ကလေးသူငယ်( ၄)

ေၾကးမံုJanuary 24, 20111min961

ဥပဒေ အရ စာအုပ်ထဲက အတိုင်းပြောမယ် ဆိုရင် အသက် ၁၈ နှစ်အောက်ကို
ကလေးသူငယ်စာရင်းမှာပါတော့ ဘာမဆို သတိထားရမှာဘဲ။

လိင်မှုကိစ္စ ကို ကြည့် မယ်ဆိုရင်လဲ မြန်မာနိုင်ငံမှာက
(ပြည့်တန်ဆာဥပဒကလဲရှိသေးတယ်မဟုတ်လား)

ဒီတော့ အသက်၁၈ နှစ်အောက် အမျိုးသမီးလေးတွေနဲ့သွားလာလှုပ်ရှားတဲ့ အခါမှာ
( သဘောတူတူ။မတူတူ။ ငွေပေးဆက်ဆံတာဘဲ ) ဆိုပြီး သဘောထားလို့တော့ လွတ်မှာမဟုတ်ဘဲ။
ကလေးသူငယ်စာရင်းထဲမှာ ပါလို့ သေချာပေါက် child sex abuse အကျုံး ဝင်နိုင်ပါတယ်။

ဟိုးယခင်က ရှိကောင်းရှိနိုင်ပေမဲ့ သိပ်ပြီးမကြားခဲ့ကြပေမဲ့။
အခု့ ကျမတို့လိုဖွံဖြိုးဆဲ နိုင်ငံတွေ တော်တော်များများမှာ
တဖြေးဖြေးနဲ့ မနှေးမမြန်ဝင်ရောက်လာတာကတော့
မိဘတွေကိုယ်တိုင်က

( The Commercial Sexual Exploitation of Children) (CSEC)
( ကလေးသူငယ်များကို စီးပွားရေးလုပ်ငန်းအနေဖြင့် ခေါင်းပုံဖြတ်ခြင်း)

( ကလေးတွေကို တစ်ချို ့ မိဘတွေ ကိုယ်တိုင်က လိင်ကျွန်လုပ်ခိုင်းတာပါဘဲ )

လိင်ကျွန်လုပ်ခိုင်းခြင်းကတော့ အဆိုးဝါးဆုံးဘဲပေါ့ နော်။

ွှThe United Nations Convention on the Rights of the child
(Adopted by the General Assembly of the United Nations on 20 November 1989
)

Child Right အရ ဆိုရင်တော့

ကျမတို့ မြန်မာနိုင်ငံ တနိုင်ငံလုံး လက်ဘက်ရည်ဆိုင် တွေမှာကအစ
အသက်မပြည့်သေးတဲ့ ကလေးတွေ
အလုပ်လုပ်နေရတာ။ မိဘကိုကူညီရင်းတဖက်တလမ်းကဈေးရောင်းနေရတာ.။
သူများအိမ်တွေမှာ အကူအိမ်ဖေါ်လုပ်နေရတာ။
စတဲ့စတဲ့ အကြောင်းရင်းတွေ ပါ ထည့်ပြောလာရ မယ်ဆိုရင်
( physical abuse, emotional abuse ) တွေ အကုန် အကျုံးဝင်သွားနိုင်တာဘဲ။
မိဘကိုကော။စေခိုင်းသူကိုကော အရေးယူရနိုင်တာဘဲ။

ဒီလိုဥပဒေနဲ့ပြောကြမယ်ဆိုရင်
ကျမ ကိုယ်တိုင်လဲ ( အရွယ်မရောက်သေးသူကို ခေါ်ထားတဲ့ အမှုမြောက်တယ်။)
ကျမ အိမ်မှာကိုပါဘဲ။လွန်ခဲ့တဲ့ ၁ဝနှစ်လောက် ကထကဲ
ကလေးမလေး တစ်ယောက် ရှိခဲ့ဘူးတယ်။
မောင်နှမတွေက ၅ယောက်တောင်များကများ။အဖေက အရက်သောက်လို့ စောစောသေ။
အမေကရှာမကျွေးနိုင် သူများအိမ်တွေမှာ ထမင်းစား။ကျွန်ခံ.။
မထင်ရင်အနှိပ်စက်ခံရသေးတယ်။
ကျမဆီရောက်လာပြီ းကျမဆီမှာနေတာ ၆ နှစ်ကျော်မှ့
ကျမ အိမ်ကမှ့အပျိုဖြစ်၊ ယောက်ကျားယူ။ကလေးမွေးသွားတာ
၊ကိုယ့်သားသမီးတပိုင်းလိုဖြစ်သွားတာလေ။

