လွတ်လပ်စွာဆွေးနွေးကြပါစို့ (၅)

ေၾကးမံုJanuary 24, 20111min673

ပထမပိုင်း ၄ ခု့ တင်ပြဆွေးနွေး ထားတဲ့ အချက်တွေက

လူကြီး။လူငယ်။မရွေး ။ လုပ်သင့် လုပ်ထိုက်မယ်.။
ကျောင်းစာတွေမှာ သင်ချင်မှ့ သင်ခဲ့ ရမယ်။
အခု ့အချိန်မှာ ဒီလို အမူ အကျင့် တွေကိုပြင်ဖို့ ဆိုတာဟာ
လုံးဝ နောက် မကျနိုင်သေးဘူးလို့တော့ မြင်တယ်လေ။
ကျမလဲပြုပြင် ခဲ့ရတာပါ။

အရင်က မသိလို့လုပ်ခဲ့ ပေမဲ့
အမှိုက်နေရာတကာ မပြစ်တာတို့။တန်းစီတာတို့ဆိုတာေ
တွကို
၁၉၉၆ လောက်မှ့ သာ ပြင်ခဲ့တာပါ။

နိုင်ငံတော်အလံကိုတော့ မိမိတစ်ဦးချင်းစီ ရ ဲ့ ခံယူချက်တွေပါဘဲ။

ကျမရဲ ့ ခံယူချက်ကတော့

( အမိမြန်မာပြည်မှာနှစ်ပေါင်းများစွာ ။စိုးမိုးစိုက်ထူအနိုင်ကျင့်သွားခဲ့တဲ့
ယူနီယမ်ဂျက်အလံ ကနေ ။
ကိုယ်ပိုင်အလံ။နိုင်ငံတော်အလံစိုက်ထူလို့ ရအောင်။
အသက်ပေး။သွေး။ချွေး။ရင်းနှီးမြုတ်နှံခဲ့ ကြရတဲ့
ကျမတို့တွေ ရ ဲ့ ဘိုးဘွားဘီဘင်တွေကို အလွန်လေးစားဂုဏ်ယူသောအားဖြင့်
မွေးကထဲကသောက်လာရတဲ့ အမိရေနှင့် အမိမြေ ကို ချစ်မြတ်နိုးလို့။အဝတ်စုပ်ဘဲတင်
ထားတင်ထား။
နိုင်ငံတော်သီချင်းနဲ့ နိုင်ငံတော်အလံကို မည်သည့်နေရာမှာဘဲရောက်ရောက်
အလွန်လေးစားပါတယ်။
လေးစားတာတစ်ခု့ထဲနဲ့ ကို ဂုဏ်ပြုဦးညွှတ်အလေးပြုတာပါ။)

(စကားနဲနဲကြီးကြီးကျယ်ကျယ်ပြောတာလို့တော့တလွဲမထင်ပါနဲ့။
မင်းမှ့တိုင်းပြည်ချစ်တာလား။ငါတို့လဲချစ်တာဘဲလို့တော့ မပြောလိုက်ပါနဲ့နော်။
ဆွေးနွေးပြတာပါ။မည်သူမဆိုမိမိကိုယ်ပိုင်ခံယူချက်နဲ့ ကိုယ်ပါ။
မှားတယ်။မှန်တယ်။မဝေဖန်ပါဘူး။)

(အမြင်ကပ်ချင်စရာ စကားနဲနဲချဲ ့ပြောရရင်
ဘာမှ့တော့မဆိုင်ပေမဲ့ သင်္ကန်းကို မြင်ယုံနဲ့ ဗုဒ္ဓသားတော် င်္သံဃာ
လို့ဘဲသတ်မှတ်လိုက်ပါတယ်။
သံဃာစစ်မစစ်က ဝတ်ထားတဲ့သူရဲ ့ အပြစ်နဲ့။ငရဲ ကျမှာပါ။ )

သာသနာကွယ်ခါနီးမှာ လက်ညှိးမှာ သင်္ကန်းပတ်ချည်ထားတာကိုတွေ့တာနဲ့
ကိုဘဲကိုးကွယ်ရပါတော့မယ်တဲ့။မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်
မိန့်ခဲ့ပါတယ်။မဟုတ်လား။

ဒီလိုသဘောတရားကိုကျမလက်ခံတာလဲပါဲပါတယ်။

*ဒီတစ်ခါ တကယ် အသည်းယား ပြီးဆွေးနွေးချင်တဲ့ အကြောင်း ကတော့*

*( ၅ ) တားမြစ်ထားတဲ့ ဧရိယာ များတွင် handphone ပြောခြင်းနဲ့ ပတ်သတ်ပါတယ်။
ပြောသင့် ပါသလား။ မပြောသင့် ပါဘူးလား။
*

