ကလေးသူငယ် ( ၅ )

ေၾကးမံုJanuary 24, 20111min1143

ကလေးသူငယ်တွေ ကို လိင်ကျွန်လုပ်ခိုင်းခြင်းကတော့ အဆိုးဝါးဆုံးဘဲပေါ့ နော်။

( The Commercial Sexual Exploitation of Children) (CSEC)
( ကလေးသူငယ်များကို စီးပွားရေးလုပ်ငန်းအနေဖြင့် ခေါင်းပုံဖြတ်ခြင်း)
( ကလေးတွေကို တစ်ချို ့ မိဘတွေ ကိုယ်တိုင်က လိင်ကျွန်လုပ်ခိုင်းတာပါဘဲ )

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အနေ နဲ့တော့ လိင်ဆက်ဆံခြင်းဟာ ။
ကြီးမားသော စိတ်ပိုင်းဆိုင်ရာကော။ရုပ်ပိုင်းဆိုင်ရာ ကော ထိခိုက်မှုတစ်ခု့
လို့ ပြောလို့ ရ နိုင်တာပါဘဲ။

ဘာဖြစ်လို့ (CSEC)
(supply ) တွေ များလာသလဲ။( demand ) တွေ လဲများလာသလဲ။

*(CSEC) supply factors*
*poverty
*globalization
*gender bias
*family breakdown
*limitation with laws and enforcement
*increasing materialism
*rural urban migration
*(CSEC) demand factors*

* Tradition and culture
*sexual preference of customers
*sex tourism
*profit
*criminal Networks
*misconception:HIV / AIDS
*The growth of child pornography industry
*Promotion
အထူးသဖြင့် ပုရိသတွေကလဲ
အသက်ငယ်ငယ် မိန်းကလေးတွေ ၁၅။၁၆ နှစ်လောက် ကို ဆိုရင် အပျို အစစ်ရတယ်။
နုငယ်တယ်။့

HIV / AIDS ဖြစ်နိုင်ခြေ နည်းသေးတယ် ဆိုတဲ့ လွဲမှားတဲ့ တစ်ဖက်သတ် ခံယူချက်တွေ
နဲ့လိင်ကျွန်ကို ငယ်ငယ်လေးတွေကို ပြစ်မှတ်ထားပြီး ရှာလာကြတယ်။

တကယ်တန်းမှာငယ်ရွယ်တဲ့ ကလေးငယ်တွေဟာ
organs ခန္ဒာကိုယ်တည်ဆောက်မှု အပိုင်းမှာ နုငယ်တဲ့

အတွက်ကြောင့် ရောဂါပိုးကူးစက်ဖို့ ပိုမိုလျှင် မြန်လွယ်ကူနိုင် ပါ တယ်ဆိုတဲ့
အချက်ကို မမေ့သင့်ပါဘူး။

ငယ်ရွယ်တဲ့ ကလေးငယ်တွေကို လိင်သားကောင်းအဖြစ်ရှာကြတဲ့သူတွေမှာ
ချမ်းသာတဲ့တိုင်းပြည်။ချမ်းသာတဲ့
အသိုင်းအဝန်းကလဲ ပိုများလာကြပါတယ်။
ဆင်းရဲခြင်းကိုအခြေခံပြီးမိဘတွေကလဲ မိမိ တို့ သားသမီးတွေ ရဲ ့ ဘဝ တွေကို
ရက်စက်စတေးပြစ်ကြတာတွေလဲပါတယ်။

အခု့ဆိုရင် တဖြေးဖြေးနဲ့ ဈေးကွက်မြင့်လာတာ ။ပြည်ပက နိုင်ငံခြားသားတွေ ။
အင်တာပိုမှာ ( black list )ရှိနေတဲ့ သူ တွေ တောင်
( Child Sex Tourism ) အသွင်ဆန်ဆန် မျိုး
ကျမ တို့ တိုင်းပြည်မှာဧည့်သည် အယောင်ဆောင်ပြီး သားကောင်ရှာလာကြတာကို
ကြားလာရပါတယ်။