သူ ယောက်ကျား ယူပြီးမကြာပါဘူး။သူ့ညီမက
ရောက်လာပြန်ရော။သူများအိမ်တွေမှာဒုက္ခ ဖြစ်နေလို့
ကျမ ဆီမှာ နေရတာပျော်လို့ ဆိုပြီး အခု့ထိ
သောင်တင်နေပြန်တာနှစ်နီးပါးလောက်ကိုရှိနေပြီ။
ကုပ်နဲ့ကော်ချတောင် သူတို့ အမေ အိမ်ပြန်မှာမဟုတ်ဘူး.။

ကျမကိုဆိုလူတွေက လူကံကောင်းတယ်။အရတော်တယ်ပြောကြတယ်။
ကျမဘက်က ဘာတွေကောင်းပေးရသေးတယ်ဆိုတာလဲရှိသေးတာကိုလေ။
ကျမဘက်ကဆိုရင် ( ကိုယ်သာအိပ်ရာစောစောထ တာ။
သူ့ကို ရ နာရီ ထိုးတာတောင် နှိုးသေးတာမဟုတ်ဘူး။
ညဆိုလဲသန်းခေါင်ကျော်ထိ စာဖတ်။စာရေးတာ။
သူကိုစောစောအိပ်ခိုင်း။တီဗီဆိုလဲကိုရီးယားကားအကုန်နီးပါးအလွတ်ရတယ်။
မြန်မာပြည်အနှံ ဘုရားစုံရောက်ဘူးနေတာ။)
ကျမ အိမ်ရောက်မှ့ နှစ်ယောက်စလုံးစာဖတ်တတ်၊ရေးတတ်တာတွေလေ။
စာရေးစာဖတ်သင်ပုန်းကြီးပညာတောင်မရကြဘူး။
နာရီမကြည့်တတ်သေးဘူး။ဘဝတွေတော်တော်လေးဆိုးကြပါတယ်။
ကိုယ်သာတစ်ခါတလေ ရုပ်ရှင် မကြည့်ဖြစ်ဘူး။သူတို့ နေတိုင်းကြည့်လို့ ရတယ်။
ပျော်အောင်ထားလို့ ပျော်နေတာ။ကိုယ်နဲ့ နေချင်တာ ။လူကံကောင်းတယ်လို့
ပြောလို့ ရမတဲ့လား။
ဗြစ်တောက်ဗြစ်တောက်တစ်ချိန်လုံးအပြစ်ပြော။
ဆူပူကြိမ်းမောင်းအော်ဟစ်ရိုက်နှက်နေရင်တော့ ထွက်ပြေးတာကြာလှ့ပေါ့နော်။

ကိုယ်ကကောင်းပြတော့လဲ ။စေတနာရောင်ပြန်ဟပ်တာလဲပါမယ်။ရေစက်လဲဖြစ်မယ်။
ကျမအပေါ်သူတို့လေးတွေ ကလဲတော်တော်လေးကို ပြန်ကောင်းကြပါတယ်။
ကျမ တစ်ခါဆေးရုံတက်တုံးက သူတို့ငိုတာကို ကျမမြင်ဘူးပါတယ်။
ိမိသားစု့ လို ဖြစ်နေတဲ့ သဘောတွေပေါ့လေ။

ဒီလိုဆိုပြန်တော့လဲ ကျွန် ပဒေသရာဇ် စနစ် မဟုတ်ပေမဲ့လဲ
ခက်နေတာကမိသားစု့ စီးပွားရေးတွေကြောင့် မိဘတွေ ကိုယ်တိုင်ကိုက
မကျွေးမွေး နိုင်တဲ့ အပြင် ကလေးတွေ ကို တွေ့တဲ့ နေရာတွေ လျှောက် ပို့။
မနေနိုင်ထွက်ပြေးပြန်ရင် မသူတော်နဲ့ ထပ်တွေ။့
ဒီကတဆင့် လူကုန်ကူးတဲ့ အဆင့်ထိ ရောက်သွားနိုင်သေးတယ်။

မလွယ်တာတော့ တကယ့် ကိုမလွယ်ပါဘူးနော်။

မသိသေးတာတွေကော။သိတာတွေကော
တစ်ဆင့်ကြားရတာတွေကောသာပြောပြနေရမယ်ဆိုရင်တော့
မိုးလင်းသွားမလားမသိတော့ ပါဘူးလေ။

One comment

  • eros

    January 25, 2011 at 3:10 am

    ကျေးဇူးပါပဲ။ ကလေးသူငယ်နဲ့ ပတ်သက်တဲ့ အကြောင်းရေးမလို့ မြန်မာစာရိုက်တာနှေးနေလို့ မရေးဖြစ်နေတာ၊ ရေးတဲ့သူရှိသွားတော့ ဝမ်းမြောက်မိပါတယ်။ working children ရှိနေတာသတိပြုသင့်ပါတယ်။ child labor နဲ့ working children မတူပါဘူး။

Leave a Reply