆိုတာ ဘာကို ဆိုလိုတာပါလဲ။

3 comments

  • kai

    January 24, 2011 at 10:37 pm

    ခေတ်ကပြောင်းလာတော့ .. လမ်းမှာကားတွေ။ ဆိုင်ကယ်တွေများလာတယ်..။
    အင်ဂျင်ပါဝါတွေလည်း ကြီးလာတယ်..။
    ဆိုတော့.. ဒါက ..လုပ်ကိုလုပ်ရမဲ့ အလုပ်ဖြစ်လာတယ်..။ အခုဆို နေပြည်တော်သွားလမ်းမကြီးလည်း ..အက်စိဒန့်နဲ့ လူသေတာတွေတောင်ကြားလာရတယ်..။
    အဲဒီလမ်းမျိုးတွေလည်း ..ကားမောင်းသူ၊စီးသူတွေ ..ထိုင်ခုံခါးပတ်ပါတ်ဖို့.. ဥပဒေထုတ်. သေသေချာချာလုပ်သင့်နေပြီ.။

    ဥပဒေမလိုက်နာရင်..ဖမ်းမယ်၊ ဒဏ်ချမယ်က .. ဆိုင်ရာရဲတွေအလုပ်ပေါ့..။
    ရဲတွေက ..အဲဒီအလုပ်မလုပ်နိုင်ရင်.. မြန်မာပြည်က လုပ်နိုင်တဲ့သူတွေကို .. အဲဒါစောင့်ဖမ်းတဲ့အလုပ် ..ကန်ထရိုက်ပေးလိုက်ရုံပါပဲ..။
    ဒါမှမဟုတ်.. ဖမ်းပြီးရတဲ့ ဒဏ်ငွေကို ရာခိုင်နှုန်းကော်မရှင်ပေးလိုက်ပေါ့..။

    ၁နှစ်အတွင်း.. ဆိုက်ကယ်စီးတဲ့သူရဲ့ ၉၉ရာခိုင်နှုန်း ဆိုက်ကယ်စီး ဦးထုပ်ဆောင်းထားဖို့အာမခံပါတယ်..။ 🙂

  • leonus007

    January 25, 2011 at 4:54 am

    ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်း၊ မေးသိုင်းကို သေသေချာချာတပ် ထားဖို ့ဆိုတာ တကယ် အရေးကြီးပါတယ်။ ကျွန်တော် တွေ ့ဖူးတဲ ့မတော်တဆမှု တစ်ခုဆို ရင် ညဖက် ဆိုင်ကယ်စီးဦးထုပ် မဆောင်းပဲ အမြန်မောင်းတဲ ့သူ တစ်ဦး အမှတ် မထင် အသစ် လုပ်ထားတဲ့ slow down ကို ဖြတ်မိပြီး မှောက်သွားလို ့ပလက်ဖေါင်း နဲ ့ ဦးခေါင်းရိုက်မိပြီး ပွဲချင်းပြီး သေ တာပဲ။ အခုက ဆိုင်ကယ်စီးရင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းချင်ကြဘူး၊ နောက်ကြည့်မှန် တွေလဲ ဖြုတ်ထား ပြီး စတိုင်ထွင် ကြတယ်။ များသောအားဖြင့် က မစဉ်း မိ ကြလို ့ပါ။ သူတို ့ကို စဉ်းစား မိအောင် လုပ်ပေးဖို ့လိုတယ်။ Awareness Raising ပေါ့။ ဥပဒေ ကြောင်းကို ပဲ ဦးစားပေး ပြောကြတာများတော့ လူတွေကလဲ ဥပဒေ ကြောင့် ဆိုင်ကယ်စီး ဦးထုပ် ကို ဆောင်းရတယ်ပဲ ထင်နေကြတယ်။ ကိုယ့် အတွက် မစဉ်းစားကြဘူး။
    တကယ်တော့ ဆိုင်ကယ်စီးဦးထုပ်လို ့ မခေါ်ပဲ အသက်ကယ်ဦးထုပ် ၊ ကားထိုင်ခုံ ခါးပတ်လို ့မခေါ်ပဲ အသက်ကယ် ခါးပတ် လို ့ ပြန်ပြင် ပြီးခေါ်ကြရင် ကောင်းမယ် ထင်တယ်။

  • phantom

    January 25, 2011 at 7:43 am

    ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရုံနဲ့တော့ မရသေးဘူးလေ ဆိုင်ကယ်စီးတဲ့ သူတွေလည်း လမ်းစည်းကမ်းလေးတော့ သိဖို့လိုလိမ့်မယ် အခုကြည့်နေတာ ဆိုင်ကယ်တွေ များသလောက် ဆိုင်ကယ်သွားနေရင်ပြီးရော စည်းကမ်းမရှိမောင်းနေတာ အများကြီးပဲ သိလဲမသိကြဘူး လေ့လဲမလေ့လာကြဘူး ဒါမျိုးတွေကို ပိုက်ဆံယူပြိး လိုင်စင်ထုတ်ပေးနေတဲ့ ကညန လဲအများကြီးလိုပါတယ်။

Leave a Reply