ဒါကြောင့်မလို့ ကျမ တို့ အားလုံး အရွယ်ရောက်နေသူများဟာ မျက်စိဖွင့် နားဖွင့် ။

ဘာကိုမဆို လစ်လျှူ ရှု နေလို့ မဖြစ်တော့ ပါဘူး။

မိန်းကလေးတွေဘဲသားကောင်းလားလို့တော့ မထင်ပါနဲ့။

ယောက်ကျားလေးတွေလဲသားကောင်းဖြစ်ပါတယ်။

အထူးသဖြင့် ( GAY ) တစ်ချို ့ တွေ ငယ်ငယ်က ၁၄-၁၅ လောက်မှာ မိမိတို့၏
ဆရာသမားတွေက မိမိ တို့ ကို သားကောင် ရှာ ရင်း ။
မသိမသာ ဂေး ဘဝ စတင်လာခဲ့ တာတွေ လဲ ဘဝ အစ တွေ မှာရှိခဲ့ ကြ ပါတယ်။

ကျမနဲ့ သိတဲ့ ဂေးတစ်ယောက်ဆိုရင် ငယ်ငယ်လေးကထဲက နွဲ့ နွဲ့ နှောင်းနှောင်း။
သူ့ကျုရှင်ဆရာက သူ့ ခန္ဒာကိုယ် ကို မသိမသာ ပွတ်သတ် ပေးရင်းက စလာလိုက်တာ
ကြုံးသွင်းပေးလိုက်တာပါဘဲ။
ဂေးတွေတော်တော်များများ က တော့ သူတို့ ဘဝတွေ ကလဲ နဂိုကထဲက ဂေးဖြစ်ရတာကို
နှစ်သတ်ကြတာဆိုတော့
သိပ်ပြီး မထိခိုက်နိုင်ဘူးလို့တော့ ထင်ရပေမဲ့ ငယ်ငယ်ကထဲလောက် က
တစ်ယောက်ယောက်က
sexual abuse လုပ်ခံရတာနဲ့ အသက်အရွယ်ရောက်မှ့ ကိုယ့်ဘာသာ လက်ခံ တဲ့
စိတ်ခံစားမှု မတူနိုင်ဘူးပေါ့နော်။

ဒါကြောင့် မလို့ မိဘတွေ အနေ နဲ့ မိမိ တို့ သားသမီးတွေ ကို အရွယ်မရောက်ခင်
လိင်ပိုင်းဆိုင်ရာ ( abuse ) မဖြစ်နိုင် အောင် အမြဲ သတိထားမိဖို့ လိုပါတယ်။

မိမိ ကလေး နဲ့ နီးစပ်သူ မည်သူမဆို
( ဆရာ။ဆရာမ။အိမ်ဖေါ်။မိသားစုဝင် ကဲ့သို့ မိမိအိမ်မှာ
အမြဲဝင်ထွက်သွားလာနေတဲ့သူမျိုးတွေ။ရင်းနှီးသူတွေ ။
မည်သူမဆို အရွယ်ရောက် ပြီးသူများက မိမိ တို့ ကလေး အရွယ်မရောက် သေးသူများကို
သားကောင် အဖြစ် အသုုံးချနိုင်တာကို မိခင် ဘခင် တွေ က အထူးသတိရှိဖို့ လိုပါတယ်။ )
ကျမ ဖတ်မိတဲ့ သတင်းတွေ က တစ်ချို ့ဆိုရင်

စင်္ကာပူမှာ အိမ်ဖေါ် လုပ်နေတဲ့ အမျိုးသမီးက အိမ်ရှင်ယောက်ကျား ကလေးကို

child sex abuse အသုံးချတာမျိုးတွေ။

ရန်ကုန်မှာနံမည်ကြီး အနုပညာပစ္စည်းရောင်းတဲ့ ဆိုင်က နိုင်ငံခြားသားတစ်ယောက်
ယောက်ကျားကလေးတွေကိုစာသင်ပေးရင်းက လိင်တူဆက်ဆံ တာမျိုးတွေ။
ကျမတို့သိလိုက်တာကော။မသိသေးတာတွေကောအများကြီးဖြစ်လို့

