ဒီတစ်ခါ ကျမ ရေးချင်တဲ့ ပို့စ် လေးတစ်ခု့ ကတော့

ကလေးသူငယ်များအပေါ် လိင်မှုဆိုင်ရာ ကျုးလွန်ခြင်း နဲ့ ပတ်သတ်တဲ့ ဗဟုသုတ များ ။ဥပဒေ များ အကြောင်းလေးပါဘဲ။

ပထမဆုံး ဥပဒေ တွေနဲ့ ပတ်သတ်လို့

သိသင့်တာက ကျမတို့ မြန်မာနိုင်ငံသားတွေ အတွက် ဘယ်လိုဥပဒေ တွေ ရှိသလဲ ဆိုတာပါဘဲ။

ဖတ်ဘူးသမျှ ဥပဒေစာအုပ်များမှ့ ကောက် ချက်ချ ပြောပြနိုင်တာကတော့

ကျမတို့ မြန်မာနိုင်ငံမှာ အင်္ဂလိပ် လက်ထက် ကထဲကစတင်ပြီး ယခု့
အထိကျင့်သုံးနေဆဲဖြစ်တဲ့

( ရဲ အရေးပိုင် သော ရာဇ၀တ်မှု၊ ရာသဇတ်ကြီး ပုဒ်မ ၅၀၀ ကျော်၊ ) ။

ရဲ အရေးမပိုင် သော တရားရုံးဦးတိုက် လျှောက် ရသော တရားမ မှု များ။

အစရှိတဲ့ အင်္ဂလိပ် အစိုးရ လက်ထက်မှ့ စတင် ကျင့်သုံးလာတဲ့

တရားဝင်ပြဠာန်းထားတဲ့ ဥပဒေသများ၊

အပြင်

အထက်မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ပြီး၁၃ နှစ်အကြာ (၁၈၉၈) မှာ
အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံဥပဒေသများဆိုင်ရာ အက်ဥပဒေ

( BURMA LAWS ACT )

ကို ထုတ်ပြန်ခဲ့ ရာမှာ (ထိမ်းမြားလက်ထပ်
၊ကွာရှင်းရေး။ပစ္စည်းခန်းခွဲဝေရေး။သားသမီးမွေးစား အမွေဆက်ခံခွဲဝေရေး။) အစရှိတဲ့
လူမှုရေး

ပြသာနာများ ပေါ်ပေါက်လာခဲ့ ပါက ဗုဒ္ဒဘာသာဝင်ဖြစ်လျှင်ဗုဒ ဘာသာဥပဒေ။
ဟိန္ဒူဖြစ်လျှင်ဟိန္ဒူ ဥပဒေ။ အရ အဆုံးအဖြတ်ပေးရ မည် ဟု ပြဋ္ဌာန်းခဲ့ ပါတယ်။

ယင်းဥပဒေဟာ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးခါစ အင်္ဂလိပ်အစိုးရ အဖို့
အုပ်ချုပ်ရေးရှုထောင့်မှ့

ကြည့်ပြီးပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဘဲဖြစ်ပါတယ်။

မြန်မာလူမျိုးတို့ရဲ့  သမိုင်းကြောင်းတစ်လျှောက် ရှေးမြန်မာမင်းများလက်ထက်ကထဲက

အဓွန့်ရှည်စွာ လက်ခံကျင့်သုံးလာတဲ့

မြန်မာရိုးရာဓလေ့ထုံးစံ၊ထုံးတမ်းများ နဲ့ ယဉ်ကျေးမှု ကိုအခြေခံပြီး သမိုင်းစဉ်
ကို မှီး ။

ခေတ်အလျှောက် ပြုပြင် လက်ခံခဲ့ကြတဲ့ မြန်မာ့ အိမ်ထောင်ရေး။လူမှုရေး တွေနဲ့
ပတ်သတ်တဲ့

မြန်မာဓလေ့ထုံးစံဥပဒေ ဘဲဖြစ်ပါတယ်။

ဒါ အပြင် နိုင်ငံတော် အစိုးရ အနေ နဲ့ ခေတ်နဲ့ လျှော်ညီစွာ အခါ အားလျော်

လို အပ် ရင် လို အပ်သလို ( special laws ) များလဲ ထုတ်ပြန်နိုင်ပါတယ်။

ဥပမာ။ဗီဒီယို အက်ဥပဒေ။

မည်သည့်နိုင်ငံတွင် မဆို နိုင်ငံသားတိုင်းဟာ မိမိ နိုင်ငံ ရဲ့  ချမှတ်ထားတဲ့
ဥပဒေတွေကို