ဒါ ကတော့ အခု့ လူဦးရေ သန်း၆ဝနီးပါးနဲ့ ယှဉ်ရင် ၁ဝ % မရှိတဲ့ တကယ့် လူနည်းစု့
လေးပါ။
( ဒါ ပေမဲ့ လဲ တနေ့နေ့ တစ်ချိန်ချိန်မှာ
လူတိုင်းနီးပါးသူများအိမ်နီးခြင်းနိုင်ငံတွေ မှာ လို ရှိလာကြမှာပါ။)

အခု့တောင်နိုင်ငံတော်ရဲ ့ စေတနာတော်ကြီး ကြောင့်
အိမ်နီးချင်းနိုင်ငံတွေလို့တော်တော်လေးhandphone တွေသုံးလို့ ရလာပါပြီ။
(ဈေးနဲနဲကြီးတာကလွဲရင်ပေါ့နော်)(ရှာကြံကျေးဇူးတင်တာပါ။)
ထိုင်း။စင်္ကာပူ။တရုပ် ဘယ်မှာဘဲဝယ်ဝယ် ၁ဝ ဒေါ်လာထက်မပိုပေမဲ့
(၁ဝ ဒေါ်လာလောက်သာတန် တဲ့ ဖုံးကပ် ပြား ကို ၅၀ဝ ဒေါ်လာ)ပေးဝယ်ရတာကလွဲရင်ပေါ့လေ။

ကျမတို့ ငယ်ငယ်တုံးကလဲ အိမ်တိုင်း တီဗီ မရှိကြသေးဘူးလေ။
အခု့ဘာဘဲဖြစ်ဖြစ် % တော်တော်များများလေးတော့ ရှိလာကြပြီ။

ဒါဟာ ဝမ်းသာစရာပေါ့လေ။

ဝမ်းသာစရာနဲ့ တပြိုင်နက်ထဲမှာ မြန်မာပြည် အနေနဲ့ က တော့
ရှိ ခြင်းပြကြိယာတစ်ခု့ လဲဖြစ်လာ /
မရှိ မဖြစ်မိုးလေးဆိုတော့ ခက်တော့ ခက်နေပြန်သေးတယ်လေ.။

အသားမကျသေးတော့ ( used to )ဖြစ်အောင်အခု့မှစကျင့်နေရတာလေ။

လွန်ခဲ့တဲ့ ၆။ရနှစ်က ဆိုရင်လူတန်းစားတရပ်လောက်ဘဲကိုင်နိုင်ကြတာ။

ဒီလူတန်းစားတွေဘဲလေယာဉ်စီးခရီးသွားတာ။
လေယာဉ်ပျံကစက်နှိုးထွက်နေပြီ။
လေယာဉ်မယ်ကလဲ ဟန်းဖုံးပိတ်ဖို့ ပြောနေရတာလဲ အာပေါက်နေပြီ။
ဟန်ဖုံးကိုဆက်ပြောနေတုန်းတန်းလန်း။
လေယာဉ်စီးပြီးလေကြောရှည်နေကြတာ။
လေယာဉ်တက်ဖို့တောင်ဟန်ဖုံးပြောတဲ့သူ့ကို pilot ကစောင့်ပြီး.pause
လုပ်ထားရမဲ့ပုံမျိုး။
လေယာဉ်မယ်ခဏခဏလာပြောတော့ မှ့ စက်ပိတ်ပေးတာမျိုး။

နံမည်ကြီးသရုပ်ဆောင်တွေ။ကုမပဏီ ပိုင်ရှင်တွေကအစ။
အလုပ်တွေက ( အိုဘားမား)ထက်များလောက်တယ်ထင်တာဘဲ။

လေယာဉ်ဆင်းခါနီးဆိုလဲဒီအတိုင်းဘဲ။
လေယာဉ်ကဖြင့်ဘီးမချရသေးဘူး။
ဟန်းဖုံးတွေကိုဖွင့်နေပြီ။

(( အေးအခု့ ရောက်ခါနီးပြီးဟ။
ငါလေ လေယာဉ်ပေါ်ကဆက်နေတာ။ ))

ဘာမှ့အရေးမကြီးဘဲနဲ့ကိုပြောနေတာ။
လေယာဉ်စီးတာသိစေချင်တာလား။အလုပ်တွေဘဲတကယ်များတာလား.။
ဘာမှန်းကိုမသိတာပါဘဲ။

ဓာတ်ဆီဆိုင်တွေအနားမှာ ဆိုရင်လဲဒီအတိုင်းပါဘဲ။

မသိအောင်ခိုးပြောတဲ့သူကရှိသေးတယ်။

မြန်မာပြည်ကြီးဖွံ့ဖြိုးတိုးတက်ပြီးစီးပွားရေးတွေကောင်းလွန်းလို့
( business men )တွေ အလုပ်အလွန်များနေကြတာ။