( ကျမတို့ တွေ ရဲ ့ ကလေးငယ်တွေ ဟာ ရောင်းကုန် မဟုတ်တဲ့ အတွက် ကလေးများအပေါ်မှာ
လိင်မှုကိစ္စ မလျော်မကန်ပြုသူ နိုင်ငံသားများကိုသာမက နိုင်ငံခြားသားများပါ
အပါအဝင် မည်သူ့ ကို မဆို ထောင်ဒဏ် တစ်သက်အထိ ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။

ကလေးများအပေါ်လိင်မှုကိစ္စ မလျော်မကန်ပြုမှု နှင့် လူကုန်ကူးမှု ကို တိုက်ဖျက်ရာတွင်
ပါဝင်ကူညီ ကြပါ။

တွေ့ရှိပါက နီးစပ်ရာ ရဲ စခန်းကို တယ်လီဖုန်းဖြင့်
ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။

ရန်ကုန် HOT LINE ( 01-544144/ 01-251438 )

ေနေပြည်တော်-၀၆၇-၄၁၂၂၀၁

မန္တလေး-၀၂-၇၃၈၃၀

ပုသိမ် ဝ၄၂-၂၁၀၃၀/၂၁၀၇၄

၀၉ ၅၀၁၂၈၁၉

မူဆယ် ဝ၈၂-၅၂၈၉၀

တာချီလိတ် ဝ၈၄-၅၃၀၂၂

လားရှိုးဝ၈၂-၂၀၀၇၆၄/ ဝ၉၅၂၇၅၉၆၂

တောင်ကြီး ဝ၈၁-၂၀၀၇၆၄/၀၉၅၂၁၄၉၁၇

လောက်ကိုင် ဝ၈၂-၇၂၀၀၃

ကော့သောင်းဝ၅၉-၅၁၉၈၁

မြဝတီ ဝ၅၈-၅၀၂၆၈

မော်လမြိုင် ဝ၅၇-၂၆၉၈၃

မြိတ် ဝ၉ ၈၇၆၂၃၉၈

ကျိုင်းတုံဝ၈၄-၂၁၆၃၇/ ဝ၉ ၅၂၅၂၁၉၉

မြစ်ကြီးနား ဝ၇၄-၂၂၃၃၆/ ဝ၉၉၀၅၈၅၉၇

ဗန်းမော် ဝ၇၄-၅၀၀၇၁

မကွေး ဝ၆၃-၅၂၀၁၆

မိတ္ထိလာ ဝ၆၄-၂၃၀၅၄/၀၉ ၂၂ဝ ၁၉၆၁

ပဲခူး ဝ၅၂ -၂၁၀၃၀/ ဝ၉၅၀၈၅၀၇၂

ကလေးဝ၇၃-၀၉၄၇၀၇၂၂၀၂

စစ်တွေ ဝ၄၃-၂၃၆၂၅

မောင်တော ဝ၄၃-၅၅၀၁၁

3 comments

  • kai

    January 24, 2011 at 10:15 pm

    HIV / AIDS ဖြစ်နိုင်ခြေ နည်းသေးတယ် ဆိုတဲ့ လွဲမှားတဲ့ တစ်ဖက်သတ် ခံယူချက်တွေ
    နဲ့လိင်ကျွန်ကို ငယ်ငယ်လေးတွေကို ပြစ်မှတ်ထားပြီး ရှာလာကြတယ်။