လေးစားလိုက်နာရပါမယ်။

မိမိနိုင်ငံသားတွေထင်မကဘဲ နိုင်ငံခြားသားတွေလဲခဏ တစ်ဖြုတ်လာလည်တာဘဲဖြစ်ဖြစ်။

အလုပ်လာလုပ်ရင်ဘဲဖြစ်ဖြစ် အဆိုပါနိုင်ငံရဲ့ ဥပဒေတွေကို
လေးစားလိုက်နာရမှာဘဲဖြစ်ပါတယ်။

ဥပဒေကိုဖောက်ဖျက်ကျုးလွန်မိခဲ့ ရင်၊ကျူးလွန်ကြောင်းထင်ရှားရင်၊ဥပဒေ အရ
အပြစ်ပေးခံ ရမှာဖြစ်ပါတယ်။

ဥပဒေ နားမလည်လို့ ပါ ၊ ဘာမှန်းမသိ လို့ ပါ။ ဆိုပြီး ခေါင်းေ၇ှာင် လို့ မရ
ပါဘူး။

အခု့ ပြောပြချင် တာက တော့ ကလေးသူငယ်များကို မတော်မတရားပြု လုပ်ခြင်းစတာ

တွေ နဲ့ ပတ်သတ်တဲ့ ပြစ်မှု ဥပဒေ စတဲ့ အကြောင်းအရာတွေ ကို
ရှင်းလင်းပြမှာဖြစ်ပါတယ်။

အဓိက သိထားသင့်တဲ့ အချက် ကတော့

( ကလေးသူငယ်ဆိုတာ ဘယ်သူတွေလဲ )( who is a child ? )

United Nations Convention on the Rights of the Child ( C R C )

( The CRC defines a child as all people under the age of 18 years )

Myanmar law

The Child Act (Myanmar) defines a child as people under the age of 16
Years.

The Child Act defines a youth as people aged 16- not yet 18 years.
ကလေးသူငယ်တွေ ကို မတော်မတရားပြု ခြင်းဆိုတာဘာလဲ )

( What is child abuse ? )

Normally categorized into 4 main forms:

( PHYSICAL ABUSE , SEXUAL ABUSE , EMOTIONAL ABUSE , NEGLECT )

ကလေးသူငယ်များအား လိင်မှုကိစ္စ ကျူးလွန်တာမှ အပြစ်ရှိတာမဟုတ်ဘူး။
ကလေးသူငယ်တွေရဲ့ အခွင့်အရေး(ပညာသင်ခွင့်၊ ဆေးကုသခွင့်၊ …….)တွေကို ရအောင်
လုပ်မပေးတာတွေ၊
ကလေးသူငယ်တွေကို အလုပ်လုပ်ခိုင်းတာ၊ ခိုင်းစေတာ(အခကြေးငွေပေး/မပေး)တွေ၊
ကလေးသူငယ်တွေရဲ့ စိတ်သဌာန်ကို နာကျင်ပျက်ပြားအောင်လုပ်တာတွေ၊
ကလေးသူငယ်တွေကို ညှင်းပမ်းနှိပ်စက်တာတွေ၊
ဒါတွေအားလုံးဟာ ရာဇ၀တ်မှုမြောက်ပါတယ်။
မိဘပင် ဖြစ်ပါစေ။ တရားဥပဒေအရ အရေးယူလို့ရပါတယ်။

မိဘတွေ ဆိုပြီး ကိုယ့် ကလေးကို ဂရုမစိုက် ပြစ်ထားတာ။

နာကျင် အောင် ရိုက်နှက်တာ က အစ ( child abuse ) မြောက်ပါတယ်။

ကလေးသူငယ်ဆိုရာမှာ ဥပဒေ အတိုင်းပြော မယ်ဆိုရင် ၁၈ နှစ်အောက် လို့ ဆိုထားပါတယ်။

About ကြေးမုံ

ကြေးမုံ has written 16 post in this Website..

NIL