ဒီထက်ဆိုးသေးတာကလဲ
တစ်ချို ့ ဆိုရင် ( seminar/ အလုပ်ရုံဆွေးနွေးပွဲ)တွေမှာကိုဘဲ
ဟန်းဖုံးကို ( အသံပိတ်တာတို့ / vibrating alert ) တို့မလုပ်ဘဲ
အသံမြည်ခါကျမှ့ သွားဖြဲလေးနဲ့ စကားပြောတာတို့
တော်တော်လေးကို နိုင်ငံကြီးသားတွေပီသကြပါပေတယ်။

ဒီအကြောင်းနဲ့ပတ်သတ်လို့စာဖတ်ပရိတ်သတ်ကြီးဘယ်လိုမြင်ပါသေးသလဲ။

ဝင်ရောက်ဆွေးနွေးပေးကြပါဦးနော်။

ဒီကိစ္စတွေဟာလိုက်နာပါလို့လိုက်ပြောနေစရာမလိုပဲနဲ့

ကိုယ်ဖာသာကိုလိုက်နာသွားလို့ဘာမှထိခိုက်သွားတာ မဟုတ် တဲ့ အပြင်

မိမိ နဲ့ တစ်ကွ မိမိ ပတ်ဝန်းကျင် ကို စောင့်ရှောက် ရာရောက်တယ်လို့ မြင်ပါတယ်။

ကောင်းတဲ့အသိုင်းအဝိုင်းမှာနေချင် ရင် ကောင်းတဲ့ အသိုင်းအဝိုင်း ဖြစ်လာအောင်
ကိုယ့်ဘက်က တတ်နိုင်သလောက်ကြိုးစားရ မယ်။အားလုံးကောင်းဘို့
အားလုံးမှာတာဝန်ရှိပါတယ်။

(ဆရာတော် ဦးဇောတိက)

3 comments

  • rocky

    January 25, 2011 at 5:30 am

    ဟန်းဖုန်းပြောရင်ဘာဖြစ်တတ်တယ်ဆိုတာသူတို့သိအောင်ကျေငြာရမယ်။တာဝန်ရှိသူတွေက မသင့်တော်လို့ပိတ်ထားခိုင်းတယ်ဆိုတာ အဲဒီအဆင့်အတန်းကလူတွေသိသင့်တယ်။

    • eros

      January 25, 2011 at 8:56 am

      rocky ရေ ဟန်းဖုန်းတွေ ဘာလို့ လေယာဉ်ကွင်းမှာ မသုံးခိုင်းတာက၊ လေယာဉ်မှုးနဲ့ လေကြောင်းထိန်းသိမ်းရေး မျှော်စင် ဆက်သွယ်မှုရေဒီယိုလှိုင်းရှုပ်ထွေးမှာစိုးလို့ပါ။ နောက်ကွင်းထဲမှာက ဆီထည့်နေချိန် တည်ငြီမ်လျှပ်စစ်လှိုင်း ကြောင့် မီးလောင်တက်လို့ပါ။ လေယာဉ်မယ်တွေအမြဲကြေငြာပါတယ်။ ကားဆီဆိုင်မှာလည်း အတူတူပါ။ ဆီဆိုင်မှာလည်း စတေကာကပ်တာတွေ့ဖူးပါတယ်။ အစည်းအဝေးမှာကတော့ အနှောက်အယှက်ဖြစ်လို့ပါ။ အရေးတကြီး ကိစ္စတွေ ဦးနှောက်သုံးပြီး ဆုံးဖြတ်ရမည့်အချိန်မှာ ”တူ တူ တူ” ” ဝါကာဝါကာဟေးဟေး” ဆိုတော့… အင်မတန်အနှောက်အယှက်ဖြစ်ပါတယ်။ eros လည်းဒေါအရမ်းပွပါတယ်။ တခြားနိုင်ငံတွေမှာ ဆိုရင် ကားထဲ၊ ရထားထဲမှာ တားမြစ်ပါတယ်။ မြန်မာပြည်မှာစီးနေတဲ့ ဂျပန်ကျ ဘတ်စ်ကားရဲ့ နံရံပေါ်က သတ္တုပြားလေးပေါ်မှာ ဟန်းဖုန်းမသုံးရလို့ စာတကြောင်းပါပါတယ်။

  • bigcat

    January 26, 2011 at 3:39 am

    ကျနာ်လည်း ရွာကအမေ့ကို ရောက်ခါစက ဖုံးဆက်ရင် အမေ..အမေ ကျနော်အခုဟန်းဖုံးနဲ့ ……..နိုင်ငံက ဆက်နေတာသိလား။ ဒါပဲနော် day time မိနစ်ကုန်သွားရင် အပိုကြေးပေးနေရမှာစိုးလို့ ညကြမှထပ်ဆက်မယ်။

Leave a Reply