    ဆိုတာကို အခြေခံပြောကြည့်မလို့ပါ။
    ငွေရှိတဲ့သူတော်တော်များများကလည်း .. ဒါကိုသံသယကင်းချင်တာကြောင့် ..ငယ်တာတွေ..စစ်တာတွေရှာကြတာ .. ဖြစ်နိုင်တယ်တွေးမိပါတယ်..။
    နောက်ပြီး..
    မြန်မာပြည်က ..မကြာခင်နှစ်မှာ ..လိင်နဲ့ပါတ်သက်တဲ့ တိုးရစ်ဇင် ထိုးတက်လာဖို့ရှိနေတယ်ထင်မိပါတယ်..။
    မြန်မာပြည်ဟာ .. ပတ်ဝန်းကျင်နိုင်ငံတွေနဲ့စာရင် .. ဆင်းရဲတာရယ်။ အသိညဏ်မပြည့်သေးတာတွေများတာရယ်ကြောင့် လွယ်လွယ်နဲ ့ငွေနောက်လိုက်ကြမှာပါပဲ။ ဒီတော့ ..စံနစ်တကျဖြစ်အောင် ..အစိုးရက .. ပြည့်တန်ဆာကို လိုင်စင်နဲ့ ချပေးပြီး လုပ်ခွင့်ပေးသင့်တယ်လို့ ထင်မိပါတယ်..။
    လိင်လုပ်သား အားလုံးလဲ ..စံနစ်တကျဆေးစစ်ပြီး ..လက်မှတ်နဲ့ လိုင်စင်နဲ့လုပ်လိုက်ရင်. သံသယလည်းကင်းကြမှာမို ့.. ကလေးတွေလည်း နည်းနည်းသက်သာရရမလားပါပဲ..။

  • nigimi77

    January 25, 2011 at 8:09 am

    ဟုတ်တယ်။ ပြည့်တန်ဆာလုပ်ခွင့်ပေးသင့်တယ်လို ့ ပြောတာမဟုတ်ဘူး ပြည့်တန်ဆာတွေကို တရားဝင်လိုင်စင်နဲ ့လုပ်ခွင့်ပေးသင့်တယ်။ အရင်တုံးက ပြည့်တန်ဆာ တွေ ့ချင်ရင် တော်တော်ရှာရတယ်။ ရှားပါးတော့ စိတ်ကို ချုပ်တည်းကျတယ်။ မချုပ်တည်းနိုင်တဲ့ အခါ နီးစပ်ရာကို နောက်ဖြစ်မှ နောက်ရှင်း ဖြစ်ကုန်တယ်။ Bus တွေပေါ်မှာ လူကျပ်ကျပ် လိုက်စီးရင်း အရသာခံသူတွေ လက်ဆော့သူတွေများတယ်။ စာစောင်တွေမှာ မုဒိန်းမှု တွေများတယ်။ ခေတ်ပြောင်းလာတော့ လွယ်လွယ်ကူကူရလာတယ်။ လက်ဆော့တာတွေ အရပ်သား မုဒိန်းမှုတွေ နည်းပါးလာတယ်။

  • ကြေးမုံ

    February 4, 2011 at 8:25 pm

    ( ပြည့်တန်ဆာလုပ်ခွင့်ပေးသင့်တယ်လို ့ ပြောတာမဟုတ်ဘူး
    ပြည့်တန်ဆာတွေကို တရားဝင်လိုင်စင်နဲ ့လုပ်ခွင့်ပေးသင့်တယ် )

    သူများနိုင်ငံတွေမှာလို တရားဝင် သွေးစစ်။ကျန်းမာရေး ဆေးစစ်ချက် တွေ
    အပြည့် အစုံ နဲ့ လုပ်ငန်းလိုင်စင် ချပေးလိုက်မယ်ဆိုရင် တော့

    အားလုံးအတွက် ကောင်းတော့ လဲ ကောင်းသားဘဲ။

    အဓိ က အရွယ် ရောက် သူတိုင်း ကို မလွဲ မသွေ လိင် ကိစ္စပညာပေးနိုင် ရင်တော့
    အကောင်း ဆုံးလို့ ဘဲ သုံးသပ်မိပါတယ်။
    လိင်ကိစ္စ ပညာပေးတယ်ဆိုတာ ( ရှောင် ရန် ။ဆောင် ရန် ) ဗဟုသုတတွေ ကို အဓိက ပညာပေးသင့်တာပါ.။

    ဒါ မည်သူမဆို ရှက်စရာမဟုတ်ဘဲ မလွဲမသွေ ကြုံ တွေ့ ရ မှာလဲဖြစ်ပါတယ်။

Leave a